အအို၊ အအို၊ အပျို၊၊

တစ်ခါက သန်လျင်မြို့ရဲ့ ရက်ကွက်တစ်ခုမှာ  မိန်းမပျိုကလေး သုံးယောက် တက္ကသိုလ် အတူတူတက်ဖြစ်ကြတယ်။
တက္ကသိုလ် စတက်တဲ့ ပထမနေ့မှာ လမ်းထိပ်တစ်နေရာမှာ စုစည်းပြီး ကားမှတ်တိုင်ကိုအသွား လမ်းခုလတ်က အိမ် တအိမ်မှာ မွေးထားတဲ့ ကြက်တူရွေးတစ်ကောင် ရဲ့ မပီတပီ ရေရွတ်သံကို
ကြားလိုက်ကြတယ်။
သူတို့သုံးယောက် အတူတူကြားလိုက်တာက
အပြာ၊ အညို၊ အနက်
ဆိုပြီး အရောင် သုံးရောင်ရေရွတ်လိုက်တဲ့ အသံပါပဲ။ ကြက်တူရွေးလေးက စကားပြောတတ်တယ် ဆိုပြီး သုံးယောက်သားအံ့သြလျှက် ကျောင်းကို ဆက်သွားကြတာပေါ့။ ညနေကျောင်းပြီးလို့ ပြန်လာတော့ ကြက်တူရွေးကို မတွေ့ရဘူးတဲ့။
ဒီလိုနဲ့ နောက်နေ့ မနက် အဲ့ ဒီအိမ်နားက ဖြတ်သွားကြတော့ ကြက်တူရွေးလေးကို ထပ်တွေ့ရပြန်တယ်။ ဒီတစ်ခါလည်း ကြက်တူရွေးလေးက အရောင်သုံးရောင် ထပ်ရွတ်ပြန်တယ်။
"ခရမ်း၊ အနက်၊ အနီ"ဆိုပြီးရွတ်ပြန်တယ်

သူတို့သုံးယောက်ထဲက အကင်းပါးပြီး စပ်စပ်စုစုနိုင်တဲ့ ကောင်မလေးတစ်ယောက် သတိထားမိသွားတာက အနက်ရောင်ဟာ သူမရဲ. အတွင်းခံ ဘောင်းဘီ အရောင် ပါလား လို. သိလိုက်ပြီး ကျန်နှစ်ယောက် ကို
ပြောပြတယ်။ ဒါပေမယ့် ကျန်တဲ့နှစ်ယောက်ကတော့ ကြက်တူရွေးက ငါ့တို့ အတွင်းခံတွေကို မသိနိုင်ပါဘူးလေဆိုဘူး လက်မခံဘူးပေါ့။
ဒါနဲ.သုံးယောက်သားတိုင်ပင်ပြီး နောက်တနေ.မှာ အနက်ရောင် ဆင်တူ အတွင်းခံ ဘောင်းဘီ တွေကိုယ်စီ ၀တ်ဆင်ခဲ့တယ်။ အဲ့ဒီအိမ်နားရောက်ပြန်တော့ ကြက်တူရွေးက ရေရွတ်ပြန်တယ်။
အနက်၊ အနက်၊ အနက်
လို့ကြက်တူရွေးက ရေရွတ် လိုက်တော့ သုံးယောက်သား ပါးစပ်အဟောင်းသားနဲ့ အင်မတန်အံ့အားသင့် ခဲ့တယ်။ ငါ့တို့တွင်းခံတွေကို ဒီ သောက်ငှက်စုတ်က ဘယ်လို သိနေပါလိမ့်ဆိုပြီး စဉ်းစားမရဖြစ်နေခဲ့တယ်။
ဒီလိုနဲ့ ကျောင်းရောက်တော့ သုံးယောက်သားခေါင်းချင်းဆိုင်ပြီး တိုင်ပင်ကြတယ်။ ဒီလောက်ဆိုးတဲ့ ကြက်တူရွေးကို ဘယ်လို ပညာပေးရင်ကောင်းမလဲပေါ့။ နောက်ဆုံး သုံးယောက်သား သဘောတူဆုံးဖြတ်လိုက်တာကတော့ နောက်နေ့ကျောင်းသွားတဲ့ အခါ သုံးယောက်စလုံး အတွင်းခံဘောင်းဘီ မဝတ်ဘဲ သွားကြမယ်ပေါ့
ဒါနဲ့ နောက်နေ့မှာ သုံးယောက်သား အတွင်းခံဘောင်းဘီ မဝတ်ဘဲ ကျောင်းသွားကြတာပေါ့။
ဒီနေ့ မှာတော့ ကြက်တူရွေးလေးခမျာ မျက်နှာ မရွင်မသာနဲ့ ခေါင်းလေးရမ်းကာရမ်းကာ မှိုင်ထွေထွေ ဖြစ်နေရှာတယ်။ ဒါကို မြင်ကြတဲ့ ကျောင်းသူလေး သုံးယောက်ပျော်သွားကြတယ် သူတို့ ဆန္ဒ ပြည့်ပြီပေါ့။
ကျောင်းသူလေးတွေ ဖြတ်လျှောက်သွားတာ နဲနဲလွန်သွားတော့မှ အသံခပ်တိုးတိုးလေးနဲ့ မကြားတကြားလေးရေရွတ်လိုက်တယ် အအို၊ အအို၊ အပျို
                                                        ဘ၀နှင့်လေပြည် 

Comments

Popular posts from this blog

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

အပျို၊ အပျိုစစ်နှင့် အပျိုစင်