သင်ချစ်သူကို သင်တကယ်ချစ်ရင်

( သင်ချစ်သူကို သင်တကယ်ချစ်ရင် ...... )
(၁) သူရဲ့ အားနည်းချက်ကို ဘယ်တော့မှာ ဖော်ထုတ်ပြီ မစနောက်မိပါစေနဲ့
(တခါတလေ စနောက်ခြင်းကနေ သူအတွက် အားငယ်မှုတွေ ဖြစ်တတ်ပါတယ်)
(၂) သူရဲ့ မွေးနေ့ ချစ်သူဖြစ်တဲ့ အထိမ်းအမှတ်နေ့လေးတွေ ကို ဂရုတစိုက် မှတ်သားထားပေးပါ။
(လက်ဆောင်ဆိုတာ တန်ဖိုးကြီးကြီးမားမားပေးမှ လက်ဆောင်လို့ မခေါ်ပါဘူး စကားတခွန်းကလဲ သူအတွက် တသက်တာ လက်ဆောင်ဖြစ်သွားနိုင်ပါတယ်)
(၃) သူတခုခု စိတ်ညစ်စရာတွေရှိလို့ ပြောပြတိုင်း ဂရုတစိုက်နားထောင်ပေးပါ။
(ဘာကြောင့်လဲဆိုတော့ သူယုံကြည့်တဲ့သူ သင်တစ်ယောက်ဘဲရှိလို့
သူစိတ်ညစ်စရာပျော်စရာတွေကို သင်ကို ပြောပြနေတာကို သင်ဂုဏ်ယူသင့်တယ်လေ
အကောင်းဆုံးအားပေးဖော်က သူအတွက် သင်က လွဲရင် မရှိနိုင်တော့လို့ပါ)
(၄)သူအကြောင်းအရာတခုကို တခါကနေနှစ်ခါမေးမိရင် သင်စိတ်မရှည်သလို မပြောမိပါစေနဲ့
(တခါတလေ သူသိပေမယ့်လဲ သင်သူအပေါ် ဘယ်လောက်စိတ်ရှည်လဲဆိုတာလေး သိချင်လို့
ထပ်ခါထပ်ခါမေးတာပါလား။ ဒါမှမဟုတ်တကယ်နားမလည်းလို့
မေးတာပါလားလို့ စိတ်ထဲမှာ ယုံကြည့်ထားလိုက်ပါ
တကယ်တော့ အချစ်ဆိုတာ ချစ်နေယုံနဲ့ မပြီးသေးသလို
နားလည်မှုရှိနေယုံနဲ့လဲ မလုံလောက်သေးဘူး
သူအပေါ်ယုံကြည့်မှုလေးပါ ဖြည့်စွက်ထည့်ပေးမှာ အချစ်ဆိုတာ ပြီးပြည့်စုံတာလေ .....
hlyothwetuyin
Myanmar News Update

Comments

Popular posts from this blog

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

အပျို၊ အပျိုစစ်နှင့် အပျိုစင်