Posts

Showing posts from August 23, 2013

ငါအပေါ်နားလည်တဲ့

Image
မျှော်လင့်ချက်မထားဘဲ ချစ်နေခဲ့မိလို့ သူပြန်ချစ်လာမယ့်အချိန်ကို မစဉ်စားဖူးဘူး ဆုံတွေ့နိုင်ဖို့ကို မမျှော်လင့်ခဲ့လို့ သူနဲ့ထပ်ဆုံဖို့ကို စိတ်ကူးမရဲတော့ဘူး နာကျဉ်းစရာတွေများလာတော့ ပျော်ရွှင်မှုဆိုတာ ဘာမှန်းမသိတော့ဘူး   တခါတလေ အကြင်နာတွေရလာပေမယ့်လဲ အတိတ်ရဲ့အရိပ်ကြောင့် ငါမပျော်ရွှင်တော့ဘူး တခါတလေပေါ့....... တခါတလေတော့ ငါလဲ ပျော်ရွှင်မှုဆိုတာကို နားလည်ပြီ ငါအပေါ်နားလည်တဲ့ သူတစ်ယောက်နဲ့ဆုံတွေ့ခွင့်ရခြင်းတယ် ツ Poem ツ

ပညာရှိနဲ့ ခရီးသည်စုံတွဲ

( ပညာရှိနဲ့ ခရီးသည်စုံတွဲ ) ******************* မြို့လေးတစ်မြို့မှာ ပညာရှိကြီးတစ်ယောက်ရှိတယ်။ ဘာတွေ ပညာ `ရှိ´ နေသလဲတော့ မသိဘူး။ လူတွေကတော့ ပညာရှိခေါ်ကြတာပဲ။ ဟဲ ဟဲ။ တစ်နေ့တော့ ကောင်လေးတစ်ယောက်ဟာ ပညာရှိကြီးဆီက ပညာယူမဟဲ့လို့ ချဉ်းကပ်သွားတယ်။ သိတယ်မို့လား ပညာရှိဆိုသူတွေက ခပ်ပျင်းပျင်းရယ်လေ။ တစ်နေကုန် ဘာမှလုပ်ဘူး။ မြို့ပြင် သစ်တစ်ပင်အောက်မှာ ငုတ်တုပ်ပဲ။ ကောင်လေးက ကြာတော့ ညစ်လာတာပေါ့။ ဘာမှလည်း သွားမေးရဲဘူး။ တော်ကြာ ပညာရှိဂျီးက ပညာနဲ့ ဖိသတ်နေမှ ဒွတ်ခ။ ဒီချိန်မှာပဲ ခရီးသည်စုံတွဲလေး တစ်တွဲ ရောက်လာတယ်။ အဝေးကြီးကနေ မောကြီးပန်းကြီးနဲ့ လှမ်းလာ။ လက်ထဲမှာလဲ အထုပ်တွေ အပိုးတွေနဲ့။ ခရီးသွားတွေမှန်း သိသာလှပါတယ်။ ပညာရှိကြီးနားရောက်တော့ သူတို့မျက်နှာမှာ အားတက်သွားသလို ပုံပေါ်တယ်။ ခဏရပ်ရင်း လှမ်းမေးလေရော။ `အဘရယ်၊ အဘက ဒီမြို့က မြို့ခံပါလား ခင်ဗျာ´ `အိမ်း ဟုတ်သကွ´ `ကျနော်တို့တွေ တခြားမြို့က ပြောင်းလာတာပါ၊ ဒီမြို့မှာ အခြေချနေမလို့ပါ´ `အိမ်း ကောင်းသကွ´ တော်တော် ရေလည်တဲ့တုန့်ပြန်စကား။ ပညာရှိဆိုတာ စကားပြောရမှာတောင် ပျင်း၊ ထင်ပါ့။ ခရီးသည်မောင်နှံနှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်တစ်ချက်ကြည့်တယ

ပဋ္ဌာန်း(၂၄)ပစ္စည်း အဓိပ္ပယ်ဖွင့်ဆိုချက်

Image
( ပဋ္ဌာန်း(၂၄)ပစ္စည်း အဓိပ္ပယ်ဖွင့်ဆိုချက် ) (၁) ဟေတုပစ္စယော- ဟိတ်ခြောက်ပါးဖြ စ်၍ ကျေးဇူးပြုတတ်သော တရားညောင်ပ င်မြစ်သည် ညောင်ပင်အား မြဲမြံခိုင်ခံ့စွာ  တည်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ လောကီအာရုံ ကာမဂုဏ်တို့၌ လိုချင်မှုရှိသော လောဘ၊ကြမ်းတမ်းသောခက်ထန်ခြင်းအမျက် ထွက်ခြင်းရှိသော ဒေါသ၊မကောင်းသောအယူဝါဒကို မစွန့်ဘဲငိုက်မြည်းတွေဝေခြင်း ရှိသော မောဟ လောကီအာရုံ  ကာမဂုဏ်တို့၌လိုချင်မှုမရှိ သောအလောဘ၊နူးညံ့စွာယဉ်ကျေးလိမ္မာ၍ ကြမ်းတမ်းခက်ထန်ခြင...်း ၊အမျက်ထွက်ခြင်းမရှိသောအဒေါသ၊ေ ကာင်းသောအယူဝါဒကိုလက်ကိုင်ထားပြီးယုံမှားသံသယများဖြင့် ငိုက်မြည်းတွေဝေးခြင်းမရှိေ သာအမောဟတရားတို့သည်စိတ်၊စေတ သိတ်တရားတို့အားအလိုသို့လို က်၍ ဖြစ်စေခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ ဟေတုပစ္စည်းတရားကိုဟောတော်မူ ပါသည်။ (၂) အာရမ္မဏပစ္စယော- အာရုံခြောက်ပါးဖြစ်၍ ကျေးဇူးပြုတတ်သောတရားတောင်ေ ဝှးသည်မသန်မစွမ်း သူတို့အားအ လိုရှိရာသို့ ရောက်စေ၍အထောက်အကူပေးသကဲ့သို့အဆင်း(ရူပါရုံ)၊အသံ (သဒ္ဓါရုံ)၊အနံ့(ဂန္ဓာရုံ)၊အရ သာ(ရသာရုံ)၊အတွေ့အထိ(ဖောဋ္ဌဗ္ဗာရုံ)၊စိတ်ခံစားမှု(ဓမ္မာရုံ ) ဟူသောအာရုံခြောက်ပါးတို့သည် ကုသိုလ်၊အကုသိုလ်တရားတို့ကိုအကျိုးအ

Bill Gate ၏ လူမသိသေးသည့်အချက် (9) ချက်

Image
Bill Gate ၏ လူမသိသေးသည့်အချက် (9) ချက်   ၁။ စက္ကန့်တိုင်းလျှင် အမေရိကန် ၂၅၀ ဒေါ်လာဝင်ငွေရှိပြီး တစ်ရက်တာကာလအတွက် ဒေါ်လာသန်း ၂၀ ၀င်ငွေရှိ၍ တစ်နှစ်ဝင်ငွေ ၇.၈ ဘီလီယံရှိသည်။  ၂။ အကယ်၍ သူသည် ဒေါ်လာ တစ်ထောင်ပြုတ်ကျသွားခဲ့သည်ဆိုပါလျှင် ဘယ်တော့မှပြန်ကောက်လိမ့်မည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် အဆိုပါပြန်လည်ကောက်ယူမည့် အချိန် ၄ စက္ကန့်တွင်ပင် သူသည် ဒေါ်လာတစ်ထောင်ပြန်လည်ရရှိခဲ့ပြီးဖြစ်သောကြောင့်တည်း။ ၃။ အမေရိကန် ဖက်ဒရယ် အစိုးရ၏ ပြင်ပကြွေးမြီသည် ၅.၆၂ ထရီလီယံမျှရှိသည်။ အကယ်၍ ဘီလ်ဂိတ်သာ အဆိုပါ အကြွေးကို ပေးဆပ်ရမည်ဆိုပါက ၁၀ နှစ်မပြည့်မီကာလတွင်ပင် အကြွေးကျေသွားလိမ့်မည်။ ၄။ ကမ္ဘာပေါ်ရှိလူတိုင်းကို ၁၅ ဒေါ်လာစီ အလှူဒါနပြုခဲ့သည်ဆိုသော် ၎င်းအိတ်ကပ်ထဲတွင် ဒေါ်လာ ၅ သန်းခန့် ကျန်ရှိနေဦးမည် ဖြစ်သည်။ ၅။ အမေရိကန်အားကစားလောကတွင် အချမ်းသာဆုံးစာရင်းဝင်ဖြစ်သော မိုက်ကယ်ဂျော်ဒန် ၂၂၇ နှစ်ခန့် မစားမသောက်ဘဲစုမှ ရရှိမည့် ၀င်ငွေသည် ဘီလ်ဂိတ်၏ လက်ရှိပိုင်ဆိုင်မှုကိုမှီနိုင်မည်။ ၆။ ဘီလ်ဂိတ်တွင် တိုင်းပြည်တစ်ခုရှိသည် ဆိုပါလျှင် ကမ္ဘာပေါ်တွင်

မင်္ဂလာမဆောင်ခင် သိထားသင့်သမျှ ကျန်းမာရေး ဗဟုသုတ

Image
မင်္ဂလာမဆောင်ခင် သိထားသင့်သမျှ  ကျန်းမာရေး ဗဟုသုတ   လက်ထပ်တော့မယ်လို့ ပြင်ဆင်နေတဲ့ အချိန်မှာ စိတ်လှုပ်ရှားရင်ခုန်ရတာက တစ်ဖက်၊ ပင်ပန်းရတာက တစ်ဖက်ဖြစ်နေနိုင်ပါတယ်။ ဝတ်စုံအပ်တာ၊ ဖိတ်စာမှာတာ၊ မင်္ဂလာခန်းမ ငှားတာ.. ဘယ်အရာကိုမှ အလော တကြီး လုပ်လို့ မရပါဘူး။ အရာရာတိုင်းကို အချိန်ယူပြီး စနစ်တကျ စီစဉ်ဆောင်ရွက်မှသာ မင်္ဂလာအချိန်မှာ အစစအရာရာ အဆင်ပြေ ချောမွေ့ သွားပါလိမ့်မယ်။ မင်္ဂလာခန်းမမှာ အဆင်ပြေချောမွေ့ရုံနဲ့တော့ တစ်ဘဝလုံး သာယာမယ်လို့ မဆိုနိုင်ပါဘူး။ မင်္ဂလာဆောင်ပြီးချိန်မှာ တစ်ဘဝလုံး သာယာချမ်းမြေ့  စေရေးအတွက် အခြေခံကျတဲ့ လိုအပ်ချက်ဟာ သတို့သားနဲ့ သတို့သမီးရဲ့ ကျန်းမာရေးအပေါ်မှာ မူတည်နေပါတယ်။ လက်မထပ်ခင် ဆေးစစ်ခြင်း - - - - - - - - -- - - --- -- -- လက်မထပ်ခင်မှာ သတို့သားရော သတို့သမီးပါ ကျန်းမာရေး စစ်ဆေးမှုကို ခံယူ သင့်ပါတယ်။ ဆေးစစ်ရာမှာ တစ်ဦးမှ တစ်ဦးကို လိင်မှ တစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေ ရှိ၊ မရှိနဲ့ မျိုးရိုးလိုက်တတ်တဲ့ရောဂါတွေ ရှိ။ မရှိ ဆိုတာကိုစစ်ဆေးသင့်တာ ဖြစ်ပါတယ်။ ဆေးစစ်ကြည့်လို့ လိင်မှ တစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေ ရှိမှန်းသိခဲ့ရင် ကုသပျောက်ကင်းပြီးမှသာ

ထူးခြားဆန်းပြားပစ္စည်းများ

Image
ထူးခြားဆန်းပြားပစ္စည်းများ ပြည်ခရိုင် ပန်းတောင်းမြို့နယ် ရွာသာယာကျေးရွာ သုခလမ်း အိမ်အမှတ်(၉၃)တွင်နေထိုင်လျ က်ရှိသော ဦးသောင်းထွန်း၊ဒေါ်ကုလားမ နေအိမ်မှထူးခြားဆန်းပြားသော ပစ္စည်းလေးများကိုတွေ့ရှိခဲ့ ရသည်။ ကျောက်ခရု၊နွယ်ဝင်နွယ်ထွက် နှင့် ကျောက်ကွင်းပစ္စည်း(၂)ခု တို့ကိုထူးဆန်းစွာတွေ့ရှိခဲ့ ပါသည်။အဆိုပါထူးဆန်းတဲ့ ပစ္စ ည်းများထဲမှ ကျောက်ကွင်းပစ္စည်းအသုံးဝင်ပုံကိုပြည်သတင်းမှ  မေးမြန်းခဲ့တော့ ဦးေ သာင်းထွန်းကယခုလိုရှင်းပြခဲ့ ပါသည်။ ဒီထူးဆန်းတဲ့ပစ္စည်းတွေကို ကျွန်တော်သိသလောက်ပဲပြောနို င်ပါတယ် အခြားကျွန်တော့ထက်ပိုသိတယ်ပ ညာရှင်တွေ ရှိပါသေးတယ် ကျွန်တော်သိသလောက်ကတော့ ဒီကျောက်ကွင်းတွေက မီးကွင်း တယ်၊ ပညာသယ်တွေ (အောက်လမ်း နှင့် အခြားမကောင်းသောမှော်ပညာ) မပြုစားနိုင်ဘူး ဘာမှလုပ်လို့မရဘူးလို့သိရပါ တယ်။

စနစ်သည်သာ တရားခံ

Image
  စနစ်သည်သာ တရားခံ သြကာသဟု ဗုဒ္ဓထံရင်း ၊ ဆံကိုခင်း၍ ဝပ်စင်းမပြတ် ၊ မရွတ်တတ်သော ငတ်သည့် မွဲသည့် အဖိုးအို ။ ဗေဒသုံးပုံ ၊ အလုံးစုံကို နှုတ်ငုံရွရွ ၊ သင်ပုန်းချ၍ လက်က ရေးမှတ် ၊ မတွက်တတ်သော ငတ်သည့် မွဲသည့် အဖိုးအို ။ နရသုခိ ၊ ဆေးကျမ်းညှိ၍ ကပ်သည့် ရောဂါ ၊ ဝေဒနာကို သေချာစေ့စပ် ၊ မကုတတ်သော ငတ်သည့် မွဲသည့် အဖိုးအို ။ ဆန်ကုန်မြေလေး ၊ နောက်ပိတ်ခွေးဟုသေဘေးနားနီး ၊ အဖိုးကြီးကို

"ဗုဒ္ဓဘာသာတစ်ယောက်၏ မှန်ကန်သည့် ယုံကြည်မှုနှင့် အယူဝါဒ ပျက်စီးမှု"

Image
  ဗုဒ္ဓဘာသာအဖြစ် ခံယူထားသည့် ဗုဒ္ဓဘာသာ တစ်ယောက်သည် ရတနာသုံးပါး၊ ကံကံ၏ အကျိုးတရား၊ အကြောင်းအကျိုး ဆက်သွယ်မှုနှင့် မျက်မှောက်လောက၊ တမလွန်လောက စသည်တို့ကို ယုံကြည်ကြရပေမည်။ဗုဒ္ဓဘာသာတစ်ယောက်သည် မိမိတို့ ကိုးကွယ်ဆည်းကပ်သည့် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး အပေါ်အမှန်တကယ် ယုံကြည်ရန် လိုအပ်လှသည်။ ဘုရားဟုတ်ပါ့မလား၊ တရားဟုတ်ပါ့မလား စသည့် သံသယများ ကင်းရှင်းစေရန် ရတနာသုံးပါးရဲ့ ဂုဏ်တော်များကို သေချာကျနစွာ သိရှိအောင် ကြိုးစားပြီး ရတနာသုံးပါးအပေါ် ယုံကြည်မှု ခိုင်မြဲစေရမည်။ ထို့အပြင် ဗုဒ္ဓဘာသာတစ်ယောက်သည် ကုသိုလ်ကံ၊ အကုသိုလ်ကံနှင့် ယင်းကံတို့၏ ကောင်းကျိုးဆိုးကျိုးကို လည်းကောင်း၊ ပစ္စုပ္ပန်လောကနှင့် တမလွန်လောကကို လည်းကောင်း ယုံကြည်ကြရမည် ဖြစ်သည်။ “လောက၌ မည်သူမဆို ကောင်းတာလုပ်လျှင် ကောင်းကျိုးကို ခံစားရမည်၊ မကောင်းတာလုပ်လျှင် မကောင်းကျိုးကို ခံစားရမည်၊ မိမိပြုလုပ်သောကံသည် မိမိ၏ကိုယ်ပိုင်ဥစ္စာ မည်သည်၊ မိမိပြုလုပ်သော ကံအရ ဆိုးမွေကောင်းမွေကို ခံယူရမည်” စသည်ဖြင့် ယုံကြည်လက်ခံခြင်းကို ကမ္မဿကတာ သမ္မာဒိဋ္ဌိဟု ခေါ်သည်။ ဗုဒ္ဓဘာသာဝင် တစ်ဦးသည် ထိုသို့လက်ခံ ယုံကြည်နေပါက

{ ရန်ကုန် မုန့်ဟင်းခါး (အိုးဘဲဥ) }

Image
{ ရန်ကုန် မုန့်ဟင်းခါး ( အိုးဘဲဥ ) } *********************** မုန့်ဟင်းခါးကို မြန်မာလူမျိုးတိုင်း မနက်စာအဖြစ် အလွန်မှ ကြိုက်နှစ်သက်ကြပါတယ်။ မုန့်ဟင်းခါးကို ဆိုင်တွေမှာ ၀ယ်စားတာများပေမယ့် အိမ်မှာ ကိုယ်တိုင်လုပ်စားချင်သူများအတွက် အထူးရည်ရွယ်ထားပါတယ်။ မုန့်ဟင်းခါးထဲမှာမှ အိုးဘဲဥ မုန့်ဟင်းခါးမှ ၀တ်ရည်က ကြိုက်တာ။ ဒါပေမယ့် ၀တ်ရည် အရင်က မုန့်ဟင်းခါး တစ်ခါမှ ကိုယ်တိုင်မချက်ဖူးဘူး၊ အေ ဒ်ါတို့၊ အမေတို့ ချက်တာတွေပဲ ကပ်စားနေတာ။ ဒီနေ့တော့ ကိုယ်တိုင် ချက်စားချင်တယ်၊ မြန်မာရိုးရာဓလေ့ဖြစ်တဲ့ မုန့်ဟင်းခါးတောင် မချက်ဖူးရင် မကောင်းဖူးရယ်လို့ တွေးမိတယ်။ ဒါကြောင့် စချက်တဲ့အနေနဲ့ မုန့်ဟင်းခါး ၁ပိသာစာ တအိမ်သားလုံး စားလို့ရအောင် ချက်ဖြစ်သွားတယ်။ အဒေါ်ပေးတဲ့နည်းအတိုင်း ချက်လိုက်တဲ့ အရသာက တကယ်ဂွတ်ရှယ်ပဲ၊ အိမ်သားတွေလည်း အရမ်းအားပေးကြတယ်။ ဒါကြောင့် ချက်နည်း အဆင့်ဆင့်ကို ပုံနှင့်တကွ ဖော်ထားထားပေးလိုက်ပါတယ်… ရန်ကုန် မုန့်ဟင်းခါးအတွက် ပါဝင်ပစ္စည်းများ -- - - - - -- -- - - - -- - - - -- - - -- -- -- - ၁။ မုန့်ဟင်းခါးဖတ် – ၁ပိသာ ၂။ ငါးခူး – ၄၀ ကျပ်သား (ငံပြာရည်၊ ဆနွင်းမှုန့်၊ စပါးလင် ရေနည်းနည်းဖြင်

အခမဲ့ပါသားလေးရယ်

Image
အခမဲ့ပါသားလေးရယ်္ဂ **************ု ဒီဝတ္ထုလေးက Chicken soup for the soul ကိုဘာသာပြန်ထားတဲ့ဝတ္ထုတိုလေးပါ။ မိခင်က သားသမီးအပေါ် ဘယ်လောက်ပေး ဆပ်ခဲ့သလဲဆိုတာကို မျှဝေးပါတယ်။ ၀တ္ထုထဲမှာ ကလေးငယ်တစ်ဦးက မီးဖိုချောင်ထဲမှာ ညစာအတွက်ချက်ပြုတ်နေတဲ့မိခင်ထံကို စာရွက်အပိုင်းကလေးတစ်ခုပေးလိုက်တယ်။ မိခင်ရဲ့လက်ကရေစိုနေတော့ ချက်ပြုတ်တဲ့အခါ အ၀တ်အစားမပေအောင် ကာဗာလုပ်ထားတဲ့အ၀တ်လေးနဲ့လက်ကိုသုတ်ပြီးစာကိုဖတ်ကြည့်လိုက် တယ်။ ကလေးလေးရေးထားတဲ့စာထဲမှာ-- မြက်တွေကိုရိတ်ရသည့်အတွက် ၅ဒေါ်လာကျတယ် ဒီတစ်ပတ်အခန်းသန့်ရှင်းရေးလုပ်သည့် အတွက် ၁ဒေါ်လာကျတယ် စတိုးလ်ဆိုင်ကိုသွားပေးသည့် အတွက် ၅၀ဆင့် ညီလေးကိုထိန်းခ ၂၅ဆင့်အမှိုက်ပုံသွန်ခ ၁ဒေါ်လာ စာမေးပွဲမှာအမှတ်ကောင်းဖြေေ ပး သည့်အတွက် ၅ဒေါ်လာ ခြံအတွင်းသန့်ရှင်းရေးလုပ်ရ သည့်အတွက် ၂ဒေါ်လာ

တစ်ယောက်ကို တစ်ယောက် အရမ်းချစ်ကြတဲ့

Image
တစ်ယောက်ကို တစ်ယောက် အရမ်းချစ်ကြတဲ့ ချစ်သူ နှစ်ယောက်အတွက်တော့ စိတ်ဆိုး..စိတ်ကောက်ကြတဲ့အချိန် ဆိုတာ နာကျင်မှုတွေခံစားရတဲ့ အချိန်ပါပဲ.......... တစ်ယောက်ကို တစ်ယောက် အရမ်းချစ်ကြတဲ့ ချစ်သူ နှစ်ယောက်အတွက်တော့ တစ်ယောက်အနားမှာတစ်ယောက်ရှိနေခွင့် မရသေးတဲ့အချိန်တွေကအလွမ်းတွေကို ခံစားနေရတဲ့အချိန်တွေပါပဲ..... တစ်ယောက်ကို တစ်ယောက် အရမ်းချစ်ကြတဲ့ ချစ်သူ နှစ်ယောက်ကတော့ သူရှိနေတယ်ဆိုတဲ့ အတွေးတွေနဲ့  အားလုံးကိုရင်ဆိုင် ကျော်ဖြတ်နေမိမှာပဲ............ တစ်ယောက်ကို တစ်ယောက် အရမ်းချစ်ကြတဲ့ ချစ်သူ

ဘ၀မှာ အချိန်တစ်နာ၇ီလောက်ပိုအိပ်ရင် ဘာတွေပြောင်းလဲနိုင်သလဲ

Image
ဘ၀မှာ အချိန်တစ်နာ၇ီလောက်ပိုအိပ်ရင် ဘာတွေပြောင်းလဲနိုင်သလဲ ကျွမ်းကျင်သူတွေကတော့ ဘဝ မှာအချိန်တစ်နာရီ ပိုအိပ်ရုံဖြင့် ပြောင်း လဲနိုင်တာတွေဟာ အများကြီးပါလို့ ဖြေခဲ့ပါတယ်။ အချိန်တစ်နာရီပို၍ အိပ်စက်ရုံဖြင့် သင့်ရဲ့ကျန်းမာရေး၊ ကိုယ်အလေးချိန် ၊အိမ်ထောင်ရေးသာ ယာမှုတို့အပေါ် သက်ရောက်မှုရှိပါ တယ်။ တကယ်လို့သင့်ရဲ့အချိန်ဟာ (၇)နာရီနဲ့ (၈)နာရီအောက်ရောက်နေ ရင်တော့အောက်မှာ ကွန်ပျူတာစော စောပိတ်ပြီး စောစောအိပ်သင့်တဲ့အ ကြောင်းပြချက် (၉)မျိုးကိုဖော်ပြလိုက် ပါတယ်။ (၁) လုံလောက်စွာ အိပ်စက်ခြင်းက ကျန်းမာရေးကို ပိုကောင်းစေတယ် လုံလောက်စွာမအိပ်သူတွေမှာ သွေးတိုး၊ ဆီးချို၊ ကိုယ်အလေးချိန်တိုး ခြင်း နှလုံးရောဂါစတဲ့ ဆိုးဝါးတဲ့ရော ဂါတွေ ပိုဖြစ်လေ့ရှိတယ်လို့ ဆိုပါ တယ်။ လေ့လာမှုတစ်ခုအရ နေ့ဆိုင်း အလုပ်ဆင်းသူ ကျန်းကျန်းမာမာ အလုပ်သမားလူငယ် (၁ဝ)ဦးကို ည တိုင်းဆင်းခိုင်းပြီးရက်အနည်းငယ်ကြာ သောအခါ ထိုသူတို့၏သွေးတွင်း သကြားဓာတ်မှာ ဆီးချိုဖြစ်ခါနီး လူ တစ်ယောက်ရဲ့သကြားဓာတ်နီးပါးမြင့် တက်နေကြောင်းတွေ့ရပါတယ်။ (၂) လုံလောက်စွာအိပ်စက်ခြင်းက အိပ်ထောင်ရေးသုခပိုရနိုင် National Sleep Founda tion မှ ပြောပြချက်အရ လူအားလုံးရဲ့

လူသား ၅ ဘီလီယံ ကမ္ဘာနှင့် အဆက်အသွယ် မပြတ်ရန် ဇူကာဘတ် စီစဉ်မည်

Image
အင်တာနက်ခေတ်ဟု ဆိုသော်လည်း ယနေ့တိုင် ကမ္ဘာပေါ်တွင် အင်တာနက်အသုံး မပြုနိုင်သေးသော သူပေါင်း ၅ ဘီလီယံခန့် ရှိနေသဖြင့် လူတိုင်း အင်တာနက် သုံးစွဲခွင့်ရရေး ကြံဆောင်ပေးရန် ဦးဆောင် လုပ်ရှားပေးမည်ဖြစ်ကြောင်း နာမည်ကျော် လူမှုကွန်ရက် Website ကို ထူထောင်သည့် မာ့ခ်ဇူကာဘတ်က CNN သတင်းသို့ ပြောကြားခဲ့သည်။ “ကျွန်တော်တို့ အနေနဲ့ကတော့ လူတိုင်း၊ နေရာတိုင်း အင်တာနက်

ကမ္ဘာမှ အသိအမှတ်ပြု ခဲ့သော မြန်မာ့ ပထမဆုံး သိပ္ပံပညာရှင်

Image
ယခုတစ်ကြိမ်တွင်တော့ကမ္ဘာမှအသိအမှတ်ပြုခဲ့သော  မြန်မာ့ပထမဆုံးသိပ္ပံပညာရှင်အကြောင်းတင်ပြချင်ပါသည်။ သူသည်လွန်ခဲ့သောနှစ်ပေါင်းနှစ်ရာကျော်မှ ပုဂ္ဂိုလ်ဖြစ်သည်ဟုဆိုလျှင် အံ့သြကြမည် ထင်ပါသည်။ထို့ထက်ပို၍သူသည် ကုန်းဘောင်ဆက်၏ မင်းမျိုးမင်းနွယ်ဖြစ်ကြောင်းပြောလျှင်ပို၍အံ့အားသင့်ကြပေလိမ့်မည်။ ကနောင်မင်းသားများလားဟုမေးစရာရှိပါသည်။မဟုတ်ပါ။ ကွန်တော်တင်ပြမည့်ပုဂ္ဂိုလ်မှာဘိုးတော်ဘုရား(ဗဒုံမင်း)၏သားတော် မက္ခရာမင်းသားကြီးဖြစ်ပါသည်။ရှေးဦးမြန်မာ့သိပ္ပံပညာရှင် မက္ခရာမင်းသားကြီးသည် ငယ်စဉ်ကတည်းက သွက်ချာပါဒလေငန်းရောဂါ

အမျိုးသမီးများ အိပ်မပျော်ရခြင်း အကြောင်းရင်းများ

Image
ဒေါက်တာရှင့် ကျွန်မအသက် ၆၀ ကျော်ပါပီ။ လွန်ခဲ့တဲ့ သုံးလေးနှစ်ထဲက ညဆို နှစ်ခြိုက်စွာ အိပ်မပျော်ပါဘူး ဆရာ။ အဲ့ဒါဘာဖြစ်လို့ပါသလည်း။  ကျွန်မမှာ ဆီးချိုရောဂါတော့ ရှိပါတယ် ဆရာ။ ဆီးချိုကြောင့် နှစ်ခြိုက်စွာ အိပ်မပျော်တာပါလား။ ကျွန်မပြသနေတဲ့aဆးခန်းက အိပ်ဆေးပေးပါတယ်ဆရာ။ ဆေးကဝယ်ရခက်တဲ့ဆေးပါ။ ဆေးမသောက်ဘဲ အိပ်ပျော်ချင်ပါတယ်  ဆရာ။ ကူညီပေးပါ။ ဒေါ်တင်တင်ဝေ(ကျောက်ကုန်း)

တရုတ်ဘဏ်မှ ကန်ဒေါ်လာ သန်း ၁၀၀ ချေးမည့် အစီအစဉ် NLD လွှတ်တော်အမတ် အချို့ ကန့်ကွက်

Image
သမဝါယမ ဝန်ကြီးဌာနက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပို့ကုန် သွင်းကုန် ဘဏ်မှ အမေရိကန် ဒေါ်လာ သန်း ၁၀၀ ချေးယူရန် ဖော်ပြထား သည့် နိုင်ငံတော် သမ္မတ၏ သဝဏ်လွှာကို လွှတ်တော်ထံ အတည်ပြုချက် ရယူရာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် လွှတ်တော် ကိုယ်စားလှယ် ၁၁ ဦးက ကန့်ကွက်ခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ် များက ပြောကြားသည်။ သြဂုတ် ၂၂ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်

မိုးသည်းထန်စွာ ရွာ၍ မြစ်ရေ မြင့်တက်မှုကြောင့် ရန်ကုန်မြို့အနှံ့ ရေလျှံ

Image
မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မြစ်ရေ မြင့်တက်မှုကြောင့် ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင်အတွင်း ရေ၀င်ရောက်ခဲ့ရာ စားသောက် ကုန်စည်များ ပျက်စီးမှုရှိကြောင်း ဘုရင့်နောင် အဝေးပြေးကုန်စည်ယာဉ် ရပ်နားစခန်းမှ လုပ်ငန်းရှင်များက ပြောသည်။ “ဒီနှစ်မှာ မနှစ်တုန်းက မြစ်ရေချိန်အောက် လျော့ပေမယ့် ရေမြောင်းတွေက ပိတ်နေတော့ ပွဲရုံထဲကို ရေတွေဝင်လာတယ်။ ရေမြောင်းဘေးမှာ ၁ ပေခွဲလောက်ရှိတဲ့ ရေကာတာလေး လုပ်ထားတာကိုကျော်ပြီး ၀င်လာတာ အခုပဲ ပက်ထုတ် နေရတယ်”

သင်ချစ်သူကို သင်တကယ်ချစ်ရင်

Image
(၁) သူရဲ့ အားနည်းချက်ကို ဘယ်တော့မှာ ဖော်ထုတ်ပြီ မစနောက်မိပါစေနဲ့ (တခါတလေ စနောက်ခြင်းကနေ သူအတွက် အားငယ်မှုတွေ ဖြစ်တတ်ပါတယ်) (၂) သူရဲ့ မွေးနေ့ ချစ်သူဖြစ်တဲ့ အထိမ်းအမှတ်နေ့လေးတွေ ကို ဂရုတစိုက် မှတ်သားထားပေးပါ။(လက်ဆောင်ဆိုတာ တန်ဖိုးကြီးကြီး မားမားပေးမှ လက်ဆောင်လို့ မခေါ်ပါဘူး စကားတခွန်းကလဲ သူအတွက် တသက်တာ လက်ဆောင်ဖြစ်သွားနိုင်ပါတယ်)

ဂျနီဗာ ၊ ဆွစ်ဇာလန်က အရောင်မတူတဲ့ မြစ်ဆုံ

Image
ဂျနီဗာ ၊ ဆွစ်ဇာလန်က အရောင်မတူတဲ့ မြစ်ဆုံ ဒီပုံမှာ တွေ့ တဲ့ မြစ်နှစ်သွယ် ဆုံတဲ့ နေရာမှာ မြစ်တစ်ခုနဲ့ တစ်ခု အရောင်မတူတာကိုတွေ့ ရပါမယ်။ တစ်ဖက်က ရေအစိမ်းရောင်ဖြစ်ပြီး၊တစ်ဖက်ကေ တာ့ ရွံ့ ရောင်ဖြစ်နေပါတယ်။ဘယ်ဘက်ကရေကြည်နေတဲ့  မြစ်နာမည်က Rhone လို့ ခေါ်ပြီးညာဘက်ကရွံ့ ရာင်ထနေတဲ့  မြစ်နာမည်က Arve လို့ ခေါ်ပါတယ်။ Arve မြစ်ဟာ နူန်းတွေ နဲ့ ပြည့်နေပြီး ကီလိုမီတာ ၁၀၀ ခန့် ဝေးတဲ့  နေရာမှ စီးဆင်လာတဲ့ အတွက် ရွံ့ ရောင်ဖြစ်နေတာပါ။ Rhone မြစ်ကတော့ Leman ဆိုတဲ့ ရေကန်ကြီးမှ စီးဆင်းလာတာဖြစ်ပြီးကန်ရေဖြစ်တဲ့ အတွက် စိမ်းစိုနေပါတယ်။

လူတစ်ယောက်ကို သင်အချစ်စစ်နဲ့ ချစ်ခဲ့ဖူးလား....??

Image
လူတစ်ယောက်ကို သင်အချစ်စစ်နဲ့ ချစ်ခဲ့ဖူးလား....?? ✑ တကယ်လို့သင်သာ သူကို အချစ်စစ်နဲ့ချစ်ရင် အရမ်းကို ပင်ပန်းလွန်းလှပါတယ်...... ✑ သူပျော်ရွှင်ဖို့ ကိုယ်ခံစားချက်ကို မသိသလိုနေတတ်ရတယ်

အိမ်သာကြွေခွက် ကိုပြောင်လက်စေတဲ့ ကိုကာကိုလာ

Image
  ကိုကာကိုလာ အိမ်တစ်အိမ်ကိုပြောင်းလိုက်ပြီး ညစ်ပတ်နေတဲ့ အိမ်သာကြွေခွက်မြင်ရရင် သို့မဟုတ် မိမိအိမ်မှာပဲ ရှိနေတဲ့ အိမ်သာကြွေခွက်က ညစ်ပတ်နေ ရင် တော်တော် စိတ်ပျက်ဖို့ ကောင်းပါတယ်။ ဒါကိုဆေးကြောဖို့အတွက် အက်ဆစ်ရေတွေ၊ ထုံးရေတွေ ရှာဝယ်ပြီး ဆေးနေ ရတာကလဲ အလုပ်ရှုပ်တယ်ဆိုတဲ့သူများအတွက် ဖြစ်ပါ တယ်။ ဒီနည်းလမ်းကို

အချစ်ဟူသည်မှာ

Image
“ သစ်ပင်မှာအမြစ်၊ လူမှာအချစ်" တဲ့ သစ်ပင် တစ်ပင်ဟာ အမြစ်ရှိမှ ရှင်သန်လို့ရသလို လူဆိုတာလည်း အချစ်ရှိမှ အသက်ရှင်လို့ရတယ်။ အချစ်ဆိုတဲ့ စာလုံးဟာ ´အ နဲ့ ချစ်´ နှစ်လုံးတည်း ဖြစ်ပေမယ့် အင်မတန်ပဲ နက်နဲကျယ်ပြန့်ပါတယ်။ လောကရဲ့ဝိညာဉ်ဟာ အချစ်ပဲ။ အချစ်ရှိလို့ လောကဆိုတာ ရှိနေတာ။ အချစ်မရှိရင် လောက ရယ်လို့ကို မရှိတော့ဘူး။လောကထဲက အချစ်ကို ဆွဲနှုတ်လိုက်ရင် လောက

သာသနာဖျက်တွေမဖြစ်စေနဲ.

Image
( သာသနာဖျက်တွေမဖြစ်စေနဲ. ) နှစ်ပေါင်းနှစ်ထောင်.ငါးရာကျော်သည်.တိုင် ထေရ၀ါဒသာသနာတော်မြတ်ကြီးကို တည်တံထွန်းကားအောင်အဓိကတာဝန်ယူစောင်.ရှောက်လာခဲ.သည်. အဖွဲအစည်းမှာ သံဃာ.အဖွဲ.အစည်းဖြစ်ပါသည်။သံဃာတော်အရှင်မြတ်များသည် သာသနာ.အမွေထိန်းများပီသစွာ သာသနာတော်ကိုခေတ်အဆက်ဆက်က ထိန်းသိမ်းစောင်.ရှောက်တော်မူခဲ.ကြပါသည်။ သာသနာတော်၏အမွေထိန်းဖြစ်သော “သံဃာ.အဖွဲ.အစည်း” အတွက်အဓိကကျသောအရာမှာ ဘုရားရှင်က ကရုဏာတော်ဖြင်. ပညတ်ခဲ.သော

ချစ်ခြင်း မေတ္တာ

Image
( ချစ်ခြင်း မေတ္တာ ) ************* တစ်ခါတုန်းက မျက်စိမမြင်တဲ့ကောင်မလေး တစ်ယောက်ရှိတယ်။ မွေးရာပါမျက်စိမမြင်တာမဟုတ် ဘဲအက်စီးဒန့်တစ်ခုကြောင့် မျက်စိကွယ်သွားရတာပေါ့ သူမမျက်စိမမြင် တဲ့အချိန် မှာ သူမအနားမှာ သူမကိုဖေးမကူညီပေးမယ့် သူတစ်ယောက်မှာ မရှိရှာခဲ့ဘူး။တစ်နေ့မှာတော့ သူမရဲ့ဘဝထဲကို ကောင်လေးတစ်ယောက်  ဝင်ရောက်လာခဲ့တယ်။ အဲဒီကောင်လေးကို သူမ မမြင်ဖူးပေမယ့်သူမရင်ထဲမှာ သူ့ကိုချစ်မိသွားတယ်။ အဲဒါနဲ့ သူမကပြောတယ် ကောင်လေးကို ''ငါတစ်နေ့ မျက်စိပြန်မြင်ခဲ့ရင် အမြင်ချင်ဆုံးက နင်ပဲနောက်ပြီး

သဘောထားအမှန်

Image
သဘောထားအမှန် သိစေရန် ပြောဆိုစကား မှားခဲ့သော် ထိုသည်ကား စေတနာစကား နားလည်ညား အားလုံးဗွေမယူ ခွင့်လွှတ်နားလည် ပေးမည့်သူသည် သူတော်ကောင်းတရား

အမြင်မတူ တဲ့ အတွေးများ

Image
( အမြင်မတူ တဲ့ အတွေးများ ) *********************** လူ့ဘ၀ နဲ့ အတွေး။ လူဘ၀ကို ရလာသူတိုင်း အတွေးဆိုတာ ရှိစမြဲပါ။ အတွေးကို အခြေခံပြီး အထက်တန်းစား ဘ၀များသို့ ရောက်ရှိသွားသူများရှိသလို၊ အတွေးကိုအခြေခံပြီး အောက်တန်းစားဘ၀များသို့ ရောက်ရှိသွားသူတွေကလည်း ဒုနဲ့ဒေး ။ လူ့ဘ၀မှာ အရေးပါလှတဲ့ အတွေးဆိုတဲ့ အရေးကိစ္စမှာ

( တွေးစိတ်များရဲ့ နောက်ကွယ်မှာ )

Image
( တွေးစိတ်များရဲ့ နောက်ကွယ်မှာ ) ဒေါက်တာအရှင်ဓမ္မပီယ (ပါမောက္ခ) ************ ************ အတွေးစိတ်နဲ့ သာယာလှပတဲ့ ဘ၀တစ်ခုကို ဖန်တီးနိုင်သလို အတွေးစိတ်ကြောင့်လည်း သာယာလှပတဲ့ ဘ၀ကြီးတစ်ခုလုံး ပျက်စီးသွားနိုင်တယ်။ ဒါကြောင့် တွေးတဲ့အခါ