Posts

Showing posts from September 11, 2013

အမြန် ဝိတ်ကျစေမည့် အစား ၁၀ မျိုး

Image
  အမြန်ဝိတ်ကျစေမည့် အစား ၁၀ မျိုးခန္ဓာကိုယ်တွင် မလိုအပ်သော အဆီပိုများ ရှိပါက အမြန်ဆုံး ကျဆင်း စေရန်ရည်ရွယ်၍ ရေးသားလိုက်ရခြင်း ဖြစ်ပါတယ်။ အောက်ဖော်ပြပါ အစား ၁၀ မျိုးကို စားပါက မလိုအပ်သော အဆီပိုများ အမြန်ဆုံး ကျဆင်းစေနိုင် ပါတယ်။ ဂျုံ ဂျုံများများ စားပါ။ ဂျုံစားခြင်းအားဖြင့် ကိုလက်စရောဓာတ်ကို လျော့ကျစေတဲ့ အပြင် အစာခြေ စနစ် ကိုလည်း ကောင်းမွန်စေ ပါတယ်။ ဒါကြောင့် ဂျုံကို များများ စားသင့်ပါတယ်။ ဥမျိုးမျိုး ဥမျိုးမျိုးကို စားသုံးပါက ခန္ဓာကိုယ်ရှိ ကြွက်သားများကို ကြီးထွား စေနိုင်တဲ့အပြင် ကိုလက်စရော ဓာတ်ကိုလည်း လျော့ကျစေနိုင်ပါတယ်။ ပန်းသီး ဝိတ်ကျလိုသူများ ညဘက်ထမင်း မစားပါက ပန်းသီး

အချိုမှုန့် ဆိုတာ ဘာလဲ

Image
အချိုမှုန့် ဆိုတာ ဘာလဲ ........ ရေရှည် မှန်မှန် စားသွားရင် ဒီလောက် အန္တရာယ် များပါတယ် ဆိုတဲ့ အချိုမှုန့်ဆိုတာ Monosodium glutamate (MSG) လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်ခု ဖြစ်ပါတယ်။ Glutamic Acid လို့ခေါ်တဲ့ Amino Acid တစ်မျိုး ပါဝင်ပြီး စားစရာထဲ ထည့်လိုက်ရင် Free Glumate တွေ အဖြစ်ကို ပြောင်းလဲသွားကာ အစားအသောက်တွေရဲ့ အရသာကို ဓာတုနည်းနဲ့ လျှာပေါ်မှာ ဆပွားတိုးပေးလိုက်တာ ဖြစ်ပါတယ်။ အချိုမှုန့်ဟာ ဟင်းခတ်ပစ္စည်းတစ်ခု ဟုတ်ပါသလား.? ပုံမှန်သုံးသင့်တဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ခု လုံးဝမဟုတ်ပါ။ နည်းနည်းစားစား များများစားစား ရေရှည် စားရင် အန္တရာယ်ကတော့ ရှိတာပါပဲလို့ ပညာရှင်များက ပြောကြားပါတယ်။ Good Manufacturing Practice (GMP) လို့ခေါ်တဲ့ ကမ္ဘာ့အဆင့် ထုတ်လုပ်မှု စနစ်ကောင်း (GMP စနစ်) ရဲ့ အစားအသောက်တွေ ထုတ်လုပ်တဲ့ နေရာမှာ အချိုမှုန့် လုံးဝ မပါပါဘူး။ အချိုမှုန့်ကို ရေရှည်ပုံမှန် စားသုံးသွားရင် ဘာဆိုးကျိုးတွေ ရှိလာနိုင်မလဲ (၁) ဆီးချို မဖြစ်အောင် ထိန်းသိမ်းပေးတဲ့ အင်ဆူလင်ဟော်မုန်း (Insulin) ရဲ့ လုပ်ငန်းဆောင်တာမှာ အနှောင့်အယှက်တစ်ရပ် ဖြစ်စေလို့ ဆီးချိုဖြစ်စေဖို့ ကောင်းကောင်း အထောက်အကူပြုပါတယ်။ (၂) အစာ အလွန်အကျွံ စာ

တားဆေး Marvelon (မာဗယ်လွန်) အကြောင်း သိကောင်းစရာ

Image
ဆရာရှင့် သမီး Mevalon 28 ကို ၂ နှစ်လောက် သောက်ခဲ့ပါတယ်။ အရင်လက ၅ ရက်နေ့မှာ ရာသီစလာ ပါတယ်။ အဲဒီနောက် ဆေးမသောက်ဘဲ ဖြတ်လိုက်ပါတယ်။ အမျိုးသားကလည်း နိုင်ငံခြားထွက်သွားလို့ပါ။ အခု ၉ ရက်နေ့ စက်တင်ဘာလအထိ ရာသီမလာလို့ပါဆရာ။ တားဆေးတွေသောက်ပြီး ဖြတ်လိုက်ရင် မလာဘဲဖြစ်တတ်ပါသလား။ ဘာဆေးသောက်ရပါမလဲဆရာ။ မလာတာက ဘယ်နှစ်လလောက် မလာဘဲ နေပါသလဲဆရာ။ • Marvelon (Desogestrel - Ethinyl estradiol) ထဲမှာ Estrogen နဲ့ Progestin ဟော်မုန်း ၂ မျိုးပါတယ်။ 21-day pack ၂၁ လုံးပါကပ်နဲ့ 28-day pack ၂၈ လုံးပါတာရှိတယ်။ • Marvelon 21 ထဲမှာ Desogestrel 0.15 mg နဲ့ Ethinyl estradiol 0.03 mg ပါတယ်။ • Marvelon 28 ထဲမှာ အဲဒါတွေအပြင် Hydroxypropyl methylcellulose, Indigotine blue, Iron oxide, Lactose, Magnesium stearate, Polyethylene glycol, Starch, Titanium dioxide နဲ့ Talc တွေပါတဲ့ ဆေး ၇ လုံးပါတယ်။ • ရာသီစလာတဲ့နေ့ကို ပဌမနေ့အဖြစ် မှတ်ပြီး၊ ဆေးစသောက်ပါ။ နေ့စဉ် ၁ လုံးကျ၊ ဖြစ်နိုင်သ၍ ဆေးသောက်ချိန် မှန်ပါစေ။ • တရက်ဆေးသာက်ဘို့ မေ့ရင် နောက်နေ့မှာ ၂ လုံးတွဲသောက်ပါ။ • ရာသီလာပြီး ဒုတိယပတ်အတွင်းမှာ ဆေးသောက်ဘို့ ၂ ရက်မေ့သွားရင် ၂

လန်းကြပါစေ ပန်းတွေ သဏ္ဌာန်ပမာ ချမ်းမြ ကာလေ စမ်းရေလျှံဖြာ

Image
နှစ်စဉ် နိုဝင်ဘာ ၂ဝ ရက်ဟာ ကမ္ဘာ့ ကလေး သူငယ်များနေ့ (Universal Children's Day) ဖြစ်သလို ၁၉၈၉ ခုနှစ် ကလေးသူငယ် အခွင့် အရေးများ ဆိုင်ရာ သဘောတူ စာချုပ်ကို ကုလ သမဂ္ဂ အထွေထွေ ညီလာခံက အတည်ပြု လိုက် တဲ့ နေ့လည်း ဖြစ်ပါသည်။ ကမ္ဘာ့ ပြက္ခဒိန် ပေါ်မှာ ဒီလို အထိမ်း အမှတ် နေ့ တစ်နေ့ ဖြစ်ပေါ် လာအောင် ကလေးသူငယ် အသက်ပေါင်း များစွာ စတေး ခဲ့ရသည်။ ဒီနေ့ရဲ့ မူလဘူတ အစကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉ဝ လောက်က စစ်ဘေး ဒဏ်ခံရတဲ့ အပြစ်မဲ့ ကလေးသူငယ် တွေကို အကြောင်း ပြုပြီး စခဲ့သည်။ပထမ ကမ္ဘာစစ် (၁၉၁၄-၁၉၁၈) အပြီး ၁၉၂၄ ခုနှစ်မှာ နိုင်ငံပေါင်းချုပ် အသင်း ကြီး (၁၉၁၉-၁၉၄၆)က ကလေး သူငယ် အခွင့်အရေး ဆိုင်ရာ ဂျီနီဗာ ကြေညာချက်ကို ချမှတ် ခဲ့သည်။ ဒီကြေ ညာချက်မှာ ရုပ်ပိုင်းဆိုင်ရာ၊ စာရိတ္တ ပိုင်းဆိုင်ရာ၊ ဘာ သာရေး ဆိုင်ရာ ဖွံ့ဖြိုး တိုးတက် ခွင့်၊ နေမကောင်း သည့်အခါ၊ မသန် စွမ်း ဖြစ်သွားသည့် အခါ ဒါမှမဟုတ် မိဘမဲ့ ဖြစ်သွားသည့် အခါ အထူး ဂရုပြု စောင့်ရှောက် ခံရခွင့်၊ ဘေးဒုက္ခ ကျရောက် ချိန်မှာ ကယ်ဆယ် ခံရခွင့်၊ စီးပွားရေး အမြတ်ထုတ်မှု များမှ လွတ်လပ်ခွင့်နှင့် လူမှုရေး ဆိုင်ရာအသိ စိတ်ဓာတ် တွေနဲ့ ကြီးပြင်း လာခွင့် စသည့် အချက်တွေ ပါဝင်

မြန်မာပြည်မှာ လူငယ်တစ်ဦး လုပ်ငန်းရှင်ဖြစ်ဖို့ဆိုတာ (မြန်မာ့လူငယ်များ ဖတ်သင့်သည်ဟု ထင်ပါတယ်ရှင်....)

Image
ငယ်ငယ်ရွယ်ရွယ်နဲ့ သူဌေး ဖြစ်နည်း၊ ငယ်ငယ်ရွယ်ရွယ်နဲ့ လုပ်ငန်းရှင်ဖြစ် နည်း ဆိုတာ တကယ်ပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ သူဌေး ဖြစ်မှ၊ လုပ်ငန်းရှင်ဖြစ်မှ ရေးလို့ကောင်းတဲ့ အရာ ဖြစ်ပါတယ်။ ယခု ဒါကို စာရေးသူ မောင်အောင်ခမ်းမှ ရေးပါပြီ။ သို့ပေမယ့် ခေါင်းစဉ်ကို မြန်မာပြည် က လူငယ်တစ်ဦးရဲ့  လုပ်ငန်းရှင် အိပ်မ မြန်မာပြည်မှာ လူငယ်တစ်ဦး လုပ်ငန်းရှင်ဖြစ်ဖို့ ဆိုတာ လို့ပဲ ပေးထားပါတယ်။ ဒါဆို လုပ်ငန်းရှင်ဟုတ် မဟုတ် စာရေးသူများ သံသယ ဝင်စရာ ရှိပါတယ်။ စာရေးသူ လက်ရှိ အခြေအနေကို တင်ပြပါမယ်။ အသက်က ၉၂ခုနှစ် ဇွန်လ ဖွားဆိုတော့ ၂၁နှစ် ထဲ ဝင်နေပါပြီ။ အလုပ်အကိုင်ကတော့ နည်းပညာ ဂျာနယ် တစ်ခုမှာ အယ်ဒီတာ၊ အွန်လိုင်း သတင်းစုံမီဒီယာ ဝဘ်ဆိုဒ် တစ်ခုမှာ အယ်ဒီတာချုပ်၊ မော်တော်ယာဉ် အွန်လိုင်း သတင်းဝဘ်ဆိုဒ်တစ်ခုမှာ အယ်ဒီတာ၊ နာမည်ကြီး မဂ္ဂဇင်း အချို့ မှာ လစဉ်ဆောင်းပါးရှင်၊ အွန်လိုင်းစီးပွားရေး ကုမ္မဏီိတစ်ခုမှာ စီးပွားရေး အကြံပေး၊ ရုပ်သံချယ်နယ်လမ်းညွှန် ဂျာနယ်တစ်ခုမှာ ဘာသာပြန် အစရှိတဲ့ အလုပ်များ အပြင် ကလေးများကို စာသင်စာပြတဲ့ အချိန်ပိုင်း ဆရာလည်း လုပ်ပါသေးတယ်။ ဒါတွေက စာရေးသူကို လုပ်ငန်းရှင် မဖြစ်စေသေးပါဘူး။ စာရေးသူကို လုပ်ငန်းရ

Labia မ-အင်္ဂါ နှုတ်ခမ်းသား လှဘို့လိုသလား ..?

Image
မ-အင်္ဂါ ဘေးနှုတ်ခမ်းသားဆိုတာလေးတွေကို သေးအောင် ဘယ်လို လုပ်ရင် ရမလဲလို့ပါရှင့်။ အကယ် လို့များ နှုတ်ခမ်းသားတွေ  သေးလို့မရရင် Clitoris ကိုကောကြီးအောင် လုပ်လို့ရလား သိချင်ပါတယ်။ Labia minora မအင်္ဂါ နှုတ်ခမ်းသား အသေးတွေဟာ Vaginal opening (ဗဂျိုင်းနား) ပေါက်ရဲ့ ဘေးတဖက်စီမှာ၊ Labia majora မ-အင်္ဂါ-နှုတ်ခမ်းသား အကြီးတွေရဲ့ အတွင်းမှာ ရှိတယ်။ အရွယ်အစား၊ အရောင် နဲ့ ပုံပန်း တယောက်နဲ့ တယောက် မတူကြပါ။  Clitoris မ-အစိကနေ အောက်ဖက်-ဘေးဘက်-နောက်ဖက်-ခပ်စောင်းစောင်း ဆင်းသွားတယ်။ အောက် အဆုံး နေရာမှာ နှစ်ခုက ကန့်လန့်ဆက်နေတာကို Fourchette လို့ ခေါ်တယ်။ ကလေးမွေးဘူးရင်၊ အတင်း ဆွဲဆန့်တာခံရရင် ဒီနေရာ စုပ်ပြဲသွားတော့မယ်။ လိင်ဆက်ဆံမှု ကောင်းကောင်းရှိဘူးရင်လဲ စုတ်ပြဲပြီး အပျို မဟုတ်တော့တာကို သိသာစေတယ်။ အဓမ္မလိင်ဆက်ဆံခံရသူတွေမှာ စုပ်ပြဲသွားလို့ သွေးယိုတာကို တခါတလေ ချုပ်ပေးရတတ်တယ်။ အထက်နေရာမှာတော့ မ-နှုတ်ခမ်းသား အသေး နှစ်ခုဟာ နှစ်ပိုင်းလိုရှိတယ်။ (၁) အပေါ်ပိုင်းတွေက Clitoris အထက်မှာ ဆုံကြမယ်။ တချို့ အရွယ်အစား မငယ်ရင် Glans clitoridis မ-အစိခေါင်းကို ဖုံးအုပ် နေပြီး Fold ခေါက်ထားသလိုမျိုး ရှိနေမယ်။ အပေါ်ကနေ မိုး

ရင်သား ထွားပြီး လှနေချင်သူများ ဖတ်ဖို့ ဗဟုသုတ

Image
အချိုးအစားလှအောင် ဆေးသောက်လို့ရတယ်လို့ ကြားဖူးပါတယ်။ အကျိုး-အပြစ်တွေကို သိချင်ပါတယ်ရှင်။ လေ့ကျင့်ခန်းလုပ်ဖို့ အဆင်မပြေလို့ပါရှင်။ အမေ မွေးပေးထားတဲ့ ရုပ်အင်္ဂါကို ပြင်ချင်တာဟာ အခက်ဆုံး တွေထဲမှာ ပါတယ်။ ဒါကို ဆရာဝန်က ပြောတာပါ။ ဆရာဝန်က ဆေးပေးမယ်၊ နည်းလမ်းပေးမယ်၊ ခွဲစိတ်ပေးမယ်။ ခွဲစိတ်တာကို တော့ ဆရာဝန်ဘက်က ပိုင်ပိုင်နိုင်နိုင် လုပ်နိုင်တာပေါ့။ ကျန်တာကို လိုက်နာရမှာက ကာယကံရှင် ဖြစ် တယ်။ ညွှန်းတဲ့ဆေး သောက်တာ၊ လေ့ကျင့်ခန်း လုပ်တာ၊ ရှောင်စရာ-ဆောင်စရာတွေကို လိုက်နာဘို့ ကတော့ ကောင်းချင်၊ ပျောက်ချင်သူတွေက

ကမ္ဘာကို စိုးရိမ်မှူပေးလိုက်တဲ့ ဘေဂျင်း ၂၀၀၈ ပန်းချီကား

Image
တရုတ်-ကနေဒါ ကပြားဖြစ်တဲ့ ပန်းချီဆရာ လီရိ ရေးဆွဲထားတဲ့  ဘေဂျင်း ၂၀၀၈ ဆိုတဲ့ ပန်းချီကားဟာ အတွေးပေါင်းများစွာကို လှူပ်နှိုးပေးနိုင်စွမ်းပါတယ်။ ပုံထဲမှာ ကျောကို ဆေးမင်ကြောင်ချယ်ထားတဲ့ အမျိုးသမီးလေးဟာ တရုတ်ပြည်ကို ကိုယ်စားပြုပြီး ဘယ်ဘက်က ကစားဝိုင်းကို အာရုံစူးစိုက် နေသူလေးကတော့ ဂျပန်ပါတဲ့။ ည၀တ်အကျီင်္နဲ့ ခေါင်းကို နောက်လှန် ထားသူကတော့ အမေရိကန်မယ်လေးဖြစ်ပြီး ကြမ်းပေါ်မှာ လဲလျောင်း နေတာကတော့ ရုရှားမိန်းကလေးဖြစ်ပါတယ်။ ဘေးနားမှာရပ်ကြည့်နေတဲ့ ကလေးမလေး ကတော့ ထိုင်ဝမ်သူလေးပါ။ ဘေဂျင်း ၂၀၀၈ ပန်းချီကားဟာ အနောက်တိုင်းနဲ့ အင်တာနက်ပေါ်မှာ အကြိတ် အနယ်ဆွေးနွေးရတဲ့ အကြောင်းအရာတစ်ခု ဖြစ်ခဲ့ပါတယ်။ မိန်းမ ၄ ယောက် မာဂျောင်ကစားနေတဲ့ပုံဟာ လျို့ဝှက် အဓိပ္ပါယ်မျိုးစုံနဲ့ ပြည့်နှက်နေတဲ့အပြင် နာမည်ကိုက ဘေဂျင်း ၂၀၀၈ ပါတဲ့။ တရုတ်ရဲ့ ခေါင်းစဉ်ကိုက အရှေ့လေ လို့ နှစ်ခွအဓိပ္ပါယ်ရနေပါတယ်။ တစ်ခုက တရုတ်ပြည်ရဲ့ ကမ္ဘာ့အင်အားပြိုင်ဘက်အဆင့်ကို ဖော်ပြပြီး နောက်တစ်ခု ကတော့ တရုတ်ရဲ့ စစ်အင်အားနဲ့ လက်နက်အင်အားတို့ဟာ စားပွဲပေါ်မှာ အဆင်သင့်ရောက်နေပြီလို့ ပြသထားပါတယ်။ တစ်ဖက်မှာတော့ တရုတ်ဟာ နေရာကောင်း ရထားသလိုလိုရှိနေေ

အလုပ်ထွက်ပြီး ကိုယ်ပိုင်စီးပွားလုပ်ရန် စဉ်းစားရမည့် ၁၀ ချက်

Image
အလုပ်ထွက်ပြီး ကိုယ်ပိုင်စီးပွားလုပ်ရန် စဉ်းစားရမည့် ၁၀ ချက် စွန့်ဦးစီးပွားတီထွင်သူများအနေနဲ့ ကိုယ်ပိုင်စီးပွားရေး စတင်ဖန်တီးတော့ မယ်ဆိုရင် အချိန်ပေး ရပါတယ်။ အဲ့ဒီလို အချိန်ပေးဖို့ အတွက်ရင် လက်ရှိ အလုပ်မှာပေးထား တဲ့အချိန်ကို လျော့လိုက်ရပါတယ်။ ဒါကြောင့် ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း တစ်ခု စတင်ဖို့ အတွက် အကောင်းဆုံးနည်းလမ်းက အလုပ်ထွက်လိုက်ခြင်းပါ။ ဒီတော့ အလုပ်ထွက်ပြီး ကိုယ်ပိုင်စီးပွားရေး လုပ်တော့မယ်ဆိုရင် အောက်ပါ မေးခွန်း ၁၀ ချက်ကို ကိုယ့်ကိုယ် ကို မေးလို့ ဖြေကြည့်ဖို့ လိုအပ်ပါတယ်။ ၁။ ပိုမို ပျော်ရွှင်စေမှာလား ကိုယ်က ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတစ်ခု စတင်မှာတော့ ဟုတ်ပါပြီ။ လုပ်တတ်လို့စလိုက်မယ်သာ ဆိုတယ်။ တကယ်ကော လုပ်ပျော်မှာလား ဆိုတာကို သေချာ မေးဖို့လိုအပ်ပါတယ်။ အချို့ က ငွေအရင်းရှိလို့ ဖုန်းဆိုင်လေး ဖွင့်တော့မယ်ဆိုပြီး လုပ်ငန်းစပါတယ်။ သို့ပေမယ့် သူပျော်တာ ဖုန်းထိုင်ရောင်းနေဖို့လည်း မဟုတ်ပြန်ပါဘူး။ ဒီတော့ အလုပ်ထွက်ပြီး မှ ပျော်စရာမကောင်းတဲ့ လုပ်ငန်း တစ်ခုစမိရင် ကျရှုံးဖို့ လမ်းကို ပိုနီးစပ်နေပါတယ်။ ၂။ အချိန်တန်ပြီလား ကိုယ်ပိုင်စီးပွားရေး ဆိုပြီးတော့သာ အလုပ်ထွက်မိတယ်။ လ

ပြုစုပျိုးထောင်တတ်ပါစေ

Image
ပြုစုပျိုးထောင်တတ်ပါစေ ....... သူငယ်ချင်းတွေ ဟာနောင်အခါမှာမိဘနေရာ ကိုရောက်ရမှာဧကန်အမှန်ဖြစ်ပါတယ်...... ဒါကြောင့်ကလေးတွေကိုဘယ်လိုပြုစုစောင့်ရှောက်ရမယ် ဆိုတာကိုသိစေချင်လို့လမ်းညွှန် မှုလေးတွေကိုကျွန်တော်တင်ပြလိုက်ပါတ ယ်............ 1။ သရော်လှောင်ပြောင်မှုများကို ခံယူကြီးပြင်းလာရသောကလေးသည် သူရဲဘောကြောင်သူဖြစ်လာတတ်သည်။ 2။ ဝေဖန်ပြစ်တင်မှုများကိုခံယူကြီးပြင်းလာရသောကလေးသည် သူတစ်ပါးအပြစ်တင်တတ်သူ၊ ရှုတ်ချတတ်သူ ဖြစ်လာရန်အလားအလာရှိသည်။ 3။ မယုံသင်္ကာမှုများအကြားကြီးပြင်းလာရသောကလေးသည် ကောက်ကျစ်စဉ်းလဲသူဖြစ်လာတတ်သည်။ 4။ မိမိအား ဆန့်ကျင်ဘက်ပြုခြင်းကိုခံယူကြီးပြင်းလာရသောကလေးသည် ရန်လိုသူဖြစ်လာတတ်သည်။ 5။ ကြင်နာမှု၊ ယုယမှုများကိုခံယူကြီးပြင်းလာရသောကလေးသည် သူတစ်ပါးအပေါ်မေတ္တာထားရန်နားလည်သူဖြစ်လာတတ်သည်။ 6။ အားပေးထောက်ခံမှုများကိရရှိပြီးကြီးပြင်းလာရသောကလေးသည်

ပူပင် ရှုပ်ထွေးမှုတွေ ကင်းပါစေ.

Image
ပူပင် ရှုပ်ထွေးမှုတွေ ကင်းပါစေ. ....... တိတ်ဆိတ်ခြင်းကို ရွေးပါ တစ်ခါတလေ သင်ဟာ တစ်ပါးသူရဲ့ အထင်လွဲမှုကို ခံရတယ်။ ဒါကို မဖြေရှင်းချင်တဲ့အခါ တိတ်ဆိတ်ခြင်းကိုသင်ရွေးလိမ့်မယ်။  အစကတည်းက လူတိုင်းဟာ သင့်ကိုနား လည်သူတွေ မဟုတ်ဘူး။ဒါကြောင့်  လောကကြီးကို ကိုယ့်ဒုက္ခတွေ  ကြော်ညာစရာမလိုဘူးလို့ သင်ထင်တယ်။ တစ်ခါတလေမှာ သင့်အချစ်ဆုံးသူတွေက သင့်အပေါ် သဘောထားလွဲမယ်။ ဒီလိုအချိန်မျိုးမှာ သင်နာကျင်ခံစားရပြီး မဖြေရှင်းချင်တဲ့အခါ တိတ်ဆိတ်ခြင်းကို သင်ရွေးပါ။ လောကတစ်ခုလုံး သင့်ကို နားမလည်ချင်နေပါစေ။ သင့်အချစ်ဆုံးသူက သင့်ကို နားလည်သင့်တယ်။ တကယ်လို့ သူပါ သင့်ကို နားမလည်ခဲ့ရင် ဘာများပြောစရာ ရှိတော့မလဲ? ဒါကြောင့် တစ်ခါတလေ စကားမပြောချင်တော့တဲ့အခါ မပြောပါနဲ့။ ပြောဖန်များလည်း အရာမထင်တော့တဲ့အခါ ဆိတ်ဆိတ်နေခြင်းက အကောင်းဆုံး ဖြေရှင်းနည်းဖြစ်လိမ့်မယ်။ တည်ငြိမ်ခြင်းကို ရွေးပါ လူ့ဘဝရဲ့ ချောက်ကမ်းပါးထဲ သင်ပြုတ်ကျသွားတဲ့အချိန် သင့်ဘေးမှာရှိတဲ့လူတွေက သင့်ကို စိတ်ဓာတ်ကြံ့ခိုင်ဖို့၊ ပျော်ရွှင်ဖို့ အားပေးလိမ့်မယ်။ ဒီလိုအချိန်မျိုးမှာ စိတ်ဓာတ်ကြံ့ခိုင်ဖို့ဆိုတာ မရှိမဖြစ်လိုအပ်ပေမယ့် ပျော်ရွှင်ဖို့ဆိုတာ ခက်ခဲလိမ့်မယ်

အမျိုးသမီးများ မုဒိန်းကျင့်ခံရမှုမှ ကင်းဝေးစေဖို့ မှတ်စရာများ

Image
မုဒိမ်းမှုကာကွယ်ရေးအဖွဲ့ဟာ  ထောင်ထဲမှာ ရောက်နေတဲ့ မုဒိမ်းသမားတွေကို အင်တာဗျူးလုပ်ခဲ့ပါတယ်။ သူတို့ဆီကအကြမ်းဖက်မှုဖြစ်စေနိုင်တဲ့..  အချက်အလက်   တွေကိုလေ့လာပြီး ပြန်လည်ဝေမျှ လိုက်ရခြင်း ဖြစ်ပါတယ်… (၁) မုဒိမ်းကောင် တစ်ယောက်ဟာ မုဒိမ်းကျင့်ခါနီး အရင်ဦးဆုံး သတိထားကြည့်တာ ဆံပင်ပုံစံပါ။ နောက်ဆံပင်ကို အရင်းပိုင်းစုစည်းပြီး ဆံပင်အရှည်ချထားတဲ့ပုံစံ၊ ဆံထုံးထုံးထားတဲ့စံပင်ပုံစံ၊ ကျစ်ဆံမြှီးပုံစံ နဲ့ တခြား သူတို့ အလွယ်တကူ ဆံပင်ဆောင့်ဆွဲလို့ကောင်းတဲ့ပုံစံတွေ ကို ရွေးချယ်တတ်ကြပါတယ်။ ဆံပင် အတိုနဲ့ မိန်းကလေးထက် ဆံပင်အရှည်နဲ့ မိန်းကလေးကို သူတို့ရဲ့သားကောင်အဖြစ် ပိုရွေးချယ် တတ်ကြပါ တယ်။ (၂) ဒုတိယတစ်ချက်ကတော့ အ၀တ်အစားပါ။ မုဒိမ်းကောင်တွေဟာ အ၀တ်အစားအလွယ်တကူ ချွတ်ပစ် လို့ရမယ့် မိန်းကလေးမျိုးကို ရွေးချယ်ကြပါတယ်။ ရည်ရွယ်ချက်ရှိတဲ့ မုဒိမ်းကောင် အများစုဟာ အ၀တ် အစား တွေကို ဖြတ်ပစ်ဖို့ ကတ်ကြေး ယူဆောင်လာတတ်ကြပါတယ်။ (၃) မုဒိမ်းကောင်တွေဟာ ဖုန်းအသုံးပြုနေတဲ့မိန်းကလေးမျိုး၊ ပိုက်ဆံအိတ်ထဲက တစ်ခုခု ရှာဖွေနေတဲ့ မိန်းကလေးမျိုး ဒါမှမဟုတ် လမ်းလျှောက်ရင်း တစ်ခုခု အာရုံစူးစိုက်မှုလုပ်နေတဲ့ မိန်းကလေးမ

MTV မှာ ချွတ်ပြလို့ မိုင်လေဆိုင်းရပ်စ် လူကြည့်များ လူပြောများနေပြီ

Image
မိုင်လေဆိုင်းရပ်စ်ကသူ့ရဲ့သီချင်းရုပ်သံတပုဒ်မှာ အဝတ်အစားမပါတဲ့အခန်းတချို့ထည့်ထားတာကြောင့် ထင်ရှားကျော်ကြားကြယ်ပွင့်များသတင်းတွေထဲ ထိပ်တန်းရောက်နေပါတယ်။ဖျော်ဖြေရေးသတင်းများထဲမှာ ဒီကနေ့တော့ သူ့ပုံ သူ့သတင်းတွေချည်းပါပဲ။ သုံးမိနစ်ကျော်ကြာတဲ့သူ့သီချင်းသရုပ်ဖော်မှုမှာ အဝတ်မဲ့ပြကွက်တချို့ ထည့်ထားတဲ့အတွက် အငြင်းပွား ဖွယ် ဖြစ်နေပါတယ်။ ထောက်ခံသူတချို့ ရှိပေမယ့် မကြိုက်တဲ့သူအများအပြားက အွန်လိုင်းသတင်းတွေမှာ မှတ်ချက်တွေလိုက်ရေး ရှုတ်ချနေကြတာပါ။ အင်္ဂါနေ့က ဧရာဝတီဘလော့မှာ တခြားအဆိုတော်တယောက်အကြောင်း ရေးခဲ့ပြီးပါပြီ။ တရက်တာ

အမေ့မေတ္တာကို နားမလည်တဲ့ သားမိုက်

Image
ဒီဇာတ်လမ်းလေးက သင့်ရဲ့မျက်ရည်ကို  ချွေယူသွားပါလိမ့်မယ်..။ အရင်က တင်ဖူးပါတယ်..။ ဖတ်ကြည့်ကြပါ..။ အမေ့မေတ္တာကို နားမလည်တဲ့ သားမိုက် တစ်ယောက်ရဲ့ ဖွင့်ဟ ၀န်ခံချက်လေးပါ..။သံဝေဂ ရစရာပါ ..ပရိသတ်ကြီးဖတ်ကြည့်ကြပါ..။ ကျွန်တော် အမေ့ကိုမုန်းတယ်… အမေဟာ သူများတွေရဲ့ အမေနဲ့မတူဘူး…. မျက်လုံးတစ်ဘက်ပဲရှိတယ်…. ရုပ်ဆိုးလိုက်တာ… အရမ်းကို ရှက်ဖို့ ကောင်းတာပဲ… ဆိုင်လေး သေးသေး ၊ စုတ်ပြတ်ပြတ်လေးမှာ အမေက ဟင်းသီး ဟင်းရွက်လေးတွေ ရောင်းတယ်။ ဒီလို ဆင်းဆင်းရဲရဲ

ဒိန်ချဉ်ဘာကြောင့် သောက်သင့်သလဲ

Image
ဆေးပညာဆိုင်ရာဆောင်းပါးများ Lactobacillus Acidophilus လိုမျိုး သက်ရှိ ပိုးမွှားတွေဟာ ခန္ဓာကိုယ် အတွက် အကျိုးပြု ဘက်တီးရီးယား တွေဖြစ်ပြီး အစာခြေ စနစ်ကို ကောင်းမွန်စေတဲ့ အပြင် ခန္ဓာကိုယ် ကျန်းမာရေး အတွက်ပါ ကောင်းမွန် ပါတယ်။ Probiotic ခေါ်တဲ့ ခန္ဓာကိုယ် အကျိုးပြု ဘက်တီးရီးယားတွေ ပါဝင်တဲ့ဒိန်ချဉ် Cheese ကိုစားပြီး မီဆိုဟင်းချို သောက်ခြင်းဖြင့် အောက်ပါ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။ ကိုလက်စထရောအဆင့်လျှော့ချနိုင်ြ ခင်း ပဲပရိုတင်းနဲ့အတူ Probiotics တွေစားပေးတာဟာ သင့်ရဲ့မကောင်းတဲ့ ကိုလက်စထရော LDL အဆင့်ကို လျှော့ချ နိုင်ပါတယ်။ Wollongong တက္ကသိုလ်မှ သုတေသီတွေရဲ့ လေ့လာမှုအရ ပဲနို့ဒိန်ချဉ်သောက်

သတိ ကိုယ်ပျောက်လူသတ်သမား ဣတ္ထိယတို့အနားတွင်ရှိသည်

Image
သားဖွားနှင့် မီးယပ်အထူးကု ဆရာဝန်၏ တိုက်တွန်းမှုကြောင့်သာ ဆေးစစ်ခံခဲ့သည့် အသက် ၃၅ နှစ်အရွယ် မသန်းဌေး (နာမည်လွှဲ) သားအိမ်ခေါင်းကင်ဆာ ပထမအ ဆင့် ဖြစ်နေပြီဆိုသည့် ဆေးစစ်ချက် အဖြေရရှိချိန်တွင် ပြောစရာ စကားမရှိတော့အောင် တိတ်ဆိတ်သွားသည်”အဲ့လိုရောဂါရှိနေမယ်လို့ တစ်ခါ မှ မတွေးခဲ့ဖူးဘူး။ ကိုယ့်အနေအထိုင် ကြောင့်လည်း ဒီလိုရောဂါဖြစ်စရာ အ ကြောင်း မရှိဘူးလို့ပဲ ထင်တာပေါ့” ဟု သူမက ပြော သည်။ အမျိုးသားဖြစ်သူမှာ အလွန်ရှုပ် ပွေသည့်အတွက် မသန်းဌေး တစ်ယောက် သည်းမခံနိုင်ဖြစ်ကာ လွန်ခဲ့ သည့် ငါးလခန့်က တရားဝင် ကွာရှင်း ပစ်နိုင်ခဲ့သော်လည်း ထိုအမျိုး သားထံမှ ကူးစက်ခံခဲ့ရသည့်ရောဂါကိုတော့ လက် မခံချင်၍

ကိုယ့်ကိုယ်ကို အနိုင်ယူနည်း

Image
ကိုယ့်ကိုယ်ကို အနိုင်ယူနည်း ၁။ မိမိရဲ့လောဘများကို ဒါနတရားဖြင့်အနိုင်ယူပါ။ ၂။ မိမိတို့ရဲ့ ဒေါသများကို သီလတရားဖြင့်အနိုင်ယူပါ။ ၃။ မိမိတို့ရဲ့ မောဟများကို ဝိပဿနာတရားဖြင့်အနိုင်ယူပါ။ ၄။ မိမိတို့ရဲ့ သူတစ်ပါးအပေါ် ယှဉ်ပြိုင်လိုမှု များကို မေတ္တာ တရားဖြင့် အနိုင်ယူပါ။ ၅။ မိမိတို့ရဲ့ သူတစ်ပါးအပေါ် အနိုင်ယူလိုမှုများကို ကရုဏာတရားဖြင့် အနိုင်ယူပါ။ ၆။ မိမိတို့ရဲ့ သူတစ်ပါးအပေါ် မနာလိုမှုများကိုမုဒိတာတရားဖြင့် အနိုင်ယူပါ။ ၇။ မိမိတို့ရဲ့ သူတစ်ပါးအပေါ် ရန်လိုမှုများကိုဥပေက္ခာတရားဖြင့်အနိုင်ယူပါ။ ၈။ မိမိတို့ရဲ့ သူတစ်ပါးအပေါ် အပြစ်ပြောလိုမှုများကို ကိုယ်ချင်းစာတရားဖြင့် အနိုင်ယူပါ။ ၉။မိမိတို့ရဲ့မနောကံအကုသိုလ်များကိုဝစီကံကုသိုလ်များဖြင့်အနိုင်ယူပါ။ ၁၀။ မိမိတို့ရဲ့နိမ့်ကျနေတဲ့စိတ်များကို မိမိကိုယ်တိုင်မြှင့်တင်ခြင်းဖြင့်အနိုင်ယူပါ။                                                                     ( ချမ်းအေးဆရာတော် )

မောင့်သဘောအတိုင်းပါပဲ

Image
တခါတုန်းက ရွာတရွာမှာ ပညာရှိတစ်ဦးရှိတယ်။ ဒီပညာရှိဟာ လူတွေရဲ့ အခက်အခဲတွေ ၊ ပြဿနာတွေကို ဖြေရှင်းပေးနိုင်တော့ သူ့ရဲ့ကျော်စောသတင်းက သိပ်ကြီးနေတယ်။ရပ်ဝေး ရပ်နီးကလူတွေဟာ သူ့ဆီလာပြီးမေးကြ၊ မြန်းကြ၊ အကြံဉာဏ်ယူကြရတယ်။လာဘ်သပ္ပကာတွေကလည်း ဒီပညာရှိမှာ သိပ်ပေါများတယ်။ဒါကို ရွာမှာရှိတဲ့ လူရမ်းကား တသိုက်က သိပ်ကို မနာလို ဖြစ်နေကြတယ်။ဒါနဲ့ တနေ့မှာ ဒီလူရမ်းကားတွေကို ခေါင်းဆောင်လုပ်တဲ့ လူက “ဒီပညာရှိကို ဒို့တတွေ အရှက်ခွဲကြရအောင်” လို့ ပြောပြီးသူ့အပေါင်းအဖော်တွေနဲ့ ဘယ်ပုံဘယ်နည်းအရှက်ခွဲမယ်ဆိုတာ ဆွေးနွေးတိုင်ပင်ကြတယ်။တိုင်ပင်ဆွေးနွေးပြီးတော့ အများသဘောကျ အစီးအစဉ်တွေဆွဲတယ်။ ရမ်းကားတဲ့သူတွေဆိုတော့ ရမ်းကားတဲ့ အစီအစဉ်တွေပဲ