ခြေထောက်ကို ဆားရေနွေးစိမ်ခြင်း၏အကျိုး

အရိုးနာကျင်ထိခိုက်ခြင်း၊ အလွန် အမင်းလမ်းလျှောက်
ရခြင်း၊ မိမိနှင့် အဆင်မပြေသော ဖိနပ်မျိုးကို စီးမိ ခြင်း (သို့) တနေကုန်မတ်တတ်ရပ်
နေရခြင်းတို့ကြောင့် ခြေထောက်များ နာကျင်နေပါက ဆားနှင့် ရေနွေးကို စိမ်ပေးသင့်သည်ဟု Mary Land ဆေးတက္ကသိုလ်၏ လေ့လာချက်အရ သိရှိရသည်။
ခြေထောက်များကျိန်းခြင်း၊ ညောင်းခြင်း၊ ယားယံခြင်း၊

အနာတရ ဖြစ်၍ရောင်ရမ်းခြင်း၊ မျက်ခြင်း၊
 ခြေအဆစ်လွဲခြင်းတို့အတွက်လည်း ဆားရေနွေးကို စိမ်ခြင်းဖြင့် သက်သာ ပြေလျော့စေသည်။ ယင်းတွင် ပါဝင် သော အပူဓာတ်၊ မဂ္ဂနီစီယမ်တို့ ကြောင့် ဝန်ပိနေသောခြေထောက်မှ
 ကြွက်သားများ၊ အဆစ်များရောင်ရမ်း ခြင်းတို့အတွက် အထောက်အကူဖြစ် စေသည်။
ဇလုံထဲတွင် ဆားရေနွေးနွေးကို ခြေမျက်စိမြုပ်အောင်ထည့်ပြီး တစ်နေ့ လျှင်မိနစ်(၃၀) စိမ်ပါ။အရိုးအတက် ရှိသူများက နံနက်မိနစ်(၃၀)ညနေ မိနစ်(၃၀)စိတ်ရှည်ရှည်နှင့် စိမ်ပေး လျှင်ပျောက်ကင်းသက်သာစေသည်။ တစ်ပတ်လျှင် (၂-၃)ကြိမ်စိမ်ပေးရ မည်ဖြစ်ပြီး ရေနွေးကို ပူပူကျက် ကျက်ကြီးမထည့်မိအောင် သတိထား ပါ။ ကွဲအက်နေသော အသားများ ပေါက်ပြဲနေသော အနာများရှိပါက အနာပျောက်ပြီးမှ စိမ်နိုင်သည်။
                                 Health Updates Journal

Comments

Popular posts from this blog

Virginity (1) အပျို တကယ်စစ်ပါတယ် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)

ကိုယ့်ဘ၀ကို မကျေနပ်ဘဲ လိင်အင်္ဂါကြီးချင်သူများ အထူးသတိပြုဖတ်သင့်မှတ်သားစရာစာ (ကျန်းမာရေးအမြင်နှင့်သာဖတ်ပါရန်)

အပျို၊ အပျိုစစ်နှင့် အပျိုစင်