Posts

Showing posts from January 3, 2014

ပြည့်တန်ဆာနှင့် ၀ိပဿနာ

Image
 လွန်ခဲ့သောနှစ်ပေါင်း၂၅၀၀ကျော်လောက်က တကယ့်ဖြစ်ခဲ့တဲ့ ဇာတ်လေးတစ်ပုဒ်ကို အရင်ပြောပြရအောင်ပါ။ ကာလအနေနဲ့ပြောရင် မြတ်စွာဘုရားပွင့်တော်မူနေတဲ့ ကာလပါ။ ပြည်က ဝေသာလီပြည်မှာပါ။ အဲဒီကာလ အဲဒီဝေသာလီပြည်မှာပဲ "မ၀ိမလာ" လို့ အမည်ရတဲ့ အမျိုးသမီးလေးတစ်ယောက် ရှိခဲ့ဖူးပါတယ်။ ၀ိမလာရဲ့အဓိပ္ပာယ်က အညစ်အကြေး ကင်းစင်သူ၊ သန့်ရှင်းစင်ကြယ်သူပါ။ ဒါက တင်စားထားတဲ့ ရုဠီ နာမည်ပါ။ တကယ့်အရှိ အနွတ္ထအမည် မဟုတ်ပါဘူး။ ၀ိမလာဟာ ဝေသာလီပြည်မှာ အလှဆုံးစာရင်းဝင် တစ်ယောက်ပါ။ သူ့ရဲ့ ထူးခြားချက်ကတော့ အမေဖြစ်သူက ပြည့်တန်ဆာမတစ်ယောက်ဖြစ်တဲ့အတွက် သူလည်း အရွယ်ရောက်လာတဲ့အခါ မိခင်ရဲ့အလုပ်ကို ဆက်လုပ်ရပါတယ်။ ၀ိမလာဟာ ဝေသာလီပြည်သားတွေရဲ့ ပါးစပ်ဖျားမှာလည်း" ၀ိမလာ ၊၀ိမလာ " ဆိုပြီး ရေပန်းစားနေပါတယ်။ ၀ိမလာရဲ့ဆီကို သူဌေးသူကြွယ်တွေလောက်ပဲသွားနိုင်ပါတယ်။  ကျန်တဲ့ သာမန်လူတွေ တော့ မသွားနိုင်ပါဘူး။ ၀ိမလာ ကိုယ်တိုင်ကလည်း သူ့ရဲ့အလှ

စွန့်ခြင်းနှင့် နှောင်ဖွဲ့ခြင်း

Image
တစ်ခါတုန်းက ဗာရာဏသီပြည်မှာ ဘုရင်တစ်ပါးဟာ တရားအားထုတ်ရင်း ပထမဈာန်ကို ရထားပါတယ်။ တစ်နေ့တော့ သူဟာ “ရဟန်းတရားက မြတ်သလား၊ မင်းအဖြစ်ကပဲ မြတ်သလား”လို့ ဆင်ခြင် မိပါတယ်။ သေချာဆင်ခြင်တော့ “မင်းအဖြစ်ထက် ရဟန်းတရားက မြတ်တယ်”ဆိုတာသိရပါတယ်။ ဒါကြောင့် တိုင်းပြည် အုပ်ချုပ်ရေးကို အမတ်တွေနဲ့ လွှဲထားပြီး တရားကိုပဲ အားထုတ်နေပါတယ်။ အမတ်တွေကိုလည်း တရားနဲ့အညီစီရင်ဖို့ တခါတည်းမိန့်မှာထားပါတယ်။ ဒါပေမယ့် အမတ်တွေက လာဘ်ပေးလာဘ်ယူ မှုတွေလုပ်ပြီး တရားစီရင် နေကြပါတယ်။ အမှုဖြစ်ရင် လာဘ်ပေးတဲ့သူကပဲ အနိုင်ရလေ့ရှိပါတယ်။ အမှုတစ်ခုမှာတော့ ဘုရင်နဲ့ အလွန်ရင်းနှီးတဲ့ သူတစ်ယောက် မှန်ပါလျက်နဲ့ တရားရှုံးသွား ပါတယ်။ အဲဒီတရားရှုံးသွားတဲ့ ဘုရင့်မိတ်ဆွေက ဘုရင့်ဆီပွဲတော်အုပ် လာဆက်ကပ်ပါတယ်။ ဆက်ကပ်ပြီး အမတ်တွေတရားစီရင်တာ ငွေပေးနိုင်တဲ့ သူကိုအနိုင်ပေးနေတဲ့

တရားထိုင်ခြင်းသည် ဦးနှောက်ကြွက်သားများကို တောင့်တင်းခိုင်မာစေသည်

Image
  ဒိုက်ထိုးလေ့ကျင့်ခန်းသည် လူ့ခန္ဓာကိုယ် ကြွက်သားများအား  တောင့်တင်းခိုင်မာစေသလို တရားထိုင်ခြင်းသည်လည်း ဦးနှောက်ကြွက်သားများကို  တောင့်တင်းခိုင်မာစေပြီး  ဦးနှောက်ကျုံ့ခြင်းကို တွန်းလှန်နိုင်ကြောင်း အမေရိကန် သုတေသီများက ပြောကြားသည်       ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ဦးနှောက်ဓာတ်မှန်ရိုက် ဓာတ်ခွဲခန်းဌာနမှ လက်ထောက် ဧည့်ပါမောက္ခအီလင်လူဒါစ်နှင့် အဖွဲ့သည် ဦးနှောက်အတွင်း ဖွဲ့စည်းတည်ဆောက်ထားပုံနှင့် ဆက်စပ်နေပုံကို ဦးနှောက်ဓာတ်မှန် ရိုက်နည်းအသစ်တစ်မျိုးဖြင့် ဓာတ်မှန်ရိုက်လေ့လာခဲ့ရာ

စိတ်ဓာတ်ကျနေရင် ဒါလေးဖတ်ပါ

Image
သူငယ်ချင်းတစ်ယောက်တစ်ယောက်က လုပ်သမျှတွေအဆင်မပြေလို့ စိတ်ညစ် တဲ့အကြောင်း စာရေးသူကိုလာပြောပြပါတယ်၊ ဒါနဲ့သူကိုစိတ်ဓာတ်ခွန်အား တိုးပွားစေဖို့ စကားတစ်ချို့ပြောဖြစ် ပါ တယ်၊ ခုသူငယ်ချင်းကိုပြောပြဖြစ်တဲ့ စကားလေးတစ်ချို့ကို စာ ဖတ်သူတွေကိုမျှဝေချင်တာပါ၊ လူတိုင်းစိတ်ညစ်ကြပါတယ်၊ စိတ်ဓာတ်ကျကြပါတယ်၊ လူငယ်တွေမှာအများဆုံး စိတ်ဓာတ်ကျ ရတဲ့အကြောင်းကတော့ အချစ်ရေးမပြေလည်လို့ဖြစ်တာများပါတယ်၊ လူလတ်ပိုင်းတွေကြပြန်တော့ အိမ်ထောင်ရေး၊ စီးပွားရေးအဆင်မပြေကြလို့ စိဓာတ်ကျ ရတာများပါတယ်၊ လူကြီးပိုင်းတွေကြပြန် တော့ သားသမီးကံမကောင်းလို့ ကျန်းမာရေးမ ကောင်းလို့ စတဲ့အကြောင်းတွေကြောင့် ဓိတ်ဓာတ် ကျရပါတယ်၊ တရားဝင်သုတေသန လုပ်ထားတာပေါ့မဟုတ်ပါဘူး၊ ဖြစ်လေ့ဖြစ်ထရှိတတ် တာလေး တွေကို ခန့်မှန်းခြေနဲ့ ပြောပြကြည့်တာပါ၊ မှားသွားရင်လည်း ဆောရီးပါလို့ ကြိုတင်တောင်းပန် ထားပါရစေ၊ ဘာပဲဖြစ်ဖြစ် လူတိုင်းဟာ တစ်နေ့နေ့တစ်ချိန်မှာတော့ စိတ်ဓာတ်ကျ၊ စိတ်ညစ်ကြရတာပဲ မဟုတ်လား၊ စိတ်ညစ်တဲ့အခါ ဘယ်လိုဖြေဖြောက်ကြမလဲ များသောအားဖြင့်အရက်သောက်

မနိုင်းရက်ပါ အမေ့မေတ္တာ

Image
အမေ့မေတ္တာ ၊ ထုပမာကို တောင်ထူမြင်းမိုရ် ၊ အထိုထိုနှင့် ယှဉ်ဆိုပါသည် ၊ ယှဉ်သည့်ပမာ သူ့အောက်သာလျှင် နိမ့်ကျငုပ်လျှိုး ဖန်ဖန်တိုးသည် ၊ မှီရိုးဘယ်မှာ မရှိပါလည်း ၊ ညွှန်ပြဆိုမိ ငါ့အသိကို ၊ ထုတ်ဆောင်လိုသည် မွေးသည်မာတာ ၊ ရွှေမေတ္တာကို လေမှာလွင့်လွင့် ၊ လိုက်ကာဖွင့်သည့် ၀ိုးတ၀ါးအသွင် ၊ သင်မြင်ပါလည်း ရင်၌အသည်း ၊ ခိုင်မာစွဲ၍ ကျေးဇူးတုံ့တင် ၊ သင်ဆပ်ချင်မည် ငါယုံကြည်မိ ၊ ဖော်ဆောင်၏။ မမေ့ရင်စုံ ၊ ကြာပဒုံဝယ် ရေကြည့်တည်စ ၊ ထိုခဏ၌ သူသိရစဉ် ၊ မြတ်မိခင်သည် ဖရဏပီတိ ၊ ဂွမ်းဆီထည့်သို့ သွားလာကုန်းကွ ၊ စားချို့ရသည်

ကွက်လပ်ဖြည့် မေတ္တာ

Image
                                                             (၁) ကိုယ့်အစာအိမ်က မလိုအပ်ပဲ ၀ယ်စားလိုက် နေကြာစေ့ တစ်ထုပ်ရဲ့ တန်ဘိုးဟာ ဆာလောင်နေတဲ့ ကလေးတစ်ယောက် အတွက်ဆိုရင် အသက်ကယ်တဲ့ နေ့လည်စာ တစ်နပ်လည်း ဖြစ်နိုင်ကောင်းပါရဲ့.... (၂) ကိုယ့်ဖိနပ်စင်မှာ နေရာမလပ်ရှိနေပါလျှက် ထပ်မံ ဖြည့်တင်းလိုက်တဲ့ဒေါက်ဖိနပ်တစ်ရံရဲ့ တန်ဘိုးဟာ ဆူးစူးနေတဲ့ ခြေထောက်လေးပေါင်းများစွာ  အတွက်တော့ အကာအကွယ် တခု ပေးနိုင်ကောင်းပါရဲ့... (၃) ပြည့်နှက်နေတဲ့ ကိုယ့်အ၀တ်ဗီဒိုထဲကို ပိုပြီး ကျပ်သိပ်သွားအောင်ဖြည့်ဆည်းလိုက်တဲ့