Posts

Showing posts from October 29, 2013

အမျိုးသမီးများ ဆန္ဒဖြေဖျောက်ခြင်း၏ အကျိုး အသက် (ကျမ္မာရေးရှု့ထောင့်) ၁၈ နှစ်ပြည့်မှ ဖတ်ပါ

Image
  ဆရာရှင့် ကျမ အခု ရောဂါတခု ခံစားနေရလို့ စိတ်ပူလို့ ဆရာ့ကို မေးတာပါ၊ ရင်ဖွင့်တာပါရှင့်။ ကျမအသက်က ၃၂ နှစ် ရှိပါပြီ။ အပျိုပါရှင့်။ ကျမ အရမ်းချစ်တဲ့ ချစ်သူတယောက် ရှိပါတယ်။ ပြောချင်တာက ကျမ တခါမှယောက်ျားနဲ့ အတူတူမနေဘူးပါဘူး။ ချစ်သူရှိတယ်ဆိုတာကလည်း သူက အဝေးမှာပါရှင့်။ ကျမမှာ မကောင်းတဲ့အချက် တခုရှိပါတယ်။ ကျမ လိင်ဆက်ဆံချင်တဲ့စိတ် ခဏခဏဖြစ်ပါတယ်။ ဒါကြောင့် လွန်ခဲ့တဲ့ ၅ နှစ်လောက်တည်းက ကိုယ့်ဖာသာကိုယ် ဆန္ဒဖြေဖျောက်တဲ့ အကျင့် ဖြစ်သွားခဲ့ပါတယ်။ ကျမ သွားတိုက်တံ လက်ကိုင်ထူထူနဲ့ဟာမျိုးနဲ့ တစ်နှစ်လောက်ထိ ဆန္ဒဖြေခဲ့ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်း ကိုယ့်လက်နဲ့ကိုယ်ပဲ ဆန္ဒဖြေပါတယ်။ မလုပ်ရင်လည်း ကျမ တကယ်မနေနိုင်တော့လို့ပါရှင့်။ အမှန်ဆိုရင်တော့ အဲလိုမျိုးကို မလုပ်ချင်ပါဘူး။ အဲလိုလုပ်တာ အပြစ်ရှိလားရှင့်။ အခု ကျမပြောချင်တာက ကျမရဲ့ သားအိမ်လို့ထင်ရတဲ့ ဘယ်ဘက်ဆီးခုံ အထက်နားက တခါတခါဆိုရင် အရမ်းနာပါတယ်။ ဆိုင်ကယ် စီးတဲ့အခါမျိုးမှာလည်း နာပါတယ်။ နောက်ပြီး လိင်ဆက်ဆံချင်တဲ့စိတ် ဖြစ်ရင် အခုနောက်ပိုင်း ကြောက်လို့ ဘာနဲ့မှမလုပ်ဖြစ်ပါဘူးရှင့်။ အဲဒါဆိုလည်း အဲလိုစိတ် ဖြစ်လာတော့လည်း နာပါတယ်ရှင့်။ အဲဒါ ကျမသားအိမ်မှ

Prostitution ပြည့်တန်ဆာ အခါမဟုတ်သေး

Image
    “ရှေးရိုးစဉ်လာကြီးတဲ့၊ ယောက်ျားတွေ လွှမ်းမိုးတဲ့မြန်မာပြည်မှာ လိင်လုပ်ငန်းနဲ့ အသက်မွေးမှုကို တရားဝင် လုပ်ဘို့ အဆိုကို ပယ်ချလိုက်တယ်” လို့ သတင်းတွေက ဖေါ်ပြပါတယ်။ အမျိုးသမီး အခွင့်အရေးသမီ တွေက “လိင်ခွဲခြား ဆက်ဆံမှုဆိုတာ မြန်မာပြည်မှာ ကြီးမားတယ်” လို့ပါ ထောက်ပြတာလဲ ဖတ်ရပါတယ်။ ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်လုပ်ခြင်းဟာ အဖက်ဖက်ကနေ စဉ်းစားရတာ လူတိုင်းသိပါတယ်။ အချိန်ကာလလဲ ရွေးရပါတယ်။ အခုအချိန်မှာ မြန်မာပြည်က အရင်ကမရှိတာ၊ မဖြစ်တာ၊ မလုပ်တာတွေကို ပြန်ပြင်ဘို့ကြိုးစား နေကြချိန် ဖြစ်တယ်။ ရှိခဲ့တာ၊ ဖြစ်ခဲ့တာတွေကိုလဲ ဖယ်ရှားနေကြတယ်။ ဒီအရေးကိစ္စကလဲ အများကြီးထဲက (အစ်ရှူး) တခုသာဖြစ်တယ်။ တခုချင်း

ယောင်္ကျားလေးများ အပျို နဲ့ အအို ရင်သားခွဲခြား တတ်စေဖို့ ဗဟုသုတ

Image
တစ်နေ့တုန်းက ဒေါက်တာ (…) ရဲ့စာအုပ်ကို ဖတ်မိတော့ သူ့ဆောင်းပါးထဲမှာ အပျိုဆိုတဲ့ ကောင်မလေး တစ်ယောက်က ဆေးခန်းလာပြတာ ကလေးပျက်ကျမှု ဖြစ်နေတယ်တဲ့။ အဲဒါနဲ့ သူလည်း ရင်သားတွေကို လှန်ကြည့်တော့မှ အပျို မဟုတ်ဘူးဆိုတာ သိသွားတယ်တဲ့။ အပျိုရဲ့ ရင်သား၊ အိမ်ထောင်သည် ရင်သားနဲ့ ကလေးအမေ ရင်သားတွေက ဘယ်လောက်တောင် ကွာခြားမှုရှိလို့လဲ။ အဲဒါလေးသိချင်ပါတယ်ဆရာ။ ကျွန်တော့်ဆီ ရောက်လာတဲ့ မေး(လ်)လေးတစ်စောင်ပါ။ တော်တော်တော့ ဟုတ်နေပြီဗျ။ ကလေးပျက်ကျမှု ဖြစ်နေတယ်၊ ဒါနဲ့ သူလည်း ရင်သားကို လှန်ကြည့်တယ်ဆိုတော့ တော်တော် လန့်သွားတယ်။ အပျိုလို့ ပြောရင် ရင်သား လှန်ကြည့်ရမှန်း ကျွန်တော်တော့ အခုမှ သိရပါတယ်။ အံ့ဘွယ်သုတပါပဲ။ (ကလေး ပျက်ကျတာ သိနေပြီးမှတော့ ဘာပြုလို့ ရင်သားကို လှန်ကြည့်တာလဲ

Living Together ကိစ္စနှင့် Singapore ကိစ္စ နောက်ဆက်တွဲများ

Image
 အလွန်ပင်ယဉ်ကျေးသိမ့်မွေ့ ပြီး အနေအထိုင်အပြောအဆို၊ အပြုအမူတို့ များတွင်ကျက်သရေနှင့်မင်္ဂလာ ရှိသောကြောင့် မိန်းမတို့ ကုနြေ္ဒရွှေပေးလို့မရဆိုပါသည်။ အရှက်သိက္ခာ နှင့်နာမည်ဂုဏ်သတင်းတို့ တွင်အသက်ထက်တန်ဖိုးထားမြတ်နိုးကြသည်။ယခု၂၁ ရာသစ်တွင် မိဘများသည် သူတို့၏စီးပွားရေးနှင့် ၀မ်းရေး နှင့် မိသားစု စားဝတ်နေရေးပြေလည်စေရန်အတွက် ဖခင် နှင့်မိခင်တို့သည် နေ့စဉ်လိုလို ကြိုးစားရုန်းကန်ပြီး ၀င်ငွေရှာဖွေနေကြသည်။ထို့သို့ မိဘများသည် သားသမီးများ ပညာရေး နှင့် စားဝတ်နေရေးတို့ အတွက် နေ့စဉ်ရုန်းကန်ရှာဖွေနေရသော်ငြားလည်း သားသမီးများသည် အချိန်တန်လျှင် သူငယ်ချင်းများနှင့်အပြင်ထွက်လည်ပတ်၊အများနည်းသူ Shopping တွေထွက်ကြ၊အသစ်အဆန်းများတွေ့ လျှင် ၀ယ်ကြ၊ချစ်သူများနှင့်တွေ့ လျှင် သုံးဖြုန်းကြ၊အသောက်စားတတ်သူများကလည်း အသောက်စားများနှင့် ကလပ်များတက်ကြ။

လင်နဲ့မယား ဆက်ဆံရေး မေးခွန်းများ (အသက် ၁၈ နှစ်မပြည့်သေးပါက မဖတ်ပါနှင့်)

Image
မေး။ ။ ၁။ တစ်လင် တစ်မယားစနစ်ကို ကျင်သုံးတဲ့ ဇနီးမောင်နှံတို့အတွက် တစ်ဦးကိုတစ်ဦး လေချို သွေးခြင်းပာာ အန္တရာယ် ရှိနိုင်ပါသလားရှင်။ လေချိုသွေးတဲအခါမှာ စအို မပါပါဘူး ကျား၊ မ အင်္ဂါတို့ ကိုသာ လေချိုသွေးပါတယ်။ တကယ်လို့ အန္တရာယ် ရှိမယ်ဆို လေချိုမသွေးခင် အန္တရာယ် မရှိအောင် ဘာလုပ်သင့်ပါသလဲရှင်။ အန္တရာယ် ရှိမယ်ဆို ကျန်မာရေး ရုထောင်ကနေ ပြောပြပေးပါဆရာ။ ၂။ (က) သာမန်ယောက်ျားတစ်ယောက်သည် သူ၏ မိန်းမနဲ့ တပတ်ကို အနည်းဆုံး ဘယ်နှစ်ကြိမ် ဆက်ဆံနိုင်ပါသလဲ။ ပျမ်းမျှအားဖြင့် သိလိုပါတယ်။ အသက်အရွယ်နဲ့ရော ဆိုင်နေပါသလား။ (ခ) တကယ် လို့ သာမန်ထက် နည်းပြီး ဆက်ဆံနိုင်တယ်ဆို ဘယ်လိုဆေးမျိုးကို သုံးစွဲသင့်ပါသလဲရှင်။ အားတိုးဆေး သောက်ခြင်းက များစေနိုင်ပါသလား။ ဖြေ။ ။ ဇနီးမောင်နှံ လိင်မဆက်ဆံခင် ကနဦး ကလူကျီစယ်ကြတာကို မေးတယ်လို့ ထင်ပါတယ်။ အမှန်က လိင်ဆက်ဆံတာမှာ အဆင့် ၃ ဆင့်လို့ သတ်မှတ်တာမို့ အခုပြောတာက ပဌမဆင့်၊ အင်္ဂလိပ်လို Foreplay လို့ ခေါ်ကြတယ်။ နှစ်ယောက်သားအကြားမှာ Intimate အလွန်ရင်နှီးမှုရှိလှတဲ့ Psychological စိတ်ပိုင်းရော Physically ရုပ်ပိုင်းပါ Intimate acts ပြုမူဆောင်ရွက်ကြတာတွေ ဖြစ်တယ်လို့ ဆိုလိုပါတယ်။

အောင်မြင်ခြင်းနှင့် ရှုံးနိမ့်ခြင်း

Image
လူတို့၏ သတ်မှတ်ချက် တိုင်းအတာအရ အောင်မြင်သောသူ၊ ရှုံးနိမ့်သော သူများအဖြစ် လောကဇာတ်ခုံပေါ်တွင် အလှည့်ကျ နေရာပေးနေ ရပေသည်။ ဘ၀တစ်ကွေ့၏ အလှည့်အပြောင်း၊ အချိန်နှင့် အခြေအနေ၊ ကြိုးစားမှု အနေအထားများနှင့် ပြောင်းလဲခြင်းကသာ မပြောင်းလဲသော နိယာမ တစ်ခုအရ အောင်မြင်မှုမှ ရှုံးနိမ့်မှု၊ ရှုံးနိမ့်မှုမှ အောင်မြင်မှုအဖြစ် အပြောင်းအလဲများကို အမြဲကြုံဆုံ နေရပေမည်။ အစဉ်သဖြင့် အောင်မြင်မှု မရှိနိုင်သလို ကျရှုံးခြင်းလည်း အစဉ်မရှိနိုင်ပေ။ ရှုံးနိမ့်မှုမှ အောင်မြင်မှုသို့ တက်လှမ်းရသည့်အခါ ဖြစ်ပေါ်လာသည့် ခံစားချက်သည် ပျော်ရွှင်ဖွယ် ခံစားချက် ဖြစ်မည်မှာ မလွဲဧကန်ပင်။ အောင်မြင်မှုမှ ရှုံးနိမ့်မှုအဖြစ် လက်ခံရသည့် အခါတွင် ခံစားရမည့် ခံစားချက်သည် လူတစ်ဦးစီ၏ နူးညံ့သိမ်မွေ့မှုနှင့် ခံနိုင်ရည်ရှိမှု၊ အတွေ့အကြုံ ရင့်ကျက်မှုတို့အလိုက် မတူညီစွာ ခံစားရပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ ရှုံးနိမ့်မှုကို အဘယ်လူသားကမျှ လွယ်လင့်တကူ လက်ခံနိုင်မည် မဟုတ်ပေ။ တစ်ခါတစ်ရံ မည်မျှပင် ကြိုးစားအားထုတ် စေကာမူ ရှုံးနိမ့်ခြင်းများနှင့် ရင်ဆိုင်ရသည့်အခါ ပို၍၀မ်းနည်း

ကာမေသုမိစ္ဆာစာရ ကံ နဲ့ ကျွန်တော်

Image
အိမ်ထောင်သည်ဆိုတဲ့ ဘ၀ကိုရောက်ခဲ့တာ ဘာလိုလိုနဲ့ တစ်နှစ်ကျော်တိုင်ခဲ့လေပြီ ။ သည်ဘ၀မှာ မင်းပျော်လားလို့ မေးလာခဲ့ရင် ဘယ်လိုဖြေရပါ့ ။ * အတွေ့  * တစ်ခုရဲ့ ဆွဲငင်ခေါ်ဆောင်ရာနောက်ကို အသိမဲ့စွာ လိုက်ပါခဲ့ရင်း အိမ်ထောင်ကျခဲ့ရသည် ။။ အမြင် ၊ အကြား ၊ အထိအတွေ့ ၊ အရသာတွေကို အယူမှားကာ မြတ်နိုးခုန်မင်ခဲ့မိပါသည် ။ ကာမဂုဏ်မှာ ပျော်ပိုက်နေသူ လူသားတစ်ဦး ဖြစ်မှန်းမသိ ဖြစ်လာခဲ့မိသည် ။ ကာမဂုဏ်ဆိုတာ ယောင်္ကျားနဲ့မိန်းမနှစ်ဦးသား ကြည့်နူးပေါင်းဖက်ခြင်းလို့ ဆိုလိုသည် ။ အဲဒါထက်ကျော်လွန်ကာ မိစ္ဆာစာရဆိုတဲ့ အရာကို ပါ ကျူးလွန်မိခဲ့သူ ကျွန်တော် ။ မိစ္ဆာစာရဆိုတာကတော့ အဲဒီလိုပေါင်းဖက် အ တူနေတာကို မိမိလင်ယောင်္ကျား မိမိဇနီးမယားမဟုတ်တဲ့ သူများအပေါ်မှာ မှားယွင်းစွာ လွန်ကျူးတာ ကိုပြောတာပါ ။ ကျွန်တော် ရောက်နေတာက ရေမြေခြား ။ လွပ်လပ်ခြင်းဆိုတဲ့ အရသာကို ဖောဖော်သီသီ အသုံးချလို့ အကောင်းဆုံးနေရာတစ်ခုပေါ့ ။ မိဝေး ဖဝေး မှာ ကိုယ်နဲ့ နေ့စဉ် ပတ်သတ်နေသူ အများစုက တိုင်းတပါးသား ။ လူမျိုးတူ အများစုက တနယ်ဆီက ရောက်လာ ကြသူတွေ ။ မြန်မာပြည်သို့ ပြန်ရောက်ပါလျှင် တွေ့ဖို့ ဆုံဖို့ဆိုတာ မလွယ်ကူ။ ဒီတော့ ခေါင်းထဲရောက်လာတာက ငါဘာလုပ်လ

အင်းလေးကို ကယ်တင်ခြင်း

Image
အင်းလေးကို ကယ်တင်ခြင်း အင်းလေးကန်နှင့် အင်းလေးဖောင်တော်ဦး ဘုရားကို မေလအတွင်းက တွေ့ရစဉ် အင်းလေးကန်သည် လွန်ခဲ့သော နှစ်သန်းပေါင်း များစွာကတည်းက သဘာဝအတိုင်း ဖြစ်တည်လာတဲ့ ရေကန်၊ ရာဇ၀င် အဆိုအရ အလောင်းစည်သူ မင်းကြီးရဲ့ ဘုန်းတန်ခိုး အာနုဘော်ကြောင့် ပေါ်ပေါက်လာတဲ့ ရေကန်။ မည်သို့ပင် ဆိုစေကာမူ အင်းလေးကန်ကတော့ ရှမ်းပြည်နယ်ရဲ့ ပြယုဂ်ကို အလှဆင်ထားတာကတော့ အမှန်ပါပဲ။ အင်းလေးကန်ဟာ တောင်-မြောက် ၁၄ မိုင်၊ အရှေ့-အနောက် ၇ မိုင်ခန့် ကျယ်ဝန်းပါတယ်။ ညောင်ရွှေစော်ဘွားကြီးရဲ့ အပိုင်စား နယ်မြေမှာလည်း ပါဝင်ပါတယ်။ နောက်တော့ ခေတ်အခြေအနေအရ ကိုလိုနီလက်အောက်ကို ကျသွားတော့လည်း အင်္ဂလိပ်တွေဟာ အင်းလေးကန်ကို ထိန်းသိမ်းဖို့အတွက် ကြိုးစားခဲ့တယ်လို့ ဒေသရဲ့ သမိုင်းကြောင်းအရ သိရပါတယ်။ ဂျပန်ခေတ် ရောက်ပြန်တော့လည်း ဂျပန်တွေက အင်းလေးကန်ကို ကယ်တင်ဖို့