ယောင်္ကျားလျာနဲ့ မိန်းမလျာ လင်မယား ဘယ်လို စခန်းသွားလဲ




လောကကြီးမှာ အထူးအဆန်းတွေတော်တော် များလာတယ် ပြောရမလားပါဘဲ။ ဘန်ကောက်ပို့စ်မှာ ဖော်ပြ ထားတဲ့ သတင်းဗီဒီယို မှတ်တမ်း တခုကိုကြည့်လိုက်တော့ အံ့သြခဲ့ရပေမယ့် ဘ၀ဟာ တခါ တရံ ပြောင်း
ပြန်တွေက အတည့်ဖြစ်တာလည်း ရှိတယ်လို့ ယူဆမိလိုက်ပါတယ်။

ထိုင်းလူမျိုးတွေဖြစ်ကြတဲ့ လိင်ခွဲစိတ်ထားတဲ့ မိန်းမလျာ တဦးနဲ့ ယောင်္ကျားလျာ တဦးတို့ရဲ့ အချစ်နဲ့ သူတို့ အိမ်ထောင်ရေးဖြစ်ရပ်ကို မှတ်တမ်း တင်ထားတာပါ။ ရိုမန်တစ် အချစ်လို့ တင်စားပြီး ဘန်ကောက် ပို့စ် က ဖော်ပြထားပါတယ်။

နောက်ဆုံးတော့လည်း ယောင်္ကျားနဲ့ မိန်းမ လက်ထပ်ဖြစ်တာတော့ မှန်ပေမယ့် ဓမ္မတာအတိုင်း မဟုတ်
ဘဲ ယောင်္ကျားတဖြစ်လဲ မိန်းမနဲ့ မိန်းမ အသွင်ပြောင်း ယောင်္ကျာလျာ တို့ဖြစ်နေတာပါ။

သူတို့မှာ တရားဝင် လက်ထပ်စာချုပ်လည်း ရှိကြပါတယ်။ သူတို့ဘ၀ကို သူတို့က ပျော်ပိုက်နေကြတယ်လို့ ဆိုပါတယ်။ လူတွေက သူတို့ကို ထူးထူးဆန်းဆန်း အဖြစ် အမျိုးမျိုး ဝေဖန်ကြပေမယ့် သူတို့ အချစ်ကတော့ ပြိုလဲမသွားပါဘူးတဲ့။

သူတို့ ၂ ဦးရဲ့ အိမ်မက်မှာ သူတို့ ကိုယ်ပိုင် သားသမီး တဦးလိုချင်တာနဲ့ အိမ်ကောင်းကောင်းတလုံး ပိုင်ဆိုင် ချင်တယ်လို့လည်း ပြောထားပါတယ်။
ဓါတ်ပုံ - ယောင်္ကျားလျာနဲ့ မိန်းမလျာတို့ရဲ့ ဘ၀ ၊ ဓာတ်ပုံ- ဘန်ကောက်ပို့စ်
                                                     ဧရာဝတီ

Comments

Popular posts from this blog

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

အပျို၊ အပျိုစစ်နှင့် အပျိုစင်