အနာဂတ် အိပ်မက်၊ မှိတ်တုတ်မီးရောင် နဲ့  ဆယ်ကျော်သက်မလေးများ

ထိုင်း အမျိုး သမီး ငယ်လေး တွေ ဟာ ဘန်ကောက် နဲ့ တခြား ထိုင်းမြိ့ ကြီး တွေ ညကလပ် တွေ နဲ့  ဖျော်ဖြေရေး  ကပွဲ တွေ မှာ မလုံ တလုံ လေးတွေ ၀တ်ပြီး ကပြဖျော်ဖြေကာ အသက်မွေး ၀မ်း ကျောင်းလုပ် နေရတာကို ဘန်ကောက် ပို့ စ် သတင်း စာ ကြီး က ရေးသားထားပါတယ်။
 ညကလပ် တွေ မှာ ကပြ ဖျော်ဖြေနေ တဲ့ကောင်မလေးတွေ ဟာ အနည်းဆုံး တစ်လ ကို
ဘတ် ရှစ်ထောင် လောက် ရရှိကြပြီး အပိုဝင်ငွေ အနေ နဲ့ သူတို့ ကိုပေးတဲ့ မုန့် ဖို့ နဲ့ 
 ပွဲတောင်းခံရမှု ကို မူတည် တယ်လို့ ဆိုပါတယ်။ သူတို့ ကို လာရေက် ပျော်ပါးသူတွေ

က အဖျော်ယမကာ တိုက်ကျွေး တဲ့ နေ့ ဆိုရင် တစ်လ ကို ဘတ် သုံးသောင်းလောက် ရပါတယ်။
ဘန်ကောက် ဆီရီကီရင် လမ်းတစ်လျှောက် က ညကလပ် တွေ အပြင် ဘန်ကောက် မြို့ တစ်ခွင် မှာ ရှိတဲ့
ညကလပ် တွေ မှာ ကပြ ဖျော်ဖြေ နေသူ တွေ ကတော့ အမျိုး ကောင်း သား သမီး တွေ ဖြစ်ပြီး တက္ကသိုလ်
ကောလိပ် ပညာ တွေ ကို သင်ကြား နေ သူတွေ ဖြစ်ပါတယ်။ သူတို့ ဟာ သူတို့ ရဲ့ ပညာရေး အတွက် ငွေကြေးလိုအပ် လို ဖြစ်တယ်လို့ ဆိုပါတယ်။
အေမီ လို့ ခေါ်တယ့် ကချေသည် မလေး တစ်ဦး ကတော့ “ကျွန်မ ကြက်ကင် ဆိုင် မှာ လုပ်တဲ့ အလုပ်က ထွက်လိုက် ရတယ်လေ ၊ လစာလဲ နည်းပြီး ကျောင်းချိန် နဲ့  တိုက်နေတယ်၊ နောက်တော့ ကျွန်မ မိသားစု
နဲ့  ကျောင်းစရိတ် အတွက် ဒီလမ်း ကို ရွေးလိုက်တယ်လေ..ပထမတော့ ငါအလုပ်ဒီနဲ့ ဖြစ်ပါ့မလား စိတ်ပူ
သေးတယ် နောက် တော့ ဖြစ်သွား တာပါပဲ လို့ ပြောပါတယ်။
ညဘက် အလုပ်ဆင်းပြီး နေ့ ဘက် မှာ ကျောင်းတက် နိုင်တဲ့ အလုပ် ဖြစ်တဲ့ ကချေသည် အလုပ်ကို ထိုင်း ကျောင်း သူ တော်တော်များ များက ရွေးချယ်ကြပါတယ်။
ညကလပ် မှာ ငွေရှာနေရပေမယ့် အိပ်မက် ကိုယ်စီ နဲ့ ထိုင်း တက္ကသိုလ် ကျောင်းသူလေးတွေ ဟာ သူ တို့ 
ရဲ့ အလုပ်မှာတော့ တာဝန် ကျေကြပါတယ်။ ငါ တက္ကသိုလ် ကျောင်းသူ ပဲ ဆိုပြီး ဖောက်သည်ကို မချေမငံ
ဆက်ဆံ တာမရှိ ပါဘူး။ ဖောက် သည် က ပေါင်ပေါ်လာ ထိုင် ပေးပါ ဆို ထိုင်ပေးပါတယ်။ တစ်ညလောက်
ပျော်ပါး ချင်တယ်လို့ ဖိတ်မန္တက ပြုလာ ရင် တော့ ဖြင့် အချို့ က ငြင်းဆန်ပြီး အချို့ ကတော့ အပြင်မှာ တွေ့ 
ဆုံမှု တွေ လုပ်ကြပါတယ်။
ထိုင်းကျောင်းသူလေးတွေ ၀မ်းရေး နဲ့ ဘ၀ အနာဂတ် ကို ဒီလို ပုံစံ နဲ့ ဖြေရှင်း နေရတာ ဟာ ဘယ်သူ မှာ
အပြစ် ရှိ သလဲ ..အစိုးရမှာ လား …လူ့ အဖွဲ့ စည်းမှာ လား… ပိုက်ဆံ ၀ါလား သကောင့်သားတွေ မှာလား
လို့  တော့ မေးခွန်း ထုတ်စရာ ရှိပါတယ်။
ထိပ်တန်း တိုင်လုံးပတ် ကချေသည် မလေး အေမီ ကတော့ “ကျွန်မ သူငယ်ချင်း တစ်ချို့ ကတော့ ခေါ်ရင်
လိုက်သွားကြတယ်။ ဒီကိုလာတဲ့ ဖောက်သည်တွေ က တဏှာရဂ မွှန် နေတာချဉ်းပဲ” လို့ ဆိုပါတယ်။
ဘန်ကောက် မြို့ ရဲ့ ညကလပ် တွေ မှာ သင်တွေ့ ရမယ့် ကောင်မလေးတွေ ဟာ ထိုင်း နိုင်ငံရဲ့ အနာဂတ်
တွေ ပါ သူတို့ ဟာ ဘ၀ ကို ဒီမှာ မြုပ် နှံ မှာ မဟုတ်ပါဘူး ၊ခေတ္တ ခိုလှုံ ရုံလေးပါ လို့ ဆိုပါတယ်။
ကိုးကား—ဘန်ကောက် ပို့ စ်    Strut, pout, but don’t put out



                                                        Freedom News Group

Comments

Popular posts from this blog

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

အပျို၊ အပျိုစစ်နှင့် အပျိုစင်