Posts

Showing posts from September 8, 2013

ဇာဂနာနှင့် တရားရုံးဟာသများ ( ဖြစ်ရပ်မှန်)

Image
ဇာဂနာနဲ့ ဗီဒီယိုအက်ဥပဒေ ဇာဂနာ – ဗီဒီယိုအက်က ဘာလို့ ၃ နှစ်ချလဲ။ တရားသူကြီး – နာဂစ်မုန်တိုင်း ဓါတ်ပုံပါလို့။ ဆင်ဆာမတင်လို့။ ဇာဂနာ – မုန်တိုင်း တိုက်တာကို ဆင်ဆာတင်ရဦးမှာလား။ မုန်တိုင်းတိုက်တာ ခဏရပ်ထားဦး ရိုက်ကူးရေး သွားတင်ပါရစေဦးလို့ ပြောလို့မရဘူးလေ။ တရားသူကြီး - ကိန်။ ဇာဂနာ နဲ့ ဘုန်းကြီးလမ်းလျှောက်မှု ဇာဂနာ – ဘုန်းကြီးဆွမ်းကပ်တာ ဘာအပြစ်လဲ။ တရားသူကြီး - အဲဒီ ဘုန်းကြီးတွေက လမ်းပေါ်

ယနေ့လူငယ်များ နှုတ်ခမ်းစုပ်ခြင်း အကြောင်းရင်း...(စဆုံး...)

Image
ယနေ့လူငယ်များ နှုတ်ခမ်းစုပ်ခြင်း အကြောင်းရင်း ...(စဆုံး...) အာဒံသည် တောလိုက်ပြန်လာရာ မောပန်းနွမ်းလျနေလေသည်... ဗိုက်လည်းအလွန်ဆာလောင်နေသည်ဖြစ်၍ ပြန်ရောက်ရောက်ချင်း မီးဖိုထဲသို့ သွားကာ ထမင်းအိုးများကို လှန်လှော် ၍ စားစရာ တစ်ခုခု ရှာဖွေလေတော့သည်... သို့သော် ဘာတစ်ခုမျှ ချန်မထားသည့်အပြင် အာဒံပြ န်လာသည် ကိုပင် မသိပဲ နှစ်ခြိုက်စွာ အိပ်ပျော်နေသော ဧဝကိုမြင်လျှင် လွန်စွာ ဒေါသ ဖြစ်ခြင်းဖြင့် အနားကပ်သွားလေသည်... ထိုအခါ ခဏ ၌ ပင် အိပ်ပျော်နေသော ဧဝမှာ နိုးလာ၍ တစ်ခါမှ မမြင်ဖူးသော အာဒံ ၏ ဆာလောင်နေသော မျက်နှာကို  မြင်ကာ ကြောက်ရွံ့နေလေသည်... သို့သော် မိန်းမများ၏ ဥာဏ်နီဥာဏ်နက် များမှု၏ ပထမဦးဆုံး ခြေလှမ်း ဖြစ်မည့် အတွေး တစ်ခု ကို သူမ

ထင်မြင်ယူဆခြင်း

Image
စာရေးချင်စိတ်မရှိလို့ စာမရေးတာအတော်ကြာသွားတယ် ။ ဒီနေ့ ခေါင်းထဲရောက်လာတဲ့အကြောင်းအရာေ လးတစ်ခု ချရေးချင်မိတယ် ။ ခေါင်းစဉ်ကို ကျွန်တော်က “ ထင်မြင်ယူဆ ခြင်း ” လို့ပေးထားတယ် ။ ကျွန်တော်က အောက်ပါ ညီမျှခြင်းလေးကို ချကြည့်ချင်မိတာပါ ။ “ ထင်မြင်ယူဆခြင်း = မှန်ကန် တိကျခြင်း (%) ” ဟာ ဘယ်လောက်ထိ တိုက်ရိုက်ဆက်နွယ်မှုရှိပါသလဲ ဆိုတဲ့မေးခွန်းပါပဲ ။ ထင်မြင်ယူဆတယ်ဆိုကတည်းက ကိုယ့်ဖက်က တွေးနေတဲ့အဆင့် ကိုယ့်စိတ်က လက်ခံနေတဲ့အဆင့် ထင်နေတဲ့အဆင့်ပဲရှိသေးတယ် ။ ဒါပေမယ့် ဘာကြောင့်များ ကိုယ်ထင်တဲ့ကိုယ်မြင်တဲ့အကြောင်းအရာတွေက ၁၀၀% မှန်ကန်တိကျပါတယ်လို့ လူတွေက သတ်မှတ်ကြပါသလဲ ။ ဥပမာ ခင်ဗျားမှာ သေတ္တာ တစ်လုံးလက်ဆောင်ရလိုက်တယ်ဆိုပါေ တာ့ ။ အဲဒီသေတ္တာ လေးထဲမှာ ဘယ်အရာမဆိုဖြစ်နိုင်တယ် ။ ဒါပေမယ့် ခင်ဗျားက ခင်ဗျား ကိုပို့လိုက်တဲ့သူက အကျီင်္တစ်ထည်တော့ဖြစ်မှာပဲ ပုဆိုးတစ်ထည် တော့ဖြစ်မှာပဲ ဒါမှမဟုတ် ခင်ဗျား လိုချင်တဲ့အရာတစ်ခုဖြစ်မှာပဲလို့  ခင်ဗျားစိတ်မှာ တွေးထင်လိုက်တယ် ။ ဒီတော့ သေတ္တာကို ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ ခင်ဗျားဟာ အခြေအနေ ၅၀% -၅၀% ကိုကြုံတွေ့ရမှာပါ ။ ၁ ။ ခင်ဗျား ထင်နေတာ မှန်နိုင်ခြေရှိတဲ့ရာခိုင်နှုန်း ၅

Breast Enlargement ကလေးအတွက်မို့ မသေးချင်တာ ရင်သားပါဟု ပြော

Image
Q: ကျွန်မအသက်၂၈ နှစ်ကျော် အိမ်ထောင်ရှိပါတယ်။ ကလေးတော့ မရှိသေးပါဘူး။ အခု နိုင်ငံခြားမှာပါ။ ရင်သားကို လိမ်းဆေး၊ ထိုးဆေးတွေမသုံးပဲ သဘာဝအတိုင်း ဖွံ့ဖြိုးလာအောင် ဘယ်လိုလုပ်ရမှာလဲဆရာ။ ရင်သား သေးနေရင် ကလေး ရလာတဲ့ အချိန်ကျရင် ကလေးအတွက် မိခင်နို့ရည် အခက်အခဲရှိမှာ စိုးလို့ပါ။ ကိုယ်ဝန်တားနည်း ကွန်ဒုံ သုံးပါတယ်။  ရင်သား ကြီးထွားချင်တာမှာ တချို့က တဖက်သား ဆွဲဆောင်ဘို့ရာ ကြီးချင်တာ။ တချို့က နို့ထွက်များ ခြင်တာ။ မေးတာက အလှအပအတွက် မဟုတ်ဘဲ ကလေးရရင် နို့ထွက်နည်းမှာ စိုးလို့ဆိုတာ ရည်ရွယ်ချက် အင်မတန် မွန်မြတ်ပါတယ်။ တားဆေးကြောင့် မဟုတ်တဲ့အချက် ဖယ်လို့ ရပါပြီ။ ရင်သားမှာ ကြွက်သားမပါဘူး။ အဆီ နဲ့ အရွတ်သာ ရှိတယ်။ ထူးခြားတာက Glands နို့ထွက်အိတ်၊ Ducts နို့ထွက်ပြွန်တွေ၊ Lobules, Alveoli အစုလိုက် ရှိနေတယ်။ အရွယ်အစားကို ဖြစ်စေတာက (တစ်ရှူး) အစု ၂ ခုရှိတာမှာ Fatty tissue နဲ့ Glandular tissues တွေပါ။ Glands တွေက နို့ထွက်ဘို့အတွက် ဖြစ်တယ်။ အရွယ်အစား ကြီးဘို့ဆိုရင် Fat များနေရမယ်။ တယောက်နဲ့

သမိုင်းကြောင်းကို အားနာသင့်ပါပြီ

Image
သမိုင်းကြောင်းကို အားနာသင့်ပါပြီ ကျွန်တော်တို့ရဲ့ ဒီချုပ်ဥက္ကဌ ဒေါ်စုကြည်ရဲ့ ကမ္ဘာပတ်ခရီးစဉ်ကြီးကတော့ ယခုရက်ပိုင်းအတွင်း ထွက်ပေါ်လာပါပြီ။ ခရီးစဉ်ထုတ်ပြန်ကြေငြာချက်ကို ၀မ်းသာအားရ ဖတ်ရှုလိုက်ရသည့်အခါ Rangoon- Bangkok- Zurich– Warsaw- Hungary- Czech- Burma ဆိုပြီးတော့ ရေးသားထားတာကို တွေ့လိုက် ရပါတယ်။ ဒီခရီးစဉ် ထုတ်ပြန်ကြေငြာချက်မှာ မြန်မာနိုင်ငံကို Burma လို့ ရေးသားထားသလို Yangon ကို လည်း Rangoon လို့ ရေးသားထားတာကို စိတ်မသက်မသာဖြင့် ဖတ်လိုက်ရပါတယ်။ ဒါ့အပြင် Czech နိုင်ငံ တွင်ပြုလုပ်မည့် Forum 2000 အခမ်းအနားမှာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုခေါင်းစဥ်နဲ့ ဒေါ်စုကြည်က ဦးဆောင်ဆွေးနွေးမှာကိုသိရေ တာ့ မြန်မာအမျိုးသမီးတစ်ယောက်

ယောက်ျားများကိုထိန်းနည်း

Image
ယောက်ျားများကိုထိန်းနည်း ၄ နည်းရှိသည်။ ၁. အစားကောင်းများဖြင့်ထိန်းနည်း (အစာအိမ်ကိုထိန်းနည်း) ၂. ပိုက်ဆံကိုထိန်းနည်း ၃. လူကိုထိန်းနည်း ၄. မိမိကိုယ်ကိုယ်ထိန်းနည်း ၁. အစားကောင်းများဖြင့်ထိန်းနည်း (အစာအိမ်ကိုထိန်းနည်း) နံပါတ်တစ်နည်းကိုအသုံးပြုသော မိန်းကလေးသည် သဘောထား အဖြူစင်ဆုံးဖြစ်သည်။ ထိုမိန်းကလေးမျိုးကို အိမ်ထောင်ဖက် အဖြစ်ရွေးချယ်သောယာက်ျားသည် ကံကောင်းသောသူဖြစ်သည်။ သူမသည် သူချစ်သောက်ျားကို လွတ်လပ်ခွင့် ပေးထားသောကြောင့်ဖြစ်သည်။ သူမအတွက် တစ်ခုသောမျှော်လင့်ချက်မှာ မိမိ ပြင်ဆင်ချက်ပြုတ်ထားသော အရသာရှိရှိ ထမင်းကောင်းဟင်းလျှာများကို မိမိယောက်ျား အချိန်မှန်မှန်ပြန်လာစားရန်သာဖြ စ်သည်။ ၂. ပိုက်ဆံကိုထိန်းနည်း နံပါတ်နှစ်နည်းကိုအသုံးပြုသော မိန်းကလေးသည် လည်လွန်းသောသူဖြစ်သည်။ ငွေသည် ယောက်ျား၏အသက်၊ ငွေသည် ယောက်ျား၏မာန၊ ယောက်ျားများကိုငွေဖြင့်

ခဏတစ်ဖြုတ် ကိစ္စ

Image
ခဏတစ်ဖြုတ် ကိစ္စ တဏှာဆိုတဲ့ တပ်မက်ခြင်း မှာ အကြောင်းအရာ တွေများပြား လှပါတယ်။ စားချင်၊ ဝတ်ချင်၊ လှပချင်၊ လိုချင်၊ ပိုင်ဆိုင်ချင်၊ ချမ်းသာချင်စသည့် တပ်မက်မှု တဏှာများစွာ တွေထဲက ကာမ တဏှာက လည်းအပါအဝင်ဖြစ် ပါတယ်။ လူ့လောကမှာ အဖိုနဲ့ အမ နှစ်မျိုးရှိကြသလို တိရိစ္ဆာန် သတ္တဝါတွေ ထဲမှာ အဖိုနဲ့အမသာ ရှိကြတာ သိကြပြီးသားပါ။ အဖို အမ ပေါင်းစပ်မှုကြောင့်သာ မွေး ဖွားပေါက်ဖွား လာခဲ့ကြတာပဲဖြစ် ပါတယ်။ အသိဉာဏ် ရှိသောလူသား တွေ အလုပ်အကိုင် ရှာဖွေစား သောက်ကြရာမှာ လုပ်ငန်းမျိုးစုံရှိ တဲ့အထဲက ကိုယ်ခန္ဓာကို ရင်းနှီး ရှာဖွေစားသောက် ကြရတဲ့ အမျိုး သမီးတွေ ရှိသလို အဲဒီမိန်းကလေး တွေကို စီမံအုပ်ချုပ် လုပ်ငန်းခွဲ ဝေ ဆက်သွယ် ဆောင်ရွက်ပေး ရတဲ့ 'ဂေါင်း'လည်း ရှိလာပြန်ပါ တယ်။ လူတွေဟာ ကာမတဏှာ နဲ့ပတ်သက်လာရင် အလွန်အမင်း ထက်သန်တဲ့ ယောကျာ်းတွေ မိန်းမတွေလည်း

မချမ်းသာချင်ဘူးလား

Image
မချမ်းသာ ချင်ဘူးလား။ ထိုစကားကို ဘဝတစ်လျှောက် အကြိမ်ဖန်များစွာ ကြားခဲ့ဖူး၏။ ထိုစကားကို အခြားသူ တစ်ဦး တစ်ယောက်အား ပြောဖူးပါသလား။ စဉ်းစားကြသည့် အခါ မပြောဖူး ခဲ့တာတော့ သေချာပေသည်။ ဘာကြောင့်လဲဆိုတာ့ ချမ်းသာခြင်းကို မိမိကိုယ်တိုင် သေချာစွာ နားမလည်သော ကြောင့် ဖြစ်သည်။ မချမ်းသာချင်ဘူးလား ဆိုသည့် စကား၏ အဓိပ္ပာယ်ကို အခြားနည်းဖြင့် ကြည့်သည့် အခါ မချမ်းသာချင်ဘူးလား ဆိုတာ ဆင်းရဲချင်လို့လား ဟူသည့် အဓိပ္ပာယ်လည်း ရသည်။ သို့သော်လည်း တကယ် ဆိုလိုရင်းက သူဌေး မဖြစ်ချင်ဘူးလား၊ ပိုက်ဆံတွေ မရှိချင်ဘူးလား၊ စည်းစိမ် ဥစ္စာ၊ အခြွေအရံ၊ တိုက်၊ ကား၊ ရွှေငွေ ရတနာတွေ မရှိချင်ဘူးလား ဟူသည့် ဆိုလိုရင်း ဖြစ်ပါသည်။ စင်ကာပူမှာ အလုပ် လုပ်စဉ်က တစ်ညနေမှာ ဂျူနီယာ ဆူပါ ဗိုက်ဇာလေး တစ်ယောက်က မိမိကို အိမ်

အိမ်ဦးနတ်ကို မမေ့စေချင်လို့တဲ့

Image
၁၇-၈-၂၀၁၃ နေ့က Myanmar Peace Center တွင် ကျင်းပခဲ့သော ကျေးလက် ဒေသဖွံ့ဖြိုးရေး  ဆွေးနွေးပွဲတွင် ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်းက အစိုးရအနေဖြင့် အုပ်ချုပ်ရေး ယန္တရားကို ပြင်ဆင်နေပြီ ဖြစ်တဲ့ အတွက် စနစ်ဟောင်းမှ အကျင့်ဟောင်း များကို မပြင်သည့် အဖွဲ့အစည်းများကို တိုင်ကြားဖို့ ပြည်သူများကို ဖိတ်ခေါ်သည့် အကြောင်း အွန်လိုင်းသတင်း တစ်ပုဒ်တွင် ဖတ်လိုက် ရသဖြင့် အားတက်မိရ၏။ သို့သော်လည်း တိုင်းပြည်နှင့် အ၀န်းရှိ အောက်ခြေ အဖွဲ့အစည်းဆိုသည့် ဟာတွေထံမှ အသံတွေ ကတော့ ထူးမခြားနားနှင့် ဒုံရင်းဒုံရင်း ၌ပင် ရှိနေသေးကြောင်း နားမစွင့်ဘဲနှင့်ပင် နားမဆံ့အောင် ကြားနေရသည်။ တစ်ရွာတစ်ပုဒ် ဆန်းသည့် တစ်တော တစ်ကြက်ဖ တွန်နေကြသံတွေ လားလည်း မသိ။ ခုထိကို အာဏာပါဝါတွေ ပြချင်နေကြတုန်း ရှိသည်ထင်၏။ အာဏာဆိုသည် ကလည်း သည်းခြေကြိုက်ဖြစ်သည့် အပြင် စိတ်ထင်တိုင်းကြဲခွင့် ရှိသည့်

အရိုက်ခံချင် လွန်းသော ကိုကိုချစ်၊ မမချစ်များ

Image
သြဂုတ်လမှာ ကျုပ်အသုဘ အတော်များများ ပို့လိုက်ရ တယ်ဗျာ။ ခင်ဗျားတို့လည်း  သိမှာပါပဲ။ ကျုပ်တို့ရဲ့ စာပေနယ်၊ သတင်းစာ နယ်ပယ်ထဲက အထင်ကရ ဆရာအချို့ကွယ်လွန်သွားကြတယ် မို့လား။ ရက်စက် လွန်းတဲ့ သေမင်းရဲ့ ခေါ်ရာနောက်ကို တစ်ယောက်ပြီး တစ်ယောက် လိုက်သွား ကြရရှာတယ်။ “ချစ်သူတို့ အသက်ကားတို၏။ မုန်းသူတို့ အသက်ကား ရှည်ကြ၏”ဆိုပြီး ဆရာမ မိုးမိုး(အင်းလျား) ကွယ်လွန် တုန်းက ဆရာတင်မိုးက ၀မ်းနည်း မှတ်တမ်းရေး ပါသေးသကော။ သွေးထွက်အောင် မှန်တဲ့ အလင်္ကာပေပဲဗျ။ ဒီလိုဘယ်အငြိုးနဲ့ ရက်စက်သွားမှန်း မသိတဲ့ သြဂုတ် လကြီးထဲမှာ သေမင်းက ကျုပ်တို့ ချစ်ရသော သူများကိုပဲ ရွေးခေါ်သွားသဗျ။ ကျုပ်တို့ မုန်းပါတယ် ဆိုသူတွေ ကျတော့ဗျာ။ ရှည်လိုက်ကြတဲ့ အသက်တွေ။ ကျုပ်တို့ကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ဖို့များ ဘယ်နတ်ဘုရားတွေက အသက်ရှည်အောင် ဖန်ဆင်းထားသလဲ မေးရမလိုဖြစ်နေ သဗျ။ ယုတ်မာရက်စက်၊ အသတ်အဖြတ်မှာ ငါဆရာ၊ အမိုက်မှာ အောင်လံ ထူကြသူတွေ ကျတော့ အသက်တွေ ရှည်သလား မမေးနဲ့။ ဘာပဲပြောပြော မုန်းသူတွေကို ကျုပ်တို့ ဆက်မုန်းနေရဦး မှာပေါ့ဗျာ။ အသက်တိုကြရှာတဲ့ ချစ်ရသော သူများအတွက်တော့ လွမ်းတေးကို ဆက်၍ သီကုံးရပေ ဦးမပေါ့။ ပြည်သူ

ရဲမေ ကြောက်ကြောက်

Image
တစ်နေ့သ၌ ကျွန်ုပ်သည် အခြေချ နေထိုင်ရာမြို့တော် ရန်ကုန် စမ်းချောင်း အရပ် စမ်းချောင်း လမ်းမကြီး အတိုင်း ပြည်လမ်းဘက်သို့ လမ်းလျှောက် ထွက်ခဲ့ရာ ပေါင်းတည် သားသခင်အောင်ကြီးမိသားစု၏ ‘ကုမုဒြာ အရိုးအကြော အထူးကု’ဆေး ခန်းကြီး အနီးအရောက်မှာ ‘ဘိုး တော်…ဘိုးတော်’ ဟု ခေါ်သံသာသာ ကိုကြား၍ လှည့်ကြည့် လိုက် ပါလေသော် ကျွန်ုပ်တို့ သီရိခေတ္တရာမှ နှမတော် တစ်ဦးကို အထူး ရုတ်တရက်တွေ့လိုက် ရပါပေတော့၏။ ”ဟဲ့ကောင်မ မိသဇင်… နင် နင် ငါ့ကို ကိုယ်ထင်ပြနေတာမဟုတ်လား နင် နိုင်ငံခြားမှာ ပဲလို့ ငါတို့သိထားတာ” ”ဟုတ်ပါတယ် ဘိုးတော်ရာ။ ဒီကိုပြန်ရောက်တာတော့ အတော်ကြာ ပါပြီ။ ဘယ်ဆွေမျိုး ဘယ်သူ့ဘယ်သူဆီမှ မရောက်ဘဲ ပါလာတဲ့ ငွေခဲကလေးနဲ့ တစ်နိုင်တစ်ပိုင် စီးပွားရေးလေး တစ်ခု ပြန်ပြီးထူထောင် နေလို့ပါ။ ဒါနဲ့ ချစ်ဇနီး မမချိုကော နေကောင်းတယ် မဟုတ်လား” ”အေး နင့်အစ်မကတော့ လှလို့ဝလို့ဆို ပါတော့ဟာ။ ကြီးလေနုလေ၊ ကြီး လေနုလေ ဆိုတော့ကာ မနက်မနက်

ဈေး ရောင်း ကောင်း ပါ စေ

Image
အော်..ဘ၀တွေ ၀မ်းတခါအတွက် ရုန်းကန်နေကြရတာ...   ဒီနေ့ဈေးရောင်းပြီးရင် ဆန်ဝယ်ပြီးထမင်း ချက်ရအုံးမယ်...      ဈေးရောင်းကောင်းရင် ပိုက်ဆံစုပြီးသားလေးကို ကျောင်းထားပေးရအုံးမယ်... ငါကြောက်နေလို့မရဘူး...စားဝတ်နေရေးအတွက် ငါတွေဝေနေလို့မရဘူး... ဘ၀ကတွေက ခါးသီးလွန်းတော့ ရုန်းကန်မှုတွေနဲ့ တိုက်ပွဲဖြစ်နေရမှာပဲပေါ့... ဒီနေ့အတွက် ရည်ရွယ်ချက်တခုပဲရှိတယ်... ဈေး ရောင်း ကောင်း ပါ စေ... phoe phyu  Poem

ကိုရီးယားရုပ်ရှင် ဘာကြောင့်အောင်မြင်

Image
အရက်သောက်နေသူ မိန်းကလေး စကတ်တိုတို၊ ပေါင်သား ဖြူဖြူ၊ ချောမောလှပ ငယ်ရွယ် သော မိန်းကလေး တစ်ယောက် သည် ယောက်ျား လေးတစ်ဦး နှင့်အတူအရက်ဆိုင်မှာ အရက် ထိုင်သောက်နေ သည်။ စကား ပြောလိုက်၊ သောက်လိုက်၊ ရယ် လိုက်ဖြင့် အချိန်ကြာလာသော အခါ မိန်းကလေးသည် စားပွဲ ပေါ် မှောက်သွား တော့သည်။ အရက်၏ တန်ခိုးကြောင့်မိန်း ကလေးခေါင်းတောင် မထူနိုင် တော့။ ယာက်ျားလေးက မိန်းက လေးကို ကျောပိုးပြီး မိန်းက လေးနေအိမ်သို့ လိုက်ပို့ရသည်။ မိန်းကလေးနေအိမ်ရောက်၊ နေ အိမ်ခန်းအတွင်းသို့ဝင်၊ မိန်းက လေးကို အိပ် ရာပေါ်သို့ တင် ပေးရသည်။ အိပ်ခန်းအတွင်း ဝယ် ခေါင်းမထူအောင် မူးနေ သည့် မိန်းကလေးတစ်ဦးနှင့် အနည်းငယ်သာ မူးနေသည့် ယောက်ျားလေးတစ်ဦး။ ထိုအခါ အဆိုပါမြင်ကွင်းသည် ကို ရီးယားရုပ်ရှင်၊ ရုပ်သံဇာတ် လမ်းတွဲတိုင်းလိုလိုတွင် ပါ ဝင် နေကျ ဇာတ်ဝင်ခန်း များပင် ဖြစ်ပါသည်။ ထိုဇာတ်ဝင်ခန်း များပါသော

ကျမ တွေ့ခဲ့ဖူးသော သူတို့နှစ်ယောက်

Image
“ ကျမ တွေ့ခဲ့ဖူးသော သူတို့နှစ်ယောက် ” လူ့လောကတွင် ဖြစ်လေ့ဖြစ်ထရှိသော အဖြစ်အပျက်တွေ ဆိုပေမဲ့ ကျမအတွက်တော့ စဉ်းစားစရာအတွေးများစွာ  ပဟေဠိများစွာကို သူတို့(၂)ဦးထံမှရရှိခဲ့ဖူးသည်. .။ တစ်ယောက်က ကျမ၏ဘကြီးတော်သူ ဖြစ်ပြီး နောက်တစ်ယောက်ကတော့ ကျမတို့ရပ်ကွက်ထဲမှ 'ကိုမင်း' ဆိုသူဖြစ်သည်..။ လွန်ခဲ့သော(၂၅)နှစ်ခန့်က ဖြစ်သည် ။ ဘကြီးသည် ဒေးဒရဲမြို့နယ် အမာရွာမှ ရဲအရာရှိတစ်ယောက်ဖြစ်ပြီး သမီး(၂)ယောက်နှင့် သား(၁)ယောက်ရှိသည်။ ဇနီးသည်ကိုလည်း အလွန်ချစ်သူလည်းဖြစ်သည်..။ အဲဒီအချိန်က ဘကြီး၏ အသက်မှာ (၄၇)နှစ်ခန့်ရှိပြီ ၊ သမီးအကြီးမှာ ရဲမေသင်တန်းတက်နေသူ.. သမီးအလတ်က တတိယနှစ် သက္ကသိုလ်ကျောင်းသူ.. သားအငယ်က (၈)တန်းကျောင်းသား..။ အလွန်ပျော်ရွှင်စရာကောင်းသော မိသားစုလေးပင်။ ရုတ်တရက် ဘကြီး၏ဇနီး ဦးနှောက်သွေးကြောပြတ်ပြီး ဆုံးပါးသွားခဲ့သည်..။ ဇနီးဆုံးပြီး (၁)လ အကြာတွင် ဘကြီးတစ်ယောက်အစိုးရအလုပ်မှထွက် ပြီး ရာသက်ပန် သာသနာ့ဘောင်သို့ဝင်သွားခဲ့သည်.. ..။ သားသမီး(၃)ယောက်နှင့် အိမ်ကို ဆွေမျိုးများထံ အပ်နှံထားခဲ့သည်...။ သား/သမီးများမှာ ကလေးငယ်များ မဟုတ်ကြတော့သည့်အတွက် ဖခင်ဖြစ်သူ ဘကြီးအတွက် ကံကောင်းသည်ဟ

တပည့်တာဝန်ကျေချင်ပါသည်

Image
“ တပည့်တာဝန်ကျေချင်ပါသည် ” မျက်ရည်များကြားမှ ကျမပြုံးနေသည်၊ ကျမတစ်ယောက်ထဲမဟုတ် ဝန်ထမ်းများလည်းပြုံးနေကြသည်။ ထိုအပြုံးတွေကြားထဲကမှရှိုက် ကြီးတငင်ငိုနေသူကတော့ ကျမတို့ဆိုင်မှမန်နေဂျာဖြစ် သူ Mrs.Xenia ပင်ဖြစ်သည်။ ၂၇.၁၀.၀၉ နေ့တွင်ကျရောက်သော သူမ၏မွေးနေ့ပွဲလေးကို ဆိုင်သိမ်းပြီးချိန်တွင် ကိတ်မုန့်ခွဲ၍ကျင်းပခဲ့ကြသည်။ သူမ၏မွေးနေ့မတိုင်ခင် (၁)လအလိုကတည်းက ဒီအစီအစဉ်ကိုသူမမသိအောင် ကျမကြိတ်၍စီစဉ်ခဲ့ခြင်းဖြစ် သည်။ ဝန်ထမ်းများအတွက်တစ်ပတ်တစ်ခါ ခွဲတန်းဖြင့်ရသော Tip money (ဧည့်သည်ကပေးသောမုန့်ဖိုး) များထဲမှ မိမိတို့စေတနာရှိသလောက်ကိုစုဗူးတစ်ခုထဲတွင် တစ်လတိုင်တိုင် စုစေပြီး Msr.Xenia

အဲဒီ အသံကို ပဲ့တင်သံလို ခေါ်တယ်

Image
တစ်ခါက ဖခင်ဖြစ်သူက တောင်ကြားတစ်ခုထဲကို ဘာစကားတစ်ခွန်းမှ မပြောပဲခေါ်သွားခဲ့ပါတယ် ။ သားဖြစ်သူကလည်း ဖခင်က ဘာမှ မပြောတော့ ဖခင်နောက်ကနေ တိတ်တိတ်လေးလိုက်လာခဲ့ပါတယ် ။   လမ်းမှာ ကျောက်ခဲတွေ အရမ်းများတဲ့အတွက် တောင်ကြားခလယ်ခေါင်လောက် အရောက်မှာ သားဖြစ် သူက ကျောက်ခဲတစ်ခဲနဲ့ တိုက်မိပြီး နာကြင်စွာနဲ့ အားလို အော်လိုက်ပါတယ် ။ အဲလိုအော်လိုက်တဲ့အသံက တောင်တွေနဲ့ ရိုက်ခတ်ပြီး အား ဆိုတဲ့ ပဲ့တင်သံကို သားဖြစ်သူထပ်မံကြားလိုက်တဲ့အတွက် ဘယ်သူများ သူလို အော်သလဲဆိုပြီး အံသြသွားပါတယ် ။ အဲလို ပဲ့တင်သံကို တစ်ခါမှ မကြားဖူးတဲ့အတွက် အသံဘယ်ကလာလဲဆိုတာ သိချင်တဲ့အတွက်

အချိန်ပြောင်း ဆိုင်ကယ်ပြောင်း မန္တလေး

Image
 မန္တလေးမြို့တော်၏ နံနက်ခင်း နေရောင်သည် အပူဓာတ်ကို သိသိသာသာ ခေါ်ဆောင်လာသည်။ အထင်ကရ ၇၈ လမ်းမကြီးပေါ်တွင် အရောင်အသွေးမျိုးစုံ၊ အမျိုးအစား ကွဲပြားသော ဆိုင်ကယ်များစွာ တို့သည် ဥဒဟိုသွားလာနေကြသည်။ ဆိုင်ကယ်ဦးထုပ်ဆောင်း၊ မျက်နှာဖုံးကာ၍ နေရောင်ကာကွယ်သော လက်အိတ်များ စွပ်ထားသည့် ဆယ်ကျော်သက် အမျိုးသမီးငယ်တို့၏ ဆံနွယ်များ လေအဟုန်တွင် ပျံ့လွင့်လျက်။ မန္တလေးမြို့၏နိစ္စဓူဝ မြင်တွေ့နေရသော ထိုလှုပ်ရှား သွားလာမှုများမှာ မပြောင်းလဲသော်လည်း စီးနင်းနေကြသည့် ဆိုင်ကယ်များမှာ သက္ကရာဇ်ဂဏန်းများ ပြောင်းသကဲ့သို့ ပြောင်းလဲသွားကြသည်။ ၂၀၀၀ ပြည့်နှစ် အစောပိုင်းကာလများတွင် ဂျပန်နိုင်ငံထုတ် စူပါကပ် (ဟွန်ဒါ)၊ ဒို(ဒိုမက်စတစ် YAMAHA)၊ အာစတပ် (၁၉၉၆ ခုနှစ်ထုတ်နှင့် ၁၉၉၇ ခုနှစ်ထုတ် YAMAHA) များ စီးနင်းခဲ့ကြသော်လည်း ဆိုင်ကယ်စီးသူ နည်းနေသေးပြီး အများစုမှာ စက်ဘီးစီးကြသည်ကို တွေ့ရသည်။ ယင်းနောက်ပိုင်းတွင်

လေ့ကျင့်ခန်း လုပ်ပြီး ရေချိုးခြင်း၏ အစွမ်း

Image
လေ့ကျင့်ခန်း လုပ်ပြီး ရေချိုးခြင်း၏ အစွမ်း လေ့ကျင့်ခန်းတွေ လုပ်ပြီးတိုင်း ရေ ချိုးတာဟာ ခန္ဓာကိုယ်ကို သန့်ရှင်းစေရုံ သာမက ကိုယ်အလေးချိန် ကိုပါ ကျစေ ပါတယ်။ စိတ်ဖိစီးမှုကို လျော့ကျတဲ့ အ ပြင် ကိုယ်ခံအား ကောင်းစေတာကြောင့် အားကစား လုပ်သူတွေ အတွက် ရေချိုး တာရဲ့ အကျိုးကို ဖော် ပြလိုက် ရပါတယ်။ (၁) တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် ကောင်းခြင်း ကိုယ်လက်လေ့ကျင့် လုပ်ပြီးတဲ့ အ ခါ ချွေးတွေထွက်တာမျိုး၊ အားကစား လုပ်တဲ့အခါ တခြားသူတွေနဲ့ ထိတွေ့ရ တာမျိုးတို့မှာ ရေချိုးပေးတာဟာလည်း တွေမှာလည်း  ရေကူးပြီးတိုင်း ရေ ပြန်ချိုး ဖို့ မမေ့သင့် ပါဘူး။ ဘာလို့လဲဆိုတော့ ရေကူးကန်တွေဟာ ရေသန့်စင်ဖို့အတွက် ကလိုရင်းဒြပ်စင်တွေ ထည့် ထားတာ ကြောင့် အသားအရေနဲ့ ဆံပင်တွေကို ပျက်စီးစေလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ရေကူးကန်က ထွက်လာ တိုင်း တဘက်နဲ့ ရေသုတ်ရုံ

အိမ်ထောင် တစ်ခု ပြုမယ် ဆိုရင်

Image
အိမ်ထောင် တစ်ခု ပြုမယ် ဆိုရင် A . . Age .. အသက် ဖြစ်ပါတယ် .. ကိုယ်နဲ့ အိမ်ထောင်ပြုမယ့် သူဟာ အသက် ကွာခြားချက်ကြီးလို့မရပါဘူး ...အသက် ( ၅ )  နှစ်ဟာ ခေတ် တစ်ခေတ် ကွာပါတယ် ... အတွေးအခေါ် အယူအဆ ဖြတ်သန်းလာခဲ့ရတဲ့ ဘ၀ ပေးသင်ခန်းစာ တူဖို့ ဆိုတာ အင်မ တန် ခက်ခဲပါတယ် ...   B .. Beauty .. အလှအပ ဖြစ်ပါတယ် ... ကိုယ်နဲ့ ယူမယ့် အိမ်ထောင်ဘက်ဟာ ... ကိုယ်နဲ့ လိုက်ဘက်တဲ့ ရုပ်ရည် ရူပကာ ရှိသင့် ပါတယ် .... C .. Character .. အကျင့် စာရိတ္တ ... ကိုယ်နဲ့ ပေါင်း ဖက်မယ့် အိမ်ထောင် ဖက်ဟာ အကျင့်

သူတို့တွေကျတော့ ချော့တတ်တယ်နော်

Image
သူတို့တွေကျတော့ ချော့တတ်တယ်နော်.....   လက်ထပ်ပြီးလဲ သူမက ရည်းစားဖြစ်တုန်းကလိုပဲ သူ့ကိုအနိုင်ယူ၊ > စိတ်ကောက်တတ်တုန်း.... > > တစ်နေ့မှာ မိတ်ဆွေနဲ့ချိန်းထားလို့ နှစ်ယောက်သား အိမ်ကထွက်လာခဲ့ကြတယ်။ အိမ်က > ထွက်လာတုန်းက အကောင်းပါ။ လမ်းတစ်ဝက်ရောက်တော့ သူမရဲ့ အကျင့်ဆိုးက ဖောက်လာပြီး > သူ့ကိုအပြစ်ရှာတော့တယ်။ သူက အေးဆေးပြီး စကားနည်းသူပါ။ ဒါပေမယ့် ဒီတစ်ကြိမ်တော့ > သူသည်းမခံနိုင်ခဲ့ဘူး။ သူမကို လမ်းပေါ်မှာထားခဲ့ပြီး အိမ်ကို > သူလှည့်ပြန်လာခဲ့တယ်။ > > တစ်ခါမှ သူစိတ်ဆိုးတာကို မခံဖူးတဲ့ သူမက လမ်းလယ်မှာ မျက်ရည်တွေနဲ့ > တစ်ယောက်တည်းကျန်ခဲ့တယ်။ ဒါပေမယ့် အရှုံးမပေးဘဲ စိတ်ကောက်အရွဲ့တိုက်တတ်တဲ့

အိမ်၌ မပြု-မထားသင့်သော ရှောင်သင့်သော အရာများ

Image
    ခေတ်ကြီးသည် ၂၀ ရာစုမှသည် ၂၁ ရာစုသို့ရောက်ရှိလာခဲ့ပါပြီ။ အရာရာတို့ သည်လည်းတစ်ခေတ်ပြီး တစ်ခေတ်ပြောင်းလဲခဲ့ကြပါပြီ။ သို့ပါသော်လည်းကျွန်တော်တို့ဘိုးဘွားစဉ်ဆက်ဆိုမိန့်ခဲ့ကြသော အောက်ပါအချက်ကလေးများကတော့ ဘာကြောင့်ပဲဖြစ်ဖြစ် အသက်ဝင်နေဆဲ၊အလေးဂရုပြုရမည့်အရာ များ ဖြစ်နေဆဲဖြစ်ပါတော့သည်။ ၁။ အိမ်ရှေ့၌ ဌက်ပျောပင်မစိုက်ကောင်း။ ၂။ ကိုယ်ဝန်ဆောင်များသည် အပြောအဆိုမကြမ်းကောင်း။ ၃။ လက်ဖက်သုပ်စားပြီးနောက် ကလေးငယ်၏ပါးကို မနမ်းကောင်း။ ၄။ ကတ်ကြေး၊ကွမ်းညှပ်၊ဓား စသည်တို့ကို ဖြတ်စရာ ညှပ်စရာ မပါပဲ မညှပ်ကောင်း။ ၅။ သစ်ပင်နှစ်ပင်ကြားတွင် အ၀တ်လှန်းရန် ၀ါးမညှပ်ကောင်း။ ၆။ အိမ်တွင် ဇယ်မခုတ်ကောင်း။ ၇။ အိမ်သားတစ်ဦးဦး ဖျားနာနေစဉ် ခေါင်းမလျှော်ကောင်း။

ဆံသားနှင့်အရေပြားများကို ပျက်စီးစေသောအကြောင်း (၈)ရပ်

Image
(၁) ရေနွေးပူနဲ့ မျက်နှာသစ်ခြင်း။ ခံနိုင်ရည်စွမ်းအားထက်ပိုပူတဲ့ ရေနွေးနဲ့  မျက်နှာသစ်ခြင်းက သွေးကြောတွေပျက်စီးစေကာ၊ အသားအရေခြောက်သွေ့ ပြီး အရေ ပြားများ ပက်ကျားအက်လာစေပါတယ်။ ပုံမှန်ရေအေးနဲ့ သာမျက်နှာသစ်ပါ (သို့ မဟုတ်) ကြက်သီးမွေးညင်းထရုံလောက် ရေနွေး နွေးလေး ကိုသာသုံးပါ။ (၂) အလွှာလိုက်ကွာကျစေခြင်း။ မျက်နှာပေါ်ကအမဲစက်၊ မှည့်ခြောက်၊ တင်းတိပ်တွေကို ဖယ်ရှားပေးတဲ့ ကရင်မ်တွေက မျက်နှာပေါ်ရှိ ဆဲလ်အသေတွေကို အလွှာလိုက်ကွာကျကာ မျက်နှာဖြူလာစေတာမှန်သော်လဲ၊ တစ်ပတ် ၂-ကြိမ်ထက် ပိုလိမ်းပါက အရေပြားကိုပျက်စီးသွားစေပါ တယ်။ (၃) မိတ်ကပ်တွေနဲ့ အိပ်စက်ခြင်း။ အရေပြားကို ပျက်စီးစေမှုအများဆုံးအကျင့်ဆိုးထဲမှာ မိတ်ကပ်မဖျက်ဘဲညအိပ်တာလည်း

အမေစုဟာဘယ်လို ခက်ခဲကြမ်းတမ်းတဲ့

Image
အမေစုဟာဘယ်လိုခက်ခဲကြမ်းတမ်းတဲလမ်းကိုလျှောက်ခဲ့ရသလဲ ဆိုတာ မသိမမှီလိုက်ရတဲ့ သူတွေလည်း သိရအောင် သိပြီးသူများလည်း ပြန်အမှတ်ရအောင် (remind)ပေါ့။ ၁.၁၁.၁၉၉၆ ရက်နေ့နေ့ ၂နာရီ အင်းတော်မြို့အနီး လယ်ပြင်ရွာ မူလတန်းကျောင်းဝင်းအတွင်း ပြုလုပ်တဲ့ ကြံ့ဖွံ့အသင်းဝင်လွှာပေးအပ်ပွဲမှာ ကြံ့ဖွံ့အသင်းအတွင်းရေးမှုး ရထားဝန်ကြီး ဦးဝင်းစိန်က အခန်းအနားမှာ စကားပြောတော့ ဒေါ်စုကြည်ကို သုတ်သင်ရှင်းလင်းပစ်ရမယ်။ သုတ်သင်တယ်ဆိုတာ သတ်ပစ်ရမယ်လို့ ပြောတာ။  အောင်းဆန်းစုကြည်ကို သတ်ရဲသလား (သုံးကြိမ်တိုင်မေး) .. တကယ်လည်းပဲ အောက်ပါအတိုင်း အကောင်အထည်ဖော်ခဲ့ကြပါတယ်။

Living Together ကိစ္စနှင့် Singapore ကိစ္စနောက်ဆက်တွဲများ

Image
အလွန်ပင်ယဉ်ကျေးသိမ့်မွေ့ ပြီး အနေအထိုင်အပြောအဆို၊ အပြုအမူတို့ များတွင် ကျက်သရေနှင့်မင်္ဂလာ ရှိသောကြောင့် မိန်းမတို့ ကုနြေ္ဒရွှေပေးလို့မရဆိုပါသည်။ အရှက်သိက္ခာ နှင့်နာမည်ဂုဏ်သတင်းတို့ တွင်အသက်ထက်တန်ဖိုးထားမြတ်နိုးကြသည်။ ယခု၂၁ ရာသစ်တွင် မိဘများသည် သူတို့၏စီးပွားရေးနှင့် ၀မ်းရေး နှင့် မိသားစု စားဝတ်နေရေးပြေလည်စေရန်အတွက် ဖခင် နှင့်မိခင်တို့သည် နေ့စဉ်လိုလို ကြိုးစားရုန်းကန်ပြီး ၀င်ငွေရှာဖွေနေကြသည်။ထို့သို့ မိဘများသည် သားသမီးများ ပညာရေး နှင့် စားဝတ်နေရေးတို့ အတွက် နေ့စဉ်ရုန်းကန် ရှာဖွေနေရသော်ငြားလည်း သားသမီးများသည် အချိန်တန်လျှင် သူငယ်ချင်းများနှင့်အပြင်ထွက်လည်ပတ်၊အများနည်းသူ Shopping တွေထွက်ကြ၊အသစ်အဆန်းများတွေ့ လျှင် ၀ယ်ကြ၊ချစ်သူများနှင့်တွေ့ လျှင် သုံးဖြုန်းကြ၊အသောက် စားတတ်သူများကလည်း အသောက်စားများနှင့် ကလပ်များ

စကြာမင်းကြီး စိတ်ကူးပုံ

Image
" စကြာမင်းကြီး စိတ်ကူးပုံ " ရှေးလွန်လေပြီးသောအခါ ငါတို့ ၏ ဘုရားအလောင်းတော်သည် တစ်ခုသော ဘ၀၀ယ် "တိလောက ၀ိဇယ" မည်သော စကြာမင်း ဖြစ်ခဲ့ဖူး၏။ ထိုမင်းသည် သံဃာတော်အများနှင့် တကွ ရှေးရှေးသောဗုဒ္ဓရှင်တော်မြတ်တို့ ကို လည်းကောင်း၊ ပစ္စေကဗုဒ္ဓါတို့ ကိုလည်းကောင်း စိတ်ထဲ၌ ထင်မြင်လာအောင် စိတ်ကူး၏။ စိတ်ကူးသည့်အတိုင်း ထင်လာသော ဘုရားရှင်ကို  လက်အုပ်ချီ၍ ဦးခေါင်းညွတ်လျက် နှစ်သက်ကြည်ညို ရိုသေစွာ ရှိခိုးဦးချ၏။ ထိုမျှဖြင့် အားမရသေးဘဲ ရတနာမျိုးစုံဖြင့် ခြယ်လှယ်အပ်သော ဝေဇယန္တာမည်သော ရတနာဗိမာန် ပြဿာဒ်တော်ကြီးကို အထပ်ပေါင်းများစွာ  ဆင့်လျက်စိတ်ကူးဖြင့် ဖန်ဆင်းလျက် ရှိ၏။ ထိုဗိမာန်ကြီးဝယ် တင့်တယ်သားနားသော