ဖခင်က သားကို ခြေဖဝါး ဓားခွဲ၊ ဆားသိပ်ပြီး ဆုံးမ

အဇာတသတ်မင်းက ဖခင်ကို အကျဉ်းချ၊ ခြေဖ၀ါးကို ဓားနဲ့ ခွဲ
ဆားသိပ်ပြီးမှ သတ်ခဲ့တဲ့ဖြစ်ရပ်ကို အခုတော့ ရန်ကုန်မြို့ ဖြစ်ရပ်တခုက
 ပြောင်းပြန် လှန်လိုက်ပါပြီ။ 
ရန်ကုန်တိုင်း ရဲ ဌာနရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖခင်က သားဖြစ်သူအား ခြေဖ၀ါး(၂)ဖက်ကိုဓါးဖြင့်လှီးကာ ဆားသိပ်ပြီး ဆုံးမ ဆိုတဲ့ သတင်းကို အခုလို ဖော်ပြလာပါတယ်။ 
ရန်ကုန်၊ စင်တင်ဘာ ၂ 
၃၁.၈.၂၀၁၃ ရက်နေ့ ၁၈၀၀ အချိန်ခန့်တွင် ရွှေပြည်သာမြို့နယ်နေ ဒေါ်မြင့်မြင့်ဦး သည် နေအိမ်၌
ရှိနေစဉ် မြေးဖြစ်သူ မောင်ဝေယံထက်၊ (၁၁)နှစ်မှာရောက်ရှိလာပြီး ၄င်းအား ၃၀.၈.၂၀၁၃ ရက်နေ့ ၁၄၃၀ အချိန်ခန့်က ရပ်ကွက်အတွင်းရှိ ရေကန်တွင် ရေဆင်းကူးသဖြင့် အတူနေဖခင် အရင်းဖြစ် သူ ဦးဇော်မင်းဦးမှ ခြေဖ၀ါး(၂)ဖက်အား ဓါးဖြင့်လှီးပြီးဆားသိပ်ခဲ့ကြောင်း၊
ယင်းသို့ပြုလုပ်သည်ကို မိထွေး 

ဖြစ်သူ လည်းတွေ့မြင်ကြောင်း ပြောပြသဖြင့် ဝေယံထက်၏ခြေဖ၀ါးများ အားကြည့်ရာ ဓါးဒဏ်ရာ (၁) ချက်စီ ရရှိထားသည်ကိုတွေ့ရှိရ၍ ဆေးကုသပေးပြီး ဦးဇော်မင်းဦးအား အရေးယူပေးပါရန် ၁.၉.၂၀၁၃ ရက်နေ့တွင် ဒေါ်မြင့်မြင့်ဦးမှ တိုင်ကြားခဲ့သဖြင့် ရွှေပြည်သာမြို့မရဲစခန်း(ပ) ၆၃၈/၂၀၁၃၊ ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့် အရေးယူကာ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း
သတင်းရရှိပါသည်။

ဧရာဝတီ Blog

Comments

Popular posts from this blog

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

အပျို၊ အပျိုစစ်နှင့် အပျိုစင်