Day Club များတွင် Sexy Dance များကလျက်ရှိကာ အသက် မပြည့်သောကျောင်းသား လေးများ ပျက်စီးစေနိုင် ၍ အရေးယူပေးပါရန်

ကျွန်တော်၏သမီးဖြစ်သူနှင့်သူ၏ သူငယ်ချင်းများသည် Day Club များသို့ခိုးသွားခဲ့ရာ ကျွန်တော်လိုက်လံ ရှာဖွေရာမှDay Club တော်တော် များများတွေ့ရှိခဲ့ပါသည်။

Day Club များသည် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ခွင့်ပြုချက် မရဘဲပြုလုပ်နေကြောင်း တွေ့ရှိရ ပါသည်။ ၎င်းတို့သည် မြန်မာ့ဝတ်စား ဆင်ယင်မှုနှင့်ယဉ်ကျေးမှုကိုဖျက်ဆီးနေခြင်း ဖြစ်ကြောင်း တွေ့ခဲ့ရ ပါသည်။ ရန်ကုန်တိုင်းဒေ သကြီးတွင်ရှိသော Club တော်တော်များများတွင် Day Party များပြုလုပ် လျက်ရှိပြီး(ရှစ်တန်း၊ ကိုးတန်း)
အသက် မပြည့်သေးသော ကလေးများမှာ ကျောင်းပြေးပြီးလာရောက်ေ နကြပါသည်။

၎င်းတို့မှာ ကျောင်းပိတ်ရက်၊ ဖွင့်ရက်မရှောင်ဘဲ ပြုလုပ်နေပါသည်။ အများဆုံးပြုလုပ်သည့်Club များ ကတော့အလုံမြို့နယ်ရှိ Sky World၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိဆရာဝန်အသင်းနှင် မျက်စောင်း ထိုးစိတ်တိုင်းကျလက်ဖက်ရည်ဆိုင်နှင့် ကပ်လျက် IQ (or) Cloud 9၊တာမွေမြို့နယ်ရှိတာမွေပလာဇာေ ဘးClub ဖြစ်ပါသည်။ ၎င်းDay Party များတွင် Sexy Dancerကိုပါဆုများ ပေးလျက်ရှိပါသည်။ ၎င်း Club သည် ပြည့်တန်ဆာများနှင့်ပြုလုပ်နေသည်ဟုလည်း ကြားသိရပါသည်။

ကျွန်တော်သည်မိဘတစ်ယောက်အနေနှင့် စိတ်မသက်မသာ ဖြစ်ခဲ့ ရပါသည်။ အလားတူ ကလေးများ၏ မိဘများလည်းထပ်တူ ခံစားရမည် ဖြစ်သောကြောင့်အယ်ဒီတာမှတစ်ဆင့်ကလေး မိဘများအားမသွား သင့်သော ထိုနေရာများသို့ မသွားခိုင်းကြရန်ဂျာနယ်တွင် ဖော်ပြပေးစေ လိုပြီး မြန်မာ့ယဉ်ကျေး မှုနှင့်လျော်ညီသော နေရာများသို့သာ သွားစေ လိုကြောင်းမေတ္တာရပ်ခံ အကြံပြု တင်ပြအပ်ပါသည်။

မိဘတစ်ဦး

Comments

Popular posts from this blog

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

အပျို၊ အပျိုစစ်နှင့် အပျိုစင်