Posts

Showing posts from December 26, 2013

ဖန်ဆင်းရှင် (၃)ဦး

ကမ္ဘာလောကကြီးကို လှပလာအောင် ”ညစ်ပက်သွားအောင်ဖန်ဆင်းတဲ့ပုဂ္ဂိုလ် သုံဦးရှိတယ် ။ ဘယ်သူတွေလဲဆိုတော့  ၁။ကိုယ်ကံကြမ္မာ ၂။ကိုယ်ဥာဏ်ပညာ ၃။ကိုယ်ဝီရီယ တို့ ပါပဲ ။ ကံကြမ္မာဆိုတာ .အလုပ်ကိုပြောတာလေ။  ကောင်းတဲ့အလုပ် လုပ်ရင် ကောင်း တာတွေတွေရမြင်ရမယ် ကောင်းကျိုးတွေခံစားရမယ် စိတ်ချမ်းသာမယ် ဒါဆို ကမ္ဘာလောကကြီးလှပသွားပြီပေါ့။ ဝီရီယဆိုတာ . ကြိုးစားအားထုက်မူ့ကိုပြောတာလေ။ ကောင်းတဲ့အလုပ်တွေကို ကြိုးစားလုပ်ရင် ရရှိလာမယ့် ရလာဒ်ဟာကလဲ ကောင်းကျိုးပဲဖြစ်တယ် ကောင်းကျိုး

''တစ်သက်မမေ့စရာအစ ခိုးရာလိုက်ပြေးတဲ့ည''(ဖြစ်ရပ်မှန်)

      အဲ့ဒီနေ့လေးကို ဘယ်တော့မှမမေ့ဘူး။ သေသည်အထိ အရိုးထဲကနေစွဲနေမယ့်နေ့တစ်နေ့ပါပဲ။ ''တစ်သက်မမေ့စရာအစ ခိုးရာလိုက်ပြေးတဲ့ည''. . . သြော်  . . ခေါင်းစဉ်ကြောင့် ဆင်ဆာလို့တော့ မထင်လိုက်ပါနဲ့နော်။ ဒီခေါင်းစဉ်တပ်လိုက်ရတာက အကြောင်းရှိလို့ပါ။ အကြောင်းရင်းက ဒီလိုပါ . . . ကျွန်မက အိမ်မှာအငယ်ဆုံးလေ။ အငယ်ဆုံးဆိုတော့ အားလုံးသိတဲ့အတိုင်း မိဘတွေရဲ့အချစ်ဆုံးလေးပေါ့။ ဒါပေမယ့် အပျံသင်စအရွယ်ဆိုတော့ အချစ်ကိုပဲ ယုံပြီးပုံအပ်လို့ အစ်ကို့နောက်ကို လိုက်ခဲ့ပါတယ်။ ခိုးရာလိုက်ပြေးတယ်ပေါ့။  အတိုချုပ်ပြောရရင် အစ်ကို့ရဲ့အဘွားတွေရှိရာ မြို့လေးဆီ ရောက်သွားတော့ လူကြီးတွေက ကျွန်မတို့အတွက် အခန်းလေးတစ်ခန်းစီစဉ်ပေးတယ်။ သူတို့ကတော့ အိမ်ရှေ့ဘုရားစဉ်ရှေ့မှာ အိပ်ကြတယ်။ ကျွန်မတို့ရောက်သွားချိန်မှာ အမျိုးသမီးတစ်ယောက်လည်း ရောက်နေတော့ အဘွားနဲ့ အဲ့ဒီ အမျိုးသမီးက အတူအိပ်တယ်။

သို့..........သိစေချင်သည်။

(၁) ထောင်နေသောစပါးနှံ နှင့် ညွှတ်ကိုင်းနေသောစပါးနှံကို လေ့လာ၍ ယောင်္ကျားတို့အား နှိုင်းယှဉ်ပါ။ (၂) မာနဟူသည် ထားသင့်သော သူပေါ်သာထားရ၏ ၊ မထားသင့်သော သူပေါ်၌ ထားမိသော်  အမှား ဖြစ်တတ်၏။ (ကျားသည်ပင် မိဘရှေ့ရောက်က ကြောင်လေးသဖွယ်သာနေတတ်၏ ) (၃) အသွင်မတူရင် ဘယ်သောအခါမှ အမြင်မတူနိုင်ပါ၊ ခံစားချက်မတူရင်လည်း နားလည်မှုတွေ မတူနိုင်ဘူး။ (၄) ရှေ့တွင်ရှိသော ပတ္တမြားကို ခရမ်းချဉ်သီးအမှတ် ဖြင့် နင်းကျော်ပြီး ၊ နောက်တွင်ရှိသော မစင်ကို ရွှွှွှေအမှတ်ဖြင့် ပြေးကောက်သော်၊ ထိုသူသည် ဥာဏ်ပညာ သေးသိမ်သော မိုက်မဲသူသာဖြစ်ပေလိမ့်မည်။ (၅) ချိုသာသော စကားတိုင်းသည် မုသားမကင်းနိုင်သလို၊ ခါးသီးသော စကားများသည်လည်း မှန်သော စကားများ ဖြစ်နိုင်ပေသည်။ (၆) လှသော မိန်းခလေးငယ်၊ လှပခြင်းအား ဆယ်စုနှစ်တစ်ခုကြာအောင်

စွန့်စွန်.စားစား လူသားများနှင့် ထူးဆန်းသော တံတားများ(ထူးဆန်းထွေလာ)

Image

“ချိုသာသော အလွမ်းတစ်ခု၏ နိဂုံး”(၀တ္ထုတို)

Image
                                                                                                                    “မမ”             ဆတ်ကနဲ လှည့်မကြည့်ခင် ကျွန်တော့်အသံကို ကြားလိုက်ကတည်းက သူမ မျက်နှာ ရှက်သွေးဖျာကာ တင်းမာသွားမည်ဟု ယုံကြည်ပြီး ဖြစ်သဖြင့် သိပ်တော့ အံ့သြစရာ မရှိပါ။ ကျွန်တော်ကလည်း ကျွန်တော့် ရင်တွင်းဆန္ဒ ၏တောင်းဆိုမှု အတိုင်း ပြုလုပ်ရမည်သာ ဖြစ်သည်။        “ မမကို ကျွန်တော် ချစ်တယ်”          သူမ၏ နူတ်ခမ်းတွေက တင်းတင်းစေ့သွားမည် ။ ပြီးတော့ တော့မျက်ဝန်း အစုံ စူးရဲလင်းပြတ်မည်။ နောက်တောက်ခေါက်သံလေးပါ ထွက်ပေါ်လာမည်။ အားလုံးမျှော်လင့်ထားသည့် အတိုင်းပင်။           “တောက်!”   ထိုအရာအားလုံးကို ကျွန်တော်အပြုံးဖြင့်သာ ခံယူလိုက်ပါသည်။ ထုံးစံအတိုင်း ကျွန်တော် လှည့်ပြန်ရုံသာ ရှိတော့သည်။ သို့သော် ကျွန်တော့်ကို အံ့အားသင့်သွားစေသည်ကား ကြည်လင်တောက်ပသော သူမ၏အသံ ကြောင့်ပင် ဖြစ်သည်။           “နင်နေဦး”               “ ဗျာ” (၇)ရက်မြောက်နေ့၏ထူးခြားမှုပင်ဖြစ်သည်။ပထမဆုံးသူမအသံကိုကျွန်တော်ကြားဖူးလိုက်ခြင်း ဖြစ်သည်။          “နင်ဘယ်သူလဲ” “ကာရံငယ်ပါမမ…….မမ နာမည်ကို

ကိုယ့်ချစ်သူက သင့်ရဲ့ဖူးစာရှင် ဟုတ်မဟုတ် သိချင်ကြဘူးလား(ဗေဒင်)

Image
ကိုယ့်ချစ်သူက သင့်ရဲ့ဖူးစာရှင် ဟုတ်မဟုတ် သိချင်ကြဘူးလား၊  နည်းကတော့ လွယ်လွယ်လေးပါ။ သင်ရယ်၊ သင့်ရဲ့ ချစ်သူမွေးနေ့သက္ကရာဇ် အားလုံးပေါင်းကြည့်၊  နောက်ဆုံး ရလာတဲ့ကိန်းတစ်လုံးကအဖြေပေါ့။ ကဲအစမ်းလေးလုပ်ကြည့် ရအောင်။ သင်က 23.4.1991 သင့်ချစ်သူက 14.7.1992 ဆိုပါစို့။ သင့်မွေးနေ့ + သင့်ချစ်သူမွေးနေ့ = အဖြေ 23 + 4 + 1991 + 14 + 7 + 1992 =4031 မွေးနေ့၂ခုပေါင်းထားတဲ့ အဖြေ 4 + 0 + 3 + 1 = 8 အဖြေက 8 ပေါ့။ ရှင်းပြီနော်။ ကဲ..တွက်ကြည့်ကြရအောင် ... အဖြေ- ၁ (၁) ရတဲ့သူကတော့ သင်ဟာသူ့ကိုအသက်ပေးနိုင်လောက်အောင်ချစ်ပေမယ့်  သူ့အတွက်ကတော့ ရည်းစားဟောင်း ကပစ်သွားလို့ အသဲကွဲပြီးခဏလာနားတဲ့  Bus ကားမှတ်တိုင်လိုဖြစ်နေတာပါ။ သင်နဲ့အတူနေတဲ့အချိန်မှာ သူဟာပျော် ရွှင်နေပေမယ့် အဲဒီပျော်ရွှင်ခြင်းက ဟိုမရောက်ဒီမရောက်နဲ့ဖြစ်နေတတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပွေရှုပ်တတ်တဲ့ သူ့အကျင့်က သင့်ထက်သာမယ့်သူကို  အမြဲတမ်းရှာဖွေနေလို့ပဲဖြစ်တယ်။ဒါကြောင့် သူ့ရဲ့ နောက်ဆုံးအချစ်ဖြစ်ဖို့အခွင့် အလမ်းဟာ မျောက်တစ်ကောင်သစ်ပင်ပေါ်ကပြုတ်ကျတာနဲ့ အတူတူလိုဖြစ်နေတာပါ။  နောင် Bus ကားအသစ်ဟာ သူ့ဆီဆိုက်ကပ်လာခဲ့ရင် သူတစ်ခါတည်းပြေးတက်သွာ