Posts

Showing posts from September 13, 2013

စောမွန်လှ အလွမ်း

Image
ရှမ်းပြည်မြောက်ပိုင်း ခရီးစဉ်ကနေအိမ်ကို ပြန်ရန်တော့ ကင်မရာထဲက မဲန်မိုရီစတစ်ကို ထုတ်ပြီး card reader ထဲထည့်ကာ ကွန်ပျုတာနဲ့ချိတ်လိုက်ပြီး ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေကို ပြန်ကြည့်မိတော့ ပုံတိုင်းလို လိုက စိမ်းစို မှိုင်းဝေနေတဲ့ရှမ်းပြည်ရဲ့ အလှကို ဖော်ပြနေတာမို့ ကျေနပ်စရာရယ်ပါ.. ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့အနီးက စယ်လန့်ရွာလေးကို ရောက်ခဲ့ပြီး စောမွန်လှမွေးဖွားခဲ့တဲ့ အိမ်တော်ရာဟောင်း နေရာကိုလည်း ဒုတိယအကြိမ် ရောက်ခဲ့ပြန်ပါတယ်။ ပထမအကြိမ်ရောက်ပြီး နောက်ပိုင်းမှာလည်း စောမွန်လှအကြောင်း စာရေးဖြစ်ခဲ့သလို ခု ဒုတိယအကြိမ် ရောက်ပြန်တော့လည်း စောမွန်လှနဲ့ပတ်သက်ပြီး စာရေးချင်စိတ်က တားဆီးမရဖြစ်လာတာမို့ ရေးမိရပြန်ပါတယ်။ စောမွန်လှ မွေးဖွားရာဇာတိဖြစ်တဲ့ စယ်လန့် ရွာကလေးဟာ အလွန်သာယာလှပြီး ပန်းတွေလည်း စုံလင်လှပါတယ်။ ရိုးသားတဲ့ရှမ်းလူမျိုးတွေရဲ့ ရွာဖြစ်ပြီး စယ်လန့်သူတွေ ချောတယ် ဆိုတာကတော့ ခုချိန်ထိ နာမည်ကြီးတုန်းဖြစ်ပါတယ်။ ချောမောလှပတဲ့ စယ်လန့်ရွာသူ တစ်ယောက်အကြောင်း ပြောပြရမယ်ဆိုရင် ပုဂံရာဇဝင်တွေ ထဲမှာပါတဲ့ အနော်ရထာမင်းကြီးရဲ့ မိဖုရားတစ်ပါး ဖြစ်ခဲ့သူ ရှမ်းမင်းသမီး စောမွန်လှကို ညွှန်ပြရမှာဖြစ်ပါ

မင်းကွန်းဆရာတော်ကြီး၏ မေတ္တာပို့

Image
လုံးစုံများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပဒ်ရန်ဘေး၊ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ကြောက်တတ်မကြောက်တတ်၊  နှစ်ရပ်များစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ မြင်အပ်-မမြင်အပ်၊ နှစ်ရပ်များစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ဝေးနေ-နီးနေ၊ နှစ်ထွေများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ဘဝဇတ်ဆုံး၊ မဆုံးများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ရှည်-တို-အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ကြီး-ငယ်-အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ဆူ-ကြုံ-အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။ အထင်သေးခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။ ဆင်းရဲလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။ သာဓု သာဓု သာဓု .....               

ပြောင်မြောက်သော အဆိုအမိန့် များ

Image
♣♣ ပြောင်မြောက်သော အဆိုအမိန့် များ ♣♣ •••••••••••••••••••••••••••••••••••••• ♣ ဘိုးဘွားမိဘ သြ၀ါဒ လုံးဝပယ်တဲ့ခေတ်၊ ♣ အပြောချိုသာ သဘောမှာ တမာခါးတဲ့ခေတ်၊ ♣ တစ်အူတုံဆင်း ကိုယ်မွေးချင်း မာန်သွင်းကြတဲ့ခေတ်၊ ♣ ကိုယ်ရှိကိုယ်စား မငှားငြား တရားပျက်တဲ့ခေတ်၊ ♣ အကုသိုလ်၌ လွန်ပျော်ပိုက် စရိုက်ဆိုးတဲ့ခေတ်၊ ♣ မာနရှေ့ထား ပြောစကား ခေါင်ဖျားရောက်တဲ့ခေတ်၊ ♣ လူနေချုံကြား စိတ်ဘုံဖျှား ၀ါကြွားကြတဲ့ခေတ်၊ ♣ အမှန်လုပ်လျှင် မကြိုက်ချင် ပြင်ပြင်မုန်းတဲ့ခေတ်၊ ♣ အမှားလုပ်မှ သဘောကျ ကြုံရဤသည့်ခေတ်၊ ♣ လက်နက်အားကိုး လူမိုက်မျိုး ကြီးစိုးကြတဲ့ခေတ်၊ ♣ လက်နက်ချင်းဆိုင် အားချင်းပြိုင် အနိုင်လုတဲ့ခေတ်၊ ♣ သတ္တဝါသေကြောင်း လက်နက်ရောင်း မကောင်းမှူ့ ပွားတဲ့ခေတ်၊ ♣ ပေါက်လွတ်ပဲစား ဝင့်ဝါကြွား စကားဖောတဲ့ခေတ်၊

မကောင်းမှု အကျိုးပေးချိန် ရောက်လျှင်

Image
ဝေဠုဝန်ကျောင်းတော်၌ ဘုရားရှင် သီတင်းသုံးတော်မူစဉ် အရှင်မောဂ္ဂလာန် တွေ့မြင်ခဲ့ရသော မြွေပြိတ္တာကို အကြောင်းပြု၍ ဤဒေသနာတော်ကို ဟောကြားတော်မူလေသည်။ အရှင်မဟာမောဂ္ဂလာန်နှင့်  အရှင်လက္ခဏတို့သည် ရာဇဂြိုဟ်မြို့တော်သို့ ဆွမ်းခံဝင်ရန် ဂိဇ္ဈကုဋ်တောင်မှ ဆင်းလာကြရာ အရှင်မောဂ္ဂလာန်သည် မြွေပြိတ္တာတစ်ကောင်ကို မြင်သဖြင့် ပြုံးမိ၏။ မြွေပြိတ္တာ၏ ဦးခေါင်းမှာ လူကဲ့သို့ပင်ဖြစ်၍ ကျန်သမျှကား မြွေကဲ့သို့ဖြစ်၏။ နှစ်ဆယ့်ငါးယူဇနာမျှ ရှည်လျား၏။ ဦးခေါင်းမှာ တောက်လောင်သောမီးသည် အမြီးထိရောက်၏။ အမြီးမှာ တောက်လောင်သောမီးသည် ဦးခေါင်းထိရောက်၏။ အရှင်လက္ခဏသည် ပြုံးရခြင်း၏အကြောင်းကို မေးလေရာ အရှင်မဟာမောဂ္ဂလာန်က ထိုနေရာမှာ

ဆိုင်ကယ်ကို စိတ်နာလွန်းလို့

Image
ငယ်စဉ်ကလေးဘ၀ မြစ်ကြီးနားမှာတုန်းက ကြုံခဲ့ရတဲ့ ဟာသလေးတစ်ခုပါ။ ၈၈ အရေးအခင်းမတိုင်မီအချိန်ထိတော့ မြစ်ကြီးနားမှာ လူတိုင်း စက်ဘီးပဲ စီးကြပါတယ်။ ၈၈ နောက်ပိုင်း စီးပွားရေးတွေ ပွင့်လန်းလာတော့ ငွေကြေးတတ်နိုင်သူတွေက ဆိုင်ကယ်ဝယ်စီးလာကြတယ်။ အဲဒီတုန်းက ဟွန်ဒါဆူပါကပ်ဆိုင်ကယ်တွေ အရမ်းခေတ်စားခဲ့တာပေါ့ဗျာ။ အဲဒီအချိန် ဖားကန့်ရတနာမြေကလ ည်း အရမ်းခေတ်ထလာပါတယ်။ ဖားကန့်ဟာ ဆင်းရဲသားဘ၀ကနေ သူဌေးဘ၀ နေ့ချင်းညချင်းပြောင်းလဲစေတဲ့ ထွက်ရပ်လမ်းကြီးတစ်ခုပေါ့။ ဒီလိုနဲ့ တစ်နေ့မှာ အရမ်းရိုးအပြီး ဆင်းရဲတဲ့ တောသား ကျောက်တူးသမား ကိုဂွတို (အမည်လွှဲ) တစ်ယောက် ကံကြမ္မာအလှည့်အပြောင်းမှာ ကျောက်အောင်ရာကနေ သူဌေးလေးဘ၀ရောက်ရှိသွားပါတယ်။ ဒီတော့ သူလည်း စတိုင်၊ မလိုင်ထုတ်ဖို့ မနှေးအမြန် ဆိုင်ကယ်တစ်စီးသွားဝယ်ပါတော့တယ်။ ကိုဂွတိုဟာ အတန်းပညာ (၃)တန်းသာတတ်ပြီး စိတ်အလွန်မြန်သူတစ်ယောက်ပါ။ ဘာပဲလုပ်လုပ် သိပ်မစဉ်းစားပဲ တဇွတ်ထိုးလုပ်တတ်တယ်။ ဆိုင်ကယ်အသစ်လေးသာ ၀ယ်လာတာ ဘယ်လိုစီးရမယ်ဆိုတာလည်း လုံးဝသိတာမဟုတ်ဘူး။ ဒါနဲ့ သူငယ်ချင်း ၀င်းကြိုင်ကို ဆိုင်ကယ်မောင်းသင်ပေးဖို့ အကူအညီတောင်းတယ်။ ၀င်းကြိုင်က ရှေ့ကမောင်း၊ ကိုဂွတိုက နောက်ကခွစီြး

ဖခင်ဖြစ်သူက မင်းက လူတော်တစ်ယောက်ပဲ

Image
တစ်ခါက ဖခင်ဖြစ်သူက တောင်ကြားတစ်ခုထဲကို ဘာစကားတစ်ခွန်းမှ မပြောပဲခေါ်သွားခဲ့ပါတယ် ။ သားဖြစ်သူကလည်း ဖခင်က ဘာမှ မပြောတော့ ဖခင်နောက်ကနေ တိတ်တိတ်လေးလိုက်လာခဲ့ပါတယ် ။ လမ်းမှာ ကျောက်ခဲတွေ အရမ်းများတဲ့အတွက် တောင်ကြားခလယ်ခေါင်လောက် အရောက်မှာ သားဖြစ်သူက ကျောက်ခဲတစ်ခဲနဲ့ တိုက်မိပြီး နာကြင်စွာနဲ့ အားလို အော်လိုက်ပါတယ် ။ အဲလိုအော်လိုက်တဲ့အသံက တောင်တွေနဲ့ ရိုက်ခတ်ပြီး အား ဆိုတဲ့ ပဲ့တင်သံကို

တကယ့်အဖြေမှန်က ရိုးရှင်းပါတယ် ( ကဗျာ )

Image
သူ သင့်ကို ချစ်သေးလား မချစ်တော့ဘူးလားဆိုတာကို အချိန်ကုန်ခံပြီး ဘယ်တော့မှမစဉ်းစားပါနဲ့ ... ဖြေမှာမဟုတ်တဲ့သူတစ်ယောက်ကိုလဲ အပင်ပန်းခံပြီး ဘယ်တော့မှမမေးနေပါနဲ့ ... တကယ့်အဖြေမှန်က ရိုးရှင်းပါတယ်.. သူ သင့်ကိုတွေ့ ချင်ရင် မတွေ့ တွေ့ အောင်လိုက်ရှာလိမ့်မယ်.. သူ သင့်အသံကြားချင်ရင် သင့်ဖုန်းကိုဆက်လိမ့်မယ်.. သူ သင့်ကိုမြင်ချင်ရင် သင်ရှိရာကိုလာလိမ့်မယ်.. သူ သင့်ကိုချစ်သေးတယ်ဆိုရင် သင့်လက်ကိုနောက်တစ်ကြိမ် ပြန်လည်ဖမ်းဆုပ်ထားပါလိမ့်မယ်.... အဖြေက အဲဒီလောက်ရိုးရှင်းပါတယ်.. သင်သာ ထပ်ပြီးရှုပ်ထွေးမနေမိပါစေနဲ့ .. သင်ဘယ်လောက်ပဲခေါ်နေနေ သင့်ခေါ်သံကိုမကြားချင်တဲ့သူဟာ နားစုံပိတ်ထားဦးမှာပါပဲ.. သင်ဘယ်လောက်ပဲလက်ကမ်းနေနေ သင်လက်ကိုမတွဲနိုင်တဲ့သူဟာ မျက်လုံးစုံမှိတ်ထားဦးမှာပါပဲ.. သင်ဘယ်လောက်ပဲစောင့်စားနေနေ သင်ရှိရာကိုမလာချင်တဲ့သူဟာ ဆက်လက်ပြီး သင့်ကို ကျောခိုင်းနေဦးမှာပဲမဟုတ်လား... ဘယ်တော့မှမမေ့ပါနဲ့ ... သင့်ကိုတကယ်ချစ်နိုင်သူဟာ သင့်လက်ကို ဘယ်တော့မှလွှတ်ချထားခဲ့မှာမဟုတ်သလို အကြောင်းကြောင်းကြောင့်လွှတ်ချခဲ့ရတယ်ဆိုရင်လဲ သင့်လက်ကိုနောက်တကြိမ် ပြန်လည်ဆုပ်ကိုင်ထားဖို့  ဘယ်သောအခါမှ ၀န်လေးနေမှာမဟုတ်ဘူ

မိန်းကလေးတွေ ကြွေသွားမယ့် စကားလုံးများ

Image
မိန်းကလေးတွေ ကြွေသွားမယ့် စကားလုံးများ (၁)ကောင်လေး။ ။ ကျွန်တော် လမ်း မေးလို့ရမလား? ကောင်မလေး။ ။ ဘယ်သွားမလို့လဲ...။ ကောင်လေး။ ။ မင်းရဲ့ ရင်ထဲ ကို...။ ... (၂) ကောင်လေး။ ။ နင် ဒီနေ့ ခြေထောက်တွေ အရမ်းညောင်းနေမှာပဲနော်။ ကောင်မလေး။ ။ ဘာဖြစ်လို့ညောင်းရမှာလဲ...။ ကောင်လေး။ ။ နင် ငါ့ရဲ့ အတွေးထဲမှာ တချိန်လုံး ပတ်ပြေးနေလို့ပေါ့။ (၃) ကောင်လေး က ကောင်မလေးရဲ့ အင်္ကျီ အနောက်က တံဆိပ်ကို လှန်ကြည့်တော့ ကောင်မလေး။ ။ နင် ဘာလုပ်တာလဲ။ ကောင်လေး။ ။ နင် က Made in Heaven များဖြစ်မလားလို့ ...။ (၄) ကောင်လေး။ ။ နင် ငါ့ကို ပိုက်ဆံ ၅၀ လောက်ချေးပါလား။ ကောင်မလေး။ ။ ဘာလုပ်မလို့တုန်း..။ ကောင်လေး။ ။ ငါ ဒီနေ့ ကမ္ဘာမှာအလှဆုံး ကောင်မလေးကို တွေ့ပြီလို့ အမေ့ကို  ဖုန်းဆက်ပြောမလို့ ။ (၅) ကောင်လေး။ ။ ဒီနေ့ မိုးက သည်းလိုက်တာ...။ ကောင်မလေး။ ။ ဟုတ်တယ်နော်...။ ကောင်လေး။ ။ မိုးနတ်မင်းကြီး နင့်ကိုမြင်ပြီး သွားရည်ကျတာပဲဖြစ်လိမ့်မယ်။ (၆) ကောင်လေး။ ။ ငါ့ကို ယုံကြည်ပေးပါ။နင့်ကို ကမ္ဘာပေါ်မှာ ဒုတိယ ကံအကောင်းဆုံးလူဖြစ်အောင်

လက်မထပ်ခင် အတူနေထိုင်မှု

Image
လက်မထပ်ခင် အတူနေထိုင်မှု ခေတ်မီပွင့်လင်းလာတဲ့ လူမှုအဖွဲ့အစည်းမှာ လက်မထပ်ခင် အတူနေတာတွေ များလာတဲ့အပေါ် လူတွေရဲ့ ကွဲပြားတဲ့ အမြင်တွေကို စုစည်းထားတာပါ။  ဒီအစီအစဉ်မှာ မကြားဝံ မနာသာ ဖြစ်ကောင်းဖြစ်နိုင်တဲ့ စကားလုံးတွေ ပါဝင်နိုင်တယ်ဆိုတာကို ကြိုတင် အသိပေးအပ်ပါတယ်။  မြန်မာ မီဒီယာတွေကြားမှာ သိပ်ပြောလေ့ပြောထ မရှိတဲ့ အကြောင်းအရာတခုကို တင်ဆက်ပေးမှာပါ။  အဲဒါကတော့ လူငယ်အတွဲတွေ လက်မထပ်ပဲ အတူနေတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး လင်းလက်ကြယ် စင်ကနေ တင်ဆက်သွားမှာ ဖြစ်ပါတယ်။  မြန်မာလူငယ်တွေက ဒီကိစ္စအပေါ် ဘယ်လိုမြင်ကြပါသလဲ?  လူငယ်တွေကြားမှာ ဒီကိစ္စတွေ ဘယ်ကြောင့် ခေတ်စားလာတာလဲ? လူငယ်တွေအကြားမှာ လက်မထပ် သေးပဲ လင်မယားလို အတူနေတဲ့ ကိစ္စတွကို လူငယ်တွေက ဘယ်လို စဉ်းစားနေကြပါသလဲ?  ဒီအကြောင်းတွေကို လင်းလက်ကြယ်စင်က တင်ဆက်ထားပေးပါတယ်။  ကိုယ်တိုင်ပါဝင် ဆွေးနွေးချင်တယ် ဆိုရင်တော့ လင်းလက်ကြယ်စင်ရဲ့ Facebook စာမျက်နှာ www.facebook.com/llksradi o မှာ ၀င်ရောက်ဆွေးနွေးနိုင်သလို @www.soundcloud.com/llksradio မှာလည်း Download လုပ်ပြီး Smart Phones တွေကနေ နားဆင်နိုင်ပါတယ်။ 

အချိုမှုန့် ဆိုတာ ဘာလဲ

Image
ရေရှည် မှန်မှန် စားသွားရင် ဒီလောက် အန္တရာယ် များပါတယ် ဆိုတဲ့ အချိုမှုန့်ဆိုတာ Monosodium glutamate (MSG) လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်ခု ဖြစ်ပါတယ်။ Glutamic Acid လို့ခေါ်တဲ့ Amino Acid တစ်မျိုး ပါဝင်ပြီး စားစရာထဲ ထည့်လိုက်ရင် Free Glumate တွေ အဖြစ်ကို ပြောင်းလဲသွားကာ အစားအသောက်တွေရဲ့ အရသာကို ဓာတုနည်းနဲ့ လျှာပေါ်မှာ ဆပွားတိုးပေးလိုက်တာ ဖြစ်ပါတယ်။ အချိုမှုန့်ဟာ ဟင်းခတ်ပစ္စည်းတစ်ခု ဟုတ်ပါသလား.? ပုံမှန်သုံးသင့်တဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ခု လုံးဝမဟုတ်ပါ။ နည်းနည်းစားစား များများစားစား ရေရှည် စားရင် အန္တရာယ်ကတော့ ရှိတာပါပဲလို့ ပညာရှင်များက ပြောကြားပါတယ်။ Good Manufacturing Practice (GMP) လို့ခေါ်တဲ့ ကမ္ဘာ့အဆင့် ထုတ်လုပ်မှု စနစ်ကောင်း (GMP စနစ်) ရဲ့ အစားအသောက်တွေ ထုတ်လုပ်တဲ့ နေရာမှာ အချိုမှုန့် လုံးဝ မပါပါဘူး။ အချိုမှုန့်ကို ရေရှည်ပုံမှန် စားသုံးသွားရင် ဘာဆိုးကျိုးတွေ ရှိလာနိုင်မလဲ

may go to painstaking

Image
While other artists may go to painstaking lengths to hunt down their subjects, Win Khaing can’t be bothered to take so much trouble. He simply invites female models to the forecourt bathing place of his home and asks them to take a shower. Irrawaddynews

မနက် အိပ်ယာထချိန် ငှက်ပျောသီး စားသင့် မစားသင့်

Image
မနက် အိပ်ယာထချိန် ငှက်ပျောသီး စားသင့် မစားသင့် (ဝမ်းထဲ အစာမရှိချိန် ငှက်ပျောသီး စားသင့် မစားသင့်) အချို့သော လူများဟာ ငှက်ပျောသီးကို ဗိုက်ဆာနေတဲ့ အချိန် အစာပြေစေရန် စားတတ်ကြ ပါတယ်။ အချို့ကျတော့ အဆီကျ စေရန် ရည်ရွယ်ချက်ဖြင့် ငှက်ပျောသီးကို အိပ်ယာ ထချိန်မှာ မှီဝဲ တတ်ကြပါတယ်။ အမှန်တော့ ငှက်ပျောသီးဆိုတာ အစာစားပြီးတဲ့ အခါ မှ စားသင့်တဲ့ သွားရည်စာ တစ်မျိုး ဖြစ်ပါတယ်။ နိုင်ငံတကာမှ ဆေးပညာရှင် သုတေသန အဖွဲ့များက အမျိုးမျိုး အဖြေထုတ် ကြပါတယ်။ တွေ့ရှိချက် ၁။ ငှက်ပျောသီးဟာ မဂ္ဂနီဆီယမ်ဓာတ် ကြွယ်ဝပါတယ်။ ဒါကြောင့် ဗိုက်ထဲမှာ အစာမရှိတဲ့ အချိန် ငှက်ပျောသီး စားမိရင် သွေးထဲမှာ မဂ္ဂနီဆီယမ်ဓာတ် မြင့်တက် လာပြီး သွေးလည်ပတ်မှု နှုန်းကို  မြန်ဆန် စေပါတယ်။ အကျိုးဆက် အားဖြင့် heart attack လို့ခေါ်တဲ့ ရုတ်တရက် နှလုံးခုန်ရပ် တန့်ခြင်း၊ မူးမေ့ခြင်းများ ဖြစ်တတ်ပါတယ်။ တွေ့ရှိချက် ၂။ ငှက်ပျော်သီးမှာ ကယ်လိုရီ ၆၀ မှ ၁၈၀ အထိ ပါဝင်ပါတယ်။ ကယ်လိုရီဓာတ် အင်မတန် ကြွယ်ဝတဲ့ အစားအစာဖြစ်ပြီး မနက်စာအနေနဲ့ ငှက်ပျော်သီး စားသုံးလိုက်ပြီး နေ့လည်၊ ညနေ တွေမှာ သာမန် အစားအသောက်များ စားသုံးတဲ့အခါ ကယ်လိုရီဓာတ် လွန်ကွ

ကမ္ဘာ့အကြီးဆုံး ပုလဲ

Image
Pearl of Lao Tzu ခေါ် Pearl of Allah ကို ၁၉၃၄ခုနှစ် မေလ ၇ရက်နေ့မှာ ဖိလစ်ပိုင်နိုင်ငံ Palawanကျွန်း ပင်လယ်အနီးနားမှာ တွေ့ရှိခဲ့တယ်။ အဲဒီတုန်းက ကလေးတစ်သိုက်ဟာ ပင်လယ်ရေအောက်မှာ ရေသတ္တဝါတွေကို ရှာဖွေနေခဲ့တယ်။ ကေ လးတွေကမ်းပေါ်ပြန်တက်ချိန် တစ်ယောက်လျော့နေခဲ့လို့ လူတွေဟာ ကလေးကို  ရေအောက်မှာလိုက်လံရှာဖွေခဲ့ကြတယ်။ ကလေးငယ်ကိုရှာတွေ့မိချိန် ကလေးငယ်ဟာ Tridacninaeလို့ခေါ်တဲ့ ကမာကြီးတစ်ကောင်ကြားမှာ  ခြေထောက်ညှပ်ပြီး သေဆုံးနေခဲ့ပါပြီ။ လူတွေက ကြီးမားတဲ့

နိုင်ငံခြားမှာ ကျောင်းသွားတက်မယ့်သမီးကို အမေက ပုလဲတစ်လုံးလက်ဆောင်ပေးပြီး ဆုံးမစကား

Image
နိုင်ငံခြားမှာ ကျောင်းသွားတက်မယ့်သမီးကို အမေက ပုလဲတစ်လုံးလက်ဆောင်ပေးပြီး ဆုံးမစကားပြောတယ်။ “သမီး... မေမေတို့မွေးထားတဲ့ကမာကောင်ရဲ့ကိုယ်ထဲကို အလုပ်သမားတွေက သဲတွေထည့်ပေးလိုက်ချိန်မှာ ကမာကောင်တွေဟာ အရမ်းအနေရခက်ကြတယ်။ ဒါပေမယ့် သဲတွေကိုထွေးထုတ်ပစ်ဖို့လည်း သူတို့မှာအင်အားမရှိကြဘူး။ ဒါကြောင့် ကမာကောင်တွေဟာ လူတွေကို အပြစ်ဆိုညည်းညူပြီး ကိုယ့်နေ့ရက်ကို စိတ်ညစ်ညစ်နဲ့ ဖြတ်သန်းမလား..? ဒါမှမဟုတ် အဲဒီသဲကို ကိုယ်နဲ့အတူပေါင်းစပ်ပြီး ကိုယ့်အသွေးတူ၊ အရည်တူ ဖြစ်အောင်လုပ်မလားဆိုတဲ့ လမ်းနှစ်ခုကိုရွေးကြရတယ်။ ဒီလိုနဲ့ ကမာကောင်တွေက ကိုယ့်အတွက်ခွန်အားဖြစ်စေတဲ့

ယောက်ျားတွေဘာကြောင့်လိမ်ပြောကြတာလဲ ?

Image
တနေ့ သောအခါ သစ်ခုတ်သမား တစ်ယောက် သည် မြစ်ကမ်းနဘေး ရှိ သစ်ပင်ကိုခုတ်ရင်း အရှိန်လွန်ကာ ပုဆိန် ရေထဲသို့ ပြုတ်ကျသွားလေသည်။ ပြန်ရှာမရတဲ့အဆုံး.. သစ်ခုတ်သမားလဲ ၀မ်းနည်းစွာ ငိုကြွေးလေ၏... ထိုအခါ မြစ်စောင့်နတ် ရုတ်တရက်ပေါ်လာပြီး.. မြစ်စောင့်နတ် - ဘာကြောင့် များငိုနေရတာလဲ အသင်လူသား