ကျေးဇူးပါ အမေ

အမေကလေပိုက်ဆံတွေအများကြီးတော့
မပေးနိုင်ဘူးတဲ့ အခုချိန်မှာအမေပေးနိုင်တာက ပညာအမွေပဲတဲ့………
အမေကလေ ဟင်းကောင်းတွေအများကြီး
တော့ ချက်မကျွေးနိုင်သေးဘူးတဲ့ ဒါပေမဲ့
ကြိုက်တတ်တဲ့ ဟင်းကောင်းလေးတစ်မျိုးဆီ
တော့ အမေ လုပ်ပေးနိုင်တယ်တဲ့………
အမေကလေ အဝတ်အစားတွေအများကြီး
တော့ ဝယ်မပေးနိုင်သေးဘူးတဲ့ ဒါပေမဲ့ သူများ
တွေ အမြင်မှာ မျက်နှာမငယ်ရအောင်တော့
အမေ ဆင်ပေးနိုင်တယ်တဲ့……………
အမေကလေ ချမ်းသာတဲ့ သူကြီးတစ်ယောက်
မဖြစ်နိုင်ရင်နေပါစေတဲ့……ကိုယ်လုပ်တဲ့
အလုပ်တစ်ခုကို ကြိုး ကြိုး စား စား နဲ့ အဲ့ဒီ့
အလုပ်အပေါ်တန်ဖိုးထားတတ်မယ်ဆို အမေ
ကျေနပ်ပါတယ်တဲ့…………
ကျေးဇူးပါ အမေ ……အမေ့ရဲ့ သွန်သင်မှု
အောက်မှာကြီးပြင်းခဲ့ရပီး အမေ့ရဲ့သားသမီး
ဖြစ်ခွင့်ရတဲ့အတွက် ……အခုတော့ နားလည်ခဲ့
ပါပီ …အမေအမြဲပြောတတ်တဲ့စကားလုံးတွေရဲ့
တန်ဖိုးကိုပေါ့…………
Khin Myo Aye

poem

Comments

Popular posts from this blog

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

အပျို၊ အပျိုစစ်နှင့် အပျိုစင်