Posts

Showing posts from September 25, 2014

လောကနီတီစကားများ

Image
ဥစ္စာစည်းစိမ် ပျက်စီးဆုံးရှုံးရခြင်း၏ အကြောင်းရင်းတို့သည်ကား - • အရက်သေစာ အသောက်အစားလွန်ကြူးခြင်း။ • အချိန်အခါမဟုတ် အလည်အပတ်အသွားအလာများခြင်း။ • သဘင်ပွဲလမ်း အပျော်အပါး အသွားအလာများခြင်း။ • အလောင်းအစား ကစားများခြင်း ။ • မကောင်းသော အဆွေခင်ပွန်းတို့၌ အပေါင်းအဖော်များခြင်း။ • ထကြွလုံ့လမရှိ ပျင်းရိဖင့်နွဲ့ခြင်း ။ - တို့ပေတည်း။ • တတ်လှစွာသော စောင်းသမားသည် စောင်းနှင့်ငါးရက် ကင်းကွာမူ စောင်းတီးပျက်တတ်၏။ • တတ်လှစွာသော လေးသမားသည် လေးနှင့် ခုနှစ်ရက် ကင်းကွာမူ လေးမြားချိန်သား ပျက်တတ်၏။ • အိမ်သူမယားကောင်းသည် လင်နှင့် တစ်လကင်းကွာမူ အမူအကျင့်ဖောက်ပြားတတ်၏။ • တပည့်တို့သည်ကား ဆရာနှင့် တစ်လခွဲမျှ ကင်းကွာမူ ပညာရည်ပျက်တတ်၏။ • ကျွဲသည် ရွံ့ညွန်၌သာ မွေ့လျော်၏။ • ဟင်္သာသည် ရေကန်၌သာ မွေ့လျော်၏။

မိန်းကလေး တို့ ရဲ့  အလှနဲ့ တန်ဖိုး

Image
မိန်းကလေးတစ်ယောက်ဟာ မွေးရာပါ ရုပ်မလှချင်နေ ဒါပေမဲ့ ဘ၀မှာ လှလှပပတော့ ရှင်သန်သင့်ပါတယ်။ ဘယ်အချိန်အခါပဲဖြစ်ဖြစ် ပြည့်စုံတဲ့အသိပညာ၊ ကောင်းမွန်တဲ့စရိတ္တ၊ ထက်မြက်တဲ့ အပြုအမူ၊ သိမ်မွေ့တဲ့အပြောအဆို၊ ကြီးမြတ်တဲ့ စိတ်သဘောထားနဲ့ မေတ္တာနဲ့ပြည့်တဲ့ နှလုံးသားတစ်စုံရှိတဲ့ မိန်းကလေးတစ်ယောက်ဟာ ရုပ်ရည်မလှသည့်တိုင် ဘ၀ကို အမှန်တကယ် လှပစေနိုင်ပါတယ်။ ဘ၀မှာ လှလှပပရှင်သန်နိုင်သူဟာ လှပတဲ့စိတ်ခံစားမှု၊ အဆင့်တစ်ခု၊ စိတ်ဝိညာဉ် တစ်ခုကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို မစွန့်လွတ်သရွေ့ ဘယ်သူကမှ ကိုယ့်တက်လှမ်းကို တားဆီးပိတ်ပင်နိုင်မှာ မဟုတ်ပါဘူး။ တချို့က မိန်းကလေးတွေဟာ "တောင်တန်း" လိုပါတဲ့။ ခန့်ညားဝင့်ထည်ပြီး သဘောထားကြီးသတဲ့။ တချို့က မိန်းကလေးတွေဟာ "ရေ" လိုပါပဲတဲ့။ နူးညံ့ပျော့ပျောင်းပြီး ညင်သာသတဲ့။ မိန်းမကောင်းဆိုတာ စာအုပ်ဖြစ်တယ်။ အသိပညာတွေနဲ့ ပြည့်နှက်လို့နေတယ်။

သင်တို့ မသေမီ ဒါလေးဖတ်သွားကြပါ

ဒီနေ့ ကျွန်တော်တို့မှာ------ အိမ်ကြီးကြီးတွေ ရှိကြတယ်။ ဒါပေမယ့် မိသားစုဝင်နည်းနည်းနဲ့။ အဆင်ပြေမှုတွေ ပိုများလာတယ်၊ ဒါပေမယ့် အချိန်တွေ နည်းကုန်ကြတယ်။ ဘွဲ့လက်မှတ်တွေများများ ပိုင်ဆိုင်လာတယ်၊ ဒါပေမယ့်ယေဘုယျအသိတွေ နည်းလာတယ်။ ဗဟုသုတတွေ များလာတယ်၊ ဒါပေမယ့် ဝေဖန်ပိုင်းခြားမှုတွေ နည်းလာတယ်။ တတ်ကျွမ်းသူတွေ များများရှိတယ်။ ဒါပေမယ့် ပြဿနာတွေ ပိုများလာတယ်။ ဆေးတွေ များများစားစား ရှိတယ်။ ဒါပေမယ့် ကျန်းမာရေးကောင်းတဲ့သူတွေ နည်းလာတယ်။ အမှုမဲ့အမှတ်မဲ့ သုံးဖြုန်းနေကြတယ်။ ရတာတော့ အတော်နည်းသွားပြီ။ ကားမောင်းတာ အတော်မြန်လာကြတယ်။ဒေါသဖြစ်ဖို့ အတော်လေးမြန်လာပြီ။ အိပ်ယာဝင်တာ နောက်ကျလွန်းတယ်။ စာဖတ်တာ အတော်လေးနည်းတယ်။ ရုပ်မြင်သံကြားတော့ အတော်ကြည့်ကြသား။* ဘုရားရှိခိုးတာ အတော်နည်းလာပြီ။*

မိဘများသို့ သီတင်းကျွတ် ကန်တော့ပန်း

Image
သီတင်းကျွတ်ပြီ ဆိုရင် ရောက်ရာ နေရာကနေ မိဘ ရပ်ထံ ပြန်ပြီး ၀ါကျွတ် ကန်တော့ပွဲ လုပ်ကြ တာ မြန်မာ့ ရိုးရာ အစဉ်အလာပါ။ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အရ မိဘ ကျေးဇူး သိတတ်တာ မင်္ဂလာ တစ်ပါးမို့ မိဘ ကျေးဇူး ကို အတတ်နိုင်ဆုံး ပြန်ဆပ် ကြတာလဲ ချစ်စရာ မြန်မာ့ဓလေ့ပါ။ မိဘ ကျေးဇူး မြင့်မိုရ်ဦး အထူး ကျေအောင် ဆပ်ပါမည်လို့ ကလေး ဘ၀တုန်းက တချို့ ကျောင်းတွေမှာ ကျောင်းသားလေးတွေ ရွတ်ဖူး ကြမှာပါ။ ဒါဆို မိဘ ကျေးဇူးက ဘယ်လောက် ကြီးလဲ။ သားသမီးကို ဘယ်လို ပြုစု ပျိုးထောင်ရင် ဘယ်လို ကျေးဇူး ရှိတာမို့ ဘယ်လောက် ကျေးဇူး ကြီးသလဲ။ ဘယ်လို ပြန်ကျေးဇူးဆပ်မှ ကျေးဇူးကြွေး ကျေမလဲ ဆို တာ မိခင်လောင်း ဖြစ်တော့မယ့် ကျွန်မ သေသေချာချာ လေ့လာပြီးမှ ဒီပို့စ် လေးနဲ့ မိဘ များကို နှလုံးသား ထဲကနေ လှိုက်လှိုက်လှဲလှဲ ကန်တော့လိုက်ပါတယ်ရှင်။ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးလို့ နာမည် ခံယူ ထားပြီးမှ သာသနာဖျက်

ယောက်ျားများ မနှစ်သက်သော မိန်းမ

Image
၁. အစာစားလျှင် ပလပ်ပလပ်မြည်အောင် စားတတ်သော မိန်းမ ၂. ဆံပင် ရှုပ်ပွပြီး လက်သည်းများ မည်းညစ်နေသော မိန်းမ ၃. ရင့်ကျက်သယောင် ဟန်ဆောင်ပြီး ဆရာလုပ်တတ်သော မိန်းမ ၄. အသားအရည် ကြမ်းတမ်းသော မိန်းမ ၅. အခြယ်သလွန်ပြီး ခေတ်ရှေ့ပြေးသော မိန်းမ ၆. အထဲကို ဖောက်ထွင်း မြင်နိုင်လောက်အောင် အပြင်အင်္ကျီပါးပါး ၀တ်တတ်သော မိန်းမ  ၇. လမ်းလျောက်လျှင် တစ်ဖပ်ဖပ် မြည်အောင်လျောက်သော မိန်းမ