" ဒီလောကမှာ ရင်ထဲကစကားကို ထုတ်ဖော်မပြောပြတတ်တဲ့ လူတွေရှိတယ်။ "

ငါ့ကို သူလက်ထပ်ခွင့်တောင်းတော့ သူစကားတစ်ခွန်းပဲပြောတယ်။ "ငါ့ကို ယုံပါ"

သူ့အတွက် ငါပထမဆုံးသမီးလေးမွေးပေးတော့ သူစကားတစ်ခွန်းပြောတယ်။ "နင် ပင်ပန်းပြီ"  

ငါတို့သမီး မင်္ဂလာဆောင်တဲ့နေ့က ငါ့ကို သူဖက်ပြီး စကားတစ်ခွန်းပြောတယ်။ "ငါ ရှိသေးတယ်"

ငါဖျားနာကြောင်း သူကြားတော့ ငါ့ဘေးနား သူချက်ချင်းရောက်လာပြီး စကားတစ်ခွန်းကို သူထပ်တလဲလဲပြောတယ်။ "ငါ ဒီမှာ"

လောကကြီးထဲကနေ ငါထွက်သွားတော့မယ့်တခဏ ငါ့နဖူးကို သူနမ်းပြီးပြောတယ်။ "ငါ့ကို စောင့်ပါ"

ဒီတစ်သက် ငါ့ ကို ချစ်တယ်လို့ သူ မပြောခဲ့ဖူးဘူး။ ဒါပေမယ့် အချစ်က ငါတို့အနားမခွဲမခွာရှိခဲ့တယ်။

(ဒီလောကမှာ ရင်ထဲကစကားကို ထုတ်ဖော်မပြောပြတတ်တဲ့ လူတွေရှိတယ်။ ထုတ်ဖော်မပြောတိုင်း သူတို့မှာ ချစ်ခြင်းမေတ္တာမရှိတာမဟုတ်ပါဘူး။)

Comments

Popular posts from this blog

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

အပျို၊ အပျိုစစ်နှင့် အပျိုစင်