မလိုတာတွေဖယ်ထုတ်ပစ်ရတယ်

သူက “ပန်းပု ထုတဲ့အခါမှာ မလို
တာတွေကို ဖဲ့ဖဲ့ထုတ်ပစ်ရတယ်။
မလိုတာတွေကို ဖဲ့ထုတ်၊ ပယ်ထုတ်ပစ်ပြီးတော့မှ လှပတဲ့ ရုပ်လုံးပေါ်လာနိုင်တာ တဲ့။
ဒီနည်းတူပဲ လူဟာ ကိုယ့်ဘဝကိုယ်ခန္ဓာကိုယ်မှာ မလိုအပ်တဲ့ အရာတွေကို ဖဲ့ဖဲ့ထုတ်၊ ပယ်ပယ်ထုတ်ပစ်ရတယ်တဲ့။
ကိုယ့်ဘဝကိုယ်ခန္ဓာက ဖဲ့ထုတ်ပယ်ထုတ်ပစ်ရမှာကအကျင့်ဆိုး စရိုက်ဆိုး . . . စတဲ့ အရာတွေပဲတဲ့၊
အကျင့်ဆိုး စရိုက်ဆိုး စတဲ့ မလိုလားအပ်တာတွေကို ဖဲ့ထုတ်ပယ်ထုတ်ပစ်မှ တလှတပ ဘဝမျိုး ဖြစ်လာနိုင်တာတဲ့”
တခါတုန်းက ဆရာကြီးတစ်ဥိးက အကျင့်စရိုက်ဆိုးတွေ
ရစပြုနေတဲ့ တပည့်တစ်ဦးကို ခေါ်ပြီး တောလမ်းကလေးအတိုင်း လျှောက်လာတယ်။ လျှောက်လာယင်းက အညွန့်အညှောင့်ပေါက်စ သစ်ပင်ကလေး တပင်ကိုတွေ့တော့
ဆရာကြီးက . . .
“တပည့်၊ ဟောဟိုကအပင်လေးကို နုတ်ကြည့်စမ်း” လို့ ခိုင်းတယ်။
တပည့်ကလဲသွားပြီး အလွယ်ကလေးပဲ
လက်ညှိုးနဲ့ လက်မကြားထဲညှပ်ပြီး ဆွဲနုတ်လိုက်တယ်။
ဒါနဲ့ ဆက်လျှောက်လာခဲ့ကြပြန်တယ်။
မကြာခင် အတော်လေး အမြစ်ခိုင်ခိုင်တွယ်မိနေပြီဖြစ်တဲ့ သစ်ပင်ငယ်တပင်ကို တွေ့တယ်။
ဒီအခါမှာလဲ ဆရာကြီးက တပည့်၊
“ဟောဟိုကသစ်ပင်ကို နုတ်ပါအုံး” လို့ ခိုင်းတယ်။
တပည့်ကသွားပြီးနုတ်တယ်။ လက်နှစ်ဖက်နဲ့ တော်တော်ကလေး အားစိုက်ပြီး နုတ်လိုကတော့ သစ်ပင်က အမြစ်ကျွတ်ပြီး ပါလာတယ်။
ဆရာတပည့်နှစ်ယောက်ဆက်ပြီးလျှောက်လာကြပြန်တယ်။ လျှောက်လာယင်း တပည့်လူငယ်က “ဘာမှအသုံးမချဘဲ သူ့ကို သစ်ပင်နုတ်ခိုင်းနေတာ ငါ့ ဆရာကြီး စိတ်တွေမှ မူမှန်သေးရဲ့လား” လို့ တွေးလာတယ်။
မကြာခင် လူတပိုက်တဖက်လောက် လုံးပတ်ရှိတဲ့ သစ်ပင်ကြီး တပင်ကို တွေ့ရတယ်၊
ဒီအခါမှာလဲ ဆရာကြီးက တပည့် ဟောဟိုက သစ်ပင်ကြီးကိုနုတ်စမ်းပါ လို့ ခိုင်းပြန်တယ်။
နုတ်လို့ မရမှန်းသိပေမယ့် ဆရာက ခိုင်းနေတော့ တပည့် လူငယ်က လက်နှစ်ဖက်နဲ့ သစ်ပင်ကြီးကို ပိုက်ဖက်ပြီး အတားကုန်နုတ်တယ်။ ချွေးဒီဒီးသာကျတယ်၊ သစ်ပင်ကြီးကတော့ တုတ်တုတ်တောင် မလှုပ်ဘူး။
ဒီတော့မှ ဆရာကြီးက
“တပည့် မင့်ကို ဆရာက အကြောင်းမဲ့ သစ်ပင်တွေကို နုတ်ခိုင်းနေတာမဟုတ်ပါဘူး။
သစ်ပင်တွေကို သာဓကထားပြီး ပြောပြစရာရှိလို့ပါ၊
အကျင့်စရိုက်ဆိုးတွေ ဆိုတာ နုစဉ်အချိန်၊ အကျင့်စရိုက်ဆိုးတွေ ကိုယ့်မှာဖြစ်လာစ အချိန်မှာ(သစ်ပင်ကလေးဖြစ်စမှာ လွယ်လွယ်နဲ့ နုတ်ပယ်ပစ်လို့ ရသလို) နုတ်ပယ်ပစ်လို့ရတယ်၊
နုတ်ပယ်မပစ်ဘဲ ဆက်ပြီး အကျင့်ဆိုးတွေကို ကြီးပွားစေရင်တော့ အထုအထယ်ကြီးလာပြီး
(သစ်ပင်ကြီး ဖြစ်လာတော့ နုတ်ပစ်လို့မရတော့ သလိုပဲ) နုတ်ပယ်ပစ်လို့ မဖြစ်နိုင်တော့ဘူး၊
ဒီအခါမှာ ဘဝဟာ ဆုံးရှုံးပျက်စီးသွားနိုင်တယ် ဆိုတာ ဆရာ ပြောချင်လို့ပဲ” လို့ ရှင်းပြတယ်။
ဟုတ်ပါတယ်။
ဧရာမအခိုင်အခံ့တိုက်တာအဆောင်အအုံကြီးပေါ်မှာ ညောင်စေ့ကလေးကျလို့ ပေါက်လာတဲ့ ညောင်ပင်
ကလေးကို စောစောနုတ်ပယ်မပစ်ဘဲ ကြီးထွားအောင်ထားရင် ကြာတဲ့အခါ အမြစ်တွေက အုတ်ကြားထဲတိုးဝင်ပြီး အဆောင်အအုံကြီးကို ဖြိုချပစ်နိုင်သလို့၊
အကျင့် စရိုက်ဆိုးတွေဟာ ကြာရင် ဘဝတစ်ခုလုံးကို ဖြိုချဖျက်ဆီးပစ်နိုင်တာပဲ။
ဒါကို မြော်မြင်ပြီး အကျင့်စရိုက်ဆိုးတွေမဝင်အောင်၊
ဝင်လာရင်လည်း နုစဉ်က နုတ်ပယ်နိုင်အောင်
ကျနော်တို့မှာ အစဉ်ပဲ သတိရှိနေဖို့ လိုတယ်လို့ ထင်ပါတယ်။
ဆရာ – (နန္ဒာသိန်းဇံ – ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း) မှ ကောက်နုတ်ပါသည်။
Ngu War 
Bell Bagan

Comments

Popular posts from this blog

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

အပျို၊ အပျိုစစ်နှင့် အပျိုစင်