အမျိုးသမီးများသို့

အမျိုးသမီးများသို့
လက်မထပ်ရသေးငြား
တအားမကြွားဝါနှင့်
ဖူးစာဖောက်ပြား
လွဲမှားခဲ့သော်
အရှက်ရလိမ့်

လက်မထပ်ရသေးငြား
တအားမလိုက်လျောနှင့်
ညားဖို့ကြောင်းကံ
မလှပြန်သော်
ကိုယ်ကျိုးနည်းလိမ့်

လက်မထပ်ရသေးငြား
အခွင့်အရေး
များမပေးနှင့်
ဝေးဖို့ကံသင့်
ဖန်ခဲ့လေသော်
အကျိုးနည်းလိမ့်

လက်မထပ်ရသေးငြား
မည်သို့မည်ပုံ
ယုံအောင်လှည့်ဖျား
အတည်ယူမည်
ဘယ်သို့ယူမည်
ကြည်ဖြူပါဟု
သွေးသားအမှု


ခံခဲ့လေသော်
မယုံမှားနှင့်
ကိလေသာစိတ်
ခဏသာယာ
ပြီးခဲ့လေသော်
နောင်တတရား
ရင်ဝယ်ပိုက်
ငါလူမိုက်ဟု
နောင်တကြီးကြီး..ရပေလိမ့်။ ။

မိန်းခလေးများအထူးသဖြင့် အချစ်ကြီးတာသက်သက် လိုက်လျောတာအားနာတာသက်သက်
မလိုက်လျောအားမနာလို့ ကိုယ့်ကိုပစ်သွားတော့လည်းဂျောင်းပေါ့ကွယ်
တကယ်ချစ်ရင် အဲဒါကြောင့်တော့ကိုယ့်ကိုထားမသွားနိုင်ပါဘူး
ဟုတ်တယ်မလား??

ညီမငယ် အမကြီးများ မိမိရဲ့တန်ဖိုးရှိတဲ့ဘဝကို
တန်ဖိုးရှိတဲ့အချိန်မှသာ ပေးအပ်သင့်ပါတယ်
အချိန်မတိုင်ခင်ပေးရင်တန်ဖိုးကျတယ် တန်ဖိုးမဲ့တယ်
တန်ဖိုးကျရင်ကိုယ့်ကိုအထင်သေးတယ် ပြီးရင်သူတို့က
စွန့်ပစ်သွားကြရောလေ ။ ။

ခင်မင်လျက်
                                                                           ကောင်ကလေး

Comments

Popular posts from this blog

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

အပျို၊ အပျိုစစ်နှင့် အပျိုစင်