Posts

Showing posts from February 21, 2014

ဖြစ်သမျှအကြောင်း အကောင်းချည်းပဲ

Image
တရံရောအခါက ဘုရင်ကြီးတစ်ပါးရှိသတဲ့။ ဟိုးရှေးရှေးတုန်းက ဗာရာဏသီပြည်ကြီးမှာ ဗြဟ္မာဒတ်မင်းကြီး အုပ်စိုးသတဲ့။ ကဲကဲ ... ပုံပြင် ဆက်ကြဦးစို့။ ဘုရင်ကြီးရဲ့ ဘေးနားမှာသက်တော်စောင့်တွေ အများကြီး ရှိတဲ့ အထဲမှာမှ တစ်ယောက်ကို သူ့ရဲ့အပါးတော်မြဲ အနေနဲ့ ခန့်အပ်ထားသတဲ့။ သဘောက ဘုရင်ကြီးရဲ့ အနားမှာထပ်ကြပ်မကွာ အမြဲနေခွင့်ရသပေါ့ကွယ်။ ဘယ်သွားသွား၊ ဘယ်လာလာပေါ့။ သူဟာ ပညာလည်းရှိတယ်၊ ဘုရင်ကြီးကိုလည်း အကြံကောင်း ဉာဏ်ကောင်းတွေ ပေးတတ်တော့ ရှင်ဘုရင်က သဘောတော်ခွေ့တာပေါ့ကွယ်။ ဒါကြောင့်လည်း ဘယ်သွားသွား

အော်...မိန်းမ

Image
မနက်နိုးလာတော့ ခေါင်းက အရမ်းကိုက်နေသည်။ ညက သူငယ်ချင်းတွေနှင့် အလွန်အကျွံ သောက်ထားသည်ကိုသာ သူမှတ်မိပြီး အိမ်ကိုမည်သို့ မည်ပုံ ပြန်ရောက်လာခဲ့သည်ကို သူ မမှတ်မိတော့။ အိပ်ရာပေါ်က အားယူပြီး သူထလိုက်သည်။ ကုတင်ပေါ်မှ ဆင်းမည်အလုပ် ခေါင်းရင်း ခုံပေါ်တွင် စာရွက် တရွက်ကို ဖိထားသော ရေတခွက်နှင့် အကိုက်အခဲ ပျောက်ဆေး တချို့ကို တွေ့လိုက်သည်။ ဘေးဘီကို သူ

စိတ်ခွန်အား တိုးစေဖို့

Image
ကျန်းမာရေး အခြေအနေက ခွင့်မပေးတော့လို့ စာမသင်နိုင်တော့ပေမယ့် နှစ်ါပေါင်း ၂၀ ကျော် ဆရာလုပ်ခဲ့တာဆိုတော့ ကျောင်းသူကျောင်းသား တပည့်ဟောင်းတွေကတော့ အ၀င်အထွက် ပြတ်လှတယ် မရှိပါဘူး။ လမ်းကြုံလို့ ၀င်လာတဲ့သူနဲ့၊ နေ့ကြီးရက်ကြီးမို့ ၀င်လာတဲ့သူနဲ့၊ ခရီးထွက်ရာက ပြန်လာလို့ လက်ဆောင်လာပို့တဲ့သူနဲ့၊ နိုင်ငံခြားသွားခါနီးမို့ လာကန်တော့ နှုတ်ဆက်သူနဲ့ နေ့စဉ်နဲ့အမျှဆိုသလို ရှိနေတာပါပဲ။ တပည့် ကျောင်းသူ ကျောင်းသားတွေက သူတို့မှာ စိတ်ညစ်စရာ တခုခု ကြုံတွေ့ရတဲ့အခါများမှာ ပိုပြီးသတိရတယ်လို့ ဆိုကြပါတယ်။ စိတ်ညစ်စရာ ပြေပျောက်အောင်လုပ်လို့ မရတဲ့အခါမျိုး၊ အခက်အခဲတခုခု မဖြေရှင်းနိုင်တဲ့ အခါမျိုးတွေမှာ ရောက်ချလာတတ်ကြပြီး ရင်ဖွင့်ကြ၊ တိုင်ပင်နှီးနှောကြ၊

ယောက်ျားတို့ပြောတဲ့ မိန်းမတို့အကြောင်း

Image
မိန်းမတို့၏အလှ ပဉ္စလက်ဆန်ပါဘိ (၁)     တစ်ခါတစ်ရံ ပလာဇာများသို့ ရောက်သွား သည့်အခါ အိတ်တွေ အထပ်လိုက်ဆွဲပြီး ထွက လာသော ချာတိတ်မ တချို့၏ မျက်နှာကို သေသေချာချာ ကြည့်ခဲ့ဖူးသည်။ ဝယ်ချင်တာ တော်တော်များများကို စိတ်လွတ် ကိုယ်လွတ်အိတ် ကဒ်ကို ငဲ့ကြည့်စရာ မလိုဘဲ၊ ဝယ်ခဲ့သည်မျက်နှာ။ အပြုံးများ၊ ယုံကြည်မှုများဖြင့် တက်ကြွနေသော မျက်နှာ။ တစ်ခါတစ်ရံ ကျတော့လည်း ပလာဇာများ ပေါ် ဟိုပစ္စည်းငေး၊ ဒီပစ္စည်းငေး။ ပစ္စည်းများ ကို ကိုင်ကြည့်လိုက်၊ အင်္ကျီဆို သူ့ခန္ဓာကိုယ်နဲ့ ကပ်ကြည့်လိုက်၊ ပြီးတော့ မျက်နှာက တွေတွေ ငေးငေး။ မျက်လုံးက တက်မက်ခြင်းနှင့် စိတ်ပျက်လက်ပျက် ရောယှက်လို့။ ကျွန်တော်မြင်ခဲ့ ဖူးသလောက်၊ အလှအပ ဆိုင်ရာ ပစ္စည်းများနှင့် ပတ်သက်လာလျှင် အမျိုးသမီး အများစု၏ မျက်လုံးများမှာ အတူတူ ပင်ဖြစ်သည်။ အလှအပဟူသည့် ဝေါဟာရကို သူတို့က သိမ်းပိုက်ထားပုံရသည်။