Posts

Showing posts from September 4, 2013

"လူကိုယူပါ ဘုရားကို ချမ်းသာပေးပါ" သိစေလို၍ ဖတ်စေချင်ပါသည်

Image
    ရန်ကုန်တိုင်း၊ သံလျင်မြို့၊ သိပ္ပံလမ်းမှာနေသည့် ဗမာမိန်းကလေး တစ်ယောက်။ အမည်က(……)၊ အသက်(…..) နှစ်။ ဘွဲ့ရပြီးသူ။ သူမအလုပ်လုပ်သည့် ဆိုင်ရှင် အိမ်အမှတ်(၁၄)၊ သီရိလမ်းမှ ဦးဝင်းမောင် +ဒေါ်သန်းသန်းဝင်း၏သား အောင်ကျော်ထွန်းနှင့် လက်ထပ်ယူကြသည်။ မယူခင် လွတ်လပ်စွာ ကိုးကွယ်ကြဖို့ ကတိပေးခဲ့ကြသော်လည်း ရက်ပိုင်းအတွင်း အောင်ကျော်ထွန်း သဘောထားပြောင်းလဲလာခဲ့။နှစ်ဖက်မိဘများအိမ်မှာ မနေကြဘဲ အိမ်ငှားနေကြခြင်း၏ ရည်ရွယ်ချက်က ဘာသာရေးလွတ်လပ်မှု ရှိစေချင်၍ ဖြစ်သော်လည်း အစ္စလာမ်ဘာသာထဲ ဝင်ရမည်ဟု အောင်ကျော်ထွန်းက ဆိုလာသည်။ ဗလီတက်ပြီး ပြန်လာချိန်မှ စဖောက်ခြင်းဖြစ်သည်ဟု မိန်းကလေးက ဆိုလာသည်။ မိန်းကလေးက မကူးပြောင်းသည့်အခါ အောင်ကျော်ထွန်းက

ပြည်သူများ ပင်ပန်းနေသည်ကို အပန်းဖြေနေကြသည် (ဖတ်ရုံဖြင့်ပင် ပင်ပန်းသမျှ ပြေပျောက်စေသည်)

Image
ကမာရွတ်မြို့နယ်မှ နာမည်ကျော် အင်းလျားကန်ပေါင်သည် နံနက်ခင်း နှင့်အတူ နိုးထလာလေပြီ။ အသက်သုံးဆယ်ဝန်းကျင်ခန့်ရှိပုံရသည့် အသားဖြူ ဖြူ အမျိုးသား တစ်ဦးနှင့် ဆံပင်ရှည်ကို အမြင့်စီးကာ အားကစားဖိနပ်ကို အကျ အနဝတ်ထားသော အမျိုးသမီးတစ်ဦးတို့ ကန်ပေါင် တစ်လျှောက် ဖြည်းဖြည်းမှန် မှန်ပြေးနေရာမှ စကား တပြောပြောနှင့် လမ်းလျှောက်နေသော ပင်စင်စားအဘိုး အို အဖွဲ့ကိုပင် ကျော်တက်သွားလေပြီ။ နံနက် ၄ နာရီခန့်က မိုးရွာ ထားခြင်း ကြောင့် ကန်ပေါင်အောက်ခြေမှ ပန်းပင် မြက်ပင်လေးများတွင် မိုးရေစက်လေး များ တွဲခိုနေသည်။ ကန်ပေါင်အဆင်း ကုန်းမို့မို့မှ ပန်းပင်များဖြင့် ပုံဖော်ထား သောအလှစာတန်းတွင် ကြက်သွေးရောင် အပင်ပုလေးများ များပြားသောကြောင့် ကြက်သွေးရောင်သည် အတောက်ပဆုံး ဖြစ်နေသည်။ မိုးရာသီမို့ အရာရာတိုင်း သည် စိမ်းစိမ်းစိုစိုရှိလှသည်။ ဘေးမြေ ကွက်လပ် တွင်မူ အားကစားဝတ်စုံများ ဖြင့် ထိုက်ကျိကစားနေကြသော အရွယ် စုံအမျိုးသမီး၊ အမျိုးသားများ၊ အသက် နှစ်ဆယ်မှ အသက်ခုနစ်ဆယ်ခန့်ထိ အ ရွယ်စုံလူများ ကို တွေ့ရသည်။ ထူးခြား ချက်မှာကလေးငယ်များကို မတွေ့ရခြင်း ဖြစ်သည်။  ”ကန်ပေါင်က ကျွန်တော်တို့ နေ တဲ့နေရာနဲ့ဆို နှစ်မှတ်

PMS (1) ရာသီမလာခင် ဖြစ်ချင်တာတွေ (၁)

Image
ရာသီမလာခင် ဖြစ်ချင်တာတွေကို Premenstrual syndrome (PMS) လို့ ခေါ်ပါတယ်။ တချို့မှာ ဖါသိဖါသာ နေနိုင်ပေမဲ့ တချို့မှာ အတော်ဆိုးတယ်။ မေးခွန်း (၂) ခုကို ဖတ်ကြည့်ရင် ဘယ်ထောက်အထိ သူတို့ခင်မြာ ခံစားရတယ် ဆိုတာ သိနိုင်ပါတယ်။ စာ (၂) ပုဒ်ရေးပြီးပါပြီ။ ဒိထက်ဆိုးတာတွေအတွက် နောက်ထပ် စာ (၂) ပုဒ်ရေးထားပါသေးတယ်။ (၁) 3 hours ago 4-9-2013  ဆရာရှင့် သမီးဖြစ်နေတဲ့ရောဂါကဒီလိုပါ။ လစဉ်ဓမ္မတာမလာမီ တပတ်လောက်ကစပြီး အိပ်လို့မရတော့ ပါဘူး။ လူက အရမ်းအိပ်ချင်ပေမယ့် အိပ်ရင်လုံးဝမပျော်ပါ။ ဆရာဝန်နဲ့လည်း အကြိမ်ကြိမ်ပြဖူးပါတယ်။ အိပ်ဆေးတွေပေးလည်း ဒိုင်ယာဇီပင် 0.5နှစ်လုံးမှအိပ်ပါတယ်။စိတ်ရောဂါကုဆေးရုံကိုညွှန်လို့ရန်ကုန်မှာ

တစ်ဖက်နိုင်ငံသို့လူကုန်ကူးမည့်အမျိုးသမီးနှစ်ဦးအား ဖမ်းမိ

Image
မန္တ လေး ပြည်ကြီးတံခွန်မြို့နယ် တံ ခွန်တိုင်ရပ်ကွက်တွင် တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့မှ လာရောက်၍ အမျိုးသမီးများအား စည်းရုံးခေါ် ဆောင်နေသူ အမျိုးသမီးနှစ်ဦး ကို ဖမ်းမိခဲ့ကြောင်း သိရသည်။ တံခွန်တိုင်ရပ်ကွက်အုပ်ချုပ် ရေးမှူး ဦးအောင်ကျော်စိုးသည် ၎င်း၏နယ်မြေအတွင်း တရုတ် နိုင်ငံ ကျယ်ဂေါင်မှ အမျိုးသမီး တစ်ဦးရောက်ရှိပြီး အမျိုးသမီး ငယ်များအား စည်းရုံးခေါ်ဆောင် နေကြောင်းသတင်းအရ လူကုန် ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ် ဖွဲ့(မန္တလေး)မှ ရဲအုပ်ထင်အောင် ရဲမြင့်နှင့် ရဲတပ်ကြပ်ကြီး ညီညီ မြင့်မောင်တို့ကစုံစမ်းခဲ့ရာ မစန္ဒာ (ခ)မငယ်လေးသည် တရုတ်နိုင်ငံ ကျယ်ဂေါင်တွင်နေထိုင်ပြီး အနှိပ် ခန်းဖွင့်လှစ်ထားကြောင်း၊ မိန်း ကလေးငယ်များကို စုဆောင်း ခေါ်ဆောင်ပြီး အနှိပ်ခန်းတွင် အလုပ်လုပ်ခိုင်းကာ ရောင်းစား ကြောင်း အသက်ငယ်ငယ်အမျိုး သမီးသုံးဦးခန့် ခေါ်ယူလိုကြောင်း သိရသည်။ လူကုန်ကူးမှုတားဆီးနှိမ် နင်းရေးရဲတပ်ဖွဲ့ဝင်များသည် တံ ခွန်တိုင်ရပ်ကွက်အုပ်ချုပ်ေ ရးမှူး၊

ဗုဒ္ဓမြတ်စွယ်တော် ကြွချီစဉ်ကပုံရိပ်များ ဖူးမြှော်နိုင်ရန်

Image
ဗုဒ္ဓမြတ်စွယ်တော် ကြွချီစဉ်ကပုံရိပ်များ ဖူးမြှော်နိုင်ရန်    

အလုပ်သဘောမှာ အရူပ်မနှောပါစေနှင့်

အလုပ်သဘောမှာ အရူပ်မနှောပါစေနှင့် “ဥာတိသံသဋ္ဌော ၀ိဟရတိ - ဆွေမျိုးတွေနဲ့ ရောနှောပြီးတော့ နေတယ်”ဆိုတဲ့ စကားရပ်လေးကို နည်းနည်းချဲ့ပြီးတော့ ကောက်ချက်ချ တွေးတောကြည့်လို့ရတာပေါ့။ တချို့ဆရာတော် သံဃာတော်များကျတော့ ဆွေမျိုးတွေနဲ့ နီးနီးကပ်ကပ်နေရင် သံယောဇဉ်ကြီးတယ်၊ သံယောဇဉ်တွယ်တယ်၊ သူတို့ရဲ့ အပူတွေ ကူးစက်တယ်၊ သောကတွေအရှိန်ဟပ်တယ်ဆိုပြီးတော့ ဆွေမျိုးတွေနဲ့ ဝေးရာကို ရှောင်ခွာပြီးတော့ သာသနာ့အလုပ်ကို အားထုတ်ပြီးတော့ နေကြတယ်။ ဦးဇင်းတို့ သိမီလိုက်တဲ့ တချို့ဆရာတော်ကြီးတွေလည်း ရှိပါတယ်။ ဘွဲ့တော်တွေ၊ နာမည်တော်တွေတော့ မပြောတော့ဘူး။ တချို့ဆရာတော်ကြီးတွေ မိဘဆွေမျိုးတွေက ဒီမြို့မှာ နေတယ်ဆိုရင် မိဘဆွေမျိုးတွေနဲ့ ဝေးတဲ့ တခြားတစ်မြို့မှာ သွားပြီးတော့ အခြေချတယ်။ မိဘဆွေမျိုးတွေ အလာကို မခံတာနော်။ ကိုယ်ကိုယ်တိုင်လည်း မိဘဆွေမျိုးတွေ ရှိတဲ့နေရာ၊ ရှိတဲ့မြို့ကို လုံးဝမသွားဘူး။ မိဘဆွေမျိုးတွေကိုလည်း ကိုယ်သီတင်းသုံးတဲ့ မြို့ကို လုံးဝအလာမခံဘူး။ သံယောဇဉ်တွယ်မှာ စိုးလို့နော်။ အပူတွေ လာပြီး ကူးမှာစိုးလို့။ သူတို့အရူပ်တွေ ကိုယ့်လာပေးမှာစိုးလို့။ မိဘဆွေမျိုးကို လုံးဝ သံယောဇဉ်ဖြတ်၊ မိဘဆွေမျိုးတွေရဲ့ အထေ

Facebook တွေသုံးတဲ့အခါ ကိုယ် Liked ထားတဲ့ဟာတွေ ဖွက်ထားနည်း

Image
အသိတစ်ယောက်က အခုလို လုပ်ချင်နေတာနဲ့  လုပ်ပေးကြည့်လိုက်တာ မိုက်တယ်ဗျ ဟုတ်တော့ဟုတ်တယ်နော ။ ကိုယ့်သူငယ်ချင်းက  မိန်းကလေးတစ်ယောက်ဖြစ်တယ် သူ့ စာမျက်နှာသွားပီးကြည့်လိုက်  သူ like လုပ်ထားတဲ့ဟာတွေက Sexy Page တွေ ကိုယ့်သဘောနဲ့   ကိုယ်ဆိုပေမယ့်လည်း  သူများမြင်တော့ မကောင်းဘူးထင်ပါတယ် Like လုပ်တယ်ဆိုတာကကိုယ်သဘောကျ ကြိုက်နှစ်သက်တဲ့  Page ကိုပဲ လုပ်တာ ဒါနဲ့ ကျနော်လည်း  သူငယ်ချင်းတွေဆီလျှောက်သွားပီး ဘယ်သူက  ဘယ်လိုဟာတွေ Like လုပ်ထားလဲကြည့်ကြည့်တယ် ။ စပ်စုကြည့်တာပေါ့  အခုတော့   စပ်စုမရအောင် ကျနော်ပိတ်ထားလိုက်တယ် ။ ဒါဆို အခုကျနော့စာမျက်နှာလာကြည့် မမြင်ရတော့ဘူး

သူခိုးမရှိသောနိုင်ငံ

Image
ကမ္ဘာပေါ်တွင် သူခိုးမရှိသောနိုင်ငံတစ်နို င်ငံ ရှိခဲ့ဖူးသည်။ ထိုနိုင်ငံသည် မြန်မာနိုင်ငံဖြစ် သည်ဟုဆိုလျှင် လူအတော်များများက ကိုယ့်ငါးချဉ် ကိုယ်ချဉ်သူ၊ ကိုယ့်ဘက်သို့ယက်သောလိပ်လိုလူဟု ဆိုပေလိမ့်မည်။ သို့သော် ထိုစကားကိုပြောသူမှာ   နိုင်ငံခြားသား တစ်ယောက်ဟုဆိုလျှင်များစွာ အံသြကြပေ လိမ့်မည်။  ကမ္ဘာပေါ်တွင် သူခိုးမရှိသည့် တစ်ခုတည်း သောနိုင်ငံကား မြန်မာနိုင်ငံသာ ဖြစ်သည်ဟူ၍ ရဲရဲဝင့်ဝင့်ပြောခဲ့သူကား အိန္ဒိယနိုင်ငံသား ဟိန္ဒူဘာသာဝင်ဘဆေဆ်လာလ်ဂျီပင် ဖြစ်သည်။သူသည် ၁၈၅၉ ခုနှစ်တွင် မွေးဖွား၍ ၁၉၃၂ ခုနှစ်တွင်မှ ကွယ်လွန်ခဲ့သည်။ အိန္ဒိယနိုင်ငံ အီဂတ်ပူရီပြည်နယ်တွင် ဗုဒ္ဓ၏၀ိပဿနာတရားတော်များကို ကမ္ဘာသို့ဖြန့်ဝေ လျက်ရှိသော ဂုရုကြီးဦးဂိုအင်ကာ၏ အဘိုးတော်သူပင် ဖြစ်သည်။ အရောင်း အ၀ယ်ကုန်သည်အလုပ်ဖြင့် ကမ္ဘာအနှံခြေဆန့်ခဲ့ဖူးသော ဘဆေဆ်လာလ်ဂျီ သည် သူအမြတ်နိုးဆုံးဖြစ်သော မန္တလေးရတနာပုံ နေပြည်တော်တွင် အခြေ ချနေထိုင်ခဲ့သည်။ ထိုအချိန်က အထက်မြန်မာပြည်သည် မြန်မာဘုရင်၏

ကင်းမလက်မည်း ( black scorpion

Image
တစ်နေ့မှာ အဘိုးအို တစ်ယောက်ဟာ ရေနစ်နေသော ကင်းမြီးကောက် တစ်ကောင်ကို တွေ့ခဲ့တယ်။ ထိုအခါ သူဟာ ကယ်ဖို့ ဆုံ့းဖြတ် လိုက်ပါတယ်။ အဘိုးအိုဟာ ကင်းမြီးကောက်၏ လက်ကို ကိုင်လိုက်တဲ့ အခါ ကင်းမြီးကောက်က အဘိုးအိုအား ကိုက်လိုက်ပါတယ်။ ထိုအခါ အဘိုးအိုဟာ လက်ကို ခါရမ်းလိုက်တယ်။ ကင်းမြီးကောက်ကို မကယ်နိုင်တဲ့ အပြင် လက်လည်း အရမ်းနာကျင် သွားတယ်။ အဘိုးအို ကယ်မြီးကောက်ကို ကယ်တင်နေတာကို ဘေးနားကနေ ကောင်လေး တစ်ယောက်က

ဦးနှောက်ကို အမြဲနုပျိုနေစေရန်

Image
(၁) လှုပ်ရှားပါ လေ့ကျင့်ခန်းလုပ်ခြင်း၊ကိုယ် လက်လှုပ်ရှားခြင်း ကြောင့် ဦးနှောက်ဆံခြည်မျှင်သွေးကြော ဖွဲ့စည်းမှု ကောင်းမွန်ပြီးသွေး အထောက်အပံ့၊ အာဟာရနှင့် အောက်ဆီဂျင်ပေါများစွာ ရရှိနိုင်သောကြောင့် ဦးနှောက် နဗ်ဆဲလ်များနုပျိုစေသည်။ (၂) အစာကျွေးပါ ဟင်းသီးဟင်းရွက်များနှင့်သီးနှံများတွင်ဓါတ်တိုးဆန့်ကျ င်ပစ္စည်း (antioxidant)များပါဝင်သောေ ကြာင့် ဖရီး ရယ်ဒီကယ် (free radical) ဟုခေါ်သည့် အိုမင်းရင့်ရော် စေသောဓါတ်များကိုချေဖျက်ပေး နိုင်သည်။ (၃) အရှိန်တင်ပါ ဦးနှောက်လုပ်ငန်းများသည်အသက်သုံးဆယ်ဝန်း ကျင်မှစ၍ဖြည်းဖြည်းချင်းဆုတ်ယုတ်လာသည်။ သို့သော် ဦးနှောက်ကိုအမြဲတစေ အလုပ်ခိုင်းစေနေသူများ၌ ဦး နှောက်အိုမင်းမှုကို ဆိုင်းငံ့ထားနိုင်သည်။ စကားလုံး ဆက်ကစားခြင်း၊ပဟေဠိဖြေခြင်း ၊ ဘာသာစကားအသစ် တစ်ခုသင်ယူခြင်း၊ တူရိယာပစ္စည်းတီးမှုတ်ရန်သင်ယူခြင်း