ဆီးရီးယားအား တိုက်ခိုက်ရေး ဗြိတိန် နှင့် နေတိုးတို့ မပါဝင်သောကြောင့် အမေရိကန် ဒုက္ခရောက်နေ

ဆီးရီးယားပြည်တွင်းစစ်
အတွင်း၌ အစိုးရဘက်မှ ဓာတုလက်နက်များကို အသုံးပြုခဲ့သည်ဟူသော စွပ်စွဲချက်များနှင့်
 ပတ်သက်၍ တုံ့ပြန်သည့်အနေဖြင့် ယင်းနိုင်ငံအပေါ် ပြုလုပ်လာနိုင်ဖွယ်ရှိသည့်စစ်ရေးအရအရေးယူ
တိုက်ခိုက်မှုများတွင် နေတိုးတပ်ဖွဲ့များကပါဝင်သွားမည်မဟုတ်ကြောင်း
အဆိုပါတပ်ဖွဲ့၏အကြီးအကဲဖြစ်သူ
အန်ဒါးစ်ဖော့ရက်စ် မူဆန်က သြဂုတ် ၃ဝ ရက်တွင် ပြောကြားသည်။
ဆီးရီးယား အစိုးရအပေါ် နိုင်ငံတကာမှ တုံ့ပြန်မှုများ ပြုလုပ်ရာတွင် NATO တပ်ဖွဲ့အနေဖြင့်ပါဝင်သွားမည်
မဟုတ်ကြောင်း၊ မိမိတို့၏ တာဝန်မှာ တူရကီတပ်ဖွဲ့ဝင် များကို ထောက်ပံ့ပေးရန်နှင့်ဆီးရီးယား နိုင်ငံဘက်
မှ တူရကီ နိုင်ငံဘက်သို့ တိုက်ခိုက်လာသည့် မည်သည့် တိုက်ခိုက်မှုကိုမဆို တုံ့ပြန်ရန် အတွက်သာဖြစ်
ကြောင်း ဒိန်းမတ်နိုင်ငံ အနောက်ပိုင်း ဂျက်လန်း ကျွန်းဆွယ်ပေါ်ရှိ မီဂျယ်လ်မြို့တွင် ပြုလုပ်သော သတင်း
စာ ရှင်းလင်းပွဲ တစ်ခုတွင် ဒိန်းမတ် သတင်းစာ တစ်စောင်ဖြစ်သောPolitiken သတင်းစာမှသတင်းထောက်
များကို ရက်စ်မူဆန် က ပြောကြားခဲ့ခြင်း ဖြစ်သည်။
                                             myawaddynews

Comments

Popular posts from this blog

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

အပျို၊ အပျိုစစ်နှင့် အပျိုစင်