တိုးတိုးပြော

တိုးတိုးပြော
ငါ့နှလုံးသားလေး ဖျားနေတယ်
နင် ဆေးကုပေးဖို့ မလိုဘူး
နှစ်သိမ့် ပေးရုံ ရတယ်

 
 
တိုးတိုးပြော
ရင်ခုံသံတွေ အရမ်းပြင်းနေတယ်
နင်ထိန်းထားပေးဖို့ မလိုဘူး
ပြုံးပြပေးဖို့ တော့ လို အပ်တယ်

တိုးတိုးပြော
မျက်ဝန်းက နာနေတယ်
နင် ဆေးခပ်ပေးဖို့ မလိုဘူး
နင့်အကြည့်တချက်နဲ့ တင် သက်သာနိုင်တယ်

တိုးတိုးပြော
ငါ့နှလုံးသား အိပ်နေတယ်
နင် နှိုးမှာဆိုးလို့ မဟုတ်ဘူး
သူနိုးလာရင် အရမ်းဆိုးလို့ 
နင့်ကို ချစ်တယ်ဆိုတာ ပြောမိနေလိမ့်မယ်
ရှုး .... တိုးတိုး ပြော
" NaingNaing Dnc "
 အမုန်းမရှိသောအချစ်မရှိသော အလွမ်းမရှိသောသူဖြစ်ရပါစေ

Comments

Popular posts from this blog

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

အပျို၊ အပျိုစစ်နှင့် အပျိုစင်