Posts

Showing posts from February 24, 2014

လင်မယား ဆက်ဆံရေး မေးခွန်း နှစ်ခု

မေး ။    ။ ၁။ တစ်လင် တစ်မယားစနစ်ကို ကျင်သုံးတဲ့ ဇနီးမောင်နှံတို့အတွက် တစ်ဦးကိုတစ်ဦး လေချိုသွေးခြင်းပာာ အန္တရာယ် ရှိနိုင်ပါသလားရှင်။ လေချိုသွေးတဲအခါမှာ စအို မပါပါဘူး ကျား၊ မ အင်္ဂါတို့ကိုသာ လေချိုသွေးပါတယ်။ တကယ်လို့ အန္တရာယ် ရှိမယ်ဆို လေချိုမသွေးခင် အန္တရာယ် မရှိအောင် ဘာလုပ်သင့်ပါသလဲရှင်။ အန္တရာယ် ရှိမယ်ဆို ကျန်မာရေး ရုထောင်ကနေ ပြောပြပေးပါဆရာ။ ၂။ (က) သာမန်ယောက်ျားတစ်ယောက်သည် သူ၏ မိန်းမနဲ့ တပတ်ကို အနည်းဆုံး ဘယ်နှစ်ကြိမ် ဆက်ဆံနိုင်ပါသလဲ။ ပျမ်းမျှအားဖြင့် သိလိုပါတယ်။ အသက်အရွယ်နဲ့ရော ဆိုင်နေပါသလား။ (ခ) တကယ်လို့ သာမန်ထက် နည်းပြီး ဆက်ဆံနိုင်တယ်ဆို ဘယ်လိုဆေးမျိုးကို သုံးစွဲသင့်ပါသလဲရှင်။ အားတိုးဆေး သောက်ခြင်းက များစေနိုင်ပါသလား။ ဖြေ ။    ။ ဇနီးမောင်နှံ လိင်မဆက်ဆံခင် ကနဦး ကလူကျီစယ်ကြတာကို မေးတယ်လို့ ထင်ပါတယ်။ အမှန်က လိင်ဆက်ဆံတာမှာ အဆင့် ၃ ဆင့်လို့ သတ်မှတ်တာမို့ အခုပြောတာက ပဌမဆင့်၊ အင်္ဂလိပ်လို Foreplay လို့ ခေါ်ကြတယ်။ နှစ်ယောက်သားအကြားမှာ Intimate အလွန်ရင်နှီးမှုရှိလှတဲ့ Psychological စိတ်ပိုင်းရော Physically ရုပ်ပိုင်းပါ Intimate acts ပြုမူဆောင်ရွက်ကြတာတွေ ဖြစ်တယ်လို့ ဆိုလိုပါတယ်

မိန်းမလျာ “ဇာတ်သွင်းခံလိုက်ရတယ်” ဆိုပါလားကွယ်

Image
မင်္ဂလာပါလို့ စာရေးတဲ့ ကျွန်တော် အတ္တကျော်က ဦးစွာပထမ ဂါရဝနဲ့ နှုတ်ခွန်းဆက်ပါရစေလား ခင်ဗျာ။ သည်တစ်ခါတော့ တစ်ဆင့်ကြားစကားကနေ ယုံမှားတဲ့ အတွေးပေါ်လာရာက ကျွန်တော့်ကို စာတွေ ရေးခိုင်းလာတဲ့ စာလေးတစ်စောင်နဲ့ပတ်သက်ပြီး ဆွေးနွေးတင်ပြရတော့မှာပါ။ အများနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာမို့ သူက စာနဲ့ ရေးခိုင်းပေမယ့် စာဖတ်သူ အင်အားထက် ရေဒီယိုနားထောင်တဲ့ အင်အားက ပိုများလှတာမို့ အဲဒီ့ ကျွန်တော်၊ ကျွန်တော်နဲ့ ပြောတတ်တဲ့ ကလေးမ ရေးပြလာတဲ့ စာလေးကိုပဲ ကျွန်တော့် အစီအစဉ်ကတစ်ဆင့် ဦးစွာ ထုတ်လွှင့် တင်ဆက်လိုက်ရပါတယ်ခင်ဗျား။ ကျွန်တော် မနေ့က HIV နဲ့ ပတ်သတ်တာတွေ ဖတ်မိပါတယ်။ အဲဒီမှာ ဘာကို သွားတွေ့ရသလဲဆိုတော့ မိန်းမလျာ မဖြစ်ချင်ဘဲ ဖြစ်ရတဲ့ ဇာတ်လမ်းလေးပါ။ ကောင်လေး ဆယ်တန်းအောင်တဲ့နေ့မှာ အိမ်မှာ

လိင်ကိစ္စကျန်းမာမှု အံ့ဖွယ်အကျိုး (၈)ပါး သိထားစရာ

Image
လူတစ်ဦး ကျန်းမာရေးကောင်းသူတစ် ယောက်ဖြစ်ရန်အတွက် အလွန်ပင်အရေးပါလှ သောအချက်မှာ ကောင်းမွန်စွာ လေ့ကျင့်ခန်းပြု လုပ်ခြင်းနှင့် နေ့စဉ်စားသောက်အစားအစာများ ပင်ဖြစ်သည်ဟု အများဆုံးသိကြသည်။ သို့ရာ တွင် အမှန်တကယ်ပင် အရွယ်ရောက် သူအိမ် ထောင်ရှင်များ၏ လိင်ဆက်ဆံခြင်းသည် ကျန်း မာရေးကောင်း လာခြင်းဖြင့် လူ့ဘဝအကျိုးကျေး ဇူးများကို ကောင်းစွာဖြစ်ပေါ်လာေ စနိုင်သည်။ လိင်ပညာပေးသုတေသီများက လိင်ဆက်ဆံ ခြင်းကြောင့် ကျန်းမာရေးကို တိုးတက်စေနိုင် ခြင်းနည်းကို အကြံပြုနေကြပေသည်။ ၄င်းတို့ ၏ အကြံပြုချက်များထဲမှ အောက်ပါ (၈) ချက် ကို

ဇာတ်သိမ်းခန်း ရာဇ၀င်

Image
ယဉ်ကျေးဖွယ်ရာအောင် “ဇာတ်သိမ်းခန်း”လို့ ခေါင်းစဉ်တပ်လိုက်တာပါ။ ကျွန်တော့်ရဲ့ သားငယ်တို့ နားလည်ဖို့နဲ့ မီးငယ်တို့ အသိကြွယ်ဖို့ စာအုပ်တွေထဲမှာလည်း သည်ဝေါဟာရကိုပဲ ရေလဲ သုံးခဲ့ပါတယ်။ သိုးဆောင်းဘာသာစကားမှာတော့ orgasm [အောဂက်ဇင်း(မ်)]ရယ်လို့ ခေါ်ပါတယ်။ အဲဒါကို မြန်မာစာအဖွဲ့က ထုတ်ဝေတဲ့ အင်္ဂလိပ်-မြန်မာအဘိဓာန်မှာတော့ “ကိုယ်လက်နှီးနှောရာတွင် စိတ်အလှုပ်ရှားဆုံး၊ အတက်ကြွဆုံး ကာလ”ရယ်လို့ ဖွယ်ရာစွာ ဖွင့်ဆိုပေးထားပါတယ်။ မူရင်းအနက်အတိုင်းလည်း ဒက်ခနဲ လှမ်းမြင်နိုင်တဲ့ ဖွင့်ဆိုချက်ပါ။ သို့သော် တော်တော် ရှည်ရှည်လျားလျား ပြောမှ ဇာတ်ရည်လည်နိုင်တာမို့ ကျွန်တော်လည်း “ဇာတ်သိမ်းခန်း”ရယ်လို့ပဲ အလွယ် ပြောကြည့်လိုက်တာ ဖြစ်ပါတယ်။ အင်္ဂလိပ်-မြန်မာ အဘိဓာန်မှာ ဖွင့်ဆိုထားတဲ့အတိုင်း ကိုယ်လက်နှီးနှောမှုရဲ့ စိတ်အလှုပ်ရှားဆုံး၊ အတက်ကြွဆုံး ကာလဖြစ်လေတဲ့အတွက် လူအတော်များများက သည်ဇာတ်သိမ်းခန်းကိုသာ အန္တိမ ရည်မှန်းချက်တစ်ရပ်အဖြစ် ကိုင်စွဲ ထားတတ်ကြပါတယ်။ သို့ပေမယ့် သည်အတွေ့အကြုံကို ရဖို့အတွက်ပဲ

လိင်တူချင်းတပ်မက်မှု

Image
မေး ။   ။အမျိုးသားတစ်ဦးက သူ့ကိုယ်သူ လိင်တူချင်းကို နှစ်သက်တဲ့သူဆိုတာကို အသက်ငယ်စဉ်မှာ တင်သိနိုင်သလား ဆရာ။  အသက်ငယ်စဉ်မှာကတည်းက ကိုယ့်ကိုယ်ကို သိနိုင်တာပဲ။ သက်လတ်ပိုင်းအရွယ်ကျမှ လိုင်းပြောင်းသွားတာမျိုးဆိုတာ ဖြစ်နိုင်ပါသလား။ အတ္တကျော်  ။   ။ ကျွန်တော့်ဆီမှာ ကလေးရပြီး၊ ကလေးတော်တော် အရွယ်ရောက်ပြီးမှ အဲဒီ့လိုင်းကို အပြီး ပြောင်းသွားပြီး သူ့ကိုယ်သူ စက်ဆုပ်နေသူရဲ့ လက်ရေးနဲ့ ရေးထားတဲ့ စာရှိပါတယ်။ အလားတူ စာတွေလည်း ရှိနေတဲ့အပြင် တစ်နေ့က Burnet Institute မှာ Sexuality အကြောင်း ဟောပြောတော့  တက်လာတဲ့ မေးခွန်းတွေထဲမှာ အိမ်ထောင်သည် ဖြစ်ပြီးမှ သည်လိုတွေ လိုင်းပြောင်းကုန်ကြတာ ဘာ့ကြောင့်လဲ ဆိုတဲ့ မေးခွန်းက ငေါငေါကြီး တက်လာပါတယ်။ လိုင်းပြောင်းတာ မဟုတ်ဘူး၊ အပုန်းတွေ

အန္တရာယ် အကင်းဆုံး လိင်စိတ် ဖြေဖျောက်နည်း

အမျိုးသမီးတစ်ယောက်ဆီက စာတစ်စောင် ၀င်လာပါတယ်။ ————————————– ဆရာ့ကို မေးခွန်း အနည်းငယ် မေးချင်ပါတယ်။ မမေးသင့်တဲ့ အမှား ပါခဲ့လျှင် ခွင့်လွှတ်စေချင်ပါတယ်။ ကျွန်မက အပျိုလေးတန်မဲ့၊ မြန်မာ မိန်းကလေးတန်မဲ့ masturbation ကို လုပ်လေ့ရှိသူ တစ်ယောက်ပါ။ အဲလို လုပ်ပြီးတဲ့အခါတိုင်း မထိန်းနိုင်တဲ့ ကိုယ့်ကိုယ်ကိုယ် မုန်းမိပါတယ်။ အဲဒီအကျင့်ကို ကျွန်မရဲ့မိတ်ဆွေနိုင်ငံခြားသူ တစ်ယောက်က သင်ပြပေးသွားတာပါ။ တစ်ခါက သူနဲ့ အတူ အင်္ဂလိပ် ဇာတ်ကား ကြည့်နေရင်း ဇာတ်ကားထဲက မင်းသမီးက masturbation လုပ်နေတာကို ကြည့်ပြီး အဲလို လုပ်ဖူးသလားလို့ သူက ကျွန်မကို မေးတယ်။ ကျွန်မက တစ်ခါမှ မလုပ်ဖူးဘူးလို့ ဖြေတော့ သူက

အပျို့ ရင်သား၊ အိမ်ထောင်သည့် ရင်သားနဲ့ သားသည်မအေ့ ရင်သားတွေ

Image
တစ်နေ့တုန်းက ဒေါက်တာ (…) ရဲ့စာအုပ်ကို ဖတ်မိတော့ သူ့ဆောင်းပါးထဲမှာ အပျိုဆိုတဲ့ ကောင်မလေးတစ်ယောက်က ဆေးခန်းလာပြတာ ကလေးပျက်ကျမှု ဖြစ်နေတယ်တဲ့။ အဲဒါနဲ့ သူလည်း ရင်သားတွေကို လှန်ကြည့်တော့မှ အပျို မဟုတ်ဘူးဆိုတာ သိသွားတယ်တဲ့။ အပျိုရဲ့ ရင်သား၊ အိမ်ထောင်သည် ရင်သားနဲ့ ကလေးအမေ ရင်သားတွေက ဘယ်လောက်တောင် ကွာခြားမှုရှိလို့လဲ။