Posts

Showing posts from September 10, 2013

အူမကြီးကျန်းမာစေမည့်နည်းလမ်းခုနှစ်သွယ်

Image
1.တစ်နေ့တစ်ကြိမ်၊နှစ်ကြိမ် ၀မ်းသွားသောအလေ့အကျင့် ကိုထားပါ။ 2.၀မ်းသွားချင်စိတ်ဇြစ်ပေါ် လျှင်မအောင့်ထားပါနှင့်။ ချက်ချင်းသွားပါ။ 3.ရေနှင့်သစ်သီးဖျော်ရည်ကိုများများသောက်ပါ။ 4.အစားအစာစားလျှင်အမျှင်ဓါတ်ပါသောအစားအစာများကိုရွေးစားပါ။ 5.ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းကိုနေ့စဉ်လုပ်ဆောင်ပါ။

လတိုင်းလတိုင်း၁၄ရက်နေ့ရဲ့ထူးခြားချက်များ

Image
လတိုင်းလတိုင်းရဲ့၁၄ရက်နေ့မှာ ရှိတဲ့ထူးခြားချက်လေးတွေပါ။ မသိသေး သောသူငယ်ချင်းများအ တွက်ရည်ရွယ်ပါတယ်။ လတိုင်းရဲ့၁၄ရက်နေ့လေးတွေမှာကို ယ့်ချစ်သူကိုဘယ်လိုလက်ဆောင်ပေးရ မလဲဆိုတာသိရအောင်လို့ပါ။ ချစ်သူကိုလက်ဆောင်လေးတွေပေးရင်း ပျော်ရွင်နိုင်ကြစေဖို့ရည်ရွယ်လိုက်ပါတယ်။ 1. January 14th "Diary Day" နှစ်သစ်တစ်ခုရဲ့အစပိုင်းလဖြစ်တဲ့ အတွက်အထိမ်းအမှတ်အနေနဲ့အပြန်အလှန်ချစ်စာလေးတွေရေးဖို့ဒိုင်ယာရီလက်ဆောင်ပေးသင့်ပါတယ် ။ 2. February 14th "Valentine Day" ကိုယ်ချစ်တဲ့သူကိုချောကလက်လေးတွေနဲ့နှင်းဆီပန်းလှလှလေးတွေပေးပို့လေ့ရှိပါတယ်။ချစ်သူများအတွက်ချစ်ဖို့ကောင်းတဲ့နေ့ရက်ကလေးပါ။ "ချစ်သူများနေ့"လို့တင်စားခေါ်ဝေါ်တဲ့နေ့လေးတစ်နေ့ပေါ့။ 3. March 14th "White Day" ယောကျာ်းတွေကသူတို့ချစ်ရတဲ့ချစ် သူကိုသကြားလုံးသို့မဟုတ်နှစ်သက် ရာလက်ဆောင်လေးတွေပေးကြတာပါ။   4. April 14th " Black Day" အနက်ရောင်နေ့လို့ခေါ်ပြီးချစ်သူမ ရှိတဲ့တစ်ကိုယ်တည်းသမားတွေအတွက်

♥♥ အချစ် ♥♥ အချစ် ♥♥ အချစ် ♥♥

Image
ရွာဦးဘုန်းကြီးကျောင်းက အုန်းမောင်းခေါက်သံနဲ့အတူ အိပ်စက်နေတဲ့ အသိဥာဏ်တွေ နိုးကြားလာချိန်ထိ ပျင်းကြောဆွဲရင်း မျက်စိနှစ်လုံးမဖွင့်ရသေးခင် အေးမိနှာခေါင်းကို ချဉ်စူးစူးအနံ့တခုက မိတ်ဆက်ပါတော့တယ်… သေချာပြီဒါဆိုရင်တော့ သင်း ညကခါတိုင်းလိုပဲ မူးရူးနေအောင်သောက်ပြီး အစပ်အဖာရာပြည့်နေတဲ့ ခြေထောင်ထဲ ကိုယ်တ၀က်ဝင် ကိုယ်တ၀က်အပြင်ထွက်နဲ့ အိပ်နေတယ်ဆိုတာ မျက်လုံးဖွင့်မကြည့်လဲ သိသပေါ့… အေးမိ သက်ပြင်းရှည်ကြီးကိုသာ တွင်တွင်ချရင်း အိမ်ဦးနတ်ဆိုတဲ့ မောင်မူးကို မှောင်မှောင်မဲမဲခွကျော်ရင်းက ဈေးရောင်းထွက်ဖို့ ပြင်ဆင်ရပါတော့တယ်… ရွာကနေ ဈေးကြီးပိုင်းကိုရောက်ဖို့ဆိုတာ ကားဂွန်ဒေါင်းစီးဖို့ တမေ့တမောစောင့်ရအုံးမှာမဟုတ်လား… ဟိုရောက်တော့ ကိုယ့်ရွာနီးချုပ်စပ် စားတတ်သောက်တတ်တဲ့၊ လွယ်လွယ်မရနိုင်တဲ့ ဟင်းသီးဟင်းရွက်မျိုး၊ အလေးချိန်ခွင်မလိုပဲ တဆယ်သားတထုတ်စီထားတဲ့ သားငါးတွေ၊ ဟိုအိမ်ကမှာ ဒီအိမ်ကမှာထားတဲ့ ပစ္စည်းအတိုအစလေးတွေအားလုံးအပါဝယ်ပြီး ကိုယ့်ရွာကို ကားဂွန်ဒေါင်းစီးလို့ ပြန်လာ ရွာရောက်ပြန်တော့ ရွာရှေ့နောက်နှံ့ပြန့်အောင် ပါလာတဲ့ ကုန်လေးမြန်မြန် အရောင်းရစေဖို့ နေ့စဥ

အချစ် ပုစ္ဆာကြီး (၅)ခု

Image
အချစ် ပုစ္ဆာကြီး (၅)ခု ပထမဆုံး စာဖတ်သူအနေနဲ့ ဒီမေးခွန်း(၅)ခုကို ဖြေကြည့်ပါ။ မိမိ စိတ်ကူးနဲ့ အဖြစ်နိုင်ဆုံး အဖြေကို ခန့်မှန်းကြည့်ပေးပါ။ ၁။ ယောက်ျားနဲ့ မိန်းမမှာ ဘယ်သူက တစ်ယောက်အပေါ် တစ်ယောက် စချစ်လေ့ရှိလဲ။ ၂။ မြင်မြင်ချင်းအချစ်မှာ ယောက်ျားနဲ့မိန်းမ ဘယ်သူက ပို ဖြစ်လေ့ရှိလဲ။ ၃။ ယောက်ျားနဲ့မိန်းမမှာ အချစ်ဟာ ထာဝရတည်တံ့နေ တယ်လို့ ဘယ်သူက ပိုပြီး ယုံကြည် လေ့ရှိလဲ။ ၄။ ပြီးပြည့်စုံတဲ့ အချစ်ရှိ တယ်လို့ ဘယ်သူက ပိုယုံကြည် လေ့ရှိလဲ။ ၅။ အချစ်မပါဘဲ လက်ထပ် ချင်တဲ့သူက ဘယ်သူတွေလဲ။ ဒီမေးခွန်းကို ပရော်ဖက်ဆာ တစ်ယောက်က သူ့ကျောင်းသား တွေကို မေးကြည့်တယ်။ ကျောင်း သားတွေ အထင်နဲ့ ရမ်းကြိတ်တဲ့ အဖြေကတော့ အများစုဟာ ]မိန်းမ} ဖြစ်နိုင်တယ်တဲ့။ တကယ့် တကယ် တမ်းအဖြေမှန်ကတော့ ]ယောက်ျား} တွေပဲ ဖြစ်ပါတယ်။ ဒီရလဒ် အဖြေကြောင့် ပရော် ဖက်ဆာရဲ့ ကျောင်းသားတွေ အံ့ အားသင့်သွားကြသလို စာဖတ် သူလည်း အံ့အားသင့်သွား နိုင်ပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ စနိုးဝှိုက်ပုံပြင်တွေဟာ

အချစ်နဲ့ ပတ်သက်လာရင် ....သိစေချင်တာ...

Image
အချစ်နဲ့ ပတ်သက်လာရင် ဒီ့ထက်ပိုကောင်းတဲ့အချစ် ရှိနိုင်သေးတယ်လို့ မထင်လိုက်ပါနဲ့။ အခုလက်ရှိပိုင်ဆိုင်ထားတဲ့ အချစ်ကအကောင်းဆုံးပါ။   အသက်ငယ်သေးတယ် နောက်ကျမှအိမ်ထောင်ပြုလည်းရတယ် လို့ မထင်လိုက်ပါနဲ့။ အချစ်က အသက်အရွယ်ကို စောင့်လိမ့်မှာမဟုတ်ဘူး။   အကွာအဝေးကြောင့် အချစ်ကို လက်လွတ်ဖို့ မကြိုးစားပါနဲ့။ အချစ်က ကိုယ်နဲ့အတူ ရထား၊ လေယာဉ်စီးလို့ရပါတယ်။   ငွေကြေးမချမ်းသာတဲ့ ချစ်သူကို မစွန့်လွတ်လိုက်ပါနဲ့။ အသုံးမကျတဲ့လူကလွဲလို့ လုံ့လဝီရိယရှိသူဆိုရင် သင့်ကိုချမ်းသာအောင်ထားနိုင်ပါတယ်   အချစ်က ရိုးရှင်းလေ ပျော်ရွှင်လေဖြစ်တယ်။ တစ်သက်မှာ တစ်ယောက်တည်းချစ်တာက အကောင်းဆုံးဖြစ်တယ်။ ချစ်တာများပြီး ခံစားချက် အတွေ့အကြုံများရင်

အချစ်ရဲ့အကျဉ်းသား

Image
အချစ်ရဲ့အကျဉ်းသား         အကြည့်တစ်ချက်ကြောင့်        စိတ်ကစားခဲ့တာမဟုတ်သလို        အပြုံးတစ်ပွင့်ကြောင့်       ရင်ခုန်ခဲ့တာမဟုတ်ဘူး..       တစ်ခါမြင်ဖူးရုံနဲ့        ရင်မှာတစ်သက်တာ စွဲမက်စရာကောင်းတဲ့         မင်းအပြုံးကို...          အခါခါမြင်နေရတဲ့  ငါ့နှလုံးသား..         ကျရှုံးခဲ့ပြီပဲလေ.....          င့ါရဲ့အချစ်တွေကို          နားလည်မပေးနိုင်ရင်လဲ         လက်နက်ချထားတဲ့ငါ့နှလုံးသားကို        မျှော်လင့်ခွင့်တွေ.....        နင်...မပေးခဲ့သင့်ဘူး....                                                                       ရဲရင့်    fusarshinlay.net

အမျိုးသားနှင့် အမျိုးသမီး အကြား စိတ်ဝင် စားဖွယ်ရာ စိတ်အခြေ အနေများ

Image
အမျိုးသားနှင့် အမျိုးသမီး အကြား စိတ်ဝင် စားဖွယ်ရာ စိတ်အခြေ အနေမျာ အမျိုးသားနဲ့ အမျိုးသမီးဟာ ကိုယ်ခန္ဓာ တည်ဆောက်ပုံချင်း ကွဲလွဲမှု ရှိရုံသာမက စိတ်ပိုင်း ဆိုင်ရာ အခြေအနေ တွေကလည်း မတူဘဲ ကွဲပြားမှု ရှိနေ တာကို စိတ်ဝင်စားဖွယ်ရာ တွေ့ရှိ ထားပါတယ်။ (၁) အမျိုးသားတွေက အမျိုးသမီးတွေထက် နှစ်ဆ-သုံးဆ ပိုပြီး စိတ်အပြောင်းအလဲ မြန်တတ် ပါတယ်။ အမျိုးသမီး အများစုက အမျိုးသား အများစုထက် ဆုံးဖြတ်ချက် ချမှတ်ဖို့ ပိုကြာ တတ်ပါ တယ်။ ဒါပေမဲ့ အမျိုးသားတွေက သူတို့ ဆုံးဖြတ် ထားပြီးသား အရာ တစ်ခုကို ပိုပြီး ပြီးဆုံးအောင် ဆောင်ရွက်လေ့ ရှိပါတယ်။ (၂) အိုင်ကျူ စစ်ဆေးနည်း ခံယူထားတဲ့ သူတွေကိုလေ့လာမှု တစ်ရပ်အရ အမျိုးသမီးတွေက အမျိုးသား တွေ ထက် ပျမ်းမျှအားဖြင့် အိုင်ကျူအနည်းငယ် ပိုမြင့်တာကို တွေ့ရပါတယ်။ (၃) အမျိုးသမီးတွေက အမျိုးသားတွေထက် မျက်နှာတွေ၊ အထူးသဖြင့် အမျိုးသမီးတွေရဲ့ မျက်နှာတွေကို

ချစ်သူတစ်ယောက်ကို လက်စားခြေခြင်း

Image
လက်စားခြေခြင်း တခါတုန်းက တနေရာစီကွဲနေကြပြီး အရမ်းချစ်ကြတဲ့ ချစ်သူနှစ်ယောက်ရှိကြပါတယ် သူတို့နှစ်ယောက်ဟာ တစ်ဦးကိုတစ်ဦးအရမ်းချစ်ကြတယ်လေ နှစ်နာရီတစ်ခါ ဖုန်းနဲ့ဖြစ်စေ message နဲ့ဖြစ်စေ အွန်လိုင်းပေါ်ကဖြစ်စေ အဆက်အသွယ်အမြဲရှိနေခဲ့ကြပါတယ် တစ်ဦးကိုတစ်ဦးလည်းနားလည်ပေးခြင်းများစွာနဲ့ပေါ့။ ဒါပေမယ့် တနေ့မှာတော့ သူတို့ချစ်သူနှစ်ဦးရဲ့ကြား ထဲကို မမျှော်လင့်ပဲ မုန်တိုင်းတစ်ခုဝင်လာပါတော့တယ် အဲဒိမုန်တိုင်းကို ဖန်တီးလိုက်သူကတော့  ကောင်မလေးပါပဲ သူမက အွန်လိုင်းပေါ်မှာ လာကျူတဲ့ကောင်လေးတစ်ယောက်ကို စချင်နောက် ချင်တဲ့စိတ်နဲ့ ပြန်ကျူလိုက်မိရာကနေ ဇာတ်လမ်းကလေးဖြစ်သွားတာပါ။  ကောင်မလေးဟာ တဖြည်းဖြည်း ဒုတိရ ရီးစားကောင်လေးအပေါ်မှာ စိတ်ဝင်စားမှုပိုပိုလာခဲ့ပါတယ်။သူမရဲ့

မျက်စေ့ကို လှည့်စားစေသော ဝတ်ဆင်မှုများ

Image
(၁) မိမိ၏ခန္ဓာကိုယ်နှင့် တစ်ထပ်တည်းကျသောအဝတ်ကို ဝတ်လျှင် ကြပ်လွန်း၍ အဆီပိုများကို လှစ်ပြသလို ဖြစ်စေသည်။ ချောင် လွန်းသောအဝတ်သည်လည်း ခန္ဓာ ကိုယ်ကို ပိုကြီးသည်ထင်ရနိုင်သည်။ သို့ဖြစ်၍ မိမိတစ်နေ့တာ လှုပ်ရှားမှု တိုင်း အသက်ရှူချောင်ချောင်နှင့် တစ်နေ့တာကျေနပ်စွာ ဖြတ်ကျော် နိုင်မည့်အနေတော်အဝတ်ကို ဝတ် ပါ။ (၂) အရောင်ရင့်သောအဝတ်အစား ကို ရွေးချယ်ဝတ်ခြင်းဖြင့် ခန္ဓာကိုယ် ကြီးနေသည်ကို ဖုံးထားနိုင်သည်။ (၃) အင်္ကျီလက်မောင်း များကို ရှောင်၍ ဝတ်ပါ။ ခါးအနား တွင် ကြပ်ပြီး

ဘယ်တော့မှ မဖျားနာသူတွေရဲ့ လျှို့ဝှက်ချက်

Image
(၁) ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် ခန္ဓာကိုယ်တွင်း အကျိုးပြု ဘက်တီးရီးယားများသည် ရောဂါပိုး ဘက်တီးရီးယားနှင့် တွေ့သည့်အခါ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ဓါတ် ထုတ် လုပ်ပြီး ရောဂါပိုးကိုတိုက်ခိုက်တတ် သည်။ ခန္ဓာကိုယ်အရေပြားတွင် ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် ရှိနေစေ ရန် ချိုးရေထဲသို့ ဟိုက်ဒရိုဂျင်ပါ အောက်ဆိုဒ် အကြမ်းပန်းကန် တစ်ခွက် ခန့်ထည့်၍ နေ့စဉ်ရေချိုးပေးပါ။ (၂) တရေးအိပ်ခြင်း အိပ်ရေးပျက်လျှင် ကိုယ်အလေး ချိန်တက်လာပြီး ကိုယ်ခံအားစနစ် ယိုယွင်းတတ်သည်။ အိပ်ရေးပျက် ခြင်းကို သက်သာစေရန် ညအချိန် ထပ်ပေါင်းအိပ်ခြင်းထက် နေ့ခင်း တရေးအိပ်ခြင်းက အိပ်ရေးပိုဝစေပြီး ကိုယ်ခံအားလည်း ပြန်ကောင်းစေသည်။ နေ့ခင်းတရေးအိပ်ရန် အကောင်းဆုံး အချိန်မှာ နေ့လယ်တစ်နာရီမှ သုံးနာရီ အတွင်းဖြစ်သည်။ (၃) မိတ်ဆွေဖွဲ့ခြင်း မိတ်ဆွေသစ်များဖွဲ့ခြင်း၊ မိတ် ဆွေများနှင့် ရင်းနှီးနွေးထွေးမှုရှိခြင်း သည် မိမိကိုယ်ကိုကျေနပ်အားရမှု

ကျန်းမာရေးနှင့် ပတ်သက်ပြီး ဆီးသွားခြင်း၏ အံ့သြဖွယ်ရာ အချက်များ

Image
မကြာခဏ ဆီးမသွားပါနှင့် မကြာခဏ ဆီးသွားလွန်း တာကြောင့် ဆီးအိမ်ကြွက်သားတွေ ပင်ပန်းပြီး ဆီးအိမ် အားနည်း တတ်ပါတယ်။ ဆီး မကြာခဏ သွားတတ်တဲ့ အမျိုးသမီးတွေဟာ ဆီး ကုန် စင်အောင် မစွန့်ထုတ်နိုင် တာကြောင့် ရောဂါပိုး ဝင်ရောက်နိုင်ခြေ မြင့်မားပါတယ်။ လက်ဖျက်ရည်ကြမ်း သောက်ပါ ဘရက်ဘယ်ရီ အရွက်နဲ့ ပြုလုပ်ထားတဲ့ လက်ဖက်ရည်ကြမ်းကို သောက်သုံးရင် ဆီးလမ်းကြောင်း ရောဂါပိုးဝင်တာကြောင့် ဖြစ်ပေါ်တဲ့ နာကျင်မှုနဲ့ ဝေဒနာကြာချိန်ကို လျော့ကျသွားနိုင် ပါတယ်။ ပြဿနာ စဖြစ်ဖြစ်ချင်း ပုံမှန်သောက်သွားရင် အကျိုးသက် ရောက်မှု ကောင်းမွန် တယ်လို့ ဆိုပါတယ်။ အတင်းမညှစ်ပါနှင့် ဆီးသွားချင်စိတ် ပေါက်လာလို့ အိမ်သာသွားပေမယ့် အိမ်သာရောက်မှ ဆီးမထွက် ရင် ဆီးလမ်းကြောင်း

ခင်ဝင့်ဝါ စာချုပ်ထားသည့် တစ်နှစ်အတွင်း အရက်၊ ဆေးလိပ်၊ ဘီယာကြော်ငြာများ ရိုက်ကူးခွင့်မရှိဟုဆို

Image
ရတနာ ၊ ရန် ကုန် ၊ စက်တင်ဘာ(၉) Miss Supranational ပြိုင်ပွဲမှ Title ဆုလေးဆုရ ခင်ဝင့်ဝါကို အရက်၊ ဆေးလိပ်၊ ဘီယာကြော်ငြာများ အား စာချုပ်ချုပ်ထားသည့် တစ် နှစ်အတွင်း ရိုက်ကူးခွင့်ပြုမည်မ ဟုတ်ကြောင်း Miss Supranational Myanmar အော်ဂနိုက် ဇေးရှင်းမှ သိရသည်။ ''ကျွန်မတို့ အခုလို သူ့ကို ဆေးလိပ်၊ အရက်နဲ့ဘီယာကြော် ငြာတွေ မရိုက်ခိုင်းတာက မစ်မော် ဒယ်တစ်ဦးအနေနဲ့ ရှိသင့်ရှိထိုက် တဲ့ အရည်အချင်းတွေပျောက် ပျက်သွားမှာစိုးလို့ပါ။ တကယ်လို့ အစ်မတို့နဲ့စာချုပ်ချုပ်ထားတာ ပြည့်ပြီးသွားရင်တော့ သဘော ပေါ့နော်။ အစ်မကအခု သူဆုယူ ပြီး ပြန်လာတော့လဲ သိပ်ဝမ်းသာ တယ်။ အချိန်ကလဲသိပ်မရဘူးဆို တော့လေ။ ဘာပဲဖြစ်ဖြစ် အခု လို MISS တွေကိုမွေးထုတ်ပေး ပြီး နိုင်ငံတကာကိုယှဉ်ပြိုင်နိုင် တာက မြန်မာကိုကမ္ဘာကသိ အောင်ဆိုတဲ့

အဝေးပြေးကားဂိတ်သွားမည့် ခရီးသွားများကို တက္ကစီဌားခ၏ ထက်ဝက်သာ ကောက်ခံမည့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်း မကြာခင်စတင်

အဝေးပြေးကားဂိတ်သွားမည့် ခရီးသွားများကို တက္ကစီဌားခ၏ ထက်ဝက်သာ ကောက်ခံမည့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်း မကြာခင်စတင် အဝေးပြေးကားဂိတ်သွားမည့် ခရီးသည်များအတွက် အိမ်တိုင်ရာရောက် လာရောက် ခေါ်ယူမည့်အပြင် တက္ကစီကားငှားခများ ထက်ထက်ဝက်နီးပါး သက်သာသော ဈေးနှုန်းဖြင့် ၀န်ဆောင်မှုပေးမည့် ခရီးသွားဝန်ဆောင်မှု လုပ်ငန်းကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ “အဝေးပြေးဂိတ်ကို ကားငှားတဲ့အခါ ကားငှားခတွေ ဈေးကြီးတာကြောင့် အခုလိုကားခဈေးနှုန်း သက်သာတဲ့ လုပ်ငန်းစဉ်ကို ဆောင်ရွက်တာဖြစ်ပြီး အဲဒီလုပ်ငန်းစဉ်မှာ ခရီးသွားမယ့်ဧည့်သည် (၁၂)ယောက်ကို ကားတစ်စီးနှုန်းနဲ့ အိမ်တိုင်ရာ ရောက်ခေါ်ယူကာ အဝေးပြေးကားဂိတ်ကို ပို့ဆောင်ပေးမှာဖြစ်တယ်။ ၀န်ဆောင်မှုပေးတဲ့နေရာမှာ ကားဂိတ်ကို အရောက်နောက်ကျခဲ့မယ်ဆိုရင်

နေပြည်တော်တွင် Rocker အချိုရည်ရောင်းချခြင်း တားမြစ်

Image
Rocker အားဖြည့်အချိုရည်ဘူးများအတွင်း အရောင်ပြောင်းလဲနေသည့် အရည်များနှင့် အဖတ်များ ပါဝင်နေသည်ကို တွေ့ရှိရသဖြင့် ဓာတ်ခွဲစမ်းသပ်မှုများ ပြုလုပ်နေပြီး ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းယူရန် ညွှန်ကြားထားကြောင်း နေပြည်တော် ကျန်းမာရေးဦးစီးဌာနမှ သတင်းရရှိသည်။ စက်တင်ဘာ ၃ ရက်က နေပြည်တော်ရှိ အမှတ် (၁၁) အခြေခံမူလတန်းကျောင်းတွင် ကျောင်းသားမိဘတစ်ဦး ၀ယ်လာသည့် အချိုရည်အား ဆရာမများက ကျောင်းသားကျောင်းသူများအားတိုက်ရာ ထို Rocker အချိုရည် နှစ်ဘူးတွင် မည်းညစ်ညစ်အရည်များ၊ အဖတ်များနှင့် အရောင်ပြောင်းလဲနေသည်ကို တွေ့ရှိရသဖြင့် သက်ဆိုင်ရာသို့

ပန်းကလေး

Image
ပန်းကလေး ဘဝ အရေးအတွက် လမ်းမရွေးပဲ အော်ရောင်း သနပ်ခါးဖွေးဖွေး ပါးကွက်ကြားလေးနဲ့  ဗန်းကလေးပေါ်ကပန်းတွေနှင့်။ သူ့ ဝမ်းသူကျောင်းဖို့  ဗန်းကလေးဖြင့် ပန်းကလေးတွေသူရောင်း လမ်းတစ်လျှောက်မှာလည်း ပန်း ရနံ့ တွေသင်း။ အများအတွက်ပါသာမက သူ့ ဘဝအတွက်ပါ ပန်းရောင်းရင်းဖြင့်ကုသိုလ်ယူ အို …ချစ်စဖွယ်သူ။ ဗန်းထဲကပန်းထက် သူ ,ငါ မြင် အစဉ်လန်းနေတဲ့  ပန်းအလှ ဗန်းပိုင်ရှင်။ စမ်းရေအလား အေးချမ်းသာယာသည့် အသံကလေးဖြင့်… ``ဟောသည်မှာ ပန်း…´´ (ကျွန်တော်အမြင်ကတော့ ဗန်းထဲကပန်းထက် ဗန်းပိုင်ရှင်ကလေးက သဘာဝအလှကို ပေါ်လွင်နေတယ်ထင်တယ်ဗျာ)                                                                                 နန်းမြင့်ဝင်း

ချစ်ခြင်း မေတ္တာ

Image
ချစ်ခြင်း မေတ္တာ တစ်ခါတုန်းက မျက်စိမမြင်တဲ့ကောင်မလေး တစ်ယောက်ရှိတယ်။ မွေးရာပါမျက်စိမမြင်တာ မဟုတ်ဘဲအက်စီးဒန့် တစ်ခုကြောင့် မျက်စိကွယ်သွားရတာပေါ့ သူမမျက်စိမမြင် တဲ့အချိန် မှာသူမအနားမှာ သူမကိုဖေးမ ကူညီပေးမယ့် သူတစ်ယောက်မှာ မရှိရှာခဲ့ဘူး။ တစ်နေ့မှာတော့ သူမရဲ့ဘဝထဲကို ကောင်လေးတစ်ယောက် ဝင်ရောက်လာခဲ့တယ်။ အဲဒီကောင်လေးကို သူမ မမြင်ဖူးပေမယ့် သူမရင်ထဲမှာ သူ့ကိုချစ်မိသွားတယ်။ အဲဒါနဲ့ သူမကပြောတယ် ကောင်လေးကို ''ငါတစ်နေ့

မိန်းကလေးများ သတိထားစေချင်

Image
မိန်းကလေးများ သတိထားစေချင် တစ်ဦးတစ်ယောက်ကို ချစ်မိသွားရင် ပညာရှိ မိန်းမများပဲ ဖြစ်စေ အသိတရား လွင့်ပြယ် သွားတတ်ကြပါသည်။ ချစ်သူရဲ့ ကြင်နာ ယုယမှုအောက်တွင် ဆင်ခြင်တုံတရားတို့ လွင်ပြယ်သွားတတ်ပါသည်။ အဲဒီအချိန်မှာ ပြန်ြ ပင်လို့ မရတော့တဲ့ အမှားတို့ ဆက်တိုက် မှားယွင်းမိတော့သည်။   သို့သော် သဘာဝတရားမို့ မည်သူ့ကိုမျှ အပြစ်မဆိုသာချေ။ အထူးသဖြင့် ဆိတ်ကွယ်ရာတွင် ဖြစ်စေ ညအခါတွင်ဖြစ်စေ ချစ်သူရဲ့ အထိအတွေ့ပာာ မှားယွင်းမိသည်အထိ အဆိပ်ပြင်းပါသည်။ ယခုအခါ အလွန်တိုးတက်သဖြင့် လိင်စိတ်ကို ပြင်းထန် ထကြွစေသည့် ကော်ဖီမစ်ဖြစ်စေ ပီကေဖြစ်စေ

လက်ရှိကမ္ဘာ့အမြင့်ဆုံး ဗောဓိတစ်ထောင် ရပ်တော်မူဘုရားကြီး

Image
လက်ရှိကမ္ဘာ့အမြင့်ဆုံး ဗောဓိတစ်ထောင် ရပ်တော်မူဘုရားကြီး လက်ရှိကမ္ဘာ့အမြင့်ဆုံး ရုပ်တုများထဲမှ အမြင့်ဆုံး မှာ မြန်မာနိုင်ငံ ၊ မုံရွာမြို့ ၊ ဗောဓိတထောင် ရပ်တော်မူ ရုပ်ပွားတော်ကြီး ဖြစ်သည်။ အမြင့် ၁၃၀ မီတာ ရှိပြီး ဂျပန်မှ Ushiku Amida Buddha ရုပ်ပွားတော်ကြီးထက် ၁၀ မီတာ ပိုမြင့်သည်။ ကမ္ဘ.ာအမြင့်ဆုံး ရုပ်တုများထဲမှ ဒုတိယ အမြင့်ဆုံးမှာ ဂျပန်နိုင်ငံရှိ Ushiku Amida Buddha ရုပ်ပွားတော်ကြီး ဖြစ်သည်။ အမြင့် ၁၂၀ မီတာ ရှိပြီး ၁၉၉၅ ခုနစ်တွင် တည်ထားကိုးကွယ်ခဲ့သည်။ တတိယ အမြင့်ဆုံးမှာ တရုတ်နိုင်ငံရှိ Yellow Chinese Emperors Huangdiand Yandi ဖြစ်သည်။ အမြင့် ၁၀၃ မီတာခန့်ရှိသည်။ စတုတ္ထ အမြင့်ဆုံးမှာ ယူကရိန်း နိုင်ငံ Kyivi ရှိ ၊ံHomeland -Motherရုပ်တုကြီး ဖြစ်သည်။ အမြင့် ၁၀၂ မီတာခန့်ရှိသည်။ ဒုတိယ ကမ္ဘာစစ် ၏ အမှတ်သညာလည်း ဖြစ်သည်။ ပဉ္စမ အမြင့်ဆုံးမှာ ရပ်ရှား နိုင်ငံ၊ မော်စကို မြို့ရှိ Peter I ရုပ်တု ဖြစ်သည်။အမြင့် ၉၆ မီတာခန့်ရှိသည်။ ဆဌမ အမြင့်ဆုံးမှာ အမေရိကန်ပြည်ထောင်စု၊ နယူးယောက် ဆိပ်ကမ်းရှိ Statue