သီလအစွမ်း အံ့မခန်း

တစ်ခါတွင် ကာလိင်္ဂတိုင်း ဒဏ္ဍပူရပြည်ကြီးတစ်ခုလုံး မိုးခေါင်ရေရှားကာ အငတ်ဘေးကြီးဆိုက်သည်။
တိုင်းသူပြည်သားများ မင်း၏ ဟစ်တိုင်သို့ လာပြီးအငတ်ဘေးကြီး ငြိမ်းအေးပပျောက်အောင်

လုပ်ပေးရန် ဟစ်အော်တောင်းဆိုကြသည်။
အများ၏ အကြံပေးချက်အရ မင်းကြီးသည်ဥပုသ်သီလစောင့်ကာ ကျက်သရေရှိသော
တိုက်ခန်းသို့ ဝင်ပြီး မြေစာမြက်ကို ခင်းအိပ်လေသည်။
သို့ သော် မိုးကား ရွာ၍မလာ။

တစ်ဖန် လောကီအယူအဆကို အားသန်ကြသောဗေဒင်ဆရာတို့ က ဣန္ဒပတ္တနိဂိုရ်ပြည်


မိုးလေ၀သကောင်းမွန်နေခြင်းမှာ အဉ္စန၀ဏ္ဏမည်သော မင်္ဂလာဆင်ရှိသောကြောင့် ဖြစ်သည်။
ထိုဆင်ကို ရခဲ့လျှင် ဒဏ္ဍပူရမြို့ ကြီးတစ်ခုလုံးမိုးလေ၀သကောင်းလာမည် ဆိုသဖြင့်
မင်္ဂလာဆင်ကို သွားရောက် အလှူ ခံကြပြန်သည်။

ဆင်ကား ရခဲ့ပါ၏။ မိုးကား ရွာမလာ။ နောက်ဆုံး၌ ပညာရှိသူတော်ကောင်းများ၏
အကြံပေးချက်အရ အရိုးဆုံးဖြစ်သော နည်းလမ်းတစ်ခုဖြစ်သည့် ဣန္ဒပတ္တနဂိုရ်ပြည်မှ ဂရုဓမ်တရားလေးပါးကို ကူးယူကျင့်သုံးသော အခါတွင်မှ မိုးလေ၀သပြန်ကောင်းကာ သာယာဝပြောခဲ့ပေသည်။

ဂရုဓမ္မတရားလေးပါး
- - - - -- - - - - - - -
၁။ တိုင်းသူပြည်သားတို့ သည် ၀ါတွင်းဝါပ  တစ်လလေးသီတင်း ဥပုသ်စောင့်ရခြင်း။

၂။ ငါးပါးသီလကို ခါးဝတ်ပုဆိုးလို မြဲမြံရခြင်း။

၃။ ရတနာသုံးပါးကို နေ့ ညမပြတ် ၀တ်ကပ်ဝတ်တက် ပြု၍
  မေတ္တာတရားကို အထူးပွားများရခြင်း။

၎။ မိဘဘိုးဘွား ဆရာသမားများကိုလည်းကောင်း ၊ အကျင့်သီလနှင့်ပြည့်စုံသော သူမြတ်တို့ ကိုလည်းကောင်း ၊ မင်္ဂလာတရားတော်နှင့်အညီ ရိုသေမြတ်နိုးရှိခိုးပူဇော်ခြင်း။

   မြန်မာပြည်တကောင်းမင်းလက်ထက်တွင် .........
ယင်းဂရုဓမ္မလေးပါးကို အမိန့် ပြန်တမ်းထုတ်၍
တစ်ပြည်လုံးကို လိုက်နာကျင့်သုံးစေခဲ့ကြောင်း သိရသည်။

အရှင်ဇ၀န (မေတ္တာရှင်-ရွှေပြည်သာ)
(သီလအစွမ်း အံ့မခန်း မှ)

  မေတ္တာဖြင့် စုစည်းဝေမျှသူ (အနှိုင်းမဲ့စာတိုပေစများ )

Comments

Popular posts from this blog

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

အပျို၊ အပျိုစစ်နှင့် အပျိုစင်