Posts
Showing posts from August 30, 2013
ဆီးရီးယားကို တိုက်ဖို့ အိုဘားမား ဘယ်လိုဆုံးဖြတ်မလဲ
Image
ဆီးရီးယားကို တိုက်ဖို့ အိုဘားမား ဘယ်လိုဆုံးဖြတ်မလဲ ပြီးခဲ့တဲ့ သြဂုတ် ၃၀ မှာ အမေရိကန် သမ္မတ အိုဘားမားဟာ ကမ္ဘာ့ စစ်အင်အားကြီး နိုင်ငံ စာရင်းမှာ ပါတဲ့ ပြင်သစ်နဲ့ ဗြိတိန်က ဝန်ကြီးချုပ်အသီးသီးကို ဖုန်းဆက်လို့ ဆွေးနွေးပွဲငယ် တစ်ခု ပြုလုပ်ခဲ့ပါတယ်။ လက်ရှိဆီးရီးယားအရေးနဲ့ ပက်သက်ပြီးတော့ပါ။ အမေရိကန် အိမ်ဖြူတော်လွတ်တော်အဖွဲ့မှ  စစ်တိုက်ဖို့ မဲများနေချိန် သမ္မတ အိုဘားမား  ဘယ်လိုဆုံးဖြတ်မလဲဆိုတာကိုသာ စောင့်ကြည့်လျက်ရှိနေကြ ပါတယ်။ ဒါကြောင့်မို့ ဆုံးဖြတ်ချက် ပိုသေချာအောင် ပြင် သစ်နဲ့ ဗြိတိန်ကို ဖုန်းဆက်မေးမြန်းခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့ အနေနဲ့ အမေရိကန်ရဲ့  ဆုံးဖြတ်ချက်ကို တားမြစ်စရာ မရှိကြောင်း ပြော ဆိုခဲ့ပါတယ်။ ဆီးရီးယား အစိုးရဟာ ဓာတု စစ်လက်နက် အသုံးမပြုရ ကမ္ဘာ့ စစ်ဥပဒေ အပြင် အခြားသော ဥပဒေများကိုပါ ချိုးဖောက်ထားတဲ့အတွက် အမေရိကန် နိုင်ငံအတွက် နောက်ထပ် အီရတ်နိုင်ငံတစ်ခု ဖြစ်လာနိုင်တယ်လို့တောင် တင်စားနေကြ ပါတယ်။ ဆီးရီးယား သမ္မတ Bashar Assad ကိုလည်း တားမြစ်မှု အကြိမ်ကြိမ်ပြုလုပ်ပေမယ့် ထူးခြား မလာပါဘူး။ ဓာတု စစ်လက်နက်
တိုးတိုးပြော
Image
တိုးတိုးပြော ငါ့နှလုံးသားလေး ဖျားနေတယ် နင် ဆေးကုပေးဖို့ မလိုဘူး နှစ်သိမ့် ပေးရုံ ရတယ်     တိုးတိုးပြော ရင်ခုံသံတွေ အရမ်းပြင်းနေတယ် နင်ထိန်းထားပေးဖို့ မလိုဘူး ပြုံးပြပေးဖို့ တော့ လို အပ်တယ် တိုးတိုးပြော မျက်ဝန်းက နာနေတယ် နင် ဆေးခပ်ပေးဖို့ မလိုဘူး နင့်အကြည့်တချက်နဲ့ တင် သက်သာနိုင်တယ် တိုးတိုးပြော ငါ့နှလုံးသား အိပ်နေတယ် နင် နှိုးမှာဆိုးလို့ မဟုတ်ဘူး သူနိုးလာရင် အရမ်းဆိုးလို့  နင့်ကို ချစ်တယ်ဆိုတာ ပြောမိနေလိမ့်မယ် ရှုး .... တိုးတိုး ပြော " NaingNaing Dnc "   အမုန်းမရှိသောအချစ်မရှိသော အလွမ်းမရှိသောသူဖြစ်ရပါစေ
ဘွဲ့နှင်းသဘင် ဦးထုပ် ဖြစ်ပေါ်လာပုံ
Image
ဘွဲ့နှင်းသဘင်ဦးထုပ် (mortarboard) ဟာ ရောမခေတ် အီတလီလူမျိုးများမှ ဆင်းသက်လာခြင်းဖြစ်ပါတယ်။ ယင်းဦးထုပ်ကို ရှေးအခါ ရိုမန်ကတ်သလစ်ဘုန်းကြီးများက ဆောင်းကြ ပါတယ်။ ယခုခေတ် ဘွဲ့နှင်းသဘင်ဦး ထုပ်ဒီဇိုင်းနဲ့ သိပ်မကွာတဲ့အတွက် ဘွဲ့နှင်းသဘင်ဦးထုပ်အစ ရိုမန်ကတ်သလစ် ဘုန်းကြီးက လို့ ယုံကြည်ကြ ပါတယ်။ ၁၄၊ ၁၅ ရာစုမှာတော့ ရောမ အီတလီတွေဟာ လူတန်းစား ခွဲခြားဖို့အတွက် ယင်းဦးထုပ်ကို တွင်တွင်ကျယ်ကျယ်အသုံးပြုခဲ့ကြပါတယ်။ ဥပမာ- စာရေးဆရာ၊ ကဗျာဆရာ၊ အတွေးအခေါ်ပညာရှင်၊
ရန်ကုန်မြို့တွင် Day Club များ လုံးဝမဖွင့်ရန် ညွှန်ကြားချက်ကို လိုက်နာခြင်း မရှိပါက ပုဒ်မ ၁၈၈ ဖြင့် အရေးယူမည်
Image
ရန်ကုန်တိုင်း ဒေသကြီး အတွင်း Day Club များ  လုံးဝမဖွင့်ရန် ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်းနှင့် ယင်းညွှန်ကြားချက်အား လိုက်နာမှု မရှိသူများအား ပုဒ်မ ၁၈၈ ဖြင့် အရေးယူ သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။ ရန်ကုန်တိုင်း ဒေသကြီးအတွင်း Night Club များသာမက ယခုနောက်ပိုင်း Day Club များပါ ဖွင့်လှစ်မှု ရှိလာကြောင်း၊ ထိုသို့ ဖွင့်လှစ်မှုများမှာ အကျင့်စာရိတ္တ ပျက်ပျားစေကြောင်း၊ ထို့ပြင် အချို့မိဘများမှာ Day Club များနှင့်ပတ်သက်၍ တိုင်းတန်းမှု အချို့ပင် ပြုလုပ်လာကြခြင်းကြောင့် ၎င်းတို့အား အရေးယူရန်
သူတော်ကောင်းတို့ .... စီးပွါးချမ်းသာ၏ အကြောင်းဖြစ်သော အဖန်ဖန် အောက်မေ့ခြင်း( ခြောက်မျိုး )
Image
သူတော်ကောင်းတို့ .... စီးပွါးချမ်းသာ၏ အကြောင်းဖြစ်သော အဖန်ဖန် အောက်မေ့ခြင်း 'အနုဿတိ'တို့သည် ဤခြောက်မျိုးတို့တည်း။ အဘယ်ခြောက်မျိုးတို့နည်းဟူမူ... ၁။ ဘုရား ဂုဏ်တော်ကို အဖန်ဖန် အောက်မေ့ခြင်း။ ၂။ တရား ဂုဏ်တော်ကို အဖန်ဖန် အောက်မေ့ခြင်း။ ၃။ သံဃာ ဂုဏ်တော်ကို အဖန်ဖန် အောက်မေ့ခြင်း။ ၄။ သီလ ဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း။ ၅။ စွန့်ကြဲ ပေးကမ်းခြင်း ဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း။ ၆။ နတ်တို့၏ သဒ္ဓါတရားနှင့် မိမိ၏ သဒ္ဓါတရားကို အဖန်ဖန် အောက်မေ့ခြင်း။ သူတော်ကောင်းတို့ (စီးပွါးချမ်းသာ၏) အကြောင်းဖြစ်သော အဖန်ဖန် အောက်မေ့ခြင်းတို့သည် ဤခြောက်မျိုးတို့ပင်တည်း ဟု မိန့်တော်မူ၏။ (အနုဿတိဋ္ဌာနသုတ်၊ အာဟုနေယျဝဂ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။)                          Young Buddhist's Association
အထီးကျန်သက်ကြီးရွယ်အိုများအတွက် နေ့ပိုင်းစောင့်ရှောက်မှုဂေဟာ ဖွင့်ရန်စီစဉ်
Image
ပြောင်းလဲ လာသောလူမှုဖူလုံရေးပုံစံများ အရ တချို့သောသက်ကြီးရွယ် အိုများသည် ငွေကြေးပြည့်စုံကြ သော်လည်း လူမှုရေးအရ အထီး ကျန်ခြင်း (Social Loneliness)ကို ရင်ဆိုင်နေရသည့်အတွက် လူ မှုဝန်ထမ်းဦးစီးဌာနမှ သက်ကြီး ရွယ်အိုများအတွက်  နေ့ပိုင်းစောင့် ရှောက်မှုဂေဟာကို အောက်တို ဘာလအတွင်း ဖွင့်လှစ်မည်ဖြစ် ကြောင်း သိရသည်။ ''သက်ကြီးရွယ်အိုတွေ နေ့ ပိုင်းစောင့်ရှောက်မှုဂေဟာဖွင့်လှစ် ရခြင်းက နိုင်ငံတကာသက်ကြီး ရွယ်အိုများစောင့်ရှောက်ရေးလုပ် ငန်းများအနက် ပြုစုစောင့်ရှောက် မှုနည်းလမ်းတစ်ခုဖြစ်တယ်။  သက် ကြီးရွယ်အိုတွေအတွက်လူမှုရေး အရ အထီးကျန်ဆန်မှုကိုလည်း လျော့နည်းစေပြီး ကျန်းမာရွှင်လန်း  သောသက်ကြီးဘဝကို ရရှိစေဖို့ အတွက် ဖွင့်လှစ်ရခြင်းဖြစ်ပါတယ်'' ဟု လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင် ထွန်းခိုင်က ပြောသည်။ အဆိုပါသက်ကြီးရွယ်အို စောင့်ရှောက်မှုဂေဟာအတွက် လူမှုဝန်ထမ်းဦးစီးဌာနမှခန့်အပ် ထားသော အရာထမ်း၊  အမှုထမ်း များ၊ လက်ထောက်ဆရာဝန်တစ် ဦး၊ ကျန်းမာရေးမှူး  (ကာယကု သမှုကျွမ်းကျင်) ဝန်ထမ်း၊ အ ထက်တန်းသူနာပြု တစ်ဦး၊ သူနာ ပြုနှစ်ဦးအပါအဝင် ဝန်ထမ်း၂၀ ဦးတို့ဖြင့်  စောင့်ရှောက်ပေးသွား မည်ဖြစ်ကြောင်း
အိပ်ယာမှ နိုးထသည်နှင့်
Image
{*} အိပ်ယာမှ နိုးထသည်နှင့် တစ်ပြိုင်နက် ... ဤနေ့တွင် “ မိမိ၏. စိတ်ကို ကောင်းစွာ စောင့်ရှောက်မည် " ဟု အဓိဋ္ဌာန်ပြုပါ ။ ထို့နောက် ဘုရားဝတ်ပြုခြင်း ဆီမီး ရေချမ်း ကပ်လှူခြင်း မေတ္တာပို့ခြင်း စသည်တို့ဖြင့် “ နေ့သစ် " ကို အသစ်အသစ်သော ကောင်းမှုများဖြင့် ကြိုဆိုပါ ။ {*} မကောင်းသော အတွေ့အကြုံများ ဝင်ခွင့်မသာအောင် “ ရတနာသုံးပါး အာရုံ " ယူကြပါ ။ ထို့နောက် ပြောမည် ပြုမည် ကြံတိုင်းကြံတိုင်း သတိနှင့်ယှဉ်၍ မိမိ၏ ကာယကံမှု ဝစီကံမှုများကို ထိန်းသိမ်းစောင့်ရှောက်ပါ ။ ဤအလေ့အကျင့် ရှင်သန်လာသော် တည်ငြိမ်ဣနြေ္ဒရပြီး စိတ်နှလုံး ချမ်းမြေ့လာပေလိမ့်မည် ။ {*} ဓမ္မအတွေးစုများ ။ မင်းနန် [ မော်ကျွန်း ]                                                                  Ukyaw Kyawsoe
ဘဝဆိုတာပျော်စရာ
Image
ပျော်စရာ ဘဝလေး မှာပျော်အောင်နေပါစိတ်ညစ် တယ် ၊ဝမ်းနည်းတယ်ကြေကွဲ တယ် ၊နာကျင်တယ်ဆိုတာ  စိတ်ရဲ့ အတွေးတွေ က ဖန်တီးတာစိတ်ညစ်စရာ တွေးပြီး စိတ်ညစ်တယ် ဝမ်နည်းစရာတွေးပြီး ဝမ်းနည်းတယ် ကြေကွဲစရာတွေးပြီး ကြေကွဲတယ် နာကျင်စရာတွေးပြီး နာကျင်တယ် အဲ့ဒိစိတ်အတွေးတွေကို ပြောင်းလဲပစ်နိုင်တယ်။ နေ့စဉ်နဲ့ အမျှပျော်စရာတွေ တွေးမယ်။ ဝမ်းသာစရာစကားတွေနားထောင် မယ် အကျိုးရှိတဲ့အလုပ်တွေ လုပ်မယ် လူတွေအပေါ် အကောင်းမြင်တဲ့စိတ် ထားမယ် နားလည်ခွင့်လွှတ်တဲ့စိတ်နဲ့ပြုမှု ဆက်ဆံမယ် ဒါဆိုရင် စိတ်တွေပြောင်းသွားနိုင် တယ်။ ။ ။ ကြိုးစားကြည့်ရအောင် ကောင်းသန့် (မယ် ဒီ ဒီ)
မိန်းကလေးများ မဖြစ်မနေဖတ်ပေးပါ
Image
အမျိုးကောင်းသမီးများသို့ အင်တာနက် မင်းသမီး မဖြစ်ရအောင် ကာကွယ်ဆေး ဆိုတဲ့ Mg Mandalay’s facebook ရဲ့ ရေးသားတင်ပြချက်ကို ဒီတပတ်ရဲ့ ရွေးချယ်မှု ကဏ္ဍကနေ ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ အခုခေတ်မှာ လူတိုင်းနဲ့ ရင်းနှီးကျွမ်းဝင် နေပြီဖြစ်တဲ့ အင်တာနက်ရဲ့ ကောင်းကျိုး တွေကတော့ ဖော်ပြလို့ မကုန်နှိုင်အောင် များတာကို တွေ့ရပါတယ်။ အင်တာနက်
သူငယ်ချင်း (၈)မျိုး . . . . . . . .(ဘယ်လိုသူငယ်ချင်းမျိုးလဲ)
Image
သူငယ်ချင်း (၈)မျိုး . . . . . . . . (ဘယ်လိုသူငယ်ချင်းမျိုးလဲ) (၁) ဆရာနဲ့တူတဲ့ သူငယ်ချင်း သူတို့က သင့်ကောင်းကွက်တွေ သင်ကိုယ်တိုင် သိမြင်နိုင်ဖို့ သင့်ကိုအမြဲကူညီအားပေးတယ်။ ဒီလို သူငယ်ချင်းမျိုးကို ဆရာအမျိုးအစားလို့ခေါ်တယ်။ သူတို့က သင့်ရဲ့ဆရာဖြစ်ချင်မှဖြစ်မယ်။ ဒါပေမဲ့ သူတို့မှာ အခြားဗဟုသုတ၊ အတွေ့အကြုံတွေနဲ့ ပြည့်စုံတယ်။ သင့်ရဲ့အလုပ်အကိုင်၊ မိသားစု၊ လူလူချင်း ပေါင်းသင်းဆက်ဆံရေးတွေမှာ သူတို့က သင့်ကို အကြံဉာဏ်တွေပေးနိုင်တယ်။ လူ့ဘဝမှာ ဒီလိုသူငယ်ချင်းမျိုးက သင့်စိတ်ကို ထောက်ကူပေးတဲ့သူဖြစ်တယ်။ သူတို့ဟာ သင့်အနားမှာ အမြဲရှိနေပြီး သင်အတုယူထိုက်သူလည်းဖြစ်တယ် ။ (၂) ဖေးမကူညီတဲ့သူငယ်ချင်း သင့်ကို ဆုံးမလမ်းညွှန်ပြီး လူတွေရှေ့မှာ သင့်ကိုချီးမွမ်းစကားပြောတဲ့  သူငယ်ချင်း... ဒီလိုသူငယ်ချင်းမျိုးက "နင့် ငါ့ကိုကူ၊ ငါ နင့်ကိုကူ"ဆိုတဲ့ အချင်းချင်းကူညီအားပေးတဲ့သူ ဖြစ် တယ်။ ဘဝရှင်သန်ကြီးပြင်းရာ လမ်းတစ်လျှောက်မှာ သူငယ်ချင်းရဲ့ ဖေးမကူညီမှု၊ ချီးကျူးမှုတွေက အဖိုးတန်လွန်းတယ်။ ဆင်းရဲဒုက္ခ၊ အခက်အခဲတွေနဲ့ သင်ရင်ဆိုင်ရချိန် ဒီလိုသူငယ်ချင်းမျိုးက သင့်အခက်အခဲတွေကို ကူညီမျှဝေဖြေ
နင်းမိသူနှင့် မနင်းမိသူ
Image
နင်းမိသူနှင့် မနင်းမိသူ အမျိုးသမီးသုံးဦးဟာ အက်ဆီးဒန့်တစ်ခုမှာ အတူတူသေဆုံးသွားကြပြီး ကောင်းကင်ဘုံကိုရောက်သွားတယ်။ အဝင်ဝကျတော့ စိန့်ပီတာက သူတို့ကိုမှာတယ်။ "ဒီမှာ ဘဲတွေ ရှိတယ် အဲဒီဘဲတွေကို မနင်းမိစေနဲ့ နင်းမိရင် အပြစ်ပေးခံရမယ်" လို့ ပြောတယ်။ ဒါနဲ့ သူတို့လည်း အထဲမှာ လိုက်ကြည့်တော့ ဘဲတွေ အများကြီးရှိနေတာကို တွေ့ရသတဲ့။ သူတို့လည်း အပြစ်ပေးခံရမှာကြောက်ပြီး သတိနဲ့သွားလာပါတယ်။ ဒါပေမဲ့ ကံဆိုးချင်တော့ သူတို့ထဲက တစ်ယောက်က ဘဲတစ်ကောင်ကို နင်းမိသွားတယ်။ ချက်ချင်းဘဲ စိန့်ပီတာရောက်လာပြီး သူ့ကို ခေါ်သွားကာ ရုပ်ဆိုးတဲ့ ယောကျာ်းတစ်ယောက်နဲ့ လက်ဆက်ပေးလိုက်သတဲ့။ နောက်ရက်များမှာတော့ ဒုတိယအမျိုးသမီးဟာ ဘဲတစ်ကောင်ကို နင်းမိပြန်ပါရော။စိန့်ပီတာေ ရာက်လာပြီး
စေတီအကြောင်း သိကောင်းစရာ
Image
ဘုရားသို့မှန်းခြေတလှမ်း သိန်းသန်းမကထိုက် လှူသူ၊ ဖူးသူ၊ ပေးဝေသူ၊ နတ်လူဘုံသို့ဆိုက် ဆိုသော လင်္ကာလေးကို သဘောပေါက်လာပါလိမ့် မည်။ ထို့အပြင်စေတီတော်မှ ညွှန်ပြသောသင်္ကေတများ မှဟောပြောနေ သော တရားတော်များကို ဆင်ခြင်နှလုံးသွင်းနိုင်ပါက ပါရမီရင့်သန်ပြီးသူ ဖြစ်ပါကဘုရားဖူး ရင်းပင်နိဗ္ဗာန်ရနိုင်ကြောင်းပြော မည်ဆိုပါက လွန် အံ့မထင်.....။ စေတီဆိုတဲ့ ဝေါဟာရ စေတီဆိုတဲ့ဝေါဟာရက ဗုဒ္ဓဘုရားရှင်မပွင့်ထွန်းခင်ကတည်းကအိန္ဒိယနိုင်ငံ မှာရှိနေခဲ့ပါတယ်။ ဝေသာလီပြည် ကြီးရဲ့အနီးပတ်ဝန်းကျင်မှာ အမျိုးမျိုးသော အရာဌာနတွေကို စေတီသမုတ်ပြီးကိုးကွယ်ခဲ့တာကြောင့် စေ တီတွေများစွာ ရှိခဲ့ပါတယ်။ အချို့စေတီတွေကတော့ နတ်ဘီလူးကြီးများကိုရည်မှတ် ပြီး တည်ဆောက်ထားတဲ့ နတ်ကွန်းတွေဖြစ်ပါတယ်။ အချို့တော့နတ်ကြီးတယ် ဆိုပြီး မခူးကြနဲ့၊ မဖျက်ဆီးကြနဲ့ စသည်ဖြင့်သီးခြား သတ်မှတ် ထားတဲ့ဥယျာဉ် ကြီးတွေဖြစ်ပါတယ်။ အချို့စေတီတွေဟာတောင်တွေဖြစ်ပါတယ်။ အချို့ ကတော့တော တွေဖြစ်ပါတယ်။ စေတီဆိုတဲ့ အဓိပ္ပာယ် စေတီဆိုတဲ့အဓိပ္ပာယ်မှာ အရိုအသေပြုအပ်သောအရာ၊ ဌာနအားလုံးပါဝင် ပါတယ်။ အဲဒါကြောင့်ကျွန်တော် ကတော့ မြန်မာလိုပြန်ရင် အရိုအသေပြု အပ်သော သင်္ကေတဆိုတာပဲသင့်
ရိုင်းသလို ဖြစ်သွားရင် တောင်းပန်ပါတယ်
Image
ကိုယ့်တာ ကိုလုံစေချင်လို့ပါ။ .....မကျွေးချင်ရင် မပြပါနဲ့... *************** မူလတန်းကျောင်း တစ်ကျောင်းတွင်ဖြစ်သည်။ ကျောင်းသူတစ်ဦးနှင့် ကျောင်းသားတစ်ဦး စကားပြောနေသည်ကို ဆရာမက ဘေးမှ ခြောင်းပြီး နားထောင်နေသည်။ "ကောင်းဇော်ရေ။ ဒီမှာ ကြည့်ပါအုံး။ ငါ့အိမ်က ပေးလိုက်တာ။ ပန်းသီးတစ်လုံး။ အရမ်းစားလို့ကောင်းမှာပဲာ့။ " "ငါ့ကိုလည်း တစ်ခြမ်းကျွေးပါလား အိအိရယ်။ ငါလည်း စားချင်လို့ပါ။ " "အောင်မှာ။ ဘာလို့ ကျွေးရမှာလဲ။ ဒီပန်းသီးက အရမ်းစားလို့ ကောင်းတာပဲာ့။ နင့်ကို ကျွေးရင် ငါ နည်းနည်းပဲ စားရမှာပေါ့။ မကျွေးဘူးပာာ။ " "အိအိရာ။ နင် တော်တော် အကျင့် ပုပ်တာပဲ။ မကျွေးချင်ဘဲ ငါ့ကို ဘာလို့ပြတာလဲ။ အခု ငါကမြင်တော့ အရမ်းစားချင်တာပေါ့။ နင်ငါ့ကို ကျွေးပာာ။" "သေလိုက်ပါလား။ မကျွေးပါဘူး။" ကောင်းဇော်က သူများနှင့်မတူပါ။ လိုချင်ရင် မရမက ယူတတ်သည်။ အိအိက ပန်းသီးကို ပြပြီး
သားသမီး လိုချင်သူများ မဖြစ်မနေ သိထားသင့်သော အချက်မျာ:
Image
သားသမီး လိုချင်သူတွေ အနေနဲ့ မဖြစ်မနေ သိရှိထား သင့်တဲ့ အချက်တွေ ရှိ နေပါတယ်။ (၁) အသုံးပြု နေသော သားဆက်ခြား နည်းများ ကိုရပ်ပါ သားသမီး မလိုချင် သေးလို့ ပဋိ သန္ဓေ တားဆေး၊ ထိုးဆေးတွေ အသုံးပြု တာ၊ ကွန်ဒုံး သုံးတာ၊ အမျိုးသမီး သန္ဓေတား ပစ္စည်းထည့်တာ စတဲ့နည်း တွေနဲ့ သန္ဓေ တားခဲ့ တယ်ဆိုရင် သားသမီး လိုချင်ပြီဆို ရင်တော့ ဒီနည်းတွေ ရပ်ဖို့ လိုပါတယ်။ ပဋိသန္ဓေတား နည်းတွေကို ရပ်လိုက်ပေ မယ့် ချက်ချင်း သားသမီး မရနိုင်တာမျိုး ဖြစ် တတ်ပါတယ်။ အထူးသဖြင့် ပဋိသန္ဓေ တားဆေး၊ ထိုးဆေးတွေက သုံးတာကို ရပ် လိုက်ပေမယ့် ကလေး ချက်ချင်း မရနိုင်ပါ။ (၂) ဆရာဝန်နှင့် ဆွေးနွေး တိုင်ပင်ပါ သွေးဖိအား၊ ကိုယ်အလေးချိန်၊ ကူး စက်မဟုတ်တဲ့ နာတာ ရှည်ရောဂါ (ဆီးချို သွေးချို) ရှိ၊ မရှိတွေကို ဆရာဝန်ထံ ပြသ စစ်ဆေးဖို့ လိုပါတယ်။ မိခင်က ကျန်းမာ မှ ကျန်းမာတဲ့ ရင်သွေးကို ရရှိနိုင်မှာပါ။ (၃) ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်ပါ သားသမီး ရယူဖို့ ကြိုးစားနေတဲ့ မိခင်လောင်း တစ်ယောက်ဟာ အစားအ သောက်ကို ကျန်းမာရေးနဲ့
သစ္စာတရားနဲ့ ချစ်နေပေးမှာပါ.
Image
ဘဝမှာပျော်ရွှင်ခြင်းတွေနဲ့အစပြု ခဲ့တဲ့ချစ်သူတွေဟာ ပျော်ရွှင်ခြင်း တွေနဲ့ပဲအဆုံးသတ်ချင်ကြမှာပါ.. တစ်ကယ်ချစ်ကြတဲ့ချစ်သူတွေ ဆိုတာ ဘယ်သူတွေကမှအာမခံ ပေးစရာမလိုအောင်ခိုင်မြဲကြပါ တယ်... ကိုယ့်ရဲ့အနားမှာရှိသည်ဖြစ်စေ ကိုယ့်ရဲ့အနားမှာမနေပေးနိုင် သေးရင်တောင်မှ သစ္စာတရားနဲ့ ချစ်နေပေးမှာပါ... ဘယ်လိုသောအခက်ခဲတွေနဲ့ပဲ ကြုံကြုံ ကိုယ်ရဲ့အနားကထွက်ခွါ သွားမှာမဟုတ်ပါဘူး... Phoe Phyu Poem
ငါ့ဘက်က နင့်အတွက်
Image
ငါ့ဘက်က နင့်အပေါ် နားလည်မှုလေးတွေပေးနေတတ်တဲ့အခါ နင်က ငါ့အပေါ် ဂရုစိုက်မှုလေးတွေ တိုးလာနိုင်ပါစေ....... ငါ့ဘက်က နင့်အပေါ် ခွင့်လွှတ်မှုလေးတွေ ပေးလိုက်တဲ့အခါ နင်က ငါ့ အပေါ် ကြင်နာမှုလေးတွေ ပိုတိုးလာနိုင်ပါစေ.......... ငါ့ဘက်က နင့်အတွက် ငါ့ မာနတွေ အဆုံးရှုံးခံလိုက်တဲ့အခါ နင်က ငါ့ အချစ်တွေအပေါ် ပို တန်ဖိုးထားတတ်ပါစေ........... ငါက နင်နဲ့ ပါတ်သက်တဲ့အဆိုးအကောင်းတွေအားလုံးကို မျှဝေခံစားရင်း နင့်ရဲ့ လက်ကို ဆုပ်ကိုင်ထားတဲ့အခါ........နင်က ငါ့တစ်ယောက်ထဲကိုပဲ သစ္စာရှိရှိနဲ့ အမြဲတမ်းချစ်ပေးနိုင်ပါစေ.......... ဒါတွေအားလုံးက မျှော်လင့်ချက်တွေဆိုရင်.....နင့်ကို ချစ်တဲ့ ငါ့ အချစ်တွေမှာ မျှော်လင့်ချက်တွေအများကြီးပါနေမိပီ........ချစ်သူ Khin Myo Aye Poem
ယုံကြည်မှုဖြင့် ဘဝကို တည်ဆောက်ခြင်း
Image
ယုံကြည်မှုဖြင့် ဘဝကို တည်ဆောက်ခြင်း  ယုံကြည်မှုဟူသော စကားကို ဘာသာတရားတိုင်းက အထူးအလေးပေး ပြောဆိုကြ၏။ ယနေ့ခေတ်တွင် ထင်ရှားနေသည့် ဘာသာကြီးလေးခုတွင် ဟိန္ဒူဘာသာကလည်း ဗြဟ္မာကြီးကို ယုံကြည်ရန် ပြောထား၏။ ဗုဒ္ဓဘာသာကလည်း ရတနာသုံးပါးနှင့် ကံကံ၏အကျိုးကို သက်ဝင်ယုံကြည်ရန် ညွန်ကြားထား၏။ ခရစ်ယန်ဘာသာကလည်း ယေရှုခရစ်တော်နှင့် တမန်တော်ကို ယုံကြည်ကြရန် အလေးအနက် တိုက်တွန်းထား၏။ အစ္စလာမ်ဘာသာကလည်း အလ္လာအရှင်မြတ်နှင့် တမန်တော်ကို ယုံကြည်ကိုးကွယ်ရန် အထူးတင်းကျပ်စွာ ဟောပြောထား၏။ ဘာသာတရား အားလုံးက ယုံကြည်မှုနှင့် ပတ်သက်၍ အရေးကြီးကြောင်း လမ်းညွှန်ထားပေ၏။ ကိုးကွယ်ရာတွင် ယုံကြည်မှုကို အခြေခံ၍ လိုက်နာကျင့်သုံးနိုင်မှ မိမိတို့၏ ဘဝသည်လည်း မှန်ကန်ကောင်းမြတ်သည့် ဘဝတစ်ခု ဖြစ်နိုင်ကြောင်း သင်ကြားပြသကြ၏။ သို့သော် ယုံကြည်မှုကို သင်ကြားမှု အပိုင်းတွင် အခြားအခြား ဘာသာများက သင်ကြားမှု အပိုင်းနှင့်
အိမ်တွင်းသာသနာ ပြုပေးကြပါ
Image
~ အိမ်တွင်းသာသနာ ပြုပေးကြပါ ~ (မျိုးစေ့တစ်စေ့ဟာထိန်းသိမ်းစောင့်ရှောက်ပေးတဲ့ ဥယျာဉ်မှူးကောင်းတစ်ယောက်ရှိရင်အင်မတန်မှ ကိုတန်ဖိုးရှိလာတဲ့အပင်မျိုးလေးတွေဖြစ်လာစေနိုင်ပါတယ်) သာသနာဆိုတဲ့စကားလုံးကိုအားလုံးတရင်း တနှီးကြားဘူးကြမယ်ထင်ပါတယ်။ သာသနာဆိုတဲ့စကားလုံးကိုလူအများစုက ရဟန်းသံဃာတွေနဲ့ပဲသက်ဆိုင်တယ်လို့ ယူဆထားကြပါတယ်။ တကယ်တော့ သာသနာဆိုတာ အဆုံးမကိုပြောတာပါ။ ဗုဒ္ဓသာသနာဆိုရင်ဖြင့် ဘုရားရဲ့အဆုံးမလို့ဆိုရမယ်ပေါ့။ အချို့ဆရာတော်ကြီးတွေက ဗုဒ္ဓဘာသာလို့ပြောတာထက် ဗုဒ္ဓသာသနာလို့ပြောတာကို ပိုပြီးနှစ်သက်တော်မူကြပါတယ်။ ဒါမှလည်း ဗုဒ္ဓသာသနာဝင်လို့ ဆိုလိုက်ရင်.. ဗုဒ္ဓရဲ့အဆုံးမကို ထဲထဲဝင်ဝင်သက်ဝင်ယုံကြည်သူလို့ တခါထဲအဓိပ္ပါယ် ပေါက်သွားစေဖို့အတွက်ဆရာတော်ကြီးတွေနှစ်ချိုက်မိတယ်လို့ ကျွန်တော့်ကတော့ အဲ့ဒီ့လို ယူဆမိပါတယ်။ တကယ်တော့ ဗုဒ္ဓသာသနာဆိုတဲ့ ဗုဒ္ဓဆုံးမခဲ့တဲ့အဆုံးမတွေဟာ ဗုဒ္ဓဘာသာဝင်တစ်ခုထဲနဲ့တင် သက်ဆိုင်တာမဟုတ်ပါဘူး။ ဗုဒ္ဓဆုံးမခဲ့တဲ့ အဆုံးမတွေဟာ ဗုဒ္ဓဘာသာဝင်တွေအတွက်ပဲ သီးသန့်ကိုးကွယ်နိုင်အောင်လိုက်နာကျင့်ကြံနိုင်အောင် ဟောပြဆုံးမပေးခဲ့တဲ့ အဆုံးမတွေမဟုတ်ပါဘူး။ သတ္တ၀ါတွေအားလုံးအတွက် အမြဲတမ်းမဖောက်မပြန် မှန
Fashion ဆိုင်များမှ ၀န်ထမ်းများ၏ လှည့်စားခြင်းကို ဈေးဝယ်ရာတွင် သတိပြုကြရန်လို
Image
အချို့သော Fashion ဆိုင်အရောင်း ဝန်ထမ်းများသည် အင်္ကျီ၊ ဘောင်းဘီများ၏ သတ်မှတ် ဈေးနှုန်းများထက် ပိုမိုဈေးတင်၍ ရောင်းချခြင်းကို ဝယ်ယူသူများ အနေဖြင့် အထူးဂရုပြု သင့် နေပြီ ဖြစ်သည်။ Shopping Centre များရှိ Fashion ဆိုင်များတွင် အင်္ကျီ၊ ဘောင်းဘီ၊ ခါးပတ်၊ ဖိနပ်နှင့် အနွေးထည် စသည့် Fashion ပစ္စည်းများကို ရောင်းချရာတွင် ဈေးနှုန်းကပ်၍ ရောင်းချသည့် ပစ္စည်းများ ရှိသကဲ့သို့ ဈေးနှုန်း မကပ်ဘဲ ရောင်းချသည့် ပစ္စည်းများလည်း ရှိသည်။ Fashion ဆိုင်များတွင် အရောင်းဝန်ထမ်း ပြုလုပ်သူ တစ်ဦးက ''ဆိုင်တွေမှာက သူဌေးနေ့တိုင်း လာတဲ့ ဆိုင်တွေ ရှိသလို တစ်ပတ်ကို သူဌေးနှစ်ရက်လောက်ပဲ လာတဲ့ဆိုင်တွေလည်း ရှိတယ်။ သူဌေး မရှိရင်လည်း ဆိုင်မှာ အုပ်ချုပ်သူ တစ်ဦးဦးတော့ ရှိတာပေါ့။ ဒါပေမဲ့ အကုန် လုံးက နေ့လယ် ထမင်းစားချိန်၊ ညနေမုန့်စားတဲ့ အချိန်ရှိတယ်။ အဲဒီအချိန်တွေမှာ ဝန်ထမ်း တွေအတွက်က
အပျို၊ အပျိုစစ်နှင့် အပျိုစင်
Image
မေ့မနေပါနဲ့ ..........ချစ်သူရယ်
Image
စိတ်ကောက်ကြတဲ့ အချိန်တိုင်း နင့်မာနတွေနဲ့  ငါ့ကို လျစ်လျူရှု့ ပီး နင် ဥပေက္ခာပြုနေနိုင်တဲ့ အချိန်   စိတ်ဆိုး...ဒေါသဖြစ်တဲ့ အချိန်တွေတိုင်း ရက်စက်တဲ့ စကားလုံးတွေနဲ့  နင် ငါ့အပေါ် ရက်စက်လိုက်တဲ့ အချိန်   နင်ပို့ လာမဲ့ Message လေးတွေကို မျှော်နေမယ်ဆိုတာသိရက်နဲ့  ငါ့ဆီ Message လေး တစ်စောင်လောက် ပို့ ဖို့ မေ့နေတတ်တဲ့အချိန်   ငါ့ရဲ့ ရှေ့ မှာ တစ်ခြားသူတစ်ယောက်အပေါ် နားလည်မှုတွေ ပေးသလို နင့်အပြုအမူတွေကို ခံစားလိုက်ရတဲ့ အချိန်   အဲ့လိုအချိန်တွေတိုင်း ငါ့ဘက်က နာကျင်မှုတွေခံစားရတယ်ဆိုတာ နင် နားလည်ခံစားပေးနိုင်တယ်ဆိုရ င် ငါ့ကို ဂရုစိုက်မှုလေးတွေ ပြန်ပေးဖို့  မေ့မနေပါနဲ့ ..........ချစ်သူရယ် Khin Myo Aye POem
အမျိုးသားများ စမတ်ကျစေရန် စားသင့်သော အရာများ
Image
အမျိုးသားများ စမတ်ကျစေရန် စားသင့်သော အရာများ အမျိုးသားများစမတ်ကျစေရန် စားသင့်သော အရာများယောကျာ်း ပီသတဲ့ပုံစံမျိုးနဲ့စမတ်ကျကြည့်ကောင်းစေဖို့ရာအတွက် လိုးရှင်းတွေ၊ အစိုဓာတ် ထိန်းခရင်မ်တွေ အသင့်အတင့် သုံးဖို့ လိုတာမှန်ပေမယ့်စားသောက်တဲ့ အစားအသောက်တွေ ကလည်း အရေးပါနေပါတယ်။ဒါကြောင့်သင့်ကိုအခုထက်ပိုပြီး စမတ်ကျကြည့်ကောင်းနေစေဖို့အောက်ပါရိုးစင်းတဲ့ အစားအသောက် ဆိုင်ရာ စည်းကမ်းကို သတိရလိုက်ပါ။ ထိပ်ပြောင်ခြင်း ကင်းဝေးစေရန် ဥအမျိုးမျိုး စားပါ ထိပ်ပြောင်တာက မျိုးရိုး လိုက်နိုင်ခြေများပေ မယ့် လုပ်ငန်းခွင် စိတ်ဖိစီးမှုများတာနဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အမြန်စာတွေကို စားတာနဲ့လည်းဆက်နွှယ်မှုရှိပါတယ်။အာဟာရဓာတ် ချို့တဲ့တာကဆံပင်ကျွတ်နှုန်းများတာကြောင့်သင့်ဆံကေသာ ကျန်းမာရေးအတွက်ဥအမျိုးမျိုးကိုစားပေးသင့်ပါတယ်။ ဥအမျိုးမျိုးမှာပါတဲ့သံဓာတ်နဲ့ပရိုတင်းဓာတ်ဟာ ဆံပင်မကျွတ်အောင်ကာကွယ်ပေးပြီးဗီတာမင်ဘီက စိတ်ဖိစီးမှုမဖြစ်အောင် ကူညီပံ့ပိုးပေးနိုင် ပါတယ်။ မျက်စိနီခြင်း သက်သာစေရန် ဟင်းနုနယ်ရွက် စားပါ တစ်နေ့လုံးကွန်ပျူတာအသုံးများတာ၊တီဗီကြည့်တာတွေကြောင့် ဖြစ်တတ်ပါတယ်။ မျက်စိမှာဒဏ်သက်ရောက်မှုကိုလျော့ကျစေဖို့
စိတ်ဖိစီးမှု နည်းသော သူတို့၏ အမူအကျင့် (၁၀) ခု
Image
စိတ်ဖိစီးမှု နည်းသော သူတို့၏ အမူအကျင့် (၁၀) ခု စိတ်ဖိစီးမှုတွေ ကင်းဝေးဖို့ဆိုတာဟာ သင့်ရဲ့ အလုပ်အကိုင်၊ လူမှုရေး၊ ငွေကြေးကိစ္စတွေလိုပဲ ကြီးမားတဲ့ ဘ၀စိန်ခေါ်မှု တစ်ရပ်ဖြစ်ပါတယ်။ ဒါတင်မကပါဘူး၊ သင်နေ့စဉ် အပတ်စဉ်  ပြုလုပ်တဲ့ ကိစ္စတိုင်းအပေါ် မှာလည်း သက်ရောက်မှုတွေ ရှိနေပါတယ်။ သင် မေ့နေတဲ့၊ ဒါမှမဟုတ် လျစ်လျူရှုထားတဲ့ အမူအ ကျင့်သေးသေးလေးတွေက ကြီးမားတဲ့ ပြောင်းလဲ မှုတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါတွေကတော့ ဘ၀မှာ စိတ်ဖိစီးမှု နည်းတဲ့သူတွေရဲ့ အမူအကျင့် သေးသေးလေး (၁၀)ခုပါပဲ။ ၁။ အားလုံးကို ချရေးပါ သင့်ရဲ့စိတ်ကို အချက်အလက်တွေမှတ်သားဖို့ထက် ပိုပြီးကောင်းတဲ့ အရာတွေအတွက် အသုံးချပါ။ ပြီးတော့ တစ်ခါတစ်လေမှာ စိတ်ဟာ အပေါက်ပါတဲ့ ရေပုံးတစ်ပုံးနဲ့ တူတတ်တယ်။ ဒီတော့ သင့်ရဲ့ အကြံဥာဏ်ကောင်းတွေ၊ စိတ်ကူးတွေ၊ အတွေးတွေအားလုံးကို တစ်နေရာရာ  ပျောက်မသွားခင် ချရေးပါ၊ ပြီးတော့ သင် လုပ်ရမယ့်အရာတွေကို ” လုပ်စရာ စာရင်း” (To-Do List) ထဲမှာ မှတ်ထားပါ။ ၂။ တစ်ကြိမ်မှာ တစ်ခု တစ်ကြိမ်မှာ အလုပ်တစ်ခုကိုပဲ လုပ်မယ်ဆိုရင် သင်ဟာ ပိုပြီးကောင်းတဲ့ ရလဒ်တွေကို ရရှိမှာဖြစ်ပါတယ်၊ ပြီးတော့ စိတ်ဖိစီးမှုတွေလည်း ပို နည်းပါလိမ့်မယ်။ ဒ
ကွန်ဒုံးမသုံးခဲ့ခြင်းကြောင့် အမေရိကန်အပြာ မင်းသမီး နောင်တရ
Image
ကွန်ဒုံးမသုံးခဲ့ခြင်းကြောင့် အမေရိကန်အပြာ မင်းသမီး  နောင်တရ ဘ၀တွင် ပထမဆုံးရိုက်ကူးသည့် အပြာကားဇာတ်ဝင်ခန်းများ၌ ဇာတ်လိုက်မင်းသားနှင့် ကွန်ဒုံး မသုံးဘဲကာမစပ်ယှက်ခဲ့မှုကို နောင်တကြီးစွာ ရမိကြောင်းနှင့် အပြာကားထုတ်လုပ်ရေးလုပ်ငန်းတွင် ကွန်ဒုံးမသုံးမနေရဟူသော စည်းမျဉ်းအကောင်အထည် ပေါ်လာအောင် တိုက်တွန်းဆော် ဩသွားမည်ဖြစ်ကြောင်းအမေရိကန်အပြာမင်းသမီး ဆစ်ဒနီလယ်သာက ဩဂုတ်လ၂၈ရက်နေ့တွင် ပြောကြားသည်။ အပြာရုပ်ရှင်ထုတ်လုပ်သူ သူဌေးနှင့် တယ်လီဖုန်းမှတစ်ဆင့် ရာဂမွှန် စာတိုများ အပြန်အလှည်ပေးပို့ရာမှ ချစ်ကြိုက်မိကြပြီး