Posts

Showing posts from December 1, 2015

ကံ ၊ ကံ၏အကျိုး (ကွယ်လွန်ပြီးတာတောင် ကြွေးဟောင်းဆပ်နေရတာ )

Image
လွတ်လွတ်လပ်လပ် သွားလို့လာလို့ရပါပြီ  <>*<>*<>*<>*<>*<>*<> . ယုံချင်ရုံ ၊ မရုံချင်နေပါ ။ မိမိကိုယ်ပိုင်ခံစားတွေးခေါ်နိုင်ပါသည် ၊ သင်ခန်းစာယူတတ် ၊ ယူနိုင်ရန်မျှဝေမှုပါ Golden Gpoup. . . ဤဇာတ်လမ်းသည် တကယ့်အဖြစ်အပျက် ဖြစ်သည်။ ကျောင်းကုန်းမြို့နယ် ဒေါင့်ကြီးကျေးရွာသည် စည်ကားသောရွာကြီးတရွာ ဖြစ်ပါသည်။ . တိုက်နယ်ဆေးရုံ၊ အ-ထ-က ကျောင်း၊ စည်ကားစွာ  ရောင်းဝယ်ဖောက်ကားနေသော ကုန်စုံဆိုင်၊  အထည်ဆိုင်၊ တိုက်တာပေါများပြီး အိမ်ကြီးအိမ်ကောင်းများနှင့် စည်ကားစွာ ရှိပါသည်။ .  ဒေါင့်ကြီးရွာတွင် မောင်ကံညိမ်းသည် ဇနီးနှင့် သားသမီးသုံးယောက်နှင့်နေထိုင်သည်။ သူ၏အမ ဒေါ်သိန်းသည် လွန်ခဲ့သော ၆-နှစ်ခန့်လောက်က

မိဘကျေးဇူး အကျေဆပ်နည်း

Image
ဤကမ္ဘာလောကတွင်မိဘကျေးဇူးကိုအထူးသိ၊ အထူးဆပ်လိုတဲ့သူတော်ကောင်းတိုင်းအတွက် အတုယူအားကျစရာ ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်ကတော့ မြတ်စွာဘုရားရှင်ဘဲဖြစ်ပါတယ်။ မြတ်စွာဘုရားရှင်က ဘ၀တစ်ပါးပြောင်းသွားပြီဖြစ်တဲ့ မယ်တော် (သန္တုဿိတနတ်သား) ကို ဘ၀သံသရာ ၀ဋ်ဒုက္ခက လွတ်မြောက်အောင်ကယ်တင်တော်မူပြီး၊ မယ်တော်နတ်ရွာစံပြီး မိမိကိုနို့ချိုတိုက်ကျွေးခဲ့တဲ့ မိထွေးတော် မဟာပဇာပတိဂေါတမီထေရီမကြီးကိုလည်း ရဟန္တာဖြစ်တဲ့အထိ “ဓမ္မနို့ရည်”တိုက်ကျွေးခြင်းဖြင့် မိခင်ကျေးဇူးကို“နို့နှစ်လုံးဖိုးကျေအောင်”ဆပ်နိုင်ခဲ့ပါတယ်။ . ခမည်းတော်သုဒ္ဓေါဒနမင်းကြီးကိုလည်းလူဝတ်ကြောင်ဘ၀နဲ့ ရဟန္တာဖြစ်ပြီးကျွတ်တမ်းဝင်အောင်လမ်းညွန်ပေးပြီး ဖခင်ကျေးဇူးကိုလည်း“လက်ရုံးနှစ်ဖက်ဖိုးလုံးကျေအောင်”