Posts

Showing posts from November 15, 2013

ကလေးများက ညစ်ညမ်းသော သီချင်း စာသားနှင့် ကကွက်များကို အတုခိုး ပျော်မွေ့နေကြောင်း စစ်တမ်းများကဆို

Image
  အနောက်တိုင်း ပေါ့ပ်ဂီတ အသိုင်းအ၀န်းတွင် ညစ်ညမ်းသော စာသားများနှင့် ရမ္မက်သွေးကြွစေသည့် ကကွက်များ တင်ဆက်မှု များပြားလာရာ ကလေးများသည် ယင်းသီချင်းများနှင့် နိုက်ကလပ်မယ်စတိုင် ကကွက်များ အတုခိုး ဆိုက ရသည်ကို နှစ်သက်ကြောင်း စစ်တမ်းများက ဆိုသည်။  မိဘ တစ်ရာလျှင် ရှစ်ဆယ်ရာခိုင်နှုန်းသည် သူတို့၏ ကလေးများက ညစ်ညမ်းမယ်စတိုင် အတုခိုးကာ လိုက်ကနေသည်ကို တွေ့မိတိုင်း ဟန့်တားနေရ ကြောင်း ဖွင့်ဟခဲ့သည်။ လွန်ခဲ့သော သုံးလခန့်က အမေရိကန်မှ နိုင်ငံအချစ်တော် အဆိုတော် မိုင်လီဆိုင်းရက်စ်၏ We Can’t Stop သီချင်းနှင့် ခါးကိုင်းကာ၊ လျှာထုတ်ပြီး တင်းပါးချည်းလှုပ်ပြသည့် ကကွက်ကြောင့် သူ၏ ပြောင်းလဲသွားသော စရိုက်ဆိုးအပေါ် ဂီတလောကနှင့် ပရိတ်သတ်များကပါ အထိတ်တလန့် ဖြစ်သွားစေခဲ့သည်။  သူမသည် တစ်ချိန်က Hannah Montana ဇာတ်ကားများတွင် အဓိကသရုပ်ဆောင် အဖြစ် အောင်မြင်မှုရခဲ့ စဉ်က အရှက်အကြောက်ကြီးသော ချစ်စဖွယ်