မိတ်ဆွေတု ၄ ယောက်

{{{ မိတ်ဆွေတု ၄ ယောက် }}}

က ။။ ကိုယ်ကျိုးကြည့် မိတ်ဆွေတု ။။
၁။ သူတပါးထံမှသာယူ၍ မိမိကမူ မပေးကမ်းခြင်း၊
၂။ နည်းနည်းသာပေး၍ များများ ရလိုခြင်း၊
၃။ ဘေးရောက်သည်အခါ ခိုးကိုးရာအဖြစ် သူတပါးထံသွား၍ လုပ်စရာရှိသမျှ လုပ်ကိုင်ပေးခြင်း၊
၎။ ကိုယ်ကျိုးအတွက် သူတပါးနှင့် ဆက်ဆံ ပေါင်သင်းခြင်း၊
ဤအင်္ဂါလေးပါးနှင့် ပြည့်စုံသူကို အညဒတ္တုပာရ မိတ်ဆွေတု၊ ကိုယ်ကျိုးကြည့် မိတ်ဆွေတု ပာုခေါ်သည်။
ခ ။။အပြောသမား မိတ်ဆွေတု ။။
၁။ ရှေးက ဖြစ်ထွန်းခဲ့ဘူးသည့် စည့်စိမ်ဥစ္စာကို မပေးခဲ့ရခြင်းကြောင့် စိတ်မကောင်းကြောင်း ပြောလောရှိခြင်း၊
၂။ နောင်အခါမှာ ဖြစ်ထွန်းလာမည့် စည်းစိမ်ဥစ္စာကိုပေးမည်ပာု ပြောဆိုလေ့ရှိခြင်း၊
၃။ အကျိုးမရှိသော အရာဖြင့် ချီးမြှောက်ခြင်း၊
၎။ ပေးလို့ဖြစ်နိုင်သော အရာများကို တစ်စုံတစ်ရ ပျက်စီးနေပာန် အကြောင်းပြ၍ ပေးလို့မဖြစ်ပာု ပြောဆိုလေ့ရှိခြင်း၊
ဤအင်္ဂါလေးပါးနှင့် ပြည့်စုံသူကို ၀စီပရမ မိတ်ဆွေတု၊ အပြောသမား မိတ်ဆွေတု ပာုခေါ်သည်။
ဂ ။။ ချစ်ဖွယ်ဆိုတတ်သော မိတ်ဆွေတု ။။
၁။ မကောင်းပြုသည်ကိုလည်း သဘောတူခြင်း၊
၂။ ကောင်းမူ ပြုသည်ကိုလည်း သဘောတူခြင်း၊
၃။ ရှေ့မှောက်တွင် ချီးမွမ်းခြင်း၊
၎။ နောက်ကွယ်၌ ကဲ့ရဲ့ခြင်း၊
ဤအင်္ဂလေးပါးနှင့် ပြည့်စုံသူကို အနုပ္ပိယဘာဏီ မိတ်ဆွေတု ချစ်ဖွယ်ဆိုတတ်သော မိတ်ဆွေတု ပာုခေါ်သည်သည်။
ဃ။။အပါယ်ဖော် မိတ်ဆွေတု ။။
၁။ အရက်သေစာသောက်စားရာ၌ ဖော်လိုက်သူ၊
၂။ ညအခါ အခါမဲ့သွားလာရာ၌ အဖော်လိုက်သူ၊
၃။ ပွဲလမ်းသဘင်ကြည့်ရှုရာ၌ အဖော်လိုက်သူ၊
၎။ လောင်းကစားရာ၌ အဖော်လိုက်သူ၊
ဤအင်္ဂါလေးပါးနှင့် ပြည့်စုံသူကို အပါယသပာာယ မိတ်ဆွေတု၊ အပယ်ဖော် မိတ်ဆွေတု ပာုခေါ်သည်။
ချမ်းမြေ့ဆရာတော်
Pone Yate

Comments

Popular posts from this blog

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

အပျို၊ အပျိုစစ်နှင့် အပျိုစင်