Posts

Showing posts from September 1, 2013

အပျိုကြီးများ အတွက် ကြေငြာချက်များ

Image
ကြေညာချက် အမှတ် ၃/၂၀၀၉  ( အပျိုကြီးများ သိသာရန် )  ၁. သတ်မှတ်ချက်(က) အသက် ၂၇နှစ်ကျော်ပြီး လက်ဆုပ်လက်ကိုင်ရည်းစားမပြသေးနိုင်သူ အမျိုးသမီးများအား အပျိုကြီးအဖြစ် သတ်မှတ်သည်။ (ရှိပါက ဆုပ်လည်း ဆုပ်ပြရမည် ကိုင်လည်းကိုင်ပြရမည် ... အော် ... လက်ကိုပြောတာပါ..)ယခင်က experience ဟောင်းများကို ခံစားခွင့်ရမည်မဟုတ်ချေ။ လက်ရှိမျက်မှောက် အခြေအနေကိုသာ ဆိုလိုသည်။ သတ်မှတ်ချက်နှင့် အကျုံးမ၀င် စေရန်အလို့ငှာ... လိမ်ညာခြင်း၊ အယောင်ဆောင်ခြင်းအစား ထိုးခြင်း ပြု လုပ်ပါက ပြင်းပြင်းထန်ထန် အရေးယူခြင်း ခံရမည်ဖြစ်သည်။ ၂. သတ်မှတ်ချက်(ခ) လက်ရှိရည်းစား ရှိသော်လည်း လစာကို လည်းကောင်း

မိန်းမသားမို့ပါ

Image
မိန်းမသားမို့ပါ မာယာ လေးဆယ် ပရိယာယ် တစ်ရာ အလိမ်အညာ တစ်ထောင် အယောင်ဆောင် တစ်သိန်း အပလိန်း နန္ဒ..... ညွှန်းလိုက်တဲ့စကားလုံးတွေ။တစ်ဖက်သတ် စွဲချက်တွေ မိန်းမကောင်းကြောင်းလည်းမပါပါလား။တကယ်ဆိုရင် ဒီလိုမဖြစ်သင့်ဘူး။လောကမှာ မကောင်းသူရှိသလို   ကောင်းသူတွေလည်း ရှိပါသေးတယ်။ တစ်ယောက်မကောင်းတာနဲ့ အပေါင်းကို ၀ါးလုံးနဲ့ဆော်တာ

လူ့ခန္ဓာကိုယ်ရဲ့ ထူးဆန်း အံ့သြဖွယ် အချက်အလက်များ မှတ်သားဖွယ် သိရှိထားသင့်သည့် အရာများ

Image
(1) သင့်ရဲ့ ခန္ဓာကိုယ်ထဲမှာ တချို့အရေးကြီးတဲ့ အစိတ်အပိုင်းတွေ မရှိတော့ ပေမယ့် ဆက်ပြီးအသက် ရှင်နေနိုင်ပါသေးတယ်။ အစာအိမ် ၊ သရက်ရွက် အသည်းရဲ့ ၇၅ရာခိုင်နှုန်း၊ အူလမ်းကြောင်းရဲ့ ၈၀ ရာခိုင် နှုန်း၊ ကျောက်ကပ် တစ်ခြမ်း၊ အဆုတ်တစ်ခြမ်းနဲ့ ခန္ဓာကိုယ်အောက်ပိုင်းက တချို့ အစိတ်အပိုင်းတွေ မရှိရင် တောင်.. လူကောင်း တစ်ယောက်လို မဟုတ်ပေမယ့် ဆက်ပြီး အသက်ရှင် နေနိုင် ပါသေးတယ် ။ (2) လူ့ခန္ဓာကိုယ်တစ်ခုလုံးမှာအသန်မာဆုံးကြွက်သား ကလျှာဖြစ်ပြီးအမာကျောဆုံး အရိုးကတော့ မေးရိုးပါ (3) လူတစ်ယောက်ရဲ့ခြေဖ၀ါးဟာခန္ဓာကိုယ်မှာရှိသမျှ အရိုးပေါင်းရဲ့လေးပုံတစ်ပုံမျှရှိပြီးအရိုးပေါင်း ၅၂ ချောင်းနဲ့ဖွဲ့စည်းထားပါတယ်။ (4) ခြေဖ၀ါးမှာ ချွေးဂလင်းပေါင်း 500,000 ခန့်ရှိပြီးအဲဒီချွေးဂလင်းတွေ က တစ်နေ့ကိုချွေး (1)ပိုင့် မက ထုတ်လုပ်ပါတယ်။ (5) သင့်အစာအိမ်ထဲမှာရှိတဲ့အစာခြေရည်(အက်ဆစ်)ဟာသင်တုန်းဓားကိုတောင် ချေဖျက်နိုင်တဲ့ အထိ ပြင်းအားရှိ ပါတယ်။ အဲဒီအက်ဆစ်ရည်ဟာ အစာအိမ်ကိုတော့ဘာကြောင့်မထိခိုက်စေလဲဆိုတဲ့ အကြောင်း

မိဘလုပ်ကျွေး ကောင်းကျိုးပေး

Image
  “မာတာပိတု ဥပဋ္ဌာနံ နာမ ပုညံ သဂ္ဂသံဝတ္တနီက ကာရဏံ” မာတာပိတုဥပဋ္ဌာနံ နာမ= မိဘတို့အား လုပ်ကျွေးပူဇော်ခြင်းမည်သော ၊ ပုညံ= ကုသိုလ်ကောင်းမှုသည် ၊ သဂ္ဂသံဝတ္တနိကကာရဏံ= နတ်ပြည်ရောက်ကြောင်း အမှုကောင်း အလုပ်ကောင်း မည်ပါပေ၏။ ကျေးဇူး ကြီးလှ မိဘတို့အား အစစအရာရာ ဆောင်ရွတ်ပြုစုလုပ်ကျွေးပူေ ဇ်ာခြင်းဆိုတဲ့ ကုသိုလ်ကောင်းမှုသည် (ဝါ) မိဘလုပ်ကျွေးတဲ့ ကုသိုလ်သည် ဘေးခပ်သိမ်း ရန်ခပ်သိမ်း ကင်းလွတ်ငြိမ်း၍ မင်္ဂလာအဝဝ စေ့ငလောက်လုံ ပြည့်စုံတတ်ပါပေတယ်။ “ဓနကာမာနံ ဥပ္ပ့န္တွံ ဓနမ္ပိ မာတာပီတုနံ အပဋိဇဂ္ဂန္တာနံ နဿတိ” ဓနကာမာနံ=စီးပွားဥစ္စာ မင်္ဂလာကျက်သရေ တက်နေလင်းသကဲ့သို့ ထွေထွေလောက်လုံ ပြည့်စုံလိုကြကုန် သော သားသမီးတို့အား ၊ ဓနံ= စီးပွားဥစ္စာသည် ၊ ဥပ္ပန္တွမ္ပိ=ဖြစ်ပေါ်ပါသော်လည်း ၊ ၊ မာတာပိတုနံ= ကျေးဇူး ကြီးမားလှ မိနှင့်ဘတို့အား၊ အပဋိဇဂ္ဂန္တာနံ= မပြုစု မလုပ်ကျွေး မပူဇော်ကြကုန်သည်ရှိသော်၊ တံ=ထိုဖြစ်ပေါ် လာသော စီးပွားဥစ္စာ အဖြာဖြာသည် ၊ နဿတိ= ပျက်စီးတတ်ပါပေ၏။ လောကမှာ ဝီရိယ ရှေ့ထားကြိုးစားရှာဖွေထားတဲ

နေ့မင်းသားတို့ ပျော်စံရာ

Image
နေ့မင်းသားတို့ ပျော်စံရာ အချိန်က နေ့လယ်ခင်း ဖြစ်နေသော်လည်း အခန်းအတွင်း အမှောင်ဓာတ်က နေရာ တော်တော် များများကို ကြီးစိုးထားသည်။ မှောင်မှိုင်းမှိုင်း အခန်း အတွင်းတွင် စူးရှ တောက်ပသော Disco Light များက တလက်လက် တောက်ပနေသည်။ ခန်းမ၏ အလယ်တွင် စက်ဝိုင်းပုံ စားပွဲငယ် တစ်ခု အခန့်သား ရှိသည်။ စားပွဲငယ်၏ ဘေးပတ်ပတ် လည်တွင် လူငယ် ငါးဦးက တက်ကြွသော ဟန်ပန်မျိုးဖြင့် တစ်စုံတစ်ရာကို စောင့်မျှော်နေသလိုပင်။ အခန်းတွင်းရှိ လူအားလုံး နီးပါးကလည်း ထိုစားပွဲငယ်ဘေးရှိ လူငယ်များကိုသာ လှုပ်လှုပ်ရွရွဖြင့် စိတ်ဝင်တစား ကြည့်နေကြသည်။ ‘Ready နော်။ 1, 2, 3…စပြီ’။ စင်မြင့်ပေါ်ရှိ DJ က အော်ဟစ် သတိပေးသံ အဆုံးတွင် လူငယ် ငါးဦး တို့သည် စားပွဲငယ်ပေါ်ရှိ Johnny Walker အရက် သုံးပက်စီ ထည့်ထားသော တစ်ခါသုံး ပလတ်စတစ် ခွက်ငယ်ထဲမှ အရက်များကို ပိုက်ဖြင့် အလျင်အမြန် စုပ်ယူနေကြသည်။ ယင်းလူငယ် ငါးဦးထဲမှ အမြန်ဆုံး ကုန်အောင် သောက်နိုင်သူသည် အနိုင်ရရှိမည်ဖြစ်သည်။ အနိုင်ရသူ အတွက်လည်း Jägermeister ၁ ဒသမ ၅ လီတာ အရက်ပုလင်း တစ်တောင့်က ဒိုင်လုပ်သူ၏ လက်ထဲတွင် အဆင်သင့် ရှိနေသည်။ အထက်ပါမြင်ကွင်းမှာ Day Party များတွင် ကျင်းပလေ့ရှိသော Brea

မေတ္တာ ဂရုဏာတွေအပြည့်နဲ့ ကြင်နာစွာ ကြည့်တတ်တဲ့ အမေ့

Image
မေတ္တာ ဂရုဏာတွေအပြည့်နဲ့ ကြင်နာစွာ ကြည့်တတ်တဲ့ အမေ့ရဲ့  မျက်ဝန်းတစ်စုံကို လွမ်းတယ်.......... အမြဲတမ်း စိုးရိမ်စိတ်တွေအပြည့်နဲ့  စိတ်ပူနေတတ်တဲ့ အမေ့ရဲ့ ဂရုစိုက်မှုတွေကို သတိရတယ်.......... အားငယ်တဲ့ အချိန်တိုင်း အားမငယ်ပါနဲ့ အမေ ရှိတယ်လို့  အမြဲ ပြောတတ်တဲ့ အမေ့ရဲ့ စကားသံလေးကို ကြားချင်မိတယ်... အခက်အခဲတွေနဲ့ ကြုံလာရတဲ့အချိန်တိုင်း အမြဲတမ်း ဆုပ်ကိုင်ပေး ထားတဲ့ နွေးထွေးတဲ့ အမေ့ရဲ့ လက်တစ်စုံကို တမ်းတမိတယ်....... အနားမှာရှိစဉ်က နားမလည်ခဲ့တဲ့ အမေ့မေတ္တာ...အမေ့ကျေးဇူး

အမေသက် တော်ရာကျော်ရှည်ပါစေ အမေ

Image
သေမင်းနဲ့လွန်ဆွဲပြီးသားသမီး တွေကိုမွေးပေးခဲ့တဲ့ အမေ... ငါ့သားလေးထမင်းဝါးလို့နိုင် ပြီ ငါ့သားလေးတီတီတာတာပြော တတ်နေပြီ ငါ့သားလေးလမ်း လျှောက်တတ်နေပြီလို့အရိပ် တစ်ကြည့်ကြည့်နဲ့စောင့် လျှောက်လာခဲ့တဲ့ အမေ... သူများနဲ့တန်တူဖြစ်အောင်ပင် ပန်းဆင်ရဲစွာနဲ့ကျောင်းထားေ ပး ခဲ့တဲ့အမေ... လိုချင်တဲ့အရာဆိုနှစ်ခွန်းမ ပြော ရဘူး အတတ်နိုင်ဆုံးဖြည့်ဆည်း