Posts

Showing posts from August 24, 2013

မဂ္ဂင်(၈)ပါး အကျင့်တရား

Image
(မဂ္ဂင်(၈)ပါးအကျင့်တရား)   ၁။သမ္မာဒိဌိ(အမှန်သိခြင်း)။ အ နိစ္စ၊ဒုက္ခ၊အနတ္တ လက္ခဏာရေး(၃)ပါး ကိုတကယ်သိနေခြင်း၊ ထို့ပြင်- (က) ဒုက္ခောဉာဏံ။ ဆင်းရဲခြင်းတို့ကို မှန်စွာသိခြင်း။ (ခ) ဒုက္ခသမုဒယောဉာဏံ။ ဆင်းရဲခြင်းဖြစ်ရခြင်းတရားကိုသိခြင်း။ (ဂ) ဒုက္ခနိရောဓဉာဏံ။ ဆင်းရဲခြင်းတို့၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်ကိုသိခြင်း။ (ဃ) ဒုက္ခနိရောဓဂါမိနိပဋိပါဒယဉာဏံ။ ဆင်းရဲခြင်းတို့၏ ချုပ်ငြိမ်းရာအကျင့်ကိုသိခြ င်း။ ၂။ သမ္မာသင်္ကပ(အမှန်ကြံစည်ခြင်း) ။ ရုပ်နာမ်တို့ သူ့သဘောသူဆောင်နေခြင်းကို ရှုမြင်ခြင်း- (က) နေက္ခမ္မသင်္ကပ္ပေါ။ လောကီအာရုံကာမဂုဏ်၌ခုံမင်တွ ယ်

မကြာခဏ နုံးချည့်ညောင်းညာတတ်သူတို့ စွမ်းအင်တိုးစေမည့် နည်းများ

Image
မကြာခဏ နုံးချည့်ညောင်းညာတတ်သူတို့ စွမ်းအင်တိုးစေမည့် နည်းများ မကြာခဏ နုံးချည့်ညောင်းညာပြီး ပင်ပန်းသလိုလို စွမ်းအင်မရှိသလိုလို ဖြစ်နေပါသလား။ ရိုးစင်းတဲ့ ဘဝနေထိုင်မှုပုံစံကို ပြောင်းလဲပေးလိုက်ရုံနဲ့ သင့်ဘဝမှာ စွမ်းအင်တွေ ပြန်ရှိလာပါလိမ့်မယ်။   (၁) ရေများများသောက်ပေးပါ ရေဓာတ်ခန်းခြောက်မှုဖြစ်ရင် ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ထိထိရောက်ရောက် လုပ်ဆောင်စွမ်း ကျစေတာကြောင့် နုံးချည့်ပင်ပန်း နေတတ်ပါတယ်။ ဒါကြောင့် မကြာခဏ ရေသောက်ပေးရပါမယ်။ (၂) ကဖင်းဓာတ်ကို သတိထားပါ တစ်နေ့မှာ ကဖင်းပါတဲ့ အရည် (ဥပမာ- ကော်ဖီ၊ လက်ဖက်ရည်နဲ့ ကိုလာ) တို့ကို တစ်ခွက်၊ နှစ်ခွက် သောက်တာက စွမ်းအင်တိုးစေပြီး စိတ်ရွှင်လန်းစေပါတယ်။ ဒါပေမဲ့ ကဖင်းဓာတ်ကို များများမှီဝဲတာ (ဥပမာ- တစ်နေ့ ခြောက်ခွက်ခန့်) က

မှတ်မှတ်ရရ စကားစုလေးများ

Image
မှတ်မှတ်ရရ စကားစုလေးများ လူငယ်တို့သည် အတောင်ပါသောငှက်ကလေးများဖြစ်ကြသည်။ ပျံသန်းခွင့်.........ပေးလိုက်ပါ။ သစ်သားနှင့်တူပေမဲ့ နံ့သာတုံးက ထင်းမဖြစ်ပါ။ သူ့ရဲ့ သင်းပျံ့တဲ့ မွှေးရနံ့ကြောင့်ပေါ့။ အသေအချာဆုံး ရင်းနှီးမြှုပ်နှံမှု့ကတော့ ကိုယ့်ကိုကို အားကိုးခြင်းပါပဲ။ ဆုံးဖြတ်ချက်ဆိုရင် ဖြေးဖြေးချ။ လုပ်စရာရှိရင် မြန်မြန်လုပ်။ ရိုးရိုးကန်ရုံနဲ့ မအောင်မြင်နိုင်ဘူး ရုန်းပြီးကန်လိုက်စမ်းပါ။ တစ်ခါမှ အမှားမလုပ်ဖူးတဲ့သူဟာ ဘာမှ မလုပ်ဖူးတဲ့သူပဲ။   တံခါးဖွင့်ထားတယ် တွန်းပြီးဝင်လာရမှာက မင်းအလုပ်။ သက်သာဖို့မကြိုးစားပါနဲ့ အရည်အချင်းရှိဖို့ ကြိုးစားပါ။ ဒူးထောက်ပြီး အသက်ရှင်ရတာထက် မက်တပ်ရပ်ပြီး သေရတာကမြတ်တယ်။

မြန်မာအမျိုးသမီးများ ထမီဝတ်ကြသည်

Image
မြန်မာအမျိုးသမီးများ ထမီဝတ်ကြသည် ခမောက်ဆောင်းထားတဲ့ ဗီယက်နမ်မိန်းကလေး၊ ပုသိမ်ထီးနဲ့သနပ်ခါးပါးကွက် မြန်မာမိန်းကလေး .. ဒီ၂ယောက်ရဲ့ ဓါတ်ပုံတွေဟာ မြို့ပေါ်မှာ တမင်ဖန်တီးရိုက်ယူထားတာ မဟုတ်မှန်း ထင်ရှားပါတယ်။ ကျေးလက်ဒေသကို ကင်မရာမင်း ကိုယ်တိုင် သွားပြီး ရိုက်ယူတာကြောင့် သဘာဝကျပါတယ်။ လှပပါတယ်။ ကျွန်တော်ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ (ဆိုင်ဂုံ) အလုပ်လုပ်နေပါတယ်။  မနေ့က အီးမေးမှာ Happy Planet လူမျိုးအဖြစ် ဗီယက်နမ်နိုင်ငံက ထိပ်ဆုံးအဆင့်ကို တက်လာပါတယ်။ ပြုပြင်ပြောင်းလဲမှု ၁၈နှစ်အကြာမှာ တင်းတိန်ရောင့်ရဲသော နိုင်ငံအဖြစ် နောင်အမေရိကနိုင်ငံများနဲ့အတူ ပျော်ပျော်နေထိုင်သော နိုင်ငံအဖြစ်ကို တိုးကတ်လာပါတယ်။ ငွေကြေးအားဖြင့်တော့ ဆင်းရဲပါတယ်။ ဗီယက်နမ်မှာ တလကို လစာ အနည်းဆုံး ဒေါ်လာ ၂၀၀ ကနေ အများဆုံး ဒေါ်လာ၅၀၀လောက်ပဲ ရပါတယ်။ ဘွဲ့ရကျောင်းသားတယောက် လစာ ဒေါ်လာ ၂၀၀လောက် စတင်ရပါတယ်။ အလုပ်ကြမ်း ဆောက်လုပ်ရေးအလုပ်သမားလည်း ဒီလောက်လစာတော့ မြို့ကြီးတွေမှာ အလွယ်တကူ ရပါတယ်။ ကျွမ်းကျင်တဲ့ Top Grade Welder တယောက်ကို တနာရီ ၂ဒေါ်လာမှ ၅ဒေါ်လာလောက်အလွန်ဆုံး လုပ်ခရပါတယ်။ တက္ကစီဒရိုင်ဘာတယောက် တနေ့ နာရီ၂၀လောက် မောင်

မိဘကိုယ်သေမှနောင်တမရပါနဲ့

Image
ဒီအမေအိုကြီးနေရာမှာ ငါ့အမေဆိုရင်  ငါ့ရင်ထဲမှာဘယ်လိုနေမလဲ... လင်သေရင်အစားထိုးလို့ရတယ် မယားသေရင် အစားထိုးလို့ရတယ် အမေသေရင်အစားထိုးလို့ မရဘူးဆိုတာ မသိရော့လေသလား... ငါအိုလာတဲ့အခါငါဟိုဟာလေးစားချင်တယ်  ဒီဟာလေးစားချင်တယ်လို့ပြောတဲ့အခါ  ငါ့ကိုရူပ်လိုက်တာကျွေးတာမစားဘူးလို့ မပြောပါနဲ့... နင်တို့တွေငယ် ငယ်လေးကတည်းကလက်ညိုးထိုးတဲ့ဟာလုပ်ပေးခဲ့တာငါပါ... ငါအိုမင်းသွားပြီဆိုပြီးငါ့ ကိုယ်တယောက်တည်းစွန့်ပစ်မထားကြပါနဲ့ နင်တို့တွေငယ်ငယ်တုန်းက အိမ်ရှေ့နဲ့အိမ်နောက်ခဏလေးခွဲနေရတာတောင်ငါ့ရင်ထဲမှာ အပ်စူးနေသလိုပါပဲ... မိဘကိုယ်သေမှနောင်တမရပါနဲ့ မသေခင်ကျေးဇူးဆပ်နိုင်တဲ့သားသမီးကောင်းလေးတွေဖြစ်ကြပါစေ... phoe phyu poem

အားတင်းထားပါ..........ချစ်သူ

Image
အားတင်းထားပါ..........ချစ်သူ ငါတို့ တွေ ဆုံတွေ့ ခွင့်ရဖို့ နေ့ ရက်လေးတွေ တစ်နေ့ ပီးတစ်နေ့  နီးကပ်လာပီ.................. ငါတို့ တွေ အလွမ်းတွေနဲ့ ကျော်ဖြတ်လိုက် ရတာတစ်ရက်ပီးတစ်ရက်ကုန်ဆုံးသွားပီ.............. နင့်လက်လေးကိုတွဲပီး အတူတူလျှောက်လှမ်း ခွင့်ရဖို့ တစ်ရက်ထက်တစ်ရက်နီးစပ်လာပီ............ ငါတို့ နှစ်ယောက် မျှော်လင့်နေကြတဲ့ ဘ၀သစ်လေးကို အတူတူ တည်ဆောက်ခွင့်ရဖို့ အတွက် ကြိုးစားမှုတွေလဲ ခိုင်မြဲလာပီ.......... ငါလဲလေ တစ်ခြားချစ်သူတွေလို ငါ သိပ်ချစ်ရတဲ့ နင့်ရဲ့ အနားအချိန်တိုင်း ရှိနေခွင့်ရချင်တာပေါ့.......... အကြောင်းအမျိုးမျိုးကြောင့် ငါတို့ တွေဝေးနေရတဲ့အခါ အခုလိုပဲ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်အားပေး နှစ်သိမ့်ရင်း ဆုံတွေ့ ခွင့် ရမဲ့ နေ့ ရက်လေးအထိ သစ္စာရှိရှိနဲ့ ချစ်သွားကြမယ်နော ချစ်သူ.......... အရမ်းချစ်တယ်.............. Khin Myo Aye poem

“ဘုရားစေတီအချို့ ရှေ့က မနုသီဟ ဖင်နှစ်ခွ အကြောင်းသိကောင်းစရာ”

Image
ယခု စာရေးသူ တင်ပြသွားမည့်စာသားလေးက (မနုသီဟ) လူနှင့်ခြင်္သေ့နှစ်ခွ အကြောင်းဖြစ်ပါတယ်။ ဒီအကြောင်းအရာကို ရေးသားရခြင်းအကြောင်းက ဘုရားရှေ့ခြင်္သေ့အကြောင်းကို ရေးသား၍ ပို့တင်ပေးလိုက်သောအခါ pyae pho aung သည် (အရှင်ဘုရားကျေးဇူးတော်ကြီး မားလှပါတယ်ဘုရား ၊ မနုသီဟ အကြောင်းကိုလည်းသိလိုပါတယ်ဘုရား )ဟု ရေးသားပြီး တင်ဘို့ လျောက်ထားလာတဲ့အတွက်ကြောင့် သော်လည်းကောင်း၊ ဗုဒ္ဓဘာသာ၏ သင်္ကေတများကို လွဲမှားပြီး သိကြမည် စိုးသောကြောင့်လည်းကောင်း၊ ဘာသာရေးကို မှန်မှန်ကန်ကန်သိပြီး မှတ်သားယူစေချင်သော စေတနာ ဆန္ဒကြောင့် သော်လည်းကောင်း စာရေးသူ မအားသည့်ကြားက

“သင့်ကိုယ်သင် ပြန်ကြည့်ပါ”

“သင့်ကိုယ်သင် ပြန်ကြည့်ပါ” 1. ကိုယ့်ဘ၀ကို သူများတွေနဲ့ မယှဉ်ပါနဲ့။ သူတို့ ဘာလမ်းကြောင်းကိုလျှောက်လမ်းနေတ ယ်ဆိုတာ သင် မသိနိုင်ဘူးလေ။ 2. ကိုယ်မထိမ်းချုပ်နိုင်တဲ့ အရာတွေပေါ်မှာ မကောင်းမြင်စိတ်တွေမထားပါနဲ့။ အဲ့ဒါတွေကြောင့်လည်း စိတ်ဆင်းရဲ မနေပါနဲ့။ လက်ရှိကိုယ့်မှာရှိနေတာလေးကို တန်ဘိုးထားပြီး ဒါတွေကိုပဲ ပိုကောင်းအောင်လုပ်လိုက်ပါ။ 3. အလုပ်တွေကိုလည်း အလွန် အကျွံ မလုပ်ပါနဲ့.. Limit တစ်ခုထိပဲ လုပ်တာ ကောင်းပါတယ်။ 4. ကိုယ့်ကိုကိုယ် သိပ်ပြင်းပြင်းထန်ထန်ကြီး မခိုင်းစေပါနဲ့။ဘယ်သူမှလဲဒါမျိုးမလုပ်ပါဘူး။ သက်တောင့် သက်သာလေးသာ အကောင်းဆုံး ဖြစ်ပါတယ်။ 5. ကိုယ့်ရဲ့ တန်ဘိုးရှိတဲ့ စွမ်းအင်တွေကို အတင်းပြောခြင်းဖြင့် မကုန်ဆုံးပါစေနဲ့ 6, အိပ်နေစဉ်မှာထက် နိုးနေချိန်တွေမှာ အိပ်မက် ပိုမက်ပါ။ 7. မနာလို ၀န်တိုဖြစ်နေတာဟာ အချိန်ဖြုန်ခြင်း တစ်မျိုးပါပဲ။ သင့်မှာရှိသင့်ရှိထိုက်တာတွေ အားလုံးရှိနေပါတယ်။ 8. အတိတ်က ပြသနာတွေကို မေ့လိုက်ပါ့တော့။ ကိုယ့်ရဲ့ လက်တွဲဖော်၊ကြင်ဖော်တွေမှာ အတိတ်က အရိပ်ဟောင်းတွေ

လူတချို့က

Image
လူတချို့ကအစစ်အမှန်ကိုကြောက်ရွံ့တယ် ရုပ်လုံးမပြတတ်ကြဘူး လူတချို့ကအားနာလို့ အ ချင်ယောင်ဆောင်တာကို  တကယ် အ တယ်လို့ထင်တတ်ကြတယ် လူတချို့ကနည်းနည်းလေး အလျော့ပေး အလေးထားဆက်ဆံတာနဲ့ ခေါင်းပေါ်တက်ဖို့ ၀န်မလေးကြဘူး လူတချို့ကရိုးရှင်းတဲ့ကိစ္စရပ်တချို့ကို ကိုယ့်မှာရှိတဲ့မရိုးမရှင်းစိတ်ထားနဲ့တွေးတောပြီး ရှုပ်ထွေးအောင်လည်းပြုတတ်ကြတယ် လူတချို့ကဖြစ်သင့်မဖြစ်သင့်မစဉ်းစားပဲ  ကိုယ်ဖြစ်ချင်တာကိုသာဦးစားပေးပြီးမြေခွေးပမာ အကောက်ကြံတတ်ကြတယ် လူတချို့ကအရှေ့မှာပြုံးနေသလောက်အနောက်မှာ မဲ့နေတတ်ကြတယ် လူတချို့ကအပေါ်ယံမှာ  သကာချိုတွေပြည့်နေသလောက်အတွင်းစိတ်မှာ မစင်ပုပ်တွေနဲ့ပြည့်နေတတ်ကြတယ် လူတချို့ကဘ၀ဆိုတာ တိုတိုလေးဆိုတာ မသိကြဘူး ပူလောင်ခြင်း  မနာလိုခြင်း ကောက်ကျစ်ခြင်း ကုန်းချောခြင်း တွေနဲ့ပဲအချိန်ကုန်နေတတ်ကြတယ်                                                                                               ( သက်တန့်ချို )

Android ဖုန်း Setting ကို မြန်မာလိုဘာသာပြန်ပြီး လန်းရအောင် or Apk Multi-Tool

Image
  ဒီပိုစ့်လေးမှာတော့ Setting ကိုမြန်မာလိုပြင်နည်းလေးပဲရေးလိုက်ပေမဲ့ သုံးတတ်ရင်သုံးတတ်သလို ကျန်တာတွေပါပြင်လို့ ကလိလို့ရပါတယ်။ အရင်ဆုံး Download ကစပါမယ်:D ပထမဆုံးကတော့ ကိုယ့်ကွန်ပျူတာမှာ Java သွင်းထားဖို့လိုပါမယ်။ မသွင်းရသေးရင် အောက်မှာဒေါင်လုပ်လုပ်ပြီးသွင်းပါ။ Java အားရယူရန် Java ကို computer မှာ install လုပ်ပြီးရင် Adb ဆိုတာကိုလဲ သွင်းဖို့လိုပါတယ်။ Adb သွင်းကြရအောင်။။။ Adb ဖိုင်အားရယူရန် ၁။ ကွန်ပျူတာထဲမှာ Folder အသစ်တစ်ခုဆောက်ပြီး Android လို့ နံမည်ပေးပါ။ ၂။ ဒေါင်းလုပ်ဆွဲလို့ရလာတဲ့ adb.zip ဖိုင်ကိုဖြည်ပြီး အထဲက ADB ဖိုင်ထဲမှာ ရှိသမျှဖိုင်တွေကို စောစောက အသစ်လုပ်ထားတဲ့ Android ဖိုဒါထဲထည့်ပါ။ ၃။ Window key+R ကိုနှိပ်ပြီး Run program ကို ဖွင့်လိုက်ပြီး cmd.exe ကိုရိုက်ပြီး Enter ခေါက်ပါ။ ၄။ cmd ပေါ်လာရင် ဒီအောက်က အတိုင်းရိုက်ပေးပါ။ >d: cd \android adb devices ( d ဆိုတဲ့နေရာမှာ ကိုယ်က Android ဆိုတဲ့ folder ကို C drive ထဲမှာထားရင် C လို့ပြင်ရိုက်ပါ။ ဒါဆိုရပါပြီ။ မှတ်ချက်။ ။ကွန်ပျူတာထဲမှာ အကြောင်းအမျိုးမျိုးကြောင့် Android SDK သွင်းထားပြီးရင် Adb

Faceboook ကြောင့် သင့်ဘဝတိုးတက်နိုင်လား

Image
ဒါကတော့ ဘယ်လိုပြောရမလဲဆိုရင် သုံးတတ်ရင် ပတ္တမြား၊ မသုံးတတ်ရင် အလကား ဆိုတဲ့ အတိုင်းပါပဲ။ Facebook ကြောင့် ဘဝလည်း တိုးတက်သွားစေ နိုင်ပါတယ်။ အလွယ်ဆုံး ဥပမာ ပေးရမယ်ဆိုရင် လူစည်တဲ့ ဈေးထဲမှာ မျက်လှည့်လာပြ တဲ့ မျက်လှည့်သမား တစ်ယောက်လိုပါပဲ။ တစ်ယောက်က ကြည့်ရင်း ကြည့်ရင်းနဲ့ တဖြည်းဖြည်း လူတွေအုံလာတော့ လူသိများ သွားသလိုပေါ့။ Facebook ဆိုတာကလည်း ဒီလိုပါပဲ။ Social Media အဝန်းအဝိုင်း တစ်ခုကြီး ဖြစ်လို့နေပြီး တစ်ယောက်ယောက် က ပြုလုပ်ဖန်တီးတဲ့

"တန်ဖိုးထားတာမရှိရင် ဘာဝဟာ စည်းကမ်းမဲ့လာတယ်"

Image
"တန်ဖိုးထားတာမရှိရင် ဘာဝဟာ စည်းကမ်းမဲ့လာတယ်" လူဆိုတာ တစ်ခုခုကို အလေးထားစရာရှိမှ သူ့ ဘ၀ဟာ တစ်မျိုး အဓိပ္ပါယ်ရှိတယ်။ မြတ်စွာဘုရား ဘုရားဖြစ်ပြီးတော်မူပြီးကာစ ၊ သဗ္ဗညုတဥာဏ်တော်ကြီးကို ရပြီးတော်မူကာစမှာ နှလုံးသွင်းဆင်ခြင်တာတွေ အများကြီးရှိတယ်နော်။ အများကြီးရှိတာထဲက တစ်ခုက ဘာလဲဆိုတော့ ငါသည် ဘယ်သူ့ ကို အလေးဂရုပြုပြီး နေရရင်ကောင်းမလဲ လို့  နှလုံးသွင်း ဆင်ခြင်တယ်။ ဒီအချက်က တော်တော်လေး စဉ်းစားစရာ အံသြစရာလည်း ကောင်းတယ်နော်။ ဒီစာလေးကို ဖတ်နေတုန်းမှာ ဖတ်နေတုန်းမှာကို စိတ်ထဲမှာ နည်းနည်းထူးခြားမှုလေးကို ခံစားမိတယ်။ နည်းနည်း အံ့သြသလိုလည်း ဖြစ်မိတယ်။ ဘာဖြစ်လို့ တုန်းဆိုတော့ သိထားတာက မြတ်စွာဘုရားဟာ

ကိုယ့်ချစ်တဲ့သူအပေါ် ထားတဲ့ ကိုယ့်ရဲ့ အချစ်ကို တွက်ချက်ကြည့်နိုင်ပါတယ်

Image
ကိုယ့် စိတ်ထဲမှာ လူတစ်ယောက်ကို ဘယ်လောက်ထိ ချစ်နေလဲ ဘယ်လိုပုံစံနဲ့မျိုးနဲ့ ချစ်နေလဲဆိုတာ ကိုယ်ကိုတိုင် သတိထားမိမှာ မဟုတ်ပါဘူး အဲဒါကြောင့် အခု ဒီနည်းလမ်းလေးနဲ့ ကိုယ့်ချစ်တဲ့သူအပေါ် ထားတဲ့ ကိုယ့်ရဲ့ အချစ်ကို တွက်ချက်ကြည့်နိုင်ပါတယ် .... - ပထမဦးဆုံး ဘောပင် နှင့် စာရွက်တစ်ရွက်ကို ယူလိုက်ပါ - ပြီးလျှင် အောက်ဖော်ပြပါ အချက်များကို တစ်ချက်ချင်းစီ သေချာဖတ်ရွေ့ မိမိနှင့် တိုက် ဆိုင်သည့် အချက်များကို မှတ်သားထားပေးပါ ၊၊   (၁) ကိုယ်ချစ်တဲ့သူနဲ့ ချက်တဲ့အခါ Reply မြန်မြန်ရစေ ချင်တယ် (၂) ကိုယ်ချစ်တဲ့သူနဲ့ ပက်သက်တဲ့ ခံစားချက်အချို့ကို သူငယ်ချင်းတွေ အရှေ့မှာ ရင်ဖွင့်ဖူးတယ် (၃) သူနဲ့ တွေ့ရတော့မယ့်နေ့တွေဆို မနက်ဖြန်မြန်မြန်ရောက်ချင်တဲ့ စိတ်ကြောင့်

အချိန်မရွေးသေသွားနိုင်တယ်

Image
 လောကဓံခံနိုင်ရည်ရှိဖို့နဲ့ ဘ၀မှာ လိုအင်ဆန္ဒတွေ မများဖို့အတွက် “တစ်နေ့ကျရင် သေရမှာပဲ” လို့ သေခြင်းတရားနဲ့ ပတ်သက်ပြီး ဆင်ခြင်ကြရပါမယ်။ စိတ်ကောင်းနှလုံးကောင်းရှိဖို့နဲ့ ၀ိပဿနာစိတ်ကလေး အဆက်မပြတ် ဖြစ်ဖို့အတွက် “အချိန်မရွေး သေသွားနိုင်တယ်၊ သို့မဟုတ် ခဏနေ သေရင် သေသွားနိုင်တယ်”လို့ သေခြင်းတရားနဲ့ ပတ်သက်ပြီးတော့ ဆင်ခြင်ကြရပါမယ်။ သေခြင်းတရားကို အမြဲသတိရနေတဲ့သူဟာ ကိုယ်အမှန်တကယ် လုပ်ရမယ့် အလုပ်ကိုလည်း မမေ့ဘူး။ ကိုယ်အမှန်တကယ်ပြောရမယ့် စကားကိုလည်း မမေ့ဘူး။ ကိုယ်အမှန်တကယ် စိတ်ကူးရမယ့် အတွေးကိုလည်း မမေ့ဘူး။ မမေ့တာကို "အပ္ပမာဒ" လို့ ခေါ်တယ်။ အပ္ပမာဒတရားနဲ့ ပြည့်စုံတဲ့သူဟာ ...

ယောင်္ကျင်္ားလေးတစ်ယောက် ဟာ မိန်းကလေးတစ်ယောက်ကို

Image
ယောင်္ကျင်္ားလေးတစ်ယောက် ဟာ မိန်းကလေးတစ်ယောက်ကို ချစ်မိသွားခဲ့ရင် နောက်ကွယ်မှာ ပဲဖြစ်နေပါစေ တစ်ယောက်နဲ့ တစ်ယောက်ဝေးနေကြပါစေ သူမကြိုက်တဲ့ကိစ္စလေးတွေကို အတတ်နိုင်ဆုံးရှောင်နေတတ်ပါ တယ်... မိန်းကလေးတစ်ယောက်က ယောင်္ကျင်္ားလေးတစ်ယောက်ကို ချစ်မိသွားပြီဆိုရင်လဲ သစ္စာ တရားဆိုတာကို အရာအားလုံး ထက်ပိုတန်ဖိုးထားတတ်ကြ တယ်... ယောင်္ကျင်္ားလေးတွေကချောတာ လှတာကိုမက်မောတယ်ဆိုပေမဲ့ ယုယကြင်နာတတ်မှုနဲ့ဂရုစိုက်မှု ပေးတတ်တဲ့မိန်းကလေးတွေကို ပိုမြတ်နိုးတတ်ကြတယ်... မိန်းကလေးတွေက ကိုယ့်ချစ်သူ ဆီက မားမားမတ်မတ်ရပ်တည် နိုင်မှုအခက်ခဲတွေကိုအတူတကွ ရင်ဆိုင်ဖြေရှင်းနိုင်မှုလေးတွေ ကိုပိုလိုချင်တတ်ကြတယ်... တကယ်ချစ်မိကြရင်တော့ ယောင်္ကျင်္ားလေးကအရာအား လုံးထက်ပိုတန်ဖိုးထားတတ် သလိုမိန်းကလေးကလဲနားလည် မှုလေးနဲ့ကိုယ့်ချစ်သူရဲ့နံဘေးမှာ ရပ်တည်ပေးနေရတာကိုပျော် နေတတ်ပါတယ်... Phoe Phyu poem

အချစ်ဆိုတာ

Image
ခဏတာ လွဲမှားတဲ့ နားလည်မူလေးနဲ့.. လူတစ်ယောက်ကို လက်လွတ်ဆုံးရူံးမခံနဲ့။   အကြောင်းမှန်သိလို့ နားလည်သွားတဲ့အချိန်မှ လူတစ်ယောက်ကို သတိရတက်ဖို့ မကြိုးစားနဲ့။ အချစ်ဆိုတာ ကိုယ့်နှလုံးသားနဲ့ ရင်းနှီးတည်ဆောက်ထားတာ စကားတွေကြောင့် မပြိုကွဲခဲ့သင့်ဘူး....။ စိတ်ဆိုးဒေါသဖြစ်တယ်ဆိုတာလည်း.. သူနဲ့ကိုယ် စကားတွေသာများခဲ့ကြတာ ကိုယ့်နှလုံးသားကို ပေးဆပ်လိုက်ဖို့မသင့်ဘူးလေ..။ မင်းအလင်္ကာ အမုန်းမရှိသောအချစ်မရှိသော အလွမ်းမရှိသောသူဖြစ်ရပါစေ

အချစ်ကံကောင်းစေတဲ့ နည်းလမ်းများ

Image
အရှင်ဘုရား…….. အရှင်ဘုရားရေးတဲ့ အချစ်ကံခေပေမယ့် အနှစ်ကျန်စေရမယ် ဆောင်းပါးကိုဖတ်ပြီး စိတ်အားထက်သန်မိသလို မမမိုးသက်လှိုင်လို အချစ်ကံခေပြီး သောကပူလောင်ရမှာကိုလည်း စိုးရိမ်ကြောက်ရွံ့နေမိပါတယ်ဘုရား၊ အချစ်ရေးမှာ ကံကောင်းအောင် ဘယ်လိုပြုမူနေထိုင် ကျင့်သုံးရမယ်ဆိုတာ မိန့်ကြားပေးတော်မူပါဘုရား… မယမင်းဇော်၊ ဒုတိယနှစ်-သတ္တဗေဒ မယမင်းဇော်…… မယမင်းဇော်က အချစ်ကံကောင်းနည်းကို သိချင်တယ်ဆိုပါတော့။ လွယ်ပါတယ်။ ဘာမှမခက်ပါဘူး။ အချစ်ကံကောင်းချင်ရင် ‘အချစ်ကံကောင်း’ ဆိုတဲ့စကားလုံးကို ရှေ့နောက် ပြောင်းပြန်လှန်လိုက်ရုံပါပဲ။ ပြောင်းပြန်လှန်လိုက်တော့ ‘အကောင်းကံချစ်’ ဖြစ်သွားတာပေါ့။ အကောင်းကံချစ်ရင် အချစ်ကံကောင်းပါတယ်။ ဟုတ်တယ်ဟုတ်။ အကောင်းကံဆိုတာ ကုသိုလ်ကံကို ပြောတာပါ။ ကုသိုလ်ကံဆိုတာလည်း ကောင်းတဲ့အလုပ် တွေကိုလုပ်တဲ့ ကုသိုလ်ကံရယ်၊ မကောင်းတဲ့ အလုပ်တွေရှောင်တဲ့ ကုသိုလ်ကံရယ်လို့ နှစ်မျိုးရှိပါတယ်။ ကောင်းတဲ့အလုပ်တွေတော့ အများကြီးလုပ်နေပါတယ်၊ ဒါပေမယ့် တစ်ဖက်ကလည်း မကောင်းတဲ့အကုသိုလ် အလုပ်တွေ နည်းနည်းပါးပါး လုပ်မိနေမယ်ဆိုရင် ကိုယ့်ရဲ့ကုသိုလ်ကံဟာ ပြည့်စုံတဲ့ကုသိုလ်ကံ မဟုတ်တော့ပါဘူး၊ ဒါကြောင့် အကျိုးပေးဟ