Posts

Showing posts from January 5, 2014

ကိုယ့်ရဲ့ ညှို့အားအပြင်းဆုံး နေရာက မျက်လုံးလို့ ထင်တယ်ဆိုတဲ့ မာရီနာ

Image
၂၀ဝ၈ ခုနှစ်မှာ တင်မိုးလွင်ရဲ့ Talent & Model မှာ မော်ဒယ်လ် သင်တန်း တက်ရောက် ခဲ့ပြီး ရှိုးအတော်များ များလျှောက် လှမ်းခဲ့ကာ Miss ဆု ပေါင်းများစွာ ကိုလည်း ရရှိခဲ့သူပါ။ ဗီယက်နမ်နိုင်ငံ မှာ အာဆီယံနိုင်ငံ များထဲမှ မြန်မာ နိုင်ငံကိုယ်စားပြု အနေနဲ့ သွားရောက် ယှဉ်ပြိုင်ခဲ့ရာ Top 5 အထိ ရွေးချယ် ခံရပြီး The Best Talent ကိုရရှိခဲ့သူပါ။ Java Creamy ကြော်ငြာမှာ ပရိသတ်မှ မာရီနာ အနေနဲ့ သိရှိခဲ့ပြီး "စိုင်းစိုင်း ကိုချစ် တယ်" ၊ "ဖော်မြူလာမုဆိုး" ၊ "ဧဒင်ရဲ့ နတ်သမီး" စတဲ့ ဇာတ်ကား ကြီးများ ထဲမှာ ပါဝင် သရုပ်ဆောင် ခဲ့သလို ယခု လက်ရှိ မှာလည်း Heart & Soul ထုတ်လုပ်ရေးနဲ့ ဇာတ် ကားများ ရိုက်ကူးနေပြီး ကုမ္ပဏီတစ် ခုနဲ့ ခေါင်းဆောင် မင်းသမီး ရိုက်ကူး တော့မှာပါ။ "မာရီနာ ဆိုတာက ဦး ပဉ္ဇင်း တစ်ပါးပေးတဲ့ နာမည်ပါ။ နာမည် အရင်းက သန္တာနွယ်လို့ ခေါ်တယ်။ မာရီနာဆိုတာ ဘယ်လို အဓိပ္ပာယ် မျိုးလဲတော့ မသိဘူး။ ကိုယ်နဲ့လိုက်မယ့် ပုံစံလည်း ဖြစ်ရမယ်။ ဘိုလည်း ဆန်ရမယ်ဆိုပြီး ရွေး လိုက်တဲ့နာမည်ပေါ့" လို့ဆိုလာတဲ့ မာရီနာကို 8days Cover အဖြစ် ရွေးချယ်ဖြစ်ခဲ့ ပါတယ်။ သူက နာဂတိုင်းရ

မြန်မာမိန်းကလေး ၁ ယောတ် LIVING TOGETHER လုပ်ခဲ့ မိလို့  ............(ဖြစ်ရပ်မှန်)

Image
  အစ်ကိုအောင်အောင်ရေ အစ်မမော်မော်ကတွေ့ ချင်လို့ အိမ်ကိုလာခဲ့ပါတဲ့မော်မော်ရဲသူငယ်ချင်းဖြစ်သူ မောင်တေဇာကဖုန်းဆတ်ပြီးးကျွန်တော့်ကိုပြောပါသည်။တနယ်ထဲသား ငယ်သူငယ် ချင်းတွေပါပဲ..... မော်မော်နိုင်ငံခြားမှာအလုပ်လာလုပ်တာ၁ နှစ်နီးပါးကြာပြီးနောက် နေမကောင်းဖြစ်နေ တာကိုတော့ကြားသည်။တခေါက်မှမရောက်ဖြစ်သေး ။ ခုတော့သူကိုယ်တိုင်ခေါ်ခိုင်းနေပြီမို့  ညနေဖက်အိမ်မှထွက်ခဲ့သည်။ သူအိမ်ရောတ်တော့ သူလုပ်ဖေါ်ကိုင်တ်ေတွေ က သူအပေါ်ထပ်မှာ ရှိတယ်ပြောလို့  ကျွန်တော် အိမ်အပေါ်ထပ်သို့တန်းတက်ခဲ့သည်။မော်မော်ကကခြေသံကြား သဖြင့်ခေါင်းထောင်ကြည့်သည်။ ကျွန်တော်အနားရောက်သွားသည်နှင့် ။ အကိုအောင်အောင် ကတော့ငါ့ညီမလေးဘယ်လိုဖြစ်နေသလဲလိုသတင်းတောင်လာမေးဖေါ်မရဘူး။ ခေါ်ခိုင်းမှပဲပေါ်လာတော့တယ်နော်။မဟုတ်ပါဘူးမော်မော်ရာ အကိုလည်း ဒီရက်မှာ အလုပ်နဲနဲ များနေလို့ မလာဖြစ်သေးတာပါ။မော်မော်ကိုကြည့်ရတာ အသားအရေ ဖြုဖတ်ဖြုရော် နှင့်တော်တော်လဲပိန်သွားသည်။ ဟိုတုံးကမော်မော် နှင့်လုံးဝမတူတော့ ။မော်မော် နှင့်ကျွန်တော်က ၄ နှစ်ကွာသည် ။ ငယ်ငယ်ကတည်းကအိမ်နီးချင်းနေလာသည်မို့ မောင်နှမအရင်းကဲ့သို့ သံယောဇဉ်ရှိသည်။ တခုတော့ရှိသည် မော်မော် ကဘယ်တော့မ

ကိုယ်ဝန်ဆောင်ကာလမှာ လိင်ဆက်ဆံရတာကို နှစ်သက်တဲ့ Britney Spears က သမီးလေးတစ်ယောက်လိုချင်တယ်လို့ပြော

Image
Britney Spears ကတော့ သမီးလေးတစ်ယောက်မွေးဖို့ဆန္ဒရှိနေပါတယ်။ Work Bitch သီချင်းရဲ့ငွေကြယ်ပွင့်မှာ သူ့ရဲ့ခင်ပွန်းေ ဟာင်းဖြစ်သူ Kevin Federline နဲ့ Sean Preston (၈နှစ်)၊ Jayden James (၇နှစ်)ဆိုတဲ့ သားနှစ်ဦးထွန်းကားခဲ့တာဖြစ်ပေမယ့် သူ့ရဲ့ကိုယ်ပွားလေးတစ်ယောက်ဖြစ်လာမယ့် သမီးတစ်ယောက်ကို လိုချင်နေတာဖြစ်ပါတယ်။ “ကျွန်မတကယ်ပဲ နောက်ထပ်ကလေးယူချင်ပါတယ်။ မိန်းကလေးတစ်ယောက်လေ။ ကျွန်မရဲ့ကိုယ်ပွားလေးဖြစ်လာလိမ့်မယ်လို့ထင်တယ်။ ကြောင်တောင်တောင်နိုင်လိမ့်မယ်လို့ထင်တယ်” လို့ InStyle မဂ္ဂဇင်းကိုပြောပါတယ်။ “လောကကြီးမှာကျွန်မနောက်ထပ် အထီးကျန်မှုကိုမခံစားရတော့ဘူးပေါ့။ ကျွန်မလိုပဲ ဒုတိယလူတစ်ယောက် ဖြစ်လာဖို့ကျွန်မဆန္ဒရှိပါတယ်” လို့ပြောပါတယ်။ Britney ဟာသူနဲ့အရင်ကစေ့စပ်ထားခဲ့သူ Jason Trawick နဲ့ဇန်န၀ါရီလမှာပြတ်ဆဲခဲ့တာဖြစ်ပြီး

မဲဆောက် မြန်မာပြည့်တန်ဆာမိန်းကလေးများဘ၀ တစေ့တစောင်း

Image
“သမီးကို မိဘတွေက ကျောင်းဆက်မထားနိုင်တော့တဲ့ အဖြစ်ဆိုတော့ လူပွဲစားကလည်း ရပ်ကွက်ထဲမှာ ထိုင်းကိုသွားပြီး အလုပ်လုပ်ဖို့ မက်လုံးပေးစည်းရုံးတာကို အိမ်က ယုံယုံကြည်ကြည်နဲ့ ထည့်လိုက်တာပါ။ စရိတ်ငြိမ်း ခေါ်လာတဲ့အပြင် အိမ်ကိုလည်း ကျပ်တသိန်းခွဲ ကြိုပေး ခဲ့တော့ အဲ့ဒ်ီကနေအစပြုပြီး မဲဆောက်မှာ အရောင်းစားခံရပြီးဒ်ီဘ၀ကို ရောက်လာရတာပါ။ ဒီအလုပ်လုပ်ဖို့ တခါမှ မစဉ်းစားခဲ့ပါဘူး။ အခုတော့လည်း မိသားစုအတွက် အနစ်နာခံရတယ်လို့ပဲ သဘောထားလိုက်တော့တယ်” ဟု ပြောသူမှာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှ အသက် (၁၆)နှစ်အရွယ် ပဲခူးမြို့သူတဦးဖြစ်သည်။ စီးပွားရေးကျပ်တည်းရာမှ လူကုန်ကူးမှု၏ သားကောင်များ ဖြစ်နေကြသူများထဲတွင် မြန်မာအမျိုးသမီးငယ် အများအပြားလည်းပါဝင်၏။ ဘ၀ပျက်ကာ ပြည့်တန်ဆာဘ၀တွင် နစ်မွန်းနေကြရသူ မြန်မာမိန်းကလေးများ ထိုင်းနိုင်ငံအတွင်း သောင်းနှင့်ချီ၍ရှိကြောင်း မြန်မာ့အမျိုးသမီးရေး လေ့လာနေသည့် အဖွဲ့များက ပြောသည်။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသအတွင်း ပြည့်တန်ဆာလုပ်ငန်းဖြင့် အသက်မွေးနေကြသည့်  မြန်မာမိန်းမငယ်များ ထောင်နှင့်ချီရှိသည်။ အများစုမှာ မိသားစု စားဝတ်နေရေး အခက်အခဲကို  ဖြေရှင်းနိုင်ရန်

ပြည့်တန်ဆာတစ်ဦး နှင့် ဆက်ဆံကြည့်ခြင်း..

Image
  ကျွန်တော်တို့ မြန်မာစကားတွင် ဆက်ဆံသည် ဟူသည့် စကားကို သုံးစွဲရာမှာ သုံးစွဲခံရသူအပေါ်လိုက်၍ အဓိပ္ပါယ်ကို သတ်မှတ်လေ့ရှိကြပါသည်၊ နိုင်ငံတကာနှင့် ဆက်ဆံသည်၊အကြီးအကဲနှင့် ဆက်ဆံသည်၊ တန်ဘိုးရှိသောသူဖြင့် ဆက်ဆံသည်တို့တွင် ဆက်ဆံသူရော ဆက်ဆံခံရသူပါ ဂုဏ်ရှိန်မြင့် မြတ်သည်ဟု ယူဆခါ လူကြားထဲတွင်  လက်မထောင် ၀ံ့ကြွားလေ့ရှိကြပါသည်၊နောက်ထပ် သုံးကြသည်က လူတန်းစားချင်းတူမျှစွာ ဆက်ဆံကြသည့် အသုံးအနှုန်း..၊တတိယ လူတွေအတော်များများက လက်ခံသည့် နှိမ့်ကျသည့် ဆက်ဆံခြင်း အဓိပ္ပါယ်...၊ပြည်တန်ဆာ တစ်ဦးနှင့် ဆက်ဆံသည် ဆိုသည့်အဓိပ္ပါယ်သည်ကား.....။ ဆက်ဆံခဲ့သည်ဟူ၍ပင် ပြောဆိုရန် မ၀ံ့သော အဓိပ္ပါယ်ဟု သတ်မှတ်ကြလေသည်၊

လိင်ခရီးသွားလုပ်ငန်းကျိန်စာ မြန်မာရှောင်ရှားနိုင်မည်လော

Image
ရန်ကုန်မြို့ စားသောက်ဆိုင်တစ်ခု တွင်းရှိ စင်မြင့်ပေါ်ဝယ် အဝတ်အစား မလုံ့တလုံ ဝတ်ဆင်ထားကြသည့် အမျိုး သမီးငယ် နှစ်ဒါဇင်ခန့်တို့သည် အပြင်း စားဂီတ၏ စည်းချက်အတိုင်း လှုပ်ရမ်း ကပြလိုက် သီဆိုဖျော်ဖြေလိုက် လုပ်နေ ကြသည်။ နိုင်ငံခြားသားခရီးသွားအချို့ရှိနေကြသော်ငြား အများစု မှာမူ ဒေသ ခံများသာဖြစ်ကြသည့် ပရိသတ်က လည်း ယမကာများ တစ်ခွက်ပြီးတစ်ခွက် သောက်ရင်း သူတို့၏ လက်ကိုင်ဖုန်းများ ဖြင့် ယင်းဖျော်ဖြေမှုကို ဗီဒီယိုရိုက်သူက ရိုက်လျက်ရှိ၏။ တစ်ခါတစ်ရံတွင်မူ ပရိ သတ်ထဲမှ ဂုဏ်ပြုချီးမြှင့်သည့် ပန်းကုံး တို့ကို စင်ပေါ်မှအမျိုးသမီးငယ်အချို့  ရရှိသွားတတ်၏။ ပွဲသိမ်းဖျော်ဖြေမှုအပြီး ည ၁ဝ နာရီတွင် ဆိုင်တံခါး ပိတ်ပါ သည်။ စိုးရိမ်ပူပန်လျက်ရှိ ရန်ကုန်ဝယ် ‘မော်ဒယ်ရှိုး’ဟု ခေါ် ကြသည့် အဆိုပါဖျော်ဖြေပွဲမျိုးကို ကမ္ဘာ ကျော် လိင်ခရီးသွားမြို့တော်တစ်ခု ဖြစ် သည့် ဘန်ကောက်မှ လိင်အသားပေး ဖျော် ဖြေပွဲမျိုးနှင့် နှိုင်းယှဉ်ပါလျှင်မူ မဖြစ်စ လောက်မျှသာဖြစ်သော်လည်း မြန်မာ နိုင်ငံမှ တာဝန်ရှိသူများနှင့် လူ့အခွင့် အ ရေးဆိုင်ရာအဖွဲ့အစည်းများကမူ နောင် လာမည့်ဆယ်စုနှစ်များတွင် ကမ္ဘာလှည့်

ညငှက်လေး တို့၏ သူတို့ဘဝ သူတို့ကမ္ဘာ....

Image
ရန်ကုန်မြို့ ကန်တော်ကြီးတစ်ဝိုက်နှင့် ရန်ကင်း အင်းလျားကန် ပေါင်တစ်ဝိုက်တွင် သူတို့လှုပ်ရှားကြသည်။ သူတို့သည် အပွင့်များ ဖြစ်ကြ သည်။ အပွင့်ဆိုသည်မှာ မိန်းမကဲ့သို့ဝတ်ဆင် ကာ မိန်းမဘဝခံယူပြီး မိန်းမကဲ့သို့ နေထိုင်လုပ်ကိုင်ကြသူများ ဖြစ်ကြသည်။''မနက်ထမင်းစားဖို့အတွက် ညဘက်ပိုက်ဆံရှာနေရတာပါ''ဟု ကန်တော်ကြီးထောင့်မှ အပွင့်တစ်ဦးဖြစ်သူ ထာဝရ က ညအမှောင်တွင် စိုးရိမ်စိတ် တစ်ခုဖြင့် ပြောပြသည်။ ထာဝရတွင် မိသားစုငါးယောက်ရှိပြီး သူက မိသားစု တွင် အကြီးဆုံးဖြစ်ကာ ကျောင်းတက်သော ညီမ နှစ်ယောက် အတွက် သူစီးပွားရှာနေခြင်းသာ ဖြစ် သည်။''မနက်ဘက်မှာ အလှပြင်ဆိုင်မှာ မိတ်ကပ်လိမ်းတယ်၊ ညဘက်မှာ ဒီကိုလာတယ်''ဟု သူကဆိုပြီး မိတ်ကပ်ဆိုင်နာမည် ကိုတော့ မပြော ပြပေ။ သူတို့အကြောက်ဆုံးကတော့ ရဲဖြစ်ကာ သူတို့ကို သာတီးဒီဖြင့် ဖမ်းလေ့ရှိကြောင်း ပြောပြသည်။ ''နေ့တိုင်း ပြေးလွှားနေရ တာပဲ။ နေ့တိုင်းရဲ လာတယ်။ အဖမ်းခံရရင်မလွယ်ဘူး။ တစ်ခါအဖမ်းခံရဖူးတယ်။ ထောင် နှစ်လကျသွားတယ်။ ထောင်ထဲမှာတော့ အခြား ထောင် သား တွေနဲ့ရောထားပေမယ့် အခြောက်မကို ဘာမှလာ မလုပ်ကြပါ ဘူး''ဟု ထာဝရက ရယ်ရယ်မောေ

တရုတ်အစိုးရအတွက် ရတက်မအေးစရာ ပျိုကျန်ရစ်ကြီးများ

Image
အသက်က ၂၇နှစ်ကျော်နေပြီဖြစ်သည်။ အိမ်ထောင်ကမကျသေး။ တရုတ်နိုင်ငံ၌ ထိုကဲ့သို့အမျိုးသမီးမျိုးကို အစိုးရကိုယ်တိုင်က ““ပျိုကျန်ရစ်ကြီးများ””ဟူ၍ ကင်ပွန်းတပ်ပေလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ ပညာတတ်တရုတ်အမျိုးသမီးတချို့က အပျိုကြီးတစ်ကိုယ်တည်းအခြေအနေမျိုးဖြင့်ပင် ဘ၀ကို ပျော်ပျော် ရွှင်ရွှင်ဖြတ်သန်းနေကြသည်။ ဘေဂျင်းအသံလွှင့်ရုံတစ်ခု၌ တာဝန်ထမ်းဆောင်နေသော ဟွန်ယွမ်ယွမ်ဆိုသည့်အမျိုးသမီးမှာ အချိန်လွန်သည်အထိ အလုပ်၌နစ်မြုပ်နေသည်။ သူမအနေနှင့် နောက်လာမည့်ရက်ပိုင်းတွင် ရင်ဆိုင်ကြုံတွေ့ ရမည့် အရာတစ်ခုအတွက်လည်း ရတက်မအေးဖြစ်နေရသည်။ မကြာမီရက်ပိုင်းအတွင်း သူမ၏အသက်က ၂၉ နှစ်ပြည့်တော့မည်ဖြစ်သည်။ ““တကယ့်ကိုတုန်လှုပ်စရာပါပဲ။ ကျွန်မအသက်က နောက်ထပ်တစ်နှစ် ကြီးလာတော့မယ်။ ကျွန်မအတွက်တော့ စိတ်မသက်မသာဖြစ်စရာပါ””ဟု သူမကဆိုသည်။ အဘယ်ကြောင့် ထိုသို့ဆိုသနည်း။ ““ဘာဖြစ်လို့လဲဆိုတော့ အခုထိ ကျွန်မက တစ်ကိုယ်တည်းလေ။ ကျွန်မမှာ ရည်းစားမရှိဘူး။ အိမ်ထောင်ပြုဖို့အတွက် ကြီးကြီးမားမားဖိအားပေးတာတွေ ကျွန်မ ခံနေရတယ်”” ဟွန်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတစ်ခုတော့ရှိသည်။ သူမသည် လုပ်ခလစာမြင့်မြင့်မားမားရရှိသည့် ကိုယ်ရည်က

သုံးတတ်လျှင်ဆေး မသုံးတတ်လျှင်ဘေး

Image
အင်တာနက် လူမှုကွန်ရက်ကို တန်ဖိုးရှိစွာ အသုံးချခဲ့သူတဦးကြောင့် အကျိုးထူးခဲ့သည့် ဖြစ်ရပ်တခု မကြာသေး မီက ဖြစ်ပေါ်ခဲ့ကြောင်း facebook သုံးသူတိုင်း သတိထားမိကြမည် ဖြစ်သည်။ မီးလောင်ဒဏ်ခံခဲ့ရသည့် ၃ နှစ်အရွယ် ကလေးငယ်နှင့် ကူကယ်ရာမဲ့နေသည့် မိခင်တို့၏ အဖြစ်ကို မြင်ပြီး မကြည့်ရက်သဖြင့် facebook ပေါ်တင်ကာ မျှဝေခဲ့သူ၊ တဆင့်တဆင့် လက်ဆင့်ကမ်း သတင်းဝေမျှ ရှယ်ပေးခဲ့ကြ သူတို့ကြောင့် လူသိများသော အနုပညာသမား တချို့က စတင် လှူဒါန်းခဲ့သည့် ဖြစ်ရပ် အမှန်တကယ် ပေါ်ပေါက်ခဲ့ပါသည်။ facebook ကို အနုပညာသမားများ ပုံစံမျိုးစုံဖြင့် အသုံးပြုကြကြောင်း သိကြပြီးဖြစ်သည်။ ပရိသတ် အချစ်တော်များ ဖြစ်ကြသည့် အနုပညာ သမားများအတွက် facebook ကို အသုံးပြုခြင်းက လူချင်လူခင် ပိုများကာ ပရိသတ် ထိတွေ့မှု ပိုမို ရရှိနိုင်သည်ကတော့ အမှန်ပင် ဖြစ်သည်။ facebook ကြောင့် အနုပညာသမားများကို လူသိပိုများပြီး အချစ်တိုးစေသကဲ့သို့ အသုံးပြုပုံ မမှန်ကန်သောကြောင့်

အမေကလေးများဘဝ ကယ်တင်ကြပါ

Image
အရွယ်မတိုင်မီ ကိုယ်ဝန်ဆောင်ခြင်းနှင့် ပတ်သက်ပြီး အသက် ၂၀ အောက် အရွယ်ဟု အမျိုးသမီးများကို သတ်မှတ်ပါသည်။ အသက် ၁၂ နှစ် သို့မဟုတ် ၁၃ နှစ်အရွယ် မိန်းကလေးများသည် ဖွံ့ဖြိုးစအရွယ် ရာသီ စလာချိန် ဖြစ်သဖြင့် ကျန်းမာရန် အရှိန်ယူနေရချိန်လည်း ဖြစ်သည်။ ထိုသို့သော အရွယ်များတွင် အကြောင်းအမျိုးမျိုးကြောင့် ကလေး အမေများ ဖြစ်ခဲ့ရသည့် အမျိုးသမီးငယ်များ ကမ္ဘာတွင် မြောက်မြားစွာ ဖြစ်ပေါ်လျက် ရှိသည်။ ကမ္ဘာတစ်လွှား အရွယ်မတိုင်မီ ကိုယ်ဝန်ဆောင်နေရသည့် နှုန်းသည် အာဖရိကတိုက် တောင်ပိုင်းနိုင်ငံ များအတွင်း အမြင့်မားဆုံးဖြစ်ပြီး လူ ၁၀၀၀ တွင် ၁၄၃ ဦးခန့် အမေကလေးများ ဘဝ ရောက်နေကြရ ကြောင်း၊ တောင်ကိုရီးယားနိုင်ငံတွင် လူ ၁၀၀၀ လျှင် ၂ ဒသမ ၉ ဦးနှုန်းဖြစ်ကြောင်း UNICEF အစီရင်ခံစာတွင် ဖော်ပြထားသည်။ အမေရိကန်ပြည်ထောင်စုတွင် အသက် ၁၅ နှစ်မှ

ထိုင်းက မြန်မာ လိင်အလုပ်သမားများ ဘဝ ခက်ခဲကြမ်းတမ်း

Image
မြန်မာ့လူ့ အဖွဲ့အစည်းတွင် လိင်ဖျော်ဖြေရေးလုပ်ငန်းသည် မလုပ်သင့်မလုပ်အပ်သည့် အရာတခုအဖြစ် အများက လက်ခံ ယုံကြည်ထားသော်လည်း နယ်စပ်၏ တဖက်ထိုင်းနိုင်ငံရှိ ယောက်ျားလေး လိင်လုပ်သားများ ထဲတွင် မြန်မာနိုင်ငံမှ ပြောင်း ရွှေ့ခိုလှုံနေထိုင်သူများက အချိုးအစား ကြီးမားစွာ ပါဝင်နေသည်။ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် မြန်မာပြောင်းရွှေ့နေထိုင်သူများသည် ၎င်းတို့၏ ကိုယ်ခန္ဓာကို ရှိုးဘား (show bar) များ သို့မဟုတ် အခြား ဖျော်ဖြေရေးဆိုင်ရာ နေရာများတွင် လိင်ကိစ္စအတွက် ရောင်းချခဲ့ကြသည်။ ဘားများသည် တရားဝင် ဖွင့်လှစ်ထားခြင်းဖြစ်သော်လည်း ရွှေ့ပြောင်း ခိုလှုံနေထိုင်သူများ ဘားတွင် မလုပ်လုပ်ခွင့်မရှိပါ။ ရလဒ် အနေဖြင့် ယောက်ျားလေး လိင်လုပ်သားအများစုသည် ၎င်းတို့၏ ၀င်ငွေရာရှိရာ အရင်းအမြစ်ကို ထုတ်ဖော်ပြောဆိုလိုခြင်း မရှိကြ သည့်အတွက် လိင်ဆက်ဆံမှုကြောင့်

အရှေ့တောင်အာရှ လိင်ကျွန်များဘဝ

Image
ထိုင်းနိုင်ငံ ပက်ပုံးလမ်းတွင် ဖြစ်သည်။ ပေါ့ပ်ဂီတ သံတွေက လွင့်ပျံ့ ထွက်လာသည်။ သူမအမည်က မိုင်းလီ။ အသက် ၂၄ နှစ်သာ ရှိသေးပြီး ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်မြို့က အပျော်မယ်လေး တစ်ယောက် ဖြစ်သည်။ နက်မှောင်သည့် ဆံပင်ရှည်ရှည် နှင့် နှစ်လိုဖွယ် မျက်နှာ ထားရှိသည်။ သူမ ဘဝနှင့် သူမအလှက မထင်ရက်စရာ ဖြစ်သည်။ ထိုင်းတက္ကသိုလ် တစ်ခုတွင်တိရစ္ဆာန် ဆေးကု ဘာသာရပ်ဖြင့် တက်ရောက် ပညာသင် ကြားခဲ့သည်။ ၁၉၉၇ ခုနှစ် အာရှစီးပွား ပျက်ကပ်တွင် မိသားစု ဘဝပျက်ပြီး သူမလည်း ဤဘဝသို့ ရောက်ခဲ့ ရသည်ဟု ဆိုသည်။ မိုင်းလီ ကဲ့သို့ ထိုင်းနိုင်ငံရှိ အမျိုးသမီး ပေါင်းများစွာ ဘဝတွေ ပျက်ခဲ့ရသည်။ စီးပွားပျက်မှု ပေါင်းများစွာတွင် အရှေ့တောင် အာရှ၏ လူကုန်ကူးမှု ဝဲဂယက်အတွင်း သက်ဆင်း ခဲ့ကြရသည်။ အမျိုးသမီးပေါင်း များစွာကို လိင်ကုန်ကူးရန် အတွက် သာမက ခိုင်းစေရန်နှင့် ကိုယ်တွင်း

အချစ်ဆိုသည်မှာ

Image
အချစ်ဆိုတာ သင်စရာ မလို နဂိုဗီဇ ပါလာကြသမို့ သူတို့လည်းပဲ ချစ်တတ်တယ်။ ရှေးရေစက်ကံ အကြောင်းဖန်တော့ မြင်ပြန်ခဏ နေမရဘူး မချစ်ဖူးလို့ ရူးတော့မယ်။ အချစ်မှာ မှားတာ မှန်တာ မရှိ။ တရားတာ မတရားတာ မသိ။ အချစ်သာရှိ ပြည့်စုံ၏။ ချစ်မိပြီဆိုရင်

အချစ်စစ်

Image
အပြစ်တင် အပြစ်မြင်လျှင် အချစ်စစ် မထင် ။ အပြစ်မမြင် အပြစ်မတင်မှ ချစ်ခင် ကြင်နာသူ အစစ် အဲဒါ အချစ် ။ အခက်အခဲမရှိတဲ့ အချစ် အစစ် မဟုတ်သေး ။ ဒုက္ခလေးတွေ တန်းစီ ကြုံတွေ့ပြီဆိုတော့မှ ဟုတ်ပ ဟုတ်ပ ဒုက္ခ အချစ် ။ အချစ်စစ်ဆိုတာ မနာလိုဝန်တို ငြိုငြင် စိတ်ကောက် ပေါ့ ချော့တော့လည်း စိတ်ပြေသွား 

ဘ၀ဆိုတာ

Image
ဘ၀ဆိုတာ ဘဝတာတိုတိုမှာ ရသာချိုချိုလေးတွေ ရှာဖွေခံစား အသိတရားနဲ့ နေ အသေဖြောင့်ပါစေ။   ရှင်သန်ခြင်းဆိုတာ ဘဝ ဘဝဆိုတာ မျှော်လင့်ခြင်း အသက်ရှင်ခြင်းရဲ့ အဓိပ္ပာယ်

စိတ်မော်ဒယ်လ် အမြဲသစ်ပါစေ(စိတ်အားဖြည့်ဓမ္မနှင်းပွင့်)

Image
၁။ စိတ်မော်ဒယ်လ် အမြဲသစ်ပါစေ အဆင့်အတန်းမြင့်မားမှုကို လိုလားတဲ့ လူသားတွေအနေနဲ့ ရုပ်ဝတ္ထုပစ္စည်းဘက်မှာ မော်ဒယ်လ်သစ်နိုင်သမျှ သစ်အောင် ကြိုးစားနေကြသလို ကိုယ့်နှလုံးသားထဲက စိတ်ကိုလည်း မော်ဒယ်လ်သစ်နိုင်သမျှ သစ်အောင် ကြိုးစားကြဖို့ အထူးလိုအပ်ပါတယ်။ တကယ်ဆို…. ရုပ်မော်ဒယ်လ်သစ်ဖို့ထက် စိတ်မော်ဒယ်လ်သစ်ဖို့ကပိုပြီးတောင် အရေးကြီးပါသေးတယ်။   ၂။ ကျင့်စဉ်မှန်ဖို့ အဓိက ရဟန္တာဆီ တပည့်ခံအားထုတ်မှ ရဟန္တာဖြစ်မှာ မဟုတ်ပါဘူး။ ပုထုဇဉ်ဆီ တပည့်ခံအားထုတ်ရင်လည်း ဘုရားဟောကျင့်စဉ်နဲ့ ကိုက်ညီရင် ရဟန္တာဖြစ်နိုင်ပါတယ်။ ရဟန္တာလို့ နာမည်ကြီးပေမယ့် သူညွှန်ကြားတဲ့ကျင့်စဉ်တွေက ဘုရားဟော ထေရဝါဒကျင့်စဉ်တွေနဲ့ ဆန့်ကျင်နေမယ်ဆိုရင်တော့ “ဆရာမှားရင် တစ်သံသရာလုံးမှောက်” ဆိုတဲ့ စကားအတိုင်း

လူတစ်ယောက်၏ ပင်ကိုယ် စရိုက်တွက်နည်း

Image
သိတဲ့ သူငယ်ချင်းတွေလဲ ထပ်တွက် မသိသေးတဲ့ သူငယ်ချင်းတွေ လဲတွက်ပေါ့ ။ ဒီနည်းကတော့ လူတိုင်းရဲ့ ပင်ကိုယ် စရိုက်ကို တွက်နည်းလေးပါ ... မြန်မာသက္ကရာဇ်ကို အခြေခံပြီး ဟောတဲ့ နည်းလေးပါ လူတစ်ယောက်ရဲ့ မွေးသက္ကရာဇ်နဲ့ မွေးနံကိုသိရင် သူရဲ့ပင်ကိုယ် အတွင်းသဘောကို သိနိုင်တဲ့ နည်းလေးမို့ ဆရာစံဇာဏီဘို ရဲ့ တွက်နည်းလေးကို သူငယ်ချင်းတို့အတွက် တင်ပြလိုက်ပါတယ် လူတစ်ဦးဆီမှာ ပင်ကိုယ် `ဇ´ လေးတွေ ပါလာတတ်ပါတယ် ။ (0) လောဘကြီးသူ (1) ဒေါသကြီးသူ (2) မောဟစိတ်လွန်ကဲသူ (3) မေတ္တာစိတ်ရှိသူ (4)ဂရုဏာစိတ်များသူ (5) မုဒိတာ တရားလက်ကိုင်ထားသူ (6)ဥပေက္ခာသမား ဆိုပြီး (7)မျိုး ခွဲခြာထားပါတယ် .......။ သူငယ်ချင်းတို့ရေ ...ကိုယ့်အတွက်ပဲဖြစ်ဖြစ်၊ သူငယ်ချင်းအတွက်ပဲဖြစ်ဖြစ် ချစ်သူအတွက်ပဲ ဖြစ်ဖြစ် တွက်ကြည့်လိုက်ကြရအောင်နော်.... ....................။ တွက်နည်းကတော့ လွယ်ပါတယ် ကိုယ်ရဲ့ မွေးသက္ကရာဇ်ရယ် ၊မွေးနံကို ဂဏန်းပြောင်းပြီး ပေါင်းပါ ရတဲ့ အဖြေ (7) နဲ့ စားရပါမယ် ထွက်လာတဲ့ အဖြေကတော့ ကိုယ့်ရဲ ပင်ကိုယ်စရိုက်ပေါ့ ။ ဥပမာ - ကျွန်တော့်ရဲ့ ခုနှစ်သက္ကရာဇ်က 1353 ခု သောကြာသားဆိုတော့ 6ပေါ့ 1353+6=1359 1359÷7=1 ကြွင်းပေါ့

သာသနာ့အလံ ဖြစ်ပေါ်လာပုံ နှင့် တီထွင်သူ အမှန်

Image
(၁၈၈၅) ခုနှစ်၊ ဧပြီလ(၂၈)ရက်တွင် (သီဟိုဠ်ကျွန်း) သီရိလင်္ကာနိုင်ငံတွင် ကဆုန်လပြည့် (ဗုဒ္ဓနေ့)ကို ခမ်းနားကြီးကျယ်စွာကျင်းပရန် အထူးအစီအစဉ်ရှိ နေသည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်ပွဲတော်ကြီးနှင့် အခြား ဘာသာရေးပွဲတော်များတွင်ပါ သာသနာ့အလံတော်ကို အမှတ်တရ အဖြစ်လွှင့်ထူရန် စဉ်းစားခဲ့ကြသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်ဖြစ်သော ကိုလံဘို မြို့သူမြို့သားတို့သည် မိရိုးဖလာ ကိုးကွယ်မှု အထိမ်း အမှတ်အဖြစ် ဗုဒ္ဓအလံတော် တစ်ခုကို တီထွင်ပြုလုပ်ရန်အတွက်ကြိုးပမ်းခဲ့ကြ၏။ ထိုအလံတော်ကို (၁၈၈၅) ခုနှစ်တွင်ပြုလုပ်ခဲ့သော်လည်း ဗုဒ္ဓအလံတော်ကို ကမ္ဘာအရပ်ရပ်က အသိအမှတ် ပြုလာကြသည်မှာနှစ်ပေါင်း ၁၀၀ ကျော်ခန့်မျှသာ ရှိပေသေးသည်။ ကမ္ဘာ့ဗုဒ္ဓသာသနာ့အလံတော်အဖြစ် (၁၉၅၁) ခုနှစ်သို့ ရောက်သောအခါမှသာ ကမ္ဘာတစ်ဝန်းလုံးတွင်ရှိသော ဗုဒ္ဓဘာသာဝင်နိုင်ငံများမှ လက်ခံလာခြင်းဖြစ်သည်။ တီထွင်သူ အစစ် (သာသနာ့အလံကို ကနဦး တီထွင်သောသူသည် ဟင်နရီ စတီးလ် အိုကော့  ( Henry Steele Olcott ) ဟု ထင်နေကြပြီး အမှန်တကယ်မှာ စီ ပီ ဂုဏ၀ဍ္ဎန  ခေါ် ကာရိုလစ် ပူဂျသ ဂုဏ၀ဍ္ဎန (Carollis Pujitha Gune Wardene) ဖြစ်သည်။)  ဟင်နရီစတီးအိုကော့ ( H.S. Olcott ) ဟင်နရီစတီးအိုးကော့ သည်