Posts

Showing posts from August 21, 2013

( အရှင်ဆန္ဒာဓိကအား ကင်တာနား ဘာလျှောက်ထားခဲ့သလဲ)

Image
ြ မန်မာနိုင်ငံကို ရောက်နေတဲ့ လူ့အခွင့်အရေး အထူး စုံစမ်းစစ်ဆေးရေးမှူး မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာဟာ ခရီးစဉ်တခုအတွင်း ရွှေပါ ရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိကနှင့် လေယာဉ်တစီးတည်း စီးဖြစ်ခဲ့ပြီး ဆရာတော်အား ကင်တာနာက ဘာပြောခဲ့သလဲ ဆိုတာ ရန်ကုန် UN ရုံး သတင်းပြန်ကြားရေး ဌာနက အခုလို ဖော်ပြထားပါတယ်။ ခရီးသွား ရင်း Mr. Quintana သည် ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိကအား ဖူးမျှော်ဂါရ၀ပြုခွင့်ရခဲ့သ ည်။ “ယခင်စစ်အစိုးရ ခေတ် အောက် ဖိနှိပ်မှု တွေရှိတုန်းက သံဃာတော်တွေကို ကျွန်တော် စတင် သိခဲ့ရတယ်။ သံဃာတော်တွေနဲ့တွေ့ရတဲ့ အခွင့်အရေး တွေကို ကျွန်တော် တန်ဘိုးထားတယ်။ သံဃာတော်တွေ မိန့်တာတွေကို ကျွန်တော်သေချာစွာ နားထောင်တယ်” ဟု ၄င်း ကပြောသည်။ လို့ ဖော်ပြထားပါတယ်။ အိမ့်သံစဉ် ဧရာဝတီ

( ဒါဖတ်ပြီးမှ အခြေခံဥပဒေပြင်ရေး ဆွေးနွေးပါ )

Image
( ဒါဖတ်ပြီးမှ အခြေခံဥပဒေပြင်ရေး ဆွေးနွေးပါ ) ************************** ******* ထိုင်းနိုင်ငံရောက်လို့ သူတို့ဆီကလူတွေကို ကြည့်လိုက်ရင် သိမ်သိမ်မွေ့မွေ့ဖြစ်တာ တွေ့ရပါလိမ့်မယ်။ သို့သော်လည်း နိုင်ငံရေးသမားတွေကတော့ အဲဒီလို ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ အခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးတဲ့ ထိုင်းလွှတ်တော်ထဲမှာ အင်္ဂါနေ့က ရုပ်ရုပ်သဲသဲဖြစ်လို့ အခြေအနေထိန်းဖို့ ၀င်လာတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အမတ်မင်းတို့ ထိပ်တိုက်တွေ့ကြပုံတွေ အွန်လိုင်း တက်လာပါပြီ။ အမတ်မင်းတယောက်က ရဲအရာရှိ တယောက်ကို လည်ပင်းလှမ်းညှစ်တာကိုလည်း ဘန်ကောက်ပို့စ်သတင်းစာက မှတ်တမ်းတင်ထားပြီး ဒီကနေ့ သတင်းစာမျက်နှာဖုံးမှာ ဖော်ပြထားပါတယ်။ တခြားပုံ ၂ပုံ မှာလည်း လွှတ်တော်ဥက္ကဋ္ဌအနီး ရဲအရာရှိ အယောက် ၂ဝ ကျော် အကာအကွယ်ပေး ဝန်းရံနေကြတာကို ဖော်ပြထားပါတယ်။ အစည်းအဝေးအတွင်း အငြင်းပွားရာမှာ လွှတ်တော်ဥက္ကဋ္ဌက တိတ်တိတ်နေဖို့ အမိန့်ပေးတယ်၊ အဲဒီအမိန့်ကို အတိုက်အခံအမတ်မင်း ၅၇ ယောက်က မလိုက်နာဘဲ မတ်တပ်ရပ်ကြတယ်လို့ ဆိုတယ်။ မတ်တပ်ရပ်သူတွေကို လွှတ်တော်ထဲက ဆွဲထုတ်ဖို့ လုံခြုံရေးအရာရှိများကို ခေါ်ယူလိုက်တယ် တဲ့။ ရဲတွေ ရောက်လာတော့ ရုပ်ရုပ်သဲသဲ အခြေအနေက ပိုပြီး ဆိုးသွ

အလိုဆန္ဒ

Image
ကိုယ့်စိတ်ထဲက ဖြစ်နေတဲ့ ဆန့်ကျင်ဘက် အလိုဆန္ဒတွေကောင်းတာလုပ်ချင်စိတ် ဆိုးတာလုပ်ချင်တဲ့စိတ်လိမ်ညာချင်တဲ့စိတ်စတဲ့ ဆန့်ကျင်ဘက်တွေကို သေသေချာချာ  မြင်ပြီးတော့ သဘာဝကျကျ ညီညွတ်မှုရှိအောင် စိတ်ထားတတ်တဲ့သူပာာ လူအများနဲ့ ဆက်ဆံတဲ့အခါမှာ သဘာဝကျကျနဲ့ ညီညွတ်မှုရှိအောင် ဆက်ဆံနိုင်တယ်။ ကိုယ်စိတ်ထဲမှာ ပဋိပက္ခတွေများနေတဲ့သူပာာ အပြင်မှာ လူအများနဲ့ ဆက်ဆံရေးမှာလည်း ပဋိပက္ခတွေ အဆင်မပြေမှုတွေ များမယ်နော်။                                                                                     Pone Yate