Posts

Showing posts from October 31, 2013

မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာ ကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံး နေရာများ

Image
စာဖတ်သူမမများအတွက် အားတက်စရာ အမှန်တရားလေးတစ်ရပ်ကို ဆွေးနွေး တင်ပြလိုက်ချင်ပါတယ်။ ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားတတ်တဲ့ ယောက်ျား (ဝါ) လိင်တူချင်းမှ အကြိုက်ကျသူ မဟုတ်တဲ့ ယောက်ျားအများစုဟာ မိန်းမသားများရဲ့ ရုပ်ရည်ကိုသာ နှစ်သက်စွဲလန်းကြတာ မဟုတ်ဘဲ ကိုယ်ခန္ဓာကို လည်း မက်မောတတ်ကြတဲ့ အကြောင်းပါ။ ဆိုလိုတာက ကိုယ့်ရုပ်ရည်ကိုယ် သိပ်အားမရဖြစ်နေတဲ့ မမများအနေနဲ့ ဘာမှ အားငယ်စရာ မလိုဘူးလို့ ပြောလိုက်ချင်တာပါပဲ။ ကိုယ့်ရုပ်ရည် က သိပ်အဆင်မပြေတောင် ကိုယ့်ကိုယ်ခန္ဓာက ဟိုတစ်ဖက်သားအတွက် မက်စရာ ဖြစ်နေနိုင်ပြန် သေးတယ်ဆိုတာကို နှလုံးသွင်းနိုင်မယ်ဆိုရင် အားငယ်စိတ်တွေ လျော့ပါးသွားပါလိမ့်မယ်။ သည်လို ပြောလိုက်တော့ “ဟင်… ကျွန်မ အရပ်ကလည်း ငါးပေမပြည့်၊ ကိုယ်လုံးကျတော့လည်း ခါး ရင် ၂၈၊ ခါး ၂၇၊ တင်

သုတ်နှင့် သုတ်ရည်

Image
အမျိုးသားလိင်အင်္ဂါက ထွက်လာတဲ့ အကြည်ရောင် ချောကျိကျိ အရည်မှာ သုက်ပိုးပါပါသလား။ ပါမယ်ဆိုရင် ဘယ်လောက် ရာခိုင်နှုန်းအထိ ပါတတ်ပါသလဲ။ အဆိုပါ အကြည်ရောင် အရည်ကြောင့် ကိုယ်ဝန် ရသွားနိုင်တဲ့ ဖြစ်ရပ်ကော သုတေသန ရှိပါသလား။ ယောက်ျား တယောက်ဟာ Sexually stimulated လိင်စိတ်ကြွလာတာနဲ့ Seminal vesicles နဲ့ Prostate gland တွေကနေ Seminal fluid အရည်ထွက်လာ တယ်။ အရည်ဆိုတာထဲမှာ Sperm သုတ်ပိုး ရောနေနိုင်တယ်။ (ပညာပိုင်း အခေါ်ဝေါ်တွေကို နောက်မှာ ရေးထားပါတယ်။) Semen ကိုလဲ သုတ်ရည်လို့ ခြုံခေါ်နေကြတာ များတယ်။ ဆေးပညာ တတ်သိသူတွေကပါ သုံးနှုန်းကြ တယ်။ Bulbourethral Glands တွေကနေ ထုတ်ပေးတဲ့ အချွဲရည်ဟာ Lubrication လိင်ဆက်ဆံတဲ့အခါ အသုံးဝင်တဲ့ ချောဆီ သဘော ဖြစ်တယ်။ တိတိကျကျ ပြောရရင် Semen ဆိုတာ Sperm မပါတဲ့ အရည်သာ ဖြစ်တယ်။ အဲဒီ အရည်ဟာ သုတ်မလွှတ်ခင် ထွက်တာမို့

မယားကောင်း မယားမြတ်ဆိုတာ (မိန်းကလေးများ အထူးဖတ်ရန်)

Image
  မယားကောင်း မယားမြတ်ဖြစ်ဖို့ ဒါလေးတွေ ဖတ်ထားပါနော် ၁။ အိပ်ယာနေရာ အစားအသောက်တို့ကို သန့်ရှင်စင်ကြယ်စွာ စားသောက် နေထိုင်လေ့ရှိခြင်း..။ ၂။ ယောက်ျားတစ်ပါးသို့ စိတ်နှစ်လုံးမကူးခြင်း..။ ၃။ လင် ရှာဖွေရသော ဥစ္စာပစည်းတို့ကို ကောင်းမွန်လုံခြုံစွာ ထိန်းသိမ်းခြင်း..။ ၄။ လင်နောက်မှ အိပ်လေ့ရှိခြင်း..။ ၅။ လင်၏ အလုပ်အကြံ အစီအမံကို ခံယူ၍ ကူညီရခြင်း..။ ၆။ လင့်အာဏာကို မဖီဆန် လင်၏အလိုသို့လိုက်၍ ပြုရခြင်း..။ ၇။ လင်အား ချစ်ဖွယ်သောစကားကို ပြောဆိုလေ့ရှိခြင်း..။ ၈။ အပူအချမ်းတို့ လျော်စွာ လင်အား ဝတ်ဆင်ပေးရခြင်း..။

လူသိနည်း ဆိုပေမယ့် ကိုယ်နဲ့ ရင်းနှီးဖူးတဲ့ နာနာဘာဝ ၁၀မျိုး

Image
တချို့ သဘာဝလွန် နာနာဘာဝ တွေဟာ လူသိနည်း ပေမယ့် သူတို့ရဲ့ ခြောက်ချားစရာ ကောင်းမှုကတော့ မလျော့နည်း သွားစေ ရပါဘူး။ ကဲလူသိနည်း ဆိုပေမယ့် ကိုယ်နဲ့ ရင်းနှီးဖူးတဲ့ နာနာဘာဝ ၁၀မျိုးကို ဖတ်ကြည့်ပါဦး။ အခုခေတ်မှာ သရဲဝိညာဉ် တွေက popular culture တစ်ရပ်ဖြစ်လို့ လာနေ ပါပြီ။ ဘယ်ရုပ်သံလိုင်း ကိုကြည့်ကြည့် သရဲအကြောင်း၊ ၀ိညာဉ်အကြောင်း အခြေခံတဲ့ TV show တွေကို တွေ့ရမှာပါ။ “Ghost Hunters,” “Ghost Travelers,” “Celebrity Ghost Stories,” “Ghost Hunters Academy” တို့လို မျိုးပေါ့။ တစ်ခါတစ်ခါ ကျတော့ “Ghost Whisperer” နဲ့ “Being Human,” လိုဇာတ်နာနာ လွမ်းစရာ လေး တွေလဲ တစ်ခါတစ်ခါ ပါပါ သေးတယ်။ ဒီပြပွဲ တွေမှာ တွေ့နေကျ သဘာဝ လွန် ဖြစ်ရပ်တွေ ဖြစ်တဲ့ ပူးတာ၊ ခွာတာ၊ အရိပ်တွေ၊ လျှပ်စစ်လိုင်း EVPs တွေ phantoms သရဲတွေ၊ အလင်း ရိပ်ယောင် လူပုံစံတွေ ပါဝင်မှာပါ။ ဒီသရဲဖြစ်စဉ် တွေဟာ ပြောကြ တဲ့သူ များလို့ ယုံကြည် သူတွေကြား ရေပန်းစား လှပါတယ်။ ဒါပေမဲ့ ဒီသဘာဝလွန် ဖြစ်ရပ်တွေမှာ တခြား ဖြစ်တောင့် ဖြစ်ခဲ ဖြစ်စဉ် တွေလည်း ရှိနေပါ သေးတယ်။ ကဲလူသိ နည်း တဲ့ သရဲ အမျိုးအစား တွေ အကြောင်း ကြည့်လိုက် ရအောင်။ Crowded Demon သရ

အမေ-၂

Image
ကျွန်တော် အမေ့ကို ငေးကြည့်နေမိသည်..။ ဘ၀ကို တစ်ယောက်တည်း ရုန်းကန်ပြီး သားကို ပညာတတ်ဖြစ်အောင် ကျောင်းထားပေးခဲ့တဲ့အမေ…၊ ကျောင်းမှာ သား မျက်နှာမငယ်အောင်. အမြဲတမ်း အကောင်းဆုံးတွေကိုပဲ ဖြည့်ဆည်းပေးခဲ့တဲ့အမေ..၊ သားကျောင်းပြန်လာလျှင် ကျောင်းပေါက်ဝကနေ အပြုံးတွေနဲ့ စောင့်ကြိုနေတတ်သောအမေ..၊ အမေ…၊ အမေ…၊ အစရှိတဲ့ အမေ့အကြောင်းတွေက ရုပ်ရှင်ကားချပ်တွေလို အစီအရီ ပေါ်လာသည်..။ ငါ့လုပ်ရပ်ဟာ အမေ့အတွက် မျှတမှု ရှိရဲ့လား…။ အမေပေးဆပ်ခဲ့တာနဲ့ ပြန်ရတာဟာ တန်ရဲ့လား…? ငါ မှားသွားပြီလား? ကျွန်တော် စဉ်းစားနေတုန်းမှာ ကားက ဘိုးဘွားရိပ်သာထဲကို ရောက်ရှိနေခဲ့ပြီဖြစ်သည်..။ တာဝန်ကျ ၀န်ထမ်းများမှ အမေနေထိုင်ရမယ့် အခန်းကို လိုက်လံပြသပြီး အမေက သူ့အခန်းလေးထဲက ကုတင်ပေါ်မှာ အ၀တ်ထုပ်လေးကို တင်လိုက်ပြီး… "သား … ပြန်တော့လေ… နောက်ကျနေရင် သားမိန်းမ စိတ်ပူလိမ့်မယ်…၊ ညဖက် အပြင်ထွက်ရင် အနွေးထည်လေးဘာလေး ၀တ်အုံး..၊ သားက အအေးဒဏ် မခံနိုင်ဘူး.." ကျွန်တော့် မျက်ဝန်းမှ မျက်ရည်တို့ကို ကျွန်တော် မတားဆီးနိုင်ခဲ့ပါဘူး..၊ အမေ့ကို ပြေးဖက်လိုက်ပြီး ကျွန်တော် ကလေးတစ်ယောက်လို ရှိုက်ကြီးတငင် ငိုမိပါတော့တယ်..။ ကျွန်တော့်ရင်ထဲမှာ အေ

အမေ-၁

Image
"ရှင့် အဖွားကြီးကို ဘယ်နေ့ပို့မှာလဲ ? " … နံနက် စောစောစီးစီး ဇနီးသည် ဖြစ်သူရဲ့ စိတ်မရှည်သံကို စိတ်မချမ်းမြေ့စွာ ကြားလိုက်ရသည်…။ "ပို့မှာပေါ့ကွာ.. မင်းကလဲ.. ငါ့အမေလောက် မျက်စောင်းထိုးနေတာပဲ " "အို…ထိုးရမှာပဲ… ရှင့်အမေက နေရာတကာပါနေတာကိုး… ကျွန်မ သည်းမခံနိုင်တော့ဘူး.. ရှင့်အမေကို ဒီတစ်ပတ်ထဲ ပို့ရင်ပို့.. မပို့ရင်တော့ ကျွန်မ သားလေးခေါ်ပြီး အမေ့အိမ် သွားနေတော့ မယ်…" "ကဲ.. ဒီတစ်ပတ်ထဲ ပို့ရင် ပြီးတာပဲ မှတ်လား.." ပြောပြီး ကျွန်တော် ပြန်လှည့်ထွက်လာခဲ့သည်..။ ကျွန်တော့် မိန်းမ ချို က အမေ့ကို ဘိုးဘွားရိပ်သာ ပို့ရန် ပြောနေခြင်းဖြစ်သည်..။ ချမ်းသာသော မာနကြီးသော ဂုဏ်ဒြပ်အရှိန်အ၀ါကြီးမားသော အသိုင်းအ၀ိုင်းမှ ပေါက်ဖွားလာသည့် သူမနှင့် ကျွန်တော် လွန်ခဲ့တဲ့ ၅ နှစ်ခန့်က လက်ထပ်ခဲ့ခြင်းဖြစ်သည်…။ ကျွန်တော်တို့ မိသားစုက ဆင်းရဲပါသည်..။ ငယ်စဉ်ကတည်းက အဖေဆုံးပါးသွားသဖြင့် မိခင်ဖြစ်သူက ဈေးရောင်းပြီး ကျောင်းထားပေးခဲ့ကာ အမေတစ်ခုသားတစ်ခု ဘ၀ဖြင့် ရုန်းကန်ခဲ့ရသည်..။ သူမနဲ့ ချစ်သူဖြစ်ရတာ ကျွန်တော့်အတွက်တော့ လုံးဝမမျှော်လင့်ခဲ့တဲ့ ဆုလာဒ် တစ်ခုဖြစ်ခဲ့သည်..။ သူမ မိသားစု အ

အမျိုးသား သားဆက်ခြားနည်းများအကြောင်း တစေ့တစောင်း

Image
အမျိုးသားများအတွက် သားဆက်ခြားနည်းများဟာ အမျိုးသားများရဲ့ အခြေခံဇီဝကမ္မဗေဆိုင်ရာ ကွဲပြားမှုအပေါ်မှာ အခြေခံပါတယ်။   ဈေးကွက်ထဲမှာမိမိတို့အတွက် သန္ဓေတားနည်းကို ရွေးချယ်လိုသူ အိမ်ထောင်ရှင် အမျိုးသားများအတွက် ရွေးစရာတွေကတော့ ရှိနေပါတယ်။ ကွန်ဒုံးအသုံးပြုခြင်းနဲ့ ကျားသုက်ပို့ ပြွန် ဖြတ်တောက်ခြင်းဟာ အမျိုးသားများအတွက် လူသိများတဲ့ သန္ဓေတားနည်း နှစ်မျိုးဖြစ်ပါတယ်။ သိပ်မအောင်မြင်တဲ့ နည်းလမ်းတစ်မျိုးကတော့ ချစ်ပွဲဝင်အပြီး ယောနိကနေ အမျိုးသားအင်္ဂါကို

တနာစုလိုသူများအတွက် အစားအစာနည်းလမ်းများ (အိမ်ထောင်သည်များအတွက်သာ)

Image
သားသမီးရတနာ – မလိုချင်သည့် သူများက ဟောတစ်ယောက် ဟောတစ်ယောက် မွေးနေချိန်မှာ လိုချင်တဲ့သူတွေက မှိုင်နေရပါတယ်။ မှိုင်မနေသည့်သူတွေကလည်း နည်းလမ်း အမျိုးမျိုးနဲ့ကြိုးစားနေကြ ပါတယ်။ ကြိုးစားနေတဲ့သူတွေရော၊ မတတ်နိုင်လို့ လက်မှိုင်ချနေရတဲ့သူတွေအတွက် ပါ အထောက်အကူဖြစ်စေမယ့် နည်းလမ်းလေးတွေ ပေးလိုက်ပါတယ်။ ယင်းအစားအစာတွေက raspberries လိုချမ်းသာတဲ့သူတွေသာရနိုင် တဲ့အစာတွေမဟုတ်ဘဲ အလွှာပေါင်းစုံကသူတွေ လက်လှမ်းမီနိုင်တဲ့အစာတွေပါ ။ (၁)လတ်ဆတ်တဲ့သစ်သီးများ- ဗီတာမင်စီကြွယ်ဝစွာ ပါဝင်တဲ့အတွက် လတ်ဆတ်တဲ့အသီးအများစုဟာ သုက်ပိုးတွေရဲ့စွမ်းရည်နဲ့အ ရည်အသွေးကို တိုးတက်စေပါတယ်။ တကယ်လို့ ကလေးအဖေ တစ်ယောက်ဖြစ်ဖို့ ကြိုးစားနေရင်တော့ ကျွန်တော်တို့က သံပရာ၊

အဆောင်ဘေးက ချစ်သူ (၁)

Image
ကျွန်တော်တို့ ခလေးဘ၀တုန်းက တရုတ်သရဲ ကားတစ်ကား ကြည့် ဖူးတယ်ခင်ဗျ။ Ghost love Story တဲ့ ကားနာမည်က အတွဲ (၁) (၂) နဲ့  (၃) ဆိုပြီးတော့ ရှိတယ်။ အဲဒီထဲမှာ သရဲမက လူတွေကို ဖျားယောင်းသွေးဆောင်တဲ့  မကောင်းဆိုးဝါးသရဲမျိုးပေါ့။ ကောင်လေးက ဘာမှမသိပဲ။အဲဒီကျောင်းမှာ သွားတည်းရင် ချစ်ကြိုက်ကြတဲ့ ဇာတ်လမ်း။ ခလေးတွေဆိုတော့ ကြည့် ပြီးတော့  ပြီးရင် အရူးထကြတာပေါ့။ဆော့ ရင်လည်း အဲဒီသရဲ ကားထဲ က ပုံစံနဲ့ ဆော့ တယ်။ဟဲဟဲ :P လူကြီးတွေကတော့  အပြင်မှာ အဲဒီလို ဇာတ်လမ်းမျိုး မရှိဘူး လို့ ပြောပါတယ်။ မိတ်ဆွေတို့ ရော ယုံလား?။ ။ကျွန်တော်လည်း မယုံပါဘူးခင်ဗျား။ဘယ်လိုမှမဖြစ်နိုင်တဲ့  အကြောင်းအရင်းလေ။ ဒါပေ့ မယ် ကျွန်တော် ရှစ်တန်းပြီးလို့ ကိုးတန်းနှစ်မှာပေါ့နော်။ အဲဒီလိုမျိုး အဖြစ်အပျက်တစ်ခုကို တွေ့ ကြုံလိုက်ရတယ်။ဖြစ်ပုံက ဒီလိုပါ… ကျွန်တော်တို့ ရှစ်တန်းနှစ်တုန်းက နေတဲ့ အဆောင်မှာ သရဲမခြောက်တော့ ဘူးဆိုတော့ …အဲဒီမှာပဲ ဆက်နေဖြစ်တယ်ခင်ဗျ။ကျွန်တော်တို့ နေတဲ့ အဆောင်ကနေပြီးတော့  ပင်မဆောင်ကို သွားပြီး စာသင်ရတာ။ ကားလာကြိုတယ်လေ။ပင်မဆောင်ရောက်ရင် စာသင်ခန်းထဲဝင်ပြီး စာသင်ရတယ်။ အဲဒီမှာလည်း မိန်းခလေး/ယောင်္ကျားလေးခွဲထားတယ်ခ

အမျိုးသားများတွင် လိင်စိတ် လျော့နည်းရခြင်း

Image
အမျိုးသား တွေမှာ ရောဂါ ဝေဒနာ ခံစား ရတာနဲ့ ဆေးကုသမှု ခံယူရတာ တွေကြောင့် လိင်စိတ်လျော့ နည်းမှု ဖြစ်တတ် ပါတယ်။ အမျိုးသား တွေမှာ လိင်စိတ် ဆန္ဒလျော့ နည်းမှု ဖြစ်စေတဲ့ အကြောင်းရင်း တွေက အောက်ပါ အတိုင်း ဖြစ်ပါတယ်။ - ပန်းသေ ပန်းညှိုးရောဂါ ပန်းသေတာ ဒါမှမဟုတ် ပန်းသေ ပန်းညှိုး ရောဂါဟာ လိင်စိတ် လျော့နည်း တာနဲ့ မတူပါဘူး။ လူငယ် ခုနစ်ရာခိုင်နှုန်း ကသာ ပန်းသေ ပန်းညှိုး ဖြစ်တတ် ကြပါတယ်။ ပန်းသေ ပန်းညှိုး ရောဂါက အသက်ကြီးလာ လေလေ၊ ဖြစ်နိုင်ခြေ ပိုများ လေလေပါ။ အသက် ၄၀ အရွယ်မှာ ပန်းသေ ပန်းညှိုးဖြစ်နိုင် ခြေ ၁၂ ရာခိုင်နှုန်း၊ အသက် ၅၀-၅၉ နှစ်အရွယ်မှာ ရောဂါ ဖြစ်နိုင်ခြေ ၁၈ ရာခိုင် နှုန်းနဲ့ အသက် ၆၀ ကျော် အရွယ်မှာ ရောဂါဖြစ် နိုင်ခြေ ၂၅-၃၀ ရာခိုင်နှုန်း အထိ သိသိသာသာ မြင့်တက်လာ ပါတယ်။ ပန်းသေ ပန်းညှိုးရောဂါနဲ့ စိတ်ဖိစီးမှုက အပြန်အလှန် ဆက်နွှယ် မှုရှိပြီး လိင်စိတ်လျော့ နည်းမှုကို ဖြစ်စေနိုင်ပါတယ်။ သတင်းကောင်း အနေနဲ့ ပန်းသေ ပန်းညှိုး ဖြစ်ရတဲ့ အကြောင်းရင်းပေါ် မူတည်ပြီး ဆေး ကုသမှု ခံယူနိုင် ပါတယ်။ - ပူပင်သောကများလွန်းခြင်း အမျိုးသားတွေမှာ ပူပင်သောက များလွန်းတဲ့ အခြေအနေကြောင့် သုက်လွှတ် စောတာမျိုး ဖြစ်တတ် ပါတ

စမ်းတော့လည်း ကြမ်းပြလေတဲ့ အိမ်

Image
           တက္ကသိုလ်ကျောင်းတော်သားဘ၀မှာ ပထမနှစ်မှာတင် အဆောင်သုံးဆောင်ပြောင်းခဲ့ရပါတယ်။ အကြောင်းရင်းကတော့ အဆောင်ရှင်တွေနဲ့ မတည့်လို့ပါပဲ။ ဒုတိယနှစ်အရောက်မှာတော့ အဆောင်နေဖို့မကြိုးစားတော့ပဲ လုံးချင်းအိမ်လေးတလုံးငှားနေဖို့ဆုံးဖြတ်ပြီး အိမ်အရှာထွက်ရင်းက လုံးချင်းတိုက်လေးတလုံးငှားဖြစ်သွားရောဆိုပါတော့။ ငှားဖြစ်သွားတယ်ဆိုပေမယ့် သာမန်ထက်ထူးခြားတာလေးတခုတော့ ကြုံလိုက်ရပါတယ်။ တချို့ တချို့သော အိမ်ရှင်တွေလို ဒီအိမ်က စီးပွားတက်တယ်၊ လာဘ်ကောင်းတယ် အစရှိတဲ့ ကိုယ့်ဘက်ကိုယ်ယက်ပြီး ပြောတတ်ကြတဲ့ အိမ်ရှင်တွေရဲ့ ကိုယ့်အိမ်ကို ချီးမွမ်းထောပနာသံမျိုးမကြားရပဲ "  ဒီအိမ်မှာ အစောင့်အရှောက်ရှိတယ်။ မဟုတ်တာ မကောင်းတာ လုပ်တာကိုမပြောနဲ့.. ပေါက်တတ်ကရတွေ ပြောဆိုလို့တောင် မရဘူးနော်  " လို့ အိမ်ရှင်အိမ်ငှား စာချုပ်မချုပ်ခင်မှာ အသေအချာ မှာလိုက်ခြင်းပါပဲ။                 သူငယ်ချင်းတယောက်ရဲ့ အကိုဖြစ်သူက ဒီအိမ်လေးအကြောင်းကို တစွန်းတစပြောသွားတာလေးကလည်း အားရစရာပါ။ " မင်းတို့ခုငှားလိုက်တဲ့ အိမ်က အရင်တုန်းက မိန်းကလေးအဆောင်ကွ၊ တရက်တော့ အဆောင်က ကောင်မလေးတွေ အားလုံး ရုပ်ရှင်သွားကြည့်ကြတယ်။ သူတို့ထ

ဒေါ်လာ ၁၁ သန်းတန် ဘရာစီယာ

Image
အဲဒါ ဒေါ်လာ ဆယ်သန်း တန်တဲ့ ရတနာပစ္စည်းတွေလို့ ဆိုတယ်။ ဈေးအကြီးဆုံးကတော့ တွဲလောင်းချထားတဲ့ ပတ္တမြားကြီး ဖြစ်ပါလိမ့်မယ်လို့ သတင်းတပုဒ်က ဆိုတယ်။ ဒီမော်ဒယ်ကလည်း အဲဒီ ပတ္တမြားကိုပဲ စိတ်ဝင်စားနှစ်သက်တယ်လို့ သတင်းတပုဒ်က ဆိုတယ်၊ သူတို့ဆီမှာ စိန်တွေပဲ ထွက်လို့ ဖြစ်ပါလိမ့်မယ်။ ဘရာဇီယာမှာ ကပ်ထားတဲ့ စိန်တွေကလည်း ဈေးမသေးပါ။ ရတနာစိန်ကျောက် အပွင့်ပေါင်း ၄,၂ဝဝ ခြယ်သထားတဲ့ ဒီ Royal Fantasy Bra ကို ဝတ်ဆင်ထားသူကတော့ မော်ဒယ် Candice Swanepoel ပါပဲ။Victoria's Secret က သူ့ထုတ်ကုန်တွေ နာမည်ကြီးအောင် ထူးထူးခြားခြား လုပ်ပြတဲ့သဘောဖြစ်ပါလိမ့်မယ်။ Victoria's Secret ဆိုတာက အမျိုးသမီး အသုံးအဆောင်တွေနဲ့ နာမည်ကြီးတာပါ။ ဆိုင်ခွဲတွေကို နိုင်ငံတကာ မြို့ကြီးတွေမှာ ဖွင့်ထားပါတယ်။