Posts

Showing posts from January 7, 2014

န၀ရတ်ကိုးပါး

Image
န၀ရတ်ဟူသည် န၀ရတနဟူသော ပါဠိမှလာ၍ ရတနာကိုးပါးဟု အနက်ရသည်။  ထိုကိုးပါးသော ရတနာတို့မှာ - ၁။ ပုလဲ ၂။ သန္တာ ၃။ နီလာ ၄။ စိန် ၅။ ကြောင် ၆။ မြ ၇။ ဥဿဖယား ၈။ ပတ္တမြား နှင့် ၉။ ဂေါ်မုတ် တို့ ဖြစ်ကြသည်။ ယင်းရတနာကိုးပါးစလုံးသည် ကျောက်မျက်မျိုးတွင် ပါဝင်သော ရတနာများဖြစ်သည်။  ၄င်းတို့အနက် စိန်၊ ပတ္တမြား၊ မြ နှင့် နီလာ တို့သည် အဖိုးအတန်ဆုံး ဖြစ်ကြသည်။ ပုလဲ နှင့် သန္တာ သည် တွင်းထွက်ကျောက်မျက်များ မဟုတ်ဘဲ ပုလဲကို ကမာ (သို့မဟုတ်) မုတ်ကောင်၏

နှစ်ပါတ်လည်အလိုက် အခေါ်အဝေါ်နှင့် ပေးသင့်သော လက်ဆောင်များ

Image
ဘဝတစ်ခုအစတည်ပြီး လူရယ်လို့ ဖြစ်လာကြပြီဆိုရင် ချစ်သူ၊ ခင်သူ၊ ကြင်နာသူတွေ ခရီး တစ်ကွေ့မှာ တွေ့လာကြရပါတယ်။ တစ်ခါတရံ ကိုယ့်ဘဝထက်ပိုပြီး ချစ်သွားခဲ့ရတဲ့ ချစ်သူဆိုတာလည်း ကြုံတွေ့ဖူးခဲ့ကြမှာပါ။ ဘဝခရီးတစ်ကွေ့မှာ ရေစက်ပါလို့ ခဏတာ ဆုံတွေ့လာခဲ့တဲ့ ကိုယ့်ရဲ့ ပါရမီဖြည့်ဘက် ဘဝလက်တွဲဖော်ဆိုတာကတော့ ဘုရားပေးတဲ့ ဆုလာဘ်တစ်ခုဖြစ်လာကြပြန်ပါတယ်။ အနားမှာရှိစဉ်က သတိမထားခဲ့မိပေမယ့် ဝေးသွားတဲ့အခါမှ နောင်တကြီးငယ်ရပြီး အစားထိုးမရတဲ့ ဆုံးရှုံးမှုတွေလည်း ကြုံဖူးကြမှာပါ။ တစ်စုံတစ်ခုကို ခုချိန်မှာ သိလိုက်ပြီဆိုရင် အချိန်နှောင်းတယ်လို့ မဆိုနိုင်သေးပါဘူး။ အခွင့်သာခိုက်ပေးဆပ်ခွင့်ရှိတုန်း ကိုယ်ချစ်တဲ့ သူကို ချစ်တယ်လို့ လေးလေးနက်နက်ပြောကြည့်လိုက်ပါ။ နှုတ်က ဖွင့် မဟခဲ့ရင်တောင် ခွဲမသွားပါနဲ့ဆိုတဲ့ ခံစားမှုမျိုးနဲ့ သင့်ရဲ့ ရင်ခွင်ထဲမှာ ခပ်တင်းတင်းလေး

အကုသိုလ်ပြုရင် ဒုက္ခရောက်ပါစေ၊ ကုသိုလ်ပြုရင် ကောင်းကျိုးခံစားရပါစေ

Image
အမျိုးသမီးတစ်ယောက်ဟာ မိသားစုဝမ်းရေးအတွက် မနက်တိုင်း ဘိန်းမုန့် ဖုတ်ရောင်းပါတယ်။ မိသားစုဝင်တွေ လည်း နံနက်စာအဖြစ် ဘိန်းမုန့်ပဲ စားကြပါတယ်။ နောက်ပြီး မနက်တိုင်း မနက်တိုင်းမှာ ခါးကုန်းကုန်းသူတောင်းစားအဖိုးကြီးတစ်ယောက် ရောက်လာတတ်ပြီး စားစရာလာတောင်းတတ်တဲ့ အတွက် သူ့အတွက်လည်း ဘိန်းမုန့် တစ်ချပ် အပိုဖုတ်ထားပေးပြီး ပြတင်းပေါက်မှာ တင်ထားပေးပါတယ်။ သူမ အလုပ်မအားလပ်တဲ့အချိန်ရောက်လာရင် သူ့ဘာသာယူသွားနိုင်အောင်လို့ပေါ့။ သူမ သတိထားမိတာက ထိုအဖိုးကြီး မုန့်လာယူတိုင်း ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားလေးတစ်ခွန်းတောင်မပြောဘဲ မုန့်ယူပြီးပြန်ထွက်သွားတိုင်းအောက်ပါအတိုင်း ရေရွတ်ပြောပြောသွားတယ်။ " အကုသိုလ်ပြုရင် ဒုက္ခရောက်ပါစေ၊ ကုသိုလ်ပြုရင် ကောင်းကျိုးခံစားရပါစေ "   နေ့တိုင်း နေ့တိုင်း အဖိုးကြီးမုန့်လာယူတဲ့အခါ အဲ့ဒီလို ပဲ ရွတ်ရွတ်သွားတဲ့ အတွက် မုန့်ကျွေးရတဲ့

အအို၊ အအို၊ အပျို၊၊

Image
တစ်ခါက သန်လျင်မြို့ရဲ့ ရက်ကွက်တစ်ခုမှာ  မိန်းမပျိုကလေး သုံးယောက် တက္ကသိုလ် အတူတူတက်ဖြစ်ကြတယ်။ တက္ကသိုလ် စတက်တဲ့ ပထမနေ့မှာ လမ်းထိပ်တစ်နေရာမှာ စုစည်းပြီး ကားမှတ်တိုင်ကိုအသွား လမ်းခုလတ်က အိမ် တအိမ်မှာ မွေးထားတဲ့ ကြက်တူရွေးတစ်ကောင် ရဲ့ မပီတပီ ရေရွတ်သံကို ကြားလိုက်ကြတယ်။ သူတို့သုံးယောက် အတူတူကြားလိုက်တာက “ အပြာ၊ အညို၊ အနက် ” ဆိုပြီး အရောင် သုံးရောင်ရေရွတ်လိုက်တဲ့ အသံပါပဲ။ ကြက်တူရွေးလေးက စကားပြောတတ်တယ် ဆိုပြီး သုံးယောက်သားအံ့သြလျှက် ကျောင်းကို ဆက်သွားကြတာပေါ့။ ညနေကျောင်းပြီးလို့ ပြန်လာတော့ ကြက်တူရွေးကို မတွေ့ရဘူးတဲ့။ ဒီလိုနဲ့ နောက်နေ့ မနက် အဲ့ ဒီအိမ်နားက ဖြတ်သွားကြတော့ ကြက်တူရွေးလေးကို ထပ်တွေ့ရပြန်တယ်။ ဒီတစ်ခါလည်း ကြက်တူရွေးလေးက အရောင်သုံးရောင် ထပ်ရွတ်ပြန်တယ်။ " ခရမ်း၊ အနက်၊ အနီ "ဆိုပြီးရွတ်ပြန်တယ်

အမျိုးသားများ အမှားလုပ်မိသောအချက် ( ၂၅ ) ချက် (၁၈ နှစ် မပြည့်သေးဘူများမဖတ်ရ)

Image
               ခေါင်းစဉ်ကိုအရင်ဖတ်ပါ။ စိတ်ဆုံးဖြတ်ပြီးမှ ဆက်လက်ဖက်ရှု့ပါ။ အထူးသဖြင့် အိမ်ထောင်ရှင်များနဲ့ ဗဟုသုတရှာမှီးသူများအတွက် ရည်ရွယ်ပါတယ်။ (၁) မိန်းကလေးတစ်ယောက်ရဲ့ နှုတ်ခမ်းလေးကိုတောင်မှ အရင်စမနမ်း ဘဲ အဓိကနေရာကိုပဲ   တိုက်ရိုက် အရောက်သွားမယ်ဆိုရင် သင်ဟာ သင့်ရဲ့ အချိန်တွေ၊ အကုန်ခံခဲ့ရတဲ့ ငွေတွေ ဒါမှမဟုတ်တစ်စုံတစ်ရာ အတွက် တန်ရာတန်ကြေးရဖို့ လုံးပန်းနေတာနဲ့ တူသွားပါလိမ့်မယ်။ ဒါကြောင့် အစပျိုးတဲ့ အနေနဲ့ ပြင်ပ အစိတ်အပိုင်းတွေမှ တဆင့် ကြင်ကြင်နာနာနဲ့ တဖြည်းဖြည်းချင်းသွားဖို့ မမေ့ပါနဲ့။ ( ၂) အမျိုးသားအများစု အမှတ်မှားကြသည်မှာ မိန်းကလေးတွေဟာမုတ်ဆိတ်မွှေး

လက်ထက်ဖို့ စဉ်းစားပြင်ဆင်နေပြီလား ညီမလေး

Image
ဖေ့ဘွတ်မှာတွေ့လို့ပြန် ရှယ်လိုက်ပါသည်။ အစဆုံးဖတ်ကြည့်စေချင်ပါသည် ။ ရေးထားတာ အနှစ်သာရ ရှိပါတယ်။ မိန်းကလေးမှ မဟုတ်ပါဘူး ယောင်္ကျားလေးလည်း ဖတ်သင့်ပါတယ်။ တစ်ခါ တစ်ခါ ညီမလေးတွေ အိမ်ထောင်ပြု ဖို့စိတ်ကူး တာ ကြားမိရင်.. ကျွန်မ ရင်နည်းနည်းလေး မိတယ်..။ ကိုယ်ကို တိုင် အိမ်ထောင်ပြု ခဲ့ပြီးမှ ..သူများအိမ်ထောင်ပြု မှာကိုဘာလို့ရင်လေးမိပါလိမ့်လို့ ကျွန်မကိုယ်ကျွန်မ ပြန် မေးမိတယ်..။ ကျွန်မ မသိတတ် နားမလည်တတ်ခဲ့လို့ အိမ်ထောင်ရေးမသာယာ ခဲ့တာ တွေ ရှိခဲ့ဖူးတာကိုး..။ဒါကြောင့် ညီမငယ်တွေ ကို တစ်နည်းတစ်ဖုံအသိပေး ရှင်းပြ ချင်ခဲ့မိပါတယ်..။ စိတ်ကူးယဉ် ရုပ်ရှင်ဇာတ်ကားတွေမှာ... မင်းသားနဲ့မင်းသမီး ပျော်ရွှင်စွာဇာတ်ပေါင်းကြလေသတည်း မှာ ဇာတ်လမ်းဆုံးပေမယ့်.. တကယ်လက်တွေ့ဘဝမှာ..မင်းသားနဲ့မင်းသမီး တို့ရဲ့ ဇာတ်လမ်း ကြီးက အစ ပဲမဟုတ်လား..။ အင်မတန်ရှည်လျားတယ်... အင်မတန် ရှုပ်ထွေးတယ်..အင်မတန်ကို လေးနက်တယ်.. ။ ဟိုးအစ က ဆိုခဲ့ဖူးသလို..ချစ်သူ ၂ ဦး ချစ်လွန်းလို့အတူဘဝကိုရင်ဆိုင်မယ်ဆိုပြီး လက်တွဲ

ဟောင်ကောင်စတိုင် ဘဲကင်

Image
ဟောင်ကောင်စတိုင် အိမ်လုပ် ဘဲကင်လေးပါ။ ပျားရည်၊ တရုတ်ဟင်းခတ်၊ ဆန်ဝိုင်တို့နဲ့ နှပ်ထားတာမို့ ဘဲကင်ရဲ့ ချိုစိမ့်တဲ့ အရသာရယ်၊ ဘဲကင်ရဲ့ မွှေးရနံ့ကိုပါ အပြည့်အ၀ ရရှိမှာဖြစ်ပါတယ်။ လုပ်နည်းကလည်း လွယ်တာမို့ အိမ်မှာပဲဖြစ်ဖြစ်၊ စီးပွားရေးအတွက် ရောင်းရန်ပဲ ဖြစ်ဖြစ် လုပ်စားနိုင်ပါတယ်။ လုပ်နည်းလေးကို တူတူကြည့်လိုက်ရအောင်… ပါဝင်ပစ္စည်းများ [Ingredients] ဘဲ [ duck ]                            ♦ ၁ကောင်( ၅-၆ပေါင် ) ပျားရည် [honey]                ♦ စားပွဲတင်ဇွန်း ၆ဇွန်း

သင်အားနာတတ်ပါသလား( မကောင်းသော အားနာခြင်းမျိုးများ)

Image
(၁) စိတ်ထဲ၌ ရှိသည့်အတိုင်း ပွင့်ပွင့်လင်းလင်း ပြောမထွက်သောအားနာခြင်းမျိုး စိတ်ထဲရှိသည်ကို ပွင့်ပွင့်လင်းလင်း ပြောမထွက်သော အားနာခြင်းမျိုးသည် မကောင်းသော အားနာခြင်းမျိုးဖြစ် သည်။ အောက်ပါ ဥပမာများကို ကြည့်ပါ။  (က) လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ၀ိုင်းထိုင်၍ နေ့လည်စာ စားချိန်တွင် မျက်နှာချင်းဆိုင် ထိုင်စားနေသူတဦး၏ မေးစေ့တွင် ထမင်းလုံးကပ်နေသည်။ သင်ကပြောရမှာကို အားနာနေသည်။ သင်ပြောလိုက်လျှင် ထိုသူ ရှက်သွားမှာကိုလည်း စိုးရိမ်နေသည်။ သို့သော် ထိုထမင်းစေ့ ကပ်နေခြင်းကို မြင်နေရသူတိုင်း၏စိတ်တွင် ကသိကအောက်နှင့် မသက်သာ။ ဤကိစ္စမျိုးတွင် အားနာနေ၍ မပြောခြင်းသည်မကောင်း။ ပွင့်ပွင့်လင်းလင်း ပြောလိုက်ခြင်းဖြင့်အားလုံးပြေလည်သွားနိုင်သည်။  (ခ) တစုံတယောက်က သင့်ထံမှ ပိုက်ဆံချေးငှားသည်။ တကယ်တော့ သင်က မချေးချင်။ သို့သော် ငြင်းရမှာ အားနာ၍ ချေးလိုက်သည်။ (ပြီးတော့ သင်ကငွေပြန်တောင်းရမှာကိုလည်း

PROSTITUTION ပြည့်တန်ဆာ အခါမဟုတ်သေး

Image
“ရှေးရိုးစဉ်လာကြီးတဲ့၊ ယောက်ျားတွေ လွှမ်းမိုးတဲ့မြန်မာပြည်မှာ လိင်လုပ်ငန်းနဲ့ အသက်မွေးမှုကို တရားဝင် လုပ်ဘို့ အဆိုကို ပယ်ချလိုက်တယ်” လို့ သတင်းတွေက ဖေါ်ပြပါတယ်။ အမျိုးသမီး အခွင့်အရေးသမီ တွေက “လိင်ခွဲခြား ဆက်ဆံမှုဆိုတာ မြန်မာပြည်မှာ ကြီးမားတယ်” လို့ပါ ထောက်ပြတာလဲ ဖတ်ရပါတယ်။ ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်လုပ်ခြင်းဟာ အဖက်ဖက်ကနေ စဉ်းစားရတာ လူတိုင်းသိပါတယ်။ အချိန်ကာလလဲ ရွေးရပါတယ်။ အခုအချိန်မှာ မြန်မာပြည်က အရင်ကမရှိတာ၊ မဖြစ်တာ၊

စားဝတ်နေရေးကြောင့် အမှောင်တွင်းထဲ ခုန်ဆင်းကြရသူများ

Image
တာမွေပလာဇာမှာ ဖွင့်ထားတဲ့ DJ ကလပ်ရဲ့ အရှေ့ကို ည ၁၂ နာရီ အကျော်မှာ အငှားကား တစီးဆိုက်လာပြီး ကိုကိုအောင် တယောက် ကားပေါ်က ဆင်းလာတယ်။ ကလပ်ရဲ့ အရှေ့မှာရှိနေတဲ့ အငှားကားတွေ ကြားက ကိုအကြီးကောင်ကို ရှာရင်းနဲ့ကောင်မလေးတယောက် ခေါ်ချင်တဲ့အကြောင်း ကိုအကြီးကောင်ကို ပြောလိုက်တယ်။နောက်မကြာဘူး၊ ကလပ်ထဲက အသက် ၂၀ ကျော် ကောင်မလေးတယောက် အပြင် ထွက်လာတယ်။“အစ်ကို သူပဲ။ အားလုံး အဆင်ပြေတဲ့ ကောင်မလေးပါ။ မနက်မိုးလင်တဲ့အထိ နေပေးလိမ့်မယ်။ ကြေးကတော့ အစ်ကိုတို့ ဘာသာ စကားပြောကြ။ ကျနော်တို့က ကြားထဲက  ဘာမှ ဖြတ်စားလာဘ်စား မလုပ်ဘူး။ အစ်ကိုတို့ အဆင်ပြေဖို့ပဲ လိုတာ” လို့ကိုအကြီးကောင်က ကိုကိုအောင်ကို ပြောရင်း ကောင်မလေးကိုလည်း “ဟဲ့ခြူးခြူး၊ အဆင်ပြေအောင် နေပေးလိုက်နော်။ သူက ဖောက်သည် အသစ်၊ ဒီကို တခါမှ လာဖူးတာ မဟုတ်ဘူး” လို့ လှမ်းပြောလိုက်တယ်။အဲဒီလိုနဲ့ ခြူးခြူးက ကိုကိုအောင်ကို တည အတွက် ကျပ် ၂ သောင်းပေးရမယ် ဆိုတဲ့အကြောင်း၊ ဟိုတယ် ဒါမှမဟုတ် တည်းခိုခန်းကိုပဲ လိုက်နိုင်မှာ ဖြစ်ပြီး နေအိမ်ကို ခေါ်မယ်ဆိုရင်တော့ လုံးဝ မလိုက်နိုင်ကြောင်း ရှင်းပြတယ်။ အဲဒီနောက် ကိုအကြီးကောင်ရဲ့ အငှားယာဉ်နဲ့ပဲ တာမွေမြို့နယ်ထဲက ဟိုတယ်တခ

ရင်သားထွားချင်သူများ ဖတ်ဖို့ ဗဟုသုတ

Image
အချိုးအစားလှအောင် ဆေးသောက်လို့ရတယ်လို့ ကြားဖူးပါတယ်။ အကျိုး-အပြစ်တွေကို သိချင်ပါတယ်ရှင်။ လေ့ကျင့်ခန်းလုပ်ဖို့ အဆင်မပြေလို့ပါရှင်။ အမေ မွေးပေးထားတဲ့ ရုပ်အင်္ဂါကို ပြင်ချင်တာဟာ အခက်ဆုံး တွေထဲမှာ ပါတယ်။ ဒါကို ဆရာဝန်က ပြောတာပါ။ ဆရာဝန်က ဆေးပေးမယ်၊ နည်းလမ်းပေးမယ်၊ ခွဲစိတ်ပေးမယ်။ ခွဲစိတ်တာကို တော့ ဆရာဝန်ဘက်က ပိုင်ပိုင်နိုင်နိုင် လုပ်နိုင်တာပေါ့။ ကျန်တာကို လိုက်နာရမှာက ကာယကံရှင် ဖြစ် တယ်။ ညွှန်းတဲ့ဆေး သောက်တာ၊ လေ့ကျင့်ခန်း လုပ်တာ၊ ရှောင်စရာ -ဆောင်စရာတွေကို လိုက်နာဘို့ ကတော့ ကောင်းချင်၊ ပျောက်ချင်သူတွေက လုပ်ကြရတယ်။ ဆရာဝန်တွေမှာလဲ လုပ်ပေးနိုင်တာထက် မလုပ်နိုင်တာတွေက ပိုများမလားဘဲ။ ပိန်ချင်၊ ဝချင်၊ လှချင်၊ ရှည်ချင်၊ ဖြူချင်၊ ညိုတိုတို ဖြစ်ချင်၊ သေးတာကိုကြီးချင်၊ ကြီးတာကိုသေးချင်

ကာမသုခ ချို့တဲ့သူများ

Image
ဒီပို့စ်က နည်းနည်းများ Taboo ဖြစ်မလားလို့ ဆိုပြီး မရေးဖြစ်တာ။ ကျွန်တော်ရဲ့ ဘလော်ဂျာ (ဘလော်ဂါ၏ မန်နေဂျာ) ကတော့ မရေးပါနဲ့လားတဲ့။ ကျွန်တော်တို့ သူငယ်ချင်းတွေ အရင်လို လဘက်ရည်ဆိုင် ထိုင်နိုင်ရင်တော့ လဘက်ရည်ဆိုင်မှာ ပြောဆိုကြမယ့် ကိစ္စပဲ။ ပြီးတော့ ဒီပို့စ်မှာ တိုင်းပြည်နဲ့ ကိုင်တွယ် ပြောပြီး တကယ် ကျွမ်းကျင်သူတွေလို စီးပွားရေး၊ နိုင်ငံရေး တိုင်းပြည် အကျိုးပြု ဆွေးနွေးနေတာလည်း မဟုတ်ဆိုတော့ မျက်နှာငယ်တယ်။ နောက်ဆုံး မနေနိုင်တော့လည်း ရေးလိုက်တာပါပဲ။ ခေါင်းစဉ်ကလည်း စဉ်းစားလိုက်ရသေးတယ်။ ပြေပြေပျော့ပျော့ “အိမ်ထောင်ရေး သုခ”လို့ သုံးမယ်ဆိုတော့လည်း