Posts

Showing posts from February 11, 2014

မိန်းကလေးများ အလေးမထားမိသည့် ကျန်းမာရေး ထိခိုက်စေနိုင်သော အချက်များ

Image
မိန်းကလေးတွေဟာ အလှအပနောက်ကိုလိုက်ရင်း ကျန်းမာရေး ထိခိုက်စေနိုင်တာတွေကို အလေးမထားမိတာမျိုး ဖြစ်တတ်ကြပါတယ်။ (၁) စိတ်ညစ်တိုင်း အစာစားလေ့ရှိခြင်းေေ  ယောကျာ်းလေးအများစုက ပျော်ရွှင်တဲ့ အခါမျိုးမှာ အစာပိုစားတတ်ကြပြီး မိန်းကလေးတွေကတော့ စိတ်ညစ်တဲ့အခါမှာ အချိုနဲ့ ကယ်လိုရီများတဲ့ အစားအစာတွေကို ပိုစားလေ့ ရှိပါတယ်။ စိတ်ညစ်လို့ စားတဲ့ အစားအစာတွေက သင့်ခါး အနေအထားကို ပြောင်းလဲစေပြီး သင့်ကို ဝလာစေပါတယ်။ စိတ်ညစ်တာကို အစာစားပြီး ဖြေဖျောက်ဖို့ ကြိုးစားတာထက် လေ့ကျင့်ခန်းလုပ်တာ၊ ယောဂကျင့်တာ၊ အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါးနေတာတွေနဲ့ အစားထိုးလုပ်ဆောင် ကြည့်ပါ။ (၂) ဝသည်ဟု ထင်မြင်နေခြင်း မိန်းကလေးတွေက ခန္ဓာကိုယ်ကို ဝတယ်လို့ သူများပြောမှာကို ကြောက်ရွံ့တတ်ကြပြီး

ကမ္ဘာကျော်အရှုံးသမားများ

Image
၁) မိုက်ကယ်ဂျော်ဒန် (Michael Jordan) ကမ္ဘာကျော် ဘတ်စကတ်ဘောကစားသမားကြီးဖြစ် တဲ့ မိုက်ကယ်ဂျော်ဒန်ဟာ သူ့ရဲ့ အထက်တန်းကျောင်း ဘတ်စကတ်ဘောအသင်းကနေ အပယ်ခံရပြီးတဲ့နောက်မှာ အခန်းတံခါးပိတ်ပြီး တစ်ယောက်ထဲ ငိုကြွေးခဲ့ရဖူးပါတယ်... ၂) စတိဗ်ဂျော့ (Steve Jobs) ကမ္ဘာကျော် Apple ကုမ္ပဏီကြီးရဲ့ ပဲ့ကိုင်ရှင်ဖြစ်တဲ့ စတိဗ်ဂျော့ဟာ အသက် ၃၀ အရွယ်မှာ သူစတင်တည်ထောင်ခဲ့တဲ့ ကုမ္ပဏီကနေ သူ့ကိုဖယ်ရှားခံလိုက်ရတဲ့အတွက် ဝမ်းနည်းအားငယ်ပြီး

တန်ဖိုးရှိတဲ့ဘ၀ကြီး နှမြောစရာ

Image
လူ့ စည်းစိမ်နဲ့ နတ်စည်းစိမ် ဘယ်ဟာက ကြီးကျယ် ခမ်းနားသလဲ။ ပျော်မွေ့ စရာကောင်းသလဲ။ လူ့ စည်းစိမ်ဆိုတာက နတ်စည်းစိမ်နှင့် စာရင် သူတောင်းစား စည်းစိမ်၊ စဏ္ဍာလ စည်းစိမ်ပဲ။ အလောင်းတော် တေမိမင်းသားမှာ ပါရမီတွေ ဖြည့်ချင်လွန်းလို့  အလွန်ကြီးကျယ်တဲ့ နတ်စည်းစိမ်တွေ စွန့် ပြီး လူ့ ပြည်ဆင်းလာရရှာတယ်။ သူ့ လိုပဲနတ်စည်းစိမ်တွေ စွန့် ပြီး လူ့ ပြည်လာကြတဲ့ နတ်သားတွေတောင် ငါးရာ တဲ့..လိုက်ပါလာကြတာ။ လူ့ ပြည်ရောက်လာပြန်တော့ရော သူ့ ခမျာ ပါရမီဖြည့်ရတာ သက်သာရှာရဲ့ လား။ ဘုရားလောင်း ဘူရိဒတ် နဂါးကြီးဟာလဲ ဥပုသ်ကလေးစောင့်ချင်တာနဲ့  လူ့ ပြည်လာရရှာတယ်။ နဂါးစည်းစိမ်ကလဲ နတ်စည်းစိမ်လို ကြီးကျယ်ခမ်းနားတာပဲ။ အဲ လူ့ ပြည်ရောက်လာပြီး ဥပုသ်စောင့်ရသော်လဲဖြောင့်ဖြောင့် အေးအေးလူလူ မစောင့်ရရှာဘူး။ အလမ္ပာယ်လုပ်သမျှ ဒုက္ခခံပြီး စောင့်ရရှာတာ။ ကုသိုလ်ကောင်းမှုဆိုတာက ဘုံဘ၀တိုင်းမှာလုပ်လို့ ရတာမျိုး မဟုတ်ဘူး။ လူ့ ဘ၀မှာမှ လုပ်လို့ ရတာ။ ဒါ့ကြောင့် အလောင်းတော်ကြီးများ လူ့ ပြည်လူ့ ရွာဆင်းလာပြီး ပါရမီကုသိုလ်တွေ လုပ်ယူကြရတယ်။ ဒါကြောင့် လယ်တီဆရာတော်ကြီးကပြောတာ -လူ့ ဘ၀ဆိုတာ ဘ၀ပဒေသာပင်ကြီးတဲ့ ။ ကိုယ့်မှာ လွယ်လွယ်ကူကူ ရရှိနေတော့ ရခ

ချီးမွမ်းခြင်းနဲ့ ကဲ့ရဲ့အပြစ်တင်ခြင်း

Image
(ဘယ်လို စိတ်ထားမျိုးနဲ့ ဝေဖန်ထောက်ပြကြမလဲ) “ကဲ့ရဲ့ခြင်း” မိမိတို့ ပတ်ဝန်းကျင်မှာ တွေ့မြင်နေကြ သူတွေကို သတိထားကြည့်မိတဲ့အခါ ကောင်းတဲ့သူ၊ ဆိုးတဲ့သူရယ်ဆိုပြီး လူနှစ်မျိုးနှစ်စားတွေ့ရတယ် ။ လူဆိုတာ အမြဲတမ်းကောင်းနေတတ်တာမျိုး မဟုတ်သလို အမြဲတမ်းလည်း ဆိုးနေတတ်တာမျိုးလည်း မဟုတ်ပြန်ဘူး။ လူ့တစ်ယောက်ရဲ့ မကောင်းတဲ့အလေ့အကျင့်၊ စရိုက်ကို ပြုပြင်ပြောင်းလဲ၍ ရနိုင်ပါ့မလား။ မရနိုင်ဘူးလားဆိုတာ ပုံသေကားချပ်တော့ တွက်၍

မိန်းကလေးတိုင်း မွေးရာပါ ရုပ်ရှည်မလှပချင်နေပါစေ ဘ၀ကိုတော့ လှလှပပ ရှင်သန်နေထိုင်သင့်

Image
မိန်းကလေးတစ်ယောက်ဟာ မွေးရာပါ ရုပ်မလှချင်နေ ဒါပေမဲ့ ဘ၀မှာ လှလှပပတော့ ရှင်သန်သင့်တယ်။ ဘယ်အချိန်အခါပဲဖြစ်ဖြစ် ပြည့်စုံတဲ့အသိပညာ၊ ကောင်းမွန်တဲ့စရိတ္တ၊ ထက်မြက်တဲ့ အပြုအမူ၊ သိမ်မွေ့တဲ့အပြောအဆို၊ ကြီးမြတ်တဲ့ စိတ်သဘော...ထားနဲ့ မေတ္တာနဲ့ပြည့်တဲ့ နှလုံးသားတစ်စုံရှိတဲ့