Posts

Showing posts from December 29, 2013

ဘယ်အတွက်တာ လောင်းအလျာ ငရဲကျရရှာ...?

Image
မေး။ ။ အရှင်ဘုရား--- ဘုရားလောင်းလျာ၊ ဘယ်ကြောင်းရာ၊ ကျရှာ ငရဲနည်း? ဘယ်လောက်ကြာကြာ၊ ငရဲမှာ၊ ခံရှာရသနည်း? သာမာန်ငရဲမှာ၊ ဘယ်နှစ်ခါ၊ ကျရှာရသနည်း? (က) ဘုရားအလောင်းသည် သာမာန်ငရဲကျခဲ့ဘူးသည်လည်း ရှိခဲ့ပါတယ်-လို့ အရှင်ဘုရားအမိန့်ရှိခဲ့ပါတယ်။ ဘာကြောင့် သာမာန်ငရဲကျရပါသလဲ? ဘယ်လောက်ကြာကြာခံရပါသလဲ? သာမာန်ငရဲ ဘယ်နှစ်ခါ ကျခဲ့ဘူး ပါသလဲ?  ဗြဟ္မာ့ပြည်မှာ၊ ဘယ်ကြောင်းရာ၊ မာတုဂါမ ရှိသနည်း? (ခ) ဗြဟ္မာပြည်မှာ ဘာကြောင့် မာတုဂါမ ရှိပါသလဲ? ဦးအုန်းမြင့် (San Francisco) ဖြေ။ ။ ဦးအုန်းမြင့်ရဲ့ မေးခွန်း ၂-ခုနှင့် ပတ်သက်၍--- (က) နိယတဗျာဒိတ်ရပြီးတဲ့ ဘုရားအလောင်းသည် အဝီစိငရဲနှင့် လောကန္တရိက်ငရဲတို့၌ မဖြစ်တော့စေကာမူ သာမာန်ငရဲတို့၌မူ ဖြစ်တတ်, ကျတတ်ပါတယ်။ ကိလေသာ မကင်းသေး၍ မကောင်းမှုတွေ ပြုမိသောကြောင့် သာမာန်

မြင့်မြတ်သူတို့ရဲ့အလုပ် (သို့မဟုတ်) ပါရမီ

Image
“ မြင့်မြတ်သူတို့ရဲ့အလုပ် (သို့မဟုတ်) ပါရမီ ” ပါရမီဆိုတဲ့ ပါဠိရဲ့အနက်က မြင့်မြတ်သူတို့ရဲ့အလုပ်လို့ အဓိပ္ပါယ်ရပါတယ်။ ဒီပါရမီ(၁၀)ပါးလို့ ခေါ်ရတဲ့ မြင့်မြတ်သူတို့ရဲ့အလုပ်ကို ဘုရားအလောင်းတော်တွေဟာ ဘုရား မဖြစ်ခင် ဘုရားဖြစ်ဖို့ ဖြည့်ကျင့်ကြရပါတယ်။ ပါရမီတစ်ပါးချင်းဟာ တကယ်မြင့်မြတ်တဲ့အလုပ်တွေချည်းပါပဲ။ ကိုယ်ကဘုရားအလောင်း မဟုတ် ပေမယ့်လည်း ဘုရားအလောင်းလုပ်ခဲ့တဲ့အတိုင်း လိုက်လုပ်နေရင် မြင့်မြတ်တဲ့ပုဂ္ဂိုလ်ဖြစ်နေတာပါ။ လူတိုင်း လူတိုင်း မြင့်မြတ်တဲ့ပုဂ္ဂိုလ် ဖြစ်ချင်ကြတဲ့ သူတွေချည်းပါပဲ။ မမြင့်မြတ်တဲ့ပုဂ္ဂိုလ် ဘယ်သူမှ မဖြစ်ချင် ကြပါဘူး။ မသိလို့ရယ်၊ ပတ်ဝန်းကျင်ကြောင့်ရယ်၊ ခန္ဓာကိုယ် မိသားစုစားဝတ်နေရေး ကြောင့်ရယ် စသည်ဖြင့် အကြောင်းကြောင်းလေးကြောင့်ရယ်သာ မြင့်မြတ်သူအဖြစ်နဲ့ ဝေးဝေး နေကြရတာပါ။ ပါရမီ(၁၀)ပါးဟာ မြင့်မြတ်သူတို့ရဲ့အလုပ်ဆိုတော့ ကိုယ်က ပါရမီ(၁၀)ပါးကို ကျင့်သုံးလိုက်ရင် မြင့်မြတ်တဲ့သူ ဖြစ်သွားတာပါ။ လူတစ်ယောက်ရဲ့ဘ၀မှာ စိတ်သဘောထားမြင့်မြတ်ဖို့ သိပ်ပြီးအရေးကြီးပါတယ်။ စိတ်သဘော ထားမြင့်မြတ်ရင် ဘ၀ခရီးတစ်လျှောက်မှာ ကိုယ်လည်း စိတ်ချမ်းသာရသလို ကိုယ်နဲ့နွယ်နေတဲ့ ကိုယ့်ပတ်ဝန်းကျင်လည