Posts

Showing posts from December 6, 2013

အမျိုးသမီးများသည် ယောက်ျားများထက် ဘုန်းကံနိမ့်သလော

Image
အမျိုးသမီးများသည် ယောက်ျားများထက် ဘုန်းကံနိမ့်သလော ဆရာတော်ဘုရား တပည့်တော် နောင်နောင်ပါ၊ အမေရိကားမှာနေပါသည်ဘုရား အနောက်တိုင်းသား ဗုဒ္ဒဘာသာကိုယုံကြည့်သောသူများနှင့် ဘာသာရေးအကြောင်းပြောရင်   မြန်မာပြည်မှ တန်ခိုးကြီးဘုရားတွေမှာ မိန်းကလေးတွေမ၀င်ရ ဥပမာ ကျိုက်ထီးရိုးတို့လို ဆံတော်ရှင် စေတီတော်တော်များများမှာ မိန်းကလေးတွေမ၀င်ရဘူးဆိုပြီး ပြောကြပါသည်ဘုရား အဲဒါနဲ့စပ်ပြိး သူတို့နဲ့စကားပြောဖြစ်တော့ မိန်းကလေးတွေ ဘာလို့မ၀င်ရတာလဲလို့ မေးတော့ တပည့်တော်များလဲ လွယ်လွယ်ပဲဖြေလိုက် ပါတယ်ဘုရား။ မိန်းကလေးတွေက ယောင်္ကျားတွေလောက် မမြတ်လို့ပဲ ဖြေလိုက်တော့ အနောက်တိုင်းသားတွေက အဲဒါကိုလက်မခံပါဘူးဘုရား။ သူတို့က ယောက်ျားမိန်းမ ဆိုတာအတူတူပဲ မိန်းကလေးတွေကတောင် ဒီနိုင်ငံမှာ အခွင့်ရေးပိုပြီးပေးထားတော့ သူတို့က မိန်းမက သာတောင်သာသလိုပြောပါသည်ဆိုတော့ တပည့်တော်သိလိုသည်မှာ ယောက်ျားတွေကမိန်းမတွေထက် ဘုန်းကံကြီးတယ် မြင့်မြတ်တယ်ဆိုတာကို ဘယ်လိုတိုင်းတာရမလဲဘုရား။ ယောက်ျားတွေက ဘာလို့မိန်းမတွေထက် ဘုန်းကံကြီးတယ် မြင့်မြတ်တယ်လို့ ယူဆပါသလဲ အကြောင်းပြချက်ထုတ်ပြတော်မူပါဘုရား။ မြန်မာနိုင်ငံကဘုရားတွေမှာ မိန်