
“ရှေးရိုးစဉ်လာကြီးတဲ့၊
ယောက်ျားတွေ လွှမ်းမိုးတဲ့မြန်မာပြည်မှာ လိင်လုပ်ငန်းနဲ့ အသက်မွေးမှုကို
တရားဝင် လုပ်ဘို့ အဆိုကို ပယ်ချလိုက်တယ်” လို့ သတင်းတွေက ဖေါ်ပြပါတယ်။
အမျိုးသမီး အခွင့်အရေးသမီ တွေက “လိင်ခွဲခြား ဆက်ဆံမှုဆိုတာ မြန်မာပြည်မှာ
ကြီးမားတယ်” လို့ပါ ထောက်ပြတာလဲ ဖတ်ရပါတယ်။
ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်လုပ်ခြင်းဟာ အဖက်ဖက်ကနေ စဉ်းစားရတာ လူတိုင်းသိပါတယ်။ အချိန်ကာလလဲ ရွေးရပါတယ်။
အခုအချိန်မှာ
မြန်မာပြည်က အရင်ကမရှိတာ၊ မဖြစ်တာ၊ မလုပ်တာတွေကို ပြန်ပြင်ဘို့ကြိုးစား
နေကြချိန် ဖြစ်တယ်။ ရှိခဲ့တာ၊ ဖြစ်ခဲ့တာတွေကိုလဲ ဖယ်ရှားနေကြတယ်။
ဒီအရေးကိစ္စကလဲ အများကြီးထဲက (အစ်ရှူး) တခုသာဖြစ်တယ်။ တခုချင်း မဟုတ်ဘဲ
တပြိုင်တည်းလုပ်စရာတွေလဲ ရှိတာပါ။ ဒါပေမဲ့ “အရေးကြီးတာ အရင်” ဆိုတာ
နိုင်ငံတိုင်းမှာရှိတဲ့ လမ်းညွှန် တခုပါ။ မြန်မာပြည်မှာ ဘာတွေက အရေးကြီးသလဲ။
• နိုင်ငံရေးအကျဉ်းသားတွေ လွတ်လာတာများပေမဲ့ ဥပဒေသစ်နဲ့ ထပ်ဖမ်းခံနေရတာတွေ ရှိပါတယ်။
• မီဒီယာလဲ ကြိုးစားဆဲပါ။
• အလုပ်သမား၊ လယ်သမားတွေဘဝ တိုးတက်လာတာက တိုင်းတာလို့ ရပါပြီတဲ့လား။
• ပညာရေးက အစည်းအဝေးအဆင့်မှာသာ ရှိသေးတယ်။
• ကျန်းမာရေးက နာတာရှည်လူနာဘဝက မထွက်နိုင်သေးပါ။
• နိုင်ငံရေးမှာလဲ စစ်သွေးစစ်ရောင် မပြောင်သေးပါ။
• စီးပွါးရေး ပြောစရာမလိုပါ။ LDC ကထွက်ဘို့ရာ လမ်းစမမြင်သေးပါ။
ဒီအချိန်မှာ
ဒီဥပဒေဖြစ်လာခဲ့ရင် “မြန်မာပြည်မယ် ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်လုပ်တဲ့
နိုင်ငံ စားရင်းထဲ ဝင်လာပြီ” လို့သာ မော်ကြွားနိုင်တာ ရှိပါလိမ့်မယ်။
မလုံသေးတဲ့ ခေါင်မိုးကို အရင်ဖါထေး ကြရအောင် လားဗျာ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment