မိန်းခလေးတစ်ယောက်ကို ချစ်ရင် လိုက်နာရမယ့် အချက်များ


၁ မျက်စိတချက်ကြည့်လိုက်တာနဲ့ ဘာဖြစ်ချင်လဲဆိုတာ သိနေပါ။
၂ ကိုယ်မမြင်ချင်တာတွေ့ရင်မျက်စိမှိတ်နေပါ။
၃ မကြားချင်တာရှိရင် နားပိတ်နေပါ။
၎ မိုးရွာတာကိုမစောင့်နှင့် မိုးဖွားကျတာနှင့် ထီးမိုးပေးပါ။ ထီးမပါလျှင် အကျီင်္ချွတ်မိုးပါ။
၅ အစာ ၂ပွဲစားလျှင် အစားပုတ်တယ်လို့ ပြောမယ့်အစား အစာကြေဆေးရှာထားပါ။
၆ shopping mall ရောက်လျှင် ဒါလေးလိုက်လားဆိုတာနဲ့ ငွေရှင်းပီးသားဖြစ်ပါစေ။
၇ အမေကသိပ်သဘောမတူဘူးဟုပြောမည့်အစား အိမ်ဝယ်ဖို့ တခါတည်းစဉ်းစားထားပါ။
၈ မနေ့ကဘာလို့ကျောင်းပျက်တာလဲမေးမယ့်အစား တခါတည်း စာကူးထားပေးပါ။
၉ ဘာအရောင်ကြိုက်လဲ ဘာအစားအစာကြိုက်လဲ

 မမေးပါနှင့် စိုက်ကြည့်လျှင် အလိုက်သိပါ။
၁၀ ဘယ်ငနဲနှင့်မှ အူမတိုနှင့် သင်သာအနွံတာခံလျှင် ဘယ်ငနဲဆီမှ မသွားပါ။
၁၁ လက်သည်းဆိုးထားတယ်ဒီနေ့လို့ပြောရင် လက်ထဲကပစ္စည်းအားလုံးကိုင်ပေးပါ။
ကားတခါးကအစ ဖွင့်ပေးပါ။
၁၂ ညဘက်ဖုန်းပြောရင်း အိပ်ချင်ပြီလို့ပြောရင် ချက်ချင်းဖုန်းချပါ။ မချ၍ အိပ်ရေးပျက်လျှင် နောက်တရက် သင် စွာတေးလန်fm နားထောင်ရမည်။
၁၃ ကပ်စေးနည်းမယ်လို့ စိတ်ကူးထားရင် လမ်းသွားရင်း
ယောင်လို့တောင် ဘယ်မိန်းခလေးကိုမှ လှည့်မကြည့်နှင့်။
၁၄ ဖုန်းscreen နှင့် fb pro picကို စုံတွဲပုံတင်ပါ။
၁၅ ရုပ်ရှင်ရုံထဲတွင် ဟာသကားကြည့်လျှင် ရီချင်မှရီမည်။
သို့သော် သရဲကားကြည့်လျှင် ပိုကြောက်မည်။ဘာကြောင့်လဲ
မသိလျှင် အိမ်ပြန်စာအုပ်ယူ၍ မူကြိုကျောင်းတတ်ရမည်။
၁၆ ချစ်သူရှေ့တွင် ကိုယ့်ချစ်သူမိန်းခလေးမှလွဲ၍ မည်သည့်
မိန်းခလေးကလှကြောင်းလာမပြောနှင်။
ကမ္ဘာစစ်ဖြစ်သွားမည်။
၁၇ ချိန်းတွေ့နေစဉ်အတွင်း မည်သည့်ဖုန်းလာလာ
speakerဖွင့်ပြောရမည်။
၁၈ ဖြစ်နိုင်လျှင် မည်သည့်မိန်းခလေးကိုမှ like comment ဝင်မပေးနှင့်။
၁၉ ညီမအရင်း ဆွေမျိုးတော်စပ်သူအားလူံး၏ အရေအတွက်ကို ချစ်သူစဖြစ်ကတည်းက တခါတည်းပြောထားပါ။
၂ဝ ဝိတ်လျှော့ချင်တယ်ပြောလျှင်
တစ်ခါတည်း အိမ်သာရှာထားပြီး
Tissue Paper ဆောင်ထားပါ။
၂၁ ဖျားချင်သလိုကြီး ပြောတာနှင့်
ဆရာဝန်ပင့်ပြီးသားဖြစ်နေပါစေ။
အမျိုးသမီးဆရာဝန် မဖြစ်စေနှင့်။
                                                                                မဟူရာ နတ်သမီး

Comments

Post a Comment