Posts

Showing posts from December, 2017

ရင်ထဲမှာခံစားသွားရတယ် . . . . .

Image
တစ်နေ့မနက်မှာ..မယားဖြစ်သူက သူ့ယောက်ျားကိုပြောတယ်. .``ကျွန်မဒီနေ့ အမေတို့အိမ်..ခဏပြန်လိုက်အုန်းမယ်..အမေတို့ဆီမှာ တစ်ညလောက်အိပ်ဖြစ်လိမ့်မယ် …အမေနေသိပ်မကောင်းလို့တဲ့..အဲ့တာ ရှင်..ကားမောင်းပြီးကျွန်မကို လိုက်ပို့ပေးလို့ရနိုင်မလား ဒီလိုမိုးတွေတအားရွာနေတာ..လိုင်းကားနဲ့သွားလို့သိပ်အဆင်မပြေဘူးလေ…’’ ......................... မနက်ကတည်းကမျက်နှာကြီးစူပုတ်နေတဲ့..ယောက်ျားဖြစ်သူက ..သူ့မိန်းမကိုဘာတစ်ခွန်းမှပြန်မပြောဘူး ပြီးတော့မှ..လေသံမာမာနဲ့.ပြန်မေးတယ်.. .................. ``မနေ့တုန်းက နင်အနွေးထည်အသစ်ထပ်ဝယ်လာတယ်မလား…. နင့်ကိုငါ ဘယ်နှခါပြောရမလည်း…ပိုက်ဆံတွေသိပ်မဖြုန်းပါနဲ့လို့… ကားဖိုးအကြွေးလည်းပေးရအုန်းမယ်..ခုကားကပျက်နေတယ် အိမ်ပြင်လဲဖို့စုရအုန်းမယ်. သားသမီးတွေ ကျောင်းလခ ကျူရှင်လခတွေ ပေးရအုန်းမယ်ဆိုတာနင်မသိဘူးလား.. ဘာလို့မချွေတာကူပဲနေရတာလည်း…ဟမ်…..’’ .................... မိန်းမဖြစ်သူလည်း….တိုးတိုးလေးပဲပြန်ပြောရှာတယ် “လက်စသတ်တော့ ရှင်ကအဲ့တာကိုစိတ်တိုနေတာကိုး” ပြီးတော့ခေါင်းလေးငုံပြီး..ယူသွားမဲ့အဝတ်အစားနဲ့ပစ္ဓည်းတွေကို

ဒါလားကွ ယောက်ျား . . . . ..

ဝုန်း… ကျွန်တော့် အခန်းတံခါးကို ဆောင့်ကန် ဖွင့်လိုက်သော အသံကြောင့် ကျွန်တော်ရော ကျွန်တော့် ချစ်သူပါ လန့်သွားပြီး။ အခန်း တံခါးပေါက်ကို လှမ်းကြည့်လိုက်တော့ မီးဝင်းဝင်း တောက်နေသော မျက်လုံးများနှင့် ကြည့်နေသော ကျွန်တော့် အဖေ။ ကျွန်တော့်ချစ်သူက မျက်နှာ လွှဲနေလိုက်ပါတယ်။ နှစ်ယောက်စလုံး ဧည့်ခန်းထဲကိုလာခဲ့ ။ အဖေ ကပြောပြီး အပြင်ကို ထွက်သွားပါတော့သည်။ ချစ်သူကို အခွင့်အရေးယူရန် ကျိုးစားနေသော ကျွန်တော်။ အဖေ ကိုယ်တိုင် မိသွားသဖြင့် ရှက်စိတ် မွန်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ ကျွန်တော့် ချစ်သူလက်ကို လှမ်းအဆွဲ နေဦးလေ ကိုမောင်ရဲ့  ကြည့်ကောင်းအောင် လုပ်ပါရစေဦး။ ကျွန်တော်တို့  နှစ်ယောက် ဧည့်ခန်းကိုရောက်တော့။ အဖေက ကျွန်တော့်ချစ်သူအား။ သမီးကို ဒီကောင် တစ်ခုခု လုပ်လိုက်ပြီလား။ ဘာ ဘာမှ မလုပ်ပါဘူးဦး သမီးသမီးတို့ ဘာမှ မဖြစ်ကြပါဘူး။ ကျွန်တော့်ချစ်သူက ကြောက်အား လန့် အားနဲ့ အထစ်ထစ် ငေါ့ငေါ့ ပြန်ဖြေသည်။ အဖေက ကျွန်တော့်ကိုကြည့်ပြီး။ မင်းသူ့ကို ပြန်လိုက်ပို့ ပေးလိုက်။ ကျွန်တော် ချစ်သူလက်ကို ဆွဲပြီး ဘတ်စကား မှတ်တိုင်မှ ကားပေါ် တင်ပေးလိုက်ပါတယ်။