ဆက်လျှောက်

{•}{•} ဆက်လျှောက် {•}{•}
********************
ဖေးမသူ အားပေးကူ မရှိလဲ
ငါလက်တွေက ရေးစွဲနေမြဲ။
ခရီးဖော် မရှိသော်လည်း
ငါခြေထောက်တွေ
ဆက်လျှောက်နေမြဲ။
လူဆိုတာဒီလိုပဲ ...
ယုံကြည်ရာစိတ်ဇွဲ
ရိုးသားမှုနဲ့ ...
အမှန်တရားကို မြတ်နိုးရင်း
ကိုယ့်ကိုယ်ကို အားပေးရင်း


ရှေ့ဆီကို ခရီးဆက်ရင်း
ဘဝမှာ ကြုံတွေ့ရာ ...
အခက်ခဲတွေကိုရင်ဆိုင်ရင်း
နောက်လှည်ကာ ပြန်မပြေးချင်နဲ့
စိတ်မပျက်ပဲ ခရီးဆက်ရမယ် ...
ရည်ရွယ်ရာ ပန်းတိုင်ဆီသို့ကွယ် ...။
                                                                မြကျော်စံ+မြ၀ဏိုးစံ(စာပေဥယျာဉ်)


Comments

Popular posts from this blog

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

အပျို၊ အပျိုစစ်နှင့် အပျိုစင်