Posts

Showing posts from October 1, 2013

နီပေါအဘိုးအို ကမ္ဘာ့ အရပ်အပုဆုံးအဖြစ် ဂင်းနက်စ်မှတ်တမ်းဝင်ရန် ကြိုးပမ်း

Image
အရပ်အမြင့် ၁၆ လက်မ ( ၄၁ စင်တီမီတာ) ရှိသည့် နီပေါအဘိုးအိုက ကမ္ဘာ့ အရပ်ပုဆုံးအဖြစ် ဂင်းနက်စ် မှတ်တမ်းဝင်ရန် လျှောက်ထားမည်ဟု သိရသည်။ဘီးတပ် ကုလားထိုင် အကူအညီဖြင့် သွားလာနေရသည့် အသက် ၇၃ နှစ်အရွယ် မာစတာနျူသည် ၎င်းနေ ထိုင်ရာရွာမှ ခတ္တမန္ဒူမြို့ ရောက်ရှိလာပြီးဂင်းနက်စ်မှတ်တမ်းဝင်ရန် လျှောက်ထားမှုများကို လုပ်ဆောင်သွားမည်ဟု လေဆိပ်တွင် ဓာတ်ပုံသမားများနှင့် မီဒီယာများကို တွေ့ဆုံပြောကြားခဲ့သည်။ မာစတာနျူသည် မြို့တော်ခတ္တမန္ဒူ အနောက်တောင်ဘက်ရှိ ဘာရာဟာဝါရွာတွင် ၎င်း၏ ညီအငယ်ဆုံး မိသားစုနှင့်  နေထိုင်ကြောင်း သိရသည်။ ဂင်းနက်စ် ကမ္ဘာ့မှတ်တမ်းများတွင်

ဝေဖန်မှုတွေကြောင့် ဓာတ်ပုံရိုက်ကူးမှုကို ရပ်လိုက်တော့မယ်လို့ မော်ဒယ် မြနှင်းရည်လွင် ပြော

Image
ဂျာနယ်တစ်ခုရဲ့မျက်နှာဖုံးမှာ ပြီးခဲ့တဲ့လအတွင်းက ဖော်ပြခံရတဲ့ ရင်ဟိုက် ဓာတ်ပုံကြောင့် ပရိသတ်တွေ ရဲ့ဝေဖန်မှုကို  ပြင်းပြင်းထန်ထန်ခံခဲ့ရတဲ့ မော်ဒယ်မြနှင်းရည်လွင်က လာမယ့်နှစ် ကစပြီး ဓာတ် ပုံမော်ဒယ် အဖြစ် ဆက်ပြီးလုပ်ကိုင်သွားမှာ မဟုတ်တော့ဘူးလို့ မြန်မာတိုင်းမ်ကို ပြော ပါတယ်။ စက်တင်ဘာလ ၂၆ ရက်ထုတ် CELebrites 8 days အပတ်စဉ်ထုတ် ဂျာနယ်ရဲ့ မျက်နှာဖုံးဓာတ်ပုံအဖြစ် ဖော်ပြခံရပြီး တဲ့နောက် မြနှင်းရည်လွင်က ခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။ ဂျာနယ်ထွက်ရှိပြီးနောက်ပိုင်းမှာ သူမကို စော်ကားသလို ဖြစ်စေတဲ့ စာသား တွေနဲ့ အင်တာနက်စာမျက်နှာပေါ်မှာ တိုက်ခိုက်ပြော ဆိုခံခဲ့ရတာကြောင့် အရှက်ရခဲ့ရတယ်လို့လည်း ဆိုပါတယ်။ "ဂျာနယ်မှာပါလာတဲ့ မျက်နှာဖုံးဓာတ်ပုံက ညီမအနေနဲ့ပြင်ထား တယ်ထင်လို့ ဂျာနယ်ကို ဆက်သွယ်ပြီးမေးခဲ့တယ်။ဒါပေမဲ့ သူတို့တွေအနေနဲ့ ပြင်ထားတာ မဟုတ်ပါဘူးလို့ ပြောခဲ့တယ်။အဲဒီ ပုံကိုရိုက်တဲ့နေ့က တစ်ပုံတည်းမဟုတ်ပါဘူး။ ပုံပေါင်းများစွာကို ရိုက်ခဲ့တာပါ။ အကယ်လို့ ပုံကအမြင်မတော်ရင်လည်း သူတို့ အနေနဲ့ တခြားဓာတ်ပုံကို ရွေးသင့်ပါတယ်။ အဲဒီလိုတင်လိုက်တော့အိမ်နဲ့လည်း ပြဿနာတက်တယ်။ တချို့အွန်လိုင်းစာမျက်နှာမ