Posts

Showing posts from June 20, 2014

အားလပ်ချိန်ကို အကျိုးရှိအောင် ဘယ်လိုအသုံးချမလဲ

Image
၂၁ ရာစုမှာ အချိန်ဆိုတာ အရှားပါးဆုံးအရာပါပဲ။ မအားလပ်နိုင်တဲ့ အလုပ်တွေကြောင့် လူမှုရေး လစ်ဟာချို့ယွင်းမှုတွေ ကြုံတွေ့နေရတာတော့ အမှန်ပါပဲ။ ဒီတော့ အလုပ်ကအားတဲ့ ခဏတာ အချိန်လေးတွေကို အကျိုးရှိအောင် ဘယ်လိုအသုံးချကြမလဲဆိုတာ ပြဿနာကို ဆွေးနွေးကြည့်ရအောင်။ (၁) mailbox ကို ရှင်းလင်းရေးလုပ်ပါ မဖတ်ရသေးတဲ့ မေးလ်တွေ ၊ spam မေးလ်တွေနဲ့ ရှုပ်ပွနေတဲ့ သင့်ရဲ့mailbox ကို အားလပ်ချိန်မှာ

ခေါင်းဆောင်မှု ကျင့်စဉ်

Image
သင်သည် လူတွေကြားတွင် မကြောက်မရွံ့ သွားနေသည်ဟု လူတွေက ထင်ပါစေ။ လူတိုင်းချီးကျူးခံချင်သည် ဆိုခြင်းကို သတိရပါ။ တစ်ကြိမ်တွင် စစ်ပွဲတစ်ပွဲသာဆင်နွဲပါ။ အစဉ်အလာ၊ ယဉ်ကျေးမှု၊ စည်းကမ်းနှင့် ပုဂ္ဂိုရေးသိက္ခာကို တစ်ခါတစ်ရံ ဘေးချိတ်ထားပါ။ အင်အားကို နောက်ဆုံးအားကိုရာအဖြစ်သာသုံးပါ။ အဖွဲ့အစည်း တစ်ခုလုံးနှင့်ဆိုင်သော ကိစ္စများတွင် ဌာနအသီးသီး၏

လူ့ဘဝ၏အောင်မြင်တိုးတက်ခြင်းသို့သွားရာလှေခါး(၃၀)ထစ်

Image
၁။ ကတိအပေးနည်းပါစေ။   ၂။ အမှန်ကို အမြဲပြောပါ။   ၃။ မိတ်ကောင်းဆွေကောင်းထားရှိပါ။   ၄။ သူတစ်ပါး မကောင်းကြောင်း ဘယ်အခါမှ မပြောနှင့်။   ၅။ မိမိဝင်ငွေနှင့် လောက်ငှအောင် သုံးစွဲပါ။ှ   ၆။ မိမိ၏ဘယ်လုပ်ငန်းတွင်မဆို ကျွမ်းကျင်မှုရှိပါစ။

ရင့်ကျက်သူမှာမရှိသင့်တဲ့ လက္ခဏာရပ်များ

Image
လူတွေဟာ အသက်ကြီးလို့ ရင့်ကျက်တာမဟုတ်သလို အသက်ငယ်လို့ မရင့်ကျက်တာလည်း မဟုတ်ပါဘူး။ ဘဝရဲ့စိန်ခေါ်မှုကိုအကြိမ်ကြိမ် ရင်ဆိုင်ရဲပြီးကြုံတွေ့ရတဲ့အခက်အခဲကို  ဖြေရှင်းကျော်လွှားနိုင်ရင် ရင့်ကျက်တဲ့လမ်း၊ အောင်မြင်တဲ့လမ်းဆီကို လျှောက်လှမ်းနိုင်ပါတယ်။ ပေးဆပ်ဖို့လဲမဝံ့၊ စောင့်မျှော်ဖို့လဲ မလုပ်ဘဲ လွယ်လွယ်ပြော၊ လွယ်လွယ်လက်လွတ်တတ်သူက ဘယ်တော့မှ အောင်မြင်တဲ့လမ်းဆီ မရောက်နိုင်ပါဘူး။ ရင့်ကျက်သူမှာမရှိသင့်တဲ့ လက္ခဏာရပ်များ (၁) ချက်ချင်းတုန့်ပြန်တယ်၊ ဆင်းရဲသားစိတ်ထားရှိတယ်။ (i) အခွင့်အရေးတစ်ခုနဲ့ ကြုံတွေ့တိုင်း သူတို့တွေ့တာက အခွင့်အရေးထဲက အခက်အခဲကိုဖြစ်တယ်။ ဒါကြောင့် "No"လို့ ချက်ချင်းငြင်းဆန်တတ်သူဖြစ် တယ်။

ဒေါသ၀င်လာရင်ဖြေဖျောက်နည်း ( ၁၁ ) နည်း

Image
(1)မေတ္တာပွား၍ဖျောက်ခြင်း (2)မြတ်စွာဘုရား၏ အဆုံးအမ သြ၀ါဒကို ဆင်ခြင်၍ဖျောက်ခြင်း (3)ရန်သူ၏ကောင်းကွက်ကိုရှာ၍ ဖျောက်ခြင်း (4)သနား၍ဖျောက်ခြင်း (5)မိမိကိုယ်ကိုဆုံးမ၍ဖျောက်ခြင်း (6)ကမ္မဿ ကတာဉာဏ်ဖြင့်ဖျောက်ခြင်း (ကံသာလျှင်ကိုယ်ပိုင်ဥစ္စာရှိတယ်လို့သိတဲ့ဉာဏ်) (7)သည်းခံပုံဇာတ်တော်လာများ ဖြင့် ဖျောက်ခြင်း (8)သံသရာတလျှောက်၌ ဆွေမျိုးမတော်ခဲ့သူမရှိဟု ဆင်ခြင်၍ဖျောက်ခြင်း (9)မေတ္တာအကျိုးကို ဆင်ခြင်၍ ဖျောက်ခြင်း

ယောက်ျားတွေကျ ဘာကြောင့် လူပျိုစစ်ဖို့ မလိုတာလဲ

Image
ဖိုမ သဘာဝနှင့် မျိုးဆက်ပွားကျန်းမာရေး ဆိုသည်မှာ မြန်မာနိုင်ငံတွင် တားမြစ်ထားသည့် အကြောင်းအရာတမျိုးဟု ဆိုနိုင် သော်လည်း ပြုပြင်ပြောင်းလဲမှုများ ဆက်တိုက်ဖြစ်ပေါ်လာခဲ့ပြီးနောက် အမျိုးသမီး အခွင့်အရေးတက်ကြွလှုပ်ရှားသူ မထားထားက စတင်၍ ထုတ်ဖော် ပြောချင်လာသည်။ မထားထားကို ရန်ကုန်မြို့ ဘတ်စ်ကားတွေပေါ်မှာ အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှုကို သတိပြုမှုစေရန် ခရာမှုတ်ပြီး အကူအညီတောင်းသော လူပ်ရှားမှု လုပ်ဆောင်ခဲ့သူအဖြစ် လူသိများကြသည်။ မထားထားနှင့် စေတနာ့ဝန်ထမ်း အချို့က ဘတ်စ်ကားစီးမည့် ခရီးသည် အမျိုးသမီးများ ကို မလိုလားအပ်သော အဖြစ်အပျက်များ ဖြစ်ပေါ်လာပါက မည်သို့ အသံပေးရမည် စသော ညွှန်ကြားချက်များနှင့်အတူ မနက်ခင်းများတွင် ခရာများ လိုက်လံဝေငှခြင်းဖြင့် နိုင်ငံတကာ မီဒီယာများ၏

အိမ်ထောင်မှုသုခမြင့်တက်စေမည့်အလွယ်နည်းများ

Image
တချို့စုံတွဲတွေမှာ အိမ်ထောင် သက်တမ်းက ကြာမြင့်လာ တာကြောင့် ချစ်ကြည်နူးဖို့ငြီးငွေ့လာတတ်သလို တချို့စုံတွဲတွေမှာ  အသက်ကြီးလာတာကြောင့် စိတ်ဆန္ဒတွေလည်း လျော့ပါးလာ တတ်ပါတယ်။ အဲဒီအခါ အိမ်ထောင်မှုသုခ လျော့ပါး လာတတ် တာကြောင့် အိမ်ထောင်မှု သုခ မြင့်တက်ဖို့ရာအတွက် နိုင်ငံတကာက လက်ခံ ထားတဲ့ လွယ်ကူတဲ့ အောက်ပါနည်းတွေကို ကျင့်သုံးပေး သင့်ပါတယ်။ ဆေးဖက်ဝင်အစာနှင့် ဟင်းခတ်အမွှေး အကြိုင်များစားခြင်း ဟင်းခတ် အမွှေးအကြိုင်တွေက သွေးစီးဆင်းမှုကို ကောင်းမွန်စေပြီး မျိုးဆက်ပွားစနစ်ကို လှုံ့ဆော်ပေးကာ ဇီဝရုပ် ဖြစ်ပျက်မှု အားကောင်းလာစေတဲ့

ကျန်းမာရေးအတွက် ဆီးသွားခြင်း၏ သိကောင်းစရာများ (ကျန်းမာရေးအတွက်)

Image
မကြာခဏ ဆီးမသွားပါနှင့် မကြာခဏ ဆီးသွားလွန်းတာကြောင့် ဆီးအိမ်ကြွက်သားတွေ ပင်ပန်းပြီး ဆီးအိမ် အားနည်းတတ်ပါတယ်။ ဆီးမကြာခဏ သွားတတ်တဲ့ အမျိုးသမီး တွေဟာ ဆီးကုန်စင်အောင် မစွန့်ထုတ်နိုင်တာကြောင့် ရောဂါပိုး ဝင်ရောက်နိုင် ခြေ မြင့်မားပါတယ်။ လက်ဖက်ရည်ကြမ်း သောက်ပါ ဘရက်ဘယ်ရီ အရွက်နဲ့ ပြုလုပ်ထားတဲ့ လက်ဖက်ရည်ကြမ်းကို သောက်သုံး ရင် ဆီးလမ်းကြောင်း ရောဂါပိုးဝင်တာကြောင့် ဖြစ်ပေါ်တဲ့ နာကျင်မှုနဲ့ ဝေဒနာကြာချိန်ကို လျော့ကျသွားနိုင်

ပန်းငုံလေးတွေ ပွင့်ကြပါစေ

Image
ရန်ကုန်မြို့ ဒဂုံမြို့နယ်အတွင်းရှိ အခန်းပေါင်း နှစ်ဆယ် ပါဝင်သည့် ခပ်လတ်လတ် ဟိုတယ်တခုထဲသို့ စုံတွဲတတွဲ ၀င်လာသည်။ ညနေ လေးနာရီဝန်းကျင်။ ဟိုတယ်အမည်ခံ အချိန်ပိုင်း အခန်းငှားသည့် တည်းခိုခန်းများရှိ ၀န်ထမ်းအားလုံး နားလည်ပြီးသားဖြစ်ပါသည်။ ဧည့်သည်ကို မျက်လုံးချင်း မဆုံစေရ။ လိုအပ်သည့် စကားသာပြောရမည်။ အကဲခတ်မကြည့်ရ။ ဧည့်သည်အကြောင်းကို အချင်းချင်း သော်လည်းကောင်း၊ အပြင်ကိုသော်လည်းကောင်း လုံးဝမပြောရ။ လက်ခံကောင်တာရှေ့ ရှိကြွေပြားများကို အ၀တ်တံမြက်စည်းနှင့် မတ်တတ်ရပ်ရင်း ပွတ်တိုက်နေသည့် မအိတာ၏ မြင်ကွင်းထဲသို့ ခြေထောက် ဖောင်းဖောင်းလေး တစုံဝင်လာသည်။ ခြေညှပ်ဖိနပ် ဖြူဖြူလေး