Posts

Showing posts from June 8, 2014

ပြည့်ဖြိုး တင်းရင်းတဲ့ ရင်သားအလှ ပိုင်ဆိုင်လိုသူများအတွက်

Image
ပြည့်ဖြိုး တင်းရင်းတဲ့ ရင်သားအလှကို ပိုင်ဆိုင်လိုတာ အပျိုပဲဖြစ်ဖြစ် အိမ်ထောင်သည်ပဲဖြစ်ဖြစ် ထိန်းသိမ်း မှုပေါ်မူတည်ပြီး ပုံကျလှပနိုင်သလို ပုံပျက်တွဲကျလာနိုင်ပါတယ်။ မြန်မာပြည့်က မိန်းခလေးတွေက ရင်သားကြီးထွားမှာ ကြောက်ကြတာများပါတယ်။ အများစုက တော့ မိန်းမပီသတဲ့ အလှတော့ ရှိချင်ကြတာမိန်းကလေးတိုင်းရဲ့ ဆန္ဒဖြစ်ပါ လိမ့်မယ်။ မိန်းကလေး တစ်ယောက်ရဲ့ အလှတရားကို ထင်ရှား ပေါ်လွင်စေပြီး ဆွဲဆောင်မှု ရှိစေတဲ့ အရာတွေထဲမှာ ရင်သားက မရှိမဖြစ်ပါ။ သင့်ကောက်ကြောင်းလေး အထင်သား ပေါ်လွင်စေဖို့ ရင်သားကလည်း ပံ့ပိုးပေးပါတယ်။ ဒါပေမဲ့ တစ်ချိန်မှာ ဒီအလှတရား ဆုံးရှုံးသွားမှာကို သင်စိုးရိမ် နေပါသလား။ အဆီတွေ၊ ဂလင်းတွေ၊ တွယ်ဆက် တစ်သျှူးတွေနဲ့ ဖွဲ့စည်းထားတဲ့ သင့်ရင်သားဟာ တစ်သျှူးတွေ လျော့ရဲ လာတဲ့အခါ၊ တစ်သျှူးရဲ့ ကျုံ့နိုင်ဆန့်နိုင်တဲ့ စွမ်းအား လျော့နည်း လာတဲ့အခါ မျိုးတွေမှာ တွဲကျလာ တတ်ပါတယ်။ မိန်းကလေး အများစုက ရင်သား တွဲကျလာတာကို မလိုလား ကြသလို သင်တို့ရဲ့ အမျိုးသား အဖော်ကလည်း နှစ်သက်မှာ မဟုတ်ပါဘူး။ ရင်သား တွဲကျတာကို နို့သီးခေါင်းရဲ့ အနေအထားပေါ် မူတည်ပြီး ခွဲခြား နိုင်ပါတယ်။ နို့သီးခေါင်းက ပုံမှန် အနေအထားထက် အနည်းငယ် နိမ

အပျို့ ရင်သား၊ အိမ်ထောင်သည် ရင်သားနဲ့ ဘယ်လိုကွာခြားလဲ

Image
တစ်နေ့တုန်းက ဒေါက်တာ (…) ရဲ့စာအုပ်ကို ဖတ်မိတော့ သူ့ဆောင်းပါး ထဲမှာ အပျိုဆိုတဲ့ ကောင်မလေး တစ်ယောက်က ဆေးခန်းလာပြတာ ကလေး ပျက်ကျမှု ဖြစ်နေတယ်တဲ့။ အဲဒါနဲ့ သူလည်း ရင်သားတွေကို လှန်ကြည့်တော့မှ အပျို မဟုတ်ဘူးဆိုတာ သိသွားတယ်တဲ့။ အပျိုရဲ့ ရင်သား၊ အိမ်ထောင်သည်

ခန္ဓာကိုယ် အလှအပကို ဖော်ဆောင်ပေးတဲ့ ရင်သား ကျန်းမာရေး

Image
မိန်းကလေး တစ်ယောက် ကြည့်ကောင်း တယ်လို့ သတ်မှတ်ခံရတဲ့ အခါမှာလည်း ရင်သား အလှဟာ ပါဝင် ပတ်သက် နေပါတယ်။ ရင်သားလှတဲ့ မိန်းကလေး တွေဟာလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိနေတတ် ကြပါတယ်။ ဒါကြောင့် မိန်းကလေး တစ်ယောက် အတွက် ရင်သားအလှ မထိခိုက် စေဖို့နဲ့ ရင်သား ကျန်းမာရေး ကောင်းမွန် နေစေဖို့ အတွက် သိထားသင့်တဲ့ လမ်းညွှန်ချက် တွေကို ဖော်ပြ ပေးလိုက်ပါတယ်။ ၁) ဖြည့်စွက်ဆေး သောက်ပါ ရင်သား ကျန်းမာရေး အတွက် လိုအပ်တဲ့ အစား အသောက်တွေကို ပြည့်ဝအောင် စားပေးပါ။ တကယ်လို့ မစားဖြစ်ရင် ဖြည့်စွက်ဆေးကို မှီဝဲ သင့်ပါတယ်။ မှီဝဲသင့်တဲ့ အစားအသောက် တွေကတော့ ဗီတာမင်နဲ့ သတ္တုဓာတ် ပေါကြွယ်ဝတဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ၊ အဆီနည်း အသား၊ ငါး၊ ပဲအမျိုးမျိုးနဲ့ အခွံချွတ် မထားတဲ့ ဆန်လုံးညိုလို ကောက်နှံ စာတွေပဲ ဖြစ်ကြပါတယ်။ တကယ်လို့ ဒီအာဟာရ တွေကို အလုံအလောက် မစားဖြစ်ရင်တော့ ဗီတာမင်နဲ့ သတ္တုဓာတ်ပါတဲ့ ဖြည့်စွက်ဆေးကို မှီဝဲပေး သင့်ပါတယ်။ ၂) ကျန်းမာရေးနှင့် ညီညွတ်သော အဆီကို စားပါ အဆီတွေဟာ ဟော်မုန်း ထုတ်လုပ်ဖို့ အတွက် လိုအပ်ပါတယ်။ အဆီတွေဟာ ခန္ဓာကိုယ်ရဲ့ အရေးကြီး လုပ်ငန်းဆောင်တာ များစွာကို ကောင်းမွန် စေပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့

ဆယ်ကျော်သက် မိန်းကလေး ၁၀ ယောက်မှာ ၄ ယောက်ဟာ အင်တာနက်ကို စွဲနေ

Image
ဆယ်ကျော်သက် မိန်းကလေး ၁၀ ယောက်မှာ ၄ ယောက်ဟာ အင်တာနက်ကို စွဲနေကြောင်းနဲ့ ဆယ်ကျော်သက် ယောက်ျားလေးတွေ အပေါ်သက်ရောက်မှုရှိတာထက် ပိုကြောင်း ဆန်းစစ်လေ့လာချက် တစ်ရပ်က ရှာဖွေတွေ့ရှိခဲ့ပါတယ်။ လူငယ်တွေဟာ သူတို့ရဲ့ tablet နဲ့ smartphone တွေကို အိပ်ရာထဲယူသုံးတဲ့အထိ မသုံးရမနေနိုင်အောင်တဲ့ လက္ခဏာပြတာတွေ များလာပါတယ်။ ဒါ့ကြောင့် ကလေးတွေဟာ အိပ်ရာထဲမှာ ဖုန်းကို သုံးနေတာတွေ အစား သူတို့အတွက် မိဘတွေက နှိုးစက်နာရီဝယ်ပေးတာမျိုးတွေ လုပ်ပြီး ကျန်းမာရေးအတွက် ဖုန်းတွေ၊ tablet သုံးတာတွေကို အကန့်အသတ်ထားပြီး တားမြစ်ဖို့ လိုပါတယ်။ လေ့လာဆန်းစစ်မှုမှာ အသက် ၁၁ ကနေ ၁၇ နှစ်ထိ အရွယ်ရှိတဲ့ ဆယ်ကျော်သက် ကျောင်းသူ ကျောင်းသားတွေကို မေးခွန်းတွေ မေးခဲ့ပါတယ်။ အဲ့ဒီ့အနက်က ၃၉ ရာခိုင်နှုန်းဟာ အင်တာနက်သုံးတာကို စွဲနေကြတယ်လို့ ယုံကြည်ရကြောင်း အဖြေထွက်ခဲ့ပါတယ်။ ယောကျာ်းလေး ၃၆ရာခိုင်နှုန်းဟာ အင်တာနက်စွဲနေတယ်လို့ ထင်ရတဲ့အချိန်မှာ မိန်းကလေး ၄၆ရာခိုင်နှုန်းက စွဲနေပါတယ်။ စစ်တမ်းကောက်ယူချက်အရ ယောကျာ်းလေးတွေဟာ ဗီဒီယိုဂိမ်းထဲ နစ်မြှုပ်နေချိန် မိန်းကလေးတွေကတော့ လူမှုကွန်ယက်တွေပေါ်မှာ သူငယ်ချင်းတွေနဲ့ ချက်ပြီး အချိန်ကုန်နေတယ်လို့ သိရပါတယ်။

မူးနေတဲ့အချိန် မှားမပို့သင့်တဲ့ SMS များ

Image
မူးလာပြီဆိုရင် ဖုန်းလေးကောက်ကိုင်ပြီး ဟိုဆက် ဒီဆက်၊ sms တွေ ဟိုပို့ဒီပို့ လုပ်တတ်တဲ့သူတွေအတွက်တော့ မနက်ရောက်တဲ့အခါ နောင်တရစရာတွေနဲ့ ပြည့်နေတတ်ပါတယ်။ ဖုန်းခတွေလည်း ကုန်၊ ရှက်စရာ ကိစ္စတွေလည်းဖြစ်ဆို သောက်ရတာ တန်ရောတန်ပါဦးမလား။ ကဲ ဒီတော့ သောက်ထားတဲ့အချိန်မှာ မပို့သင့်တဲ့ sms တွေကတော့ ၁။ရည်းစားဟောင်းကို လွမ်းတယ်ဆိုပြီး sms ပို့တာမျိုး။ ရည်းစားနဲ့ပြတ်ထားတာ မကြာသေးလို့ ခံစားချက်တွေကို မူးတော့မှ ဖောက်ထုတ်တာမျိုးတွေ မလုပ်ပါနဲ့။ တကယ်လို့ ရည်းစားဟောင်းမှာ ကောင်းမလေး/ကောင်လေး အသစ်ရနေပြီဆိုရင် ကိုယ့်အတွက် ရှက်စရာကိစ္စတွေဖြစ်စေပါတယ်။ မူးလာပြီဆိုရင် ရည်းစားဟောင်းကို လွမ်းလိုက်တာ၊ တွေ့ချင်တယ်၊ နင်မရှိရင် မနေနိုင်ဘူး ဆိုတာမျိုးတွေ မပို့မိပါစေနဲ့။ ၂။ကိုယ်နဲ့ခုမှ ဒိတ်လုပ်နေတဲ့သူကို ချစ်တယ်လို့စဖွင့်ပြောတာမျိုး။ တစ်ယောက်နဲ့တစ်ယောက် ခုမှ လေ့လာတုန်းအခြေအနေမှာ ကောင်လေးဘက်ကတောင် စမပြောသေးပဲ ကိုယ့်ဘက်ကစပြီး ချစ်တယ်လို့ sms မပို့လိုက်ပါနဲ့။ ၃။လူမှားပြီး မကောင်းကြောင်း ပြောမိတာမျိုး။ ကိုယ်မကောင်းကြောင်း ပြောချင်တဲ့သူဆီကိုမှ နာမည်တပ်၊ အကျင့်မကောင်းတဲ့သူဆိုပြီး မှားပို့မိလိုက်ရင် နောက်ပိုင်း ဆက်ဆံရေးကတော့ အ

မိန်းကလေး တစ်ဦးပာာ ယောက်ျားလေး နောက်ထပ် တစ်ယောက် ရှာရတဲ့ အကြောင်းပြချက် များ

Image
ကိုယ့်ချစ်သူ နောက်ကွယ်မှာ တစ်ချို့တစ်ချို့ တွေက ခြေရှုပ်တတ် ကြပါတယ်။ မိန်းကလေး တစ်ဦးပာာ ယောက်ျားလေး နောက်ထပ် တစ်ယောက် ရှာရတဲ့ အကြောင်းပြချက် တွေက ဘာတွေ ဖြစ်နိုင် ပါမလဲ။ ၁။စိတ်လှုပ်ရှားမှု လိုချင်လို့ ချစ်သူရဲ့ နောက်ကွယ်မှာ နောက်တစ်ယောက် ရှိနေတော့ သူမသိ အောင် ဖုံးရ ကွယ်ရ တာကို စွန့်စားမှုလို ခံစားရ တာပေါ့။ အဲဒီလို မျိုးဆို adrenalin တွေများများ ထွက်ပြီး ခံစားရ တာမိုက်လို့ မိန်းမ တွေက လှည့်စား ကြပါသတဲ့။ ၂။ များများ လိုချင်လို့ တစ်ချို့ အမျိုးသမီး တွေကတော့ ချစ်သူပေးတဲ့ ပျော်ရွင်မှု၊ လိင်မှုစတာ တွေထက် ပိုပြီး လိုချင်လို့ ခြေရှုပ် ကြပါသတဲ့။ တကယ်လို့များ ဒီလို ကောင်မလေးမျိုးမှ တမ်းတမ်းစွဲ နေရင်တော့ အစွမ်းကုန် ကြဲဖို့သာ ပြင်ထားတော့။ ၃။ ပညာ ပြန်ပေးတာ တခါတလေ ကြတော့ ယောကျာင်္းလေး ဘက်က စfoul တာမျိုး ရှိတဲ့ အခါ မိန်းကလေး တွေက လက်စားချေ ဒဏ်ခတ်တဲ့ အနေနဲ့ အသစ်ရှာ ကြပါသေး သတဲ့။ သူခံစား ရသလို ယောင်္ကျားလေး ကိုလဲ ခံစားရအောင် လုပ်တာ ပေါ့လေ။ ၄။ ပျင်းလာလို့ အိပ်ယာ အတွင်း ဆက်ဆံရေး လျော့ရဲလာမှု ကလဲ မိန်းကလေးတွေ cheating လုပ်အောင် တွန်းအားပေး ပါသတဲ့။ စိတ်လှုပ်ရှား စရာလေး တွေနည်းလာတော့ ပျင်းဖို့ ကောင်းလာပြီး အ