ဘယ်တော့မှ မဖျားနာသူတွေရဲ့ လျှို့ဝှက်ချက်

(၁) ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်
ခန္ဓာကိုယ်တွင်း အကျိုးပြု ဘက်တီးရီးယားများသည် ရောဂါပိုး ဘက်တီးရီးယားနှင့် တွေ့သည့်အခါ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ဓါတ် ထုတ် လုပ်ပြီး ရောဂါပိုးကိုတိုက်ခိုက်တတ် သည်။ ခန္ဓာကိုယ်အရေပြားတွင် ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် ရှိနေစေ ရန် ချိုးရေထဲသို့ ဟိုက်ဒရိုဂျင်ပါ အောက်ဆိုဒ် အကြမ်းပန်းကန် တစ်ခွက် ခန့်ထည့်၍ နေ့စဉ်ရေချိုးပေးပါ။
(၂) တရေးအိပ်ခြင်း
အိပ်ရေးပျက်လျှင် ကိုယ်အလေး ချိန်တက်လာပြီး ကိုယ်ခံအားစနစ် ယိုယွင်းတတ်သည်။ အိပ်ရေးပျက် ခြင်းကို သက်သာစေရန် ညအချိန် ထပ်ပေါင်းအိပ်ခြင်းထက် နေ့ခင်း တရေးအိပ်ခြင်းက အိပ်ရေးပိုဝစေပြီး ကိုယ်ခံအားလည်း ပြန်ကောင်းစေသည်။ နေ့ခင်းတရေးအိပ်ရန် အကောင်းဆုံး အချိန်မှာ နေ့လယ်တစ်နာရီမှ သုံးနာရီ အတွင်းဖြစ်သည်။
(၃) မိတ်ဆွေဖွဲ့ခြင်း
မိတ်ဆွေသစ်များဖွဲ့ခြင်း၊ မိတ် ဆွေများနှင့် ရင်းနှီးနွေးထွေးမှုရှိခြင်း သည် မိမိကိုယ်ကိုကျေနပ်အားရမှု

(self esteem) ကိုပေးစွမ်းနိုင်ပြီး ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန် စေသည်။
(၄) ရေအေးအေးချိုးခြင်း
ရေအေးအေးနှင့်ချိုးခြင်းသည် ခန္ဓာကိုယ်၏ဓါတ်တိုးဆန့်ကျင်(anti- oxidant)လုပ်ငန်းများကို အားကောင်း စေသည်။
(၅) စိတ်ဖိစီးမှုလျှော့ချခြင်း
အချိန်မရွေးစိတ်ဖိစီးနေပါက နှလုံးရောဂါမှသည် ဆီးချို၊ သွေးတိုး ရောဂါများအထိဖြစ်တတ်ပြီး ကိုယ်ခံ အားကိုလည်း ကျဆင်းစေသည်။
                                                                        သီဟ
                                                                       Health Updates Journal

Comments

Popular posts from this blog

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

အပျို၊ အပျိုစစ်နှင့် အပျိုစင်