Posts

Showing posts from December 15, 2013

အိမ်ထောင်ဖက်ရွေးချယ်ခြင်းမည်သူသည် မိမိနှင့် အသင့်လျော်ဆုံးဖြစ်သနည်း

Image
1) ရုပ်ရည် - အလှအပနှင့် ပတ်သက်သည့် အယူအဆသည် တစ်ခေတ်နှင့်တစ်ခေတ် ပြောင်းလဲနေပေရာ အားလုံးအတွက် ထာဝစဉ်လှပနေသူဟူ၍ ရှိနိုင်လိမ့်မည် မဟုတ်ေ ပ။ ထို့ကြောင့် ကြင်ဖက်ရွေးချယ်ရာတွင် ရုပ်ရည်သည် အဓိက အချက်မဟုတ်ဟု ဆိုရခြင်း ဖြစ်ပေသည်။ မိမိလက်ခံနိုင်သည့် ရုပ်ရည်ရှိလျှင် လုံလောက်ပြီး ဖြစ်သည်။ 2 ) အသက်- တစ်ဦးက မိတ်ဆွေအပေါင်းအသင်းကို တန်ဖိုးထားပြီး ကျန်တစ်ဦးက အလေးမထားသူဖြစ်နိုင်သည်။ တစ်ဦးက ဘာသာရေးကို လေးစားပြီး ကျန်တစ်ဦးက အလေမထားသူ ဖြစ်နိုင်သည်။ ဤကဲ့သို့ သဘောထားနှင့် တန်ဖိုးထားမှုများ ကွဲလွဲနေကြလျှင် အိမ်ထောင်ရေးသာယာမှုကို တစ်ချိန်မဟုတ် တစ်ချိန် ထိခိုက်လာမည်မှာ သေချာလှပေ၏။ ထို့ကြောင့် သာယာသော အိမ်ထောင်ရေး ဖြစ်လာစေရန် ကြင်ဖက်နှစ်ဦးတို့၏ အသက်များသည် ကွာခြားလွန်းမှု မဖြစ်သင့်ပေ။ မတိမ်းမယိမ်းသာ ရှိသင့်ပေ၏။ 3 )ပညာရေး- ယေဘုယျအားဖြင့် မိမိနှင့် အလှမ်းမကွာလွန်း သူသာလျှင် အသင့်လျှော်ဆုံး ဖြစ်ပေမည်။ ပညာရေး အဆင့်အတန်းကွာခြားမှုကြောင့် သဘောထားနှင့် တန်ဖိုးထားမှု