Posts

Showing posts from October 3, 2013

မျိုးချစ်စိတ် ကလေးကိုဖြင့် အလှမယ်လေး အောက်ဖဲ အသွင်းခံနိုင်ဘူးရယ်

Image
၁၊ ၁၀၊ ၇၀ နေ့က ထုတ်ဝေသော အိုးဝေဂျာနယ်ပါ မောင်လူချော၏ ဆောင်းပါးမှ ဆရာသန်းထွန်း၏ သရုပ်ဖော်ပုံကို ပြန်လည်အသုံးပြုထားခြင်း ဖြစ်ပါသည်။ ကဲ … စာဖတ် ပရိသတ် တို့ရေ …တစ်ခါလာလည်း ပြည်သူ့ ဘက်သား တို့ဘက်သား၊ တစ်ခါ လာလည်း ပြည်သူ သာလျှင် အာဏာရှင်လို့ ပြောပြော နေရ လွန်းလို့ မောလှပြီ။ မပြောရင် မသိတဲ့ သူတွေ ရှိလို့လည်း ဆက်ပြော နေရတယ် မှတ်ပါဗျာ။ ဒီတော့ အလှည့် အပြောင်း လေးလည်း ဖြစ်အောင်၊ ဆိုတော့ ဘယ်ဘက်ကို လှည့်ကြ မတုန်းဗျို့။ တစ်နေ့ တစ်နေ့ စိတ်မောစရာ၊ စိတ်ပင်ပန်း စရာတွေကြား မောပန်း ဖြေစ ရာများ ဆိုပြီး ဟိုဘက် နည်းနည်း တိုးလိုက် ကြရ အောင်လား။ ပရိသတ်ရေ … ဒီလပိုင်းထဲ တို့ဗမာကွလို့ လက်သီးထောင်၊ အာခေါင်ခြစ်၊ နဖူးကြောတွေ တင်းတင်း လာအောင် ဂုဏ်ယူ ၀င့်ကြွား ချီးကျူး စကား ပြောရမယ့် ကိစ္စတွေ ရှိနေတယ် မဟုတ်လား ကွယ်ရို့။ စုတ်လိုက် တာမှ လွန်ရော၊ ချာလိုက်တာမှ ကမ်းကို ကုန်ရော ဆိုတဲ့ အ၀ိုင်းလေး လည်တယ် လည်တယ်နဲ့ ဖွတ်ကလိ ဒင်္ဂါး (ဆရာ အီကြာ ကွေးရေ …ဆရာ့ စကား ခိုးသုံး တယ်လို့ မထင်ဘဲ မျှဝေတယ်လို့ သဘော ထားပေးပါ) ပါပါ သွားတဲ့ ပုံပျက် ပန်းပျက် အင်တာနက်နဲ့ အားပေး လိုက်ကြ ရတာ တို့မြန်မာတွေ ကမ္ဘာ့ အလယ် ၀င့်ထည် ခဲ့တ

အိမ်မက်ဆိုးတွေကနေ နိုးထပေးကြပါတော့ မြန်မာမိန်းကလေးတွေရယ်

Image
*ဟေ့ကောင် ငါဆော်ကို ငါက စင်ကာပူမှာလို့ ပြောထားတာကွ ။ ငါ့ facebook မှာလည်း စင်ကာပူလို့ဘဲ ရေးထားတယ် ။ ဖုန်းဆက်နေတဲ့ စင်ကာပူက ကောင်မလေးကလည်း လာလည်မယ်ပြောတယ် ။ လာလည်ရင်တော့ အေးဆေးဆေး ဟိုတည်ဘဲ သွားတည်းတော့မယ် ။* ပျံ့လွင့်လာတဲ့ စကားသံတွေက ကိုယ်နဲ့ မဆိုင်ပေမယ့် နားထဲရောက်လာတာမို့ ကြားနေရတယ် ။ ကြားလိုက်မိတော့ ရင်မောပြန်တယ် ။ လူတွေ ရဲ့ အတွေးခေါ် အယူဆတွေ ဘာကြောင့် ဒီလောက်ထိ ပေါ့တန် သိမ်ဖျင်းလာရသလဲ ။ တစ်နေ့ တစ်နေ့ မကြားချင်လည်းကြးနေရတယ် ။ မမြင်ချင်လည်း မြင်နေရတဲ့ မြင်ကွင်းတွေ ၊ အသံတွေကို မုန်းလာသလိုထိ ရင်ထဲမှာ ခံစားလာရတယ်ဆို ပိုလိုက်တာလို့ ပြောကြမလား မသိဘူးနော် ။ ယနေ့ ခေတ်စားလာတဲ့ ချက်တင် ချစ်သူတွေ ၊ ဖုန်းချစ်သူတွေ အဖြစ်ပေါ့ရှင် ။ facebook မှာရေးထားတဲ့

အညှီအဟောက်တွေနဲ့ စည်းကားခဲ့တဲ့ VMA ညရဲ့ ပုံရိပ်များစုစည်းမူ

Image
ခုတလောအင်တာနက်စာမျက်နှာပေါ်မှာ ပြန်နှံ့နေတဲ့ VMA ဂီတဖျော်ဖြေပွဲနဲ့ ဆုပေးပွဲဆိုရင် ထပ်ပြီးမိတ်ဆက်ပေးစရာလိုမယ်မထင်ပါဘူး။ ဒါကြောင့် ဖျော်ဖြေမူပုံရိပ်တွေနဲ့ ဝတ်စားဆင်ယဉ်မူဒီဇိုင်းများကိုစုစည်း တင်ဆက်ပေးမှာဖြစ်ပြီး သတင်းကြီးနေတဲ့ မိုင်လေးဆိုင်းရက်စ်နှင့် ထုံးစံအတိုင်း ပုရိသအကြိုက် ဖျော်ဖြေတဲ့ လေဒီဂါဂါတို့ရဲ့ ပုံရိပ်တွေကို မြင်တွေ့ရမှာပါ။ Taylor Swift နဲ့ Selena Gomez တို့ကတော့ ပုံမှန်ပွဲတက်တဲ့ ဒီဇိုင်းနဲ့မြင် တွေ့ခဲ့ရပြီး ကျန်အဆိုတော်တွေရဲ့ ပုံရိပ်များကိုစုစည်းတင်ဆက်ပေးလိုက် ပါတယ်။ တင်ဆက်ပေးထားသော ရုပ်ပုံများမှာ၊ဖက်ရှင်အသားပေးရုပ်ပုံများနှင့် နာမည်ကျော်ဖျော်ဖြေထားသောရုပ်ပုံများကိုစုစည်းထားခြင်းဖြစ်သည်။ နဂိုမူရင်းပုံရိပ်များကိုသာတင်ဆက်ပေးထားတာဖြစ်တဲ့အတွက် မိမိကိုယ်ကို ဆင်ယှဉ်ကြည့်ရှုရန် ကြိုတင်အသိပေးအပ်ပါသည်။  Myawady News ပွဲတက်လမ်းတွင်ဓာတ်ပုံအရိုက်ခံသည့် Katty Parry ကိုမြင်တွေ့ရစဉ် လေဒီဂါဂါရဲ့ အကြမ်းစားဖျော်ဖြေမူ

အတင့်ရဲပြည့်တန်ဆာလုပ်ငန်း ကြီးလေးသောပြစ်ဒဏ်ချ ၍ နှိပ်ကွပ်ရန် ညွှန်ကြားထားဟု ဆို

Image
အတင့်ရဲလာသည့် ပြည့်တန်ဆာ လုပ်ငန်းနှင့်မိန်းကလေးများအား အ ရောင်းအဝယ်ပြုလုပ်ခြင်းကို နှိပ်ကွပ် ရန်အတွက် ကြီးလေးသည့်ပြစ်ဒဏ် များကိုသာ ချမှတ်ရန် တရားရုံးအားလုံး သို့ ညွှန်ကြားချက်ပေးပို့ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင် ဝင်းကပြောသည်။ အဆိုပါလုပ်ငန်းများကို ၁၉၄၉ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ပြည့်တန်ဆာ နှိပ်ကွပ်ရေးဥပဒေဖြင့်သာ အရေးယူ လျက်ရှိပြီး တရားရုံးချုပ်နှင့် တရား လွှတ်တော်တို့၏ ညွှန် ကြားမှုများထပ်မံ ထုတ်ပြန်ကာ ထပ်ဆင့်အားဖြည့်၍ ထိ ရောက်စွာအရေးယူနိုင်ရေးကို ဆောင် ရွက်နေသည်ဟု ဝန်ကြီးက ပြောသည်။ ခေတ်ကာလအလျောက် ပြည့် တန်ဆာလုပ်ငန်းများ များပြားလာသဖြင့် ယင်းကိုမနှိမ်နင်းနိုင်ပါက

ခွေးလေခွေးလွင့်များ စောင့်ရှောက်ရေး ဂေဟာ ဖွင့်မည်

Image
ရွှေပျောက်ကျေးရွာတွင် စောင့်ရှောက်ထားသည့်  ခွေးလေခွေးလွင့်များ (ဓာတ်ပုံ – ကျော်ဖြိုးသာ / ဧရာဝတီ) လမ်းဘေးရောက် ခွေးလေခွေးလွင့်များ နှင့်စွန့်ပစ်ခွေးများကိုထိန်းသိမ်း စောင့်ရှောက်ပေးသွားမည့်ပုဂ္ဂလိက  ခွေးစောင့်ရှောက်ရေး ဂေဟာတခုဖွင့်လှစ်ရန်စီစဉ်နေကြောင်းသိရသည်။ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့၊  ရွှေပျောက်ကျေးရွာတွင် ယာယီခြံဖြင့် စောင့်ရှောက်ထားသည့် ခွေးကောင်ရေ ၁၀၀ ဝန်းကျင် အပါအဝင် နောက်ထပ် ရောက်ရှိလာနိုင်သည့် လမ်းဘေးလေလွင့်ခွေးများကိုပါ ဆက်လက် စောင့်ရှောက် သွားနိုင်ရေးအတွက် ခွေးစောင့်ရှောက်ရေး ဂေဟာ ဖွင့်လှစ်ရန် စီစဉ်နေခြင်း ဖြစ်ကြောင်း ခွေးချစ်သူတတ်သူ တဦးဖြစ်သည့် မမြတ်သက်မွန်က ပြောသည်။ မမြတ်သက်မွန်သည် ပြီးခဲ့သည့် သြဂုတ်လအတွင်းက မန္တလေးတိုင်း၊ ပလိပ်မြို့မှ ဦးထွန်းလင်းဆိုသူ တရုတ်နိုင်ငံသို့ ပို့ဆောင်မည့် ခွေးကောင်းရေ ၁၃၉  ကောင်ကို ကယ်တင်ပြီး ရန်ကုန်မြို့သို့ သယ်ယူ စောင့်ရှောက်ထားခဲ့ပြီးနောက် တခြား လမ်းဘေး ခွေးလေခွေးလွင့်များ အပါအဝင် မည်သည့်ခွေးကိုမဆို စောင့်ရှောက်ပေးရန် ကြိုးစားနေသည့် ခွေးချစ်တတ်သူ တဦးဖြစ်သည်။ “ယာယီခြံကလည်း အမြဲ အဆင်မပြေနိုင်တော့ ခွေးစောင့်ရှောက်

တတိယအရွယ်၏ အထီးကျန်နေ့ရက်များ

Image
သက်ကြီးမိဘအိမ်ကို သားသမီးတွေက တစ်ပတ်တစ်ခါပြန်ပြီး တွေ့ရမယ်။ မတွေ့ရင် အရေးယူခံရမယ်ဆိုပြီး ဥပဒေတစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။ ဒီဥပဒေ ထုတ်ပြန်လိုက်ရတာကတော့ သက်ကြီးမိဘတွေကို သားသမီးတွေက အိမ်မှာပစ်ထားပြီး လာရောက် တွေ့ဆုံမှု မရှိတာတွေ ပိုမိုများပြား လာတဲ့အတွက် အစိုးရက ဥပဒေထုတ်ပြီး လာရောက်တွေ့ဆုံဖို့ စီစဉ်ရပါတော့တယ်။ ဒီဥပဒေ ထုတ်ပြန်လိုက်တဲ့ နိုင်ငံကတော့ အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံမှာပါ။ ဒီလိုမျိုး ဥပဒေထုတ်ရတာ ဘာကြောင့်ပါလဲ။ ဥပဒေထုတ်ပြီး ဆောင်ရွက်နေရပြီ ဆိုရင်တော့ အခြေအနေ ဆိုးရွားလို့ ထုတ်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါဟာ ပြောင်းလဲလာတဲ့ လူနေမှု ပုံစံတွေနဲ့ရေကြည်ရာ မြက်နုရာကို ရှာဖွေလာရမှု တွေကြောင့်က အစပြုလို့ နေပါတယ်။ အရင်ကတော့ သက်ကြီး ဘိုးဘွားတွေကို မိမိတို့ နေအိမ်မှာ တခမ်းတနား၊ တလေးတစား ထားရှိပြီး ပြုစုစောင့်ရှောက်ဖို့ အချိန်နဲ့ စားဝတ်နေရေးအတွက် ပူပင်မှုမရှိဘဲ နေနိုင်ခဲ့ကြပါတယ်။ အရင်လို အိမ်ထောင်ဦးစီး တစ်ဦးတည်း ရှာဖွေမှုနဲ့ မလုံလောက်တဲ့အခါ

ဒုက္ခသည် အမျိုးသမီး တဦး ပဟေဠိဆန်စွာ သေဆုံး

Image
ပဟေဠိ ဆန်စွာ သေဆုံးနေတဲ့ ဒုက္ခသည် ကရင်အမျိုးသမီး ထိုင်း-မြန်မာနယ်စပ်မယ်လဒုက္ခသည်စခန်းကအသက်၃၇ နှစ်အရွယ်အမျိုးသမီးတဦး၂ရက်ကြာ ပျောက်ဆုံးနေရာကဒီနေ့မနက်ပိုင်းမှာဒုက္ခသည်စခန်းအပြင်ဘက်ကားလမ်းဘေးက တောအုပ်ကြား ကနေသူ့အလောင်းကို ပြန်လည် တွေ့ရှိရတယ်လို့တာဝန်ရှိသူတွေက ပြောပြပါတယ်။မရွှေလှအေးလို့ခေါ်တဲ့အဲဒီကရင်အမျိုးသမီးဟာတနင်္လာနေ့ နေ့လယ်ပိုင်းကတည်းက ပျောက်ဆုံးနေခဲ့တာဖြစ်ပြီး အင်္ဂါနေ့က ဒုက္ခသည်စခန်းတခုလုံး ၀ိုင်းဝန်းရှာဖွေခဲ့ပေမယ့် မတွေ့ရှိဘဲ ဒီနေ့မနက် ၇ နာရီ လောက်မှ ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ “တနင်္လာနေ့က စခန်းတွင်း ရိက္ခာဝေတဲ့ နေ့လေ။ ရိက္ခာ လက်ခံလာယူဖို့ သူ့နာမည်ခေါ်တဲ့အခါ သူ မရှိတော့ဘူး။ ဈေးဆိုင် သွားမယ်ဆိုပြီး ထွက်သွားတာတဲ့။ ညအထိ ပြန်မရောက်တာကြောင့် မိသားစုက လိုက်ရှာခဲ့တယ်။ မတွေ့တော့ ကျမတို့ဆီ အမှုလာတိုင်တယ်။ နောက်နေ့ မနက်အထိ မတွေ့တော့၂၄ ရက်နေ့မှာ သူ့ဓာတ်ပုံတွေကို စခန်းထဲမှာ လိုက်ကပ်ပြီး ထပ်ရှာ တယ်။ ဒီနေ့မနက်မှ စခန်းအပြင်ဘက် စိုးလု ရွာနား သွားတဲ့လမ်းဘေးမှာ ပြန်တွေ့တာ”လို့ ကရင် အမျိုးသမီး အစည်းအရုံး မှ ဒေါ်အေးက ဧရာဝတီကို ပြောပါတယ်။ အပေါ်ဝတ်အကျီ၊ ဘောင်းဘီနဲ့ အတွင်းခံတွေ မရ

အမေဘယ်လိုရှာမလဲ { ဖြစ်ရပ်မှန်ဆောင်းပါး }

Image
မအားလို့ မရေးဖြစ်တဲ့ ကျွန်မအတွက် ရေးစရာအကြောင်းလေး ပေါ်လာပြန်တော့ ဖြစ်ကြောင်းကုန်စင် ရေးလိုက်ရပြန်ပါပြီ။ ၁၆-၉-၂၀၁၃ ညနေ (၅) နာရီခွဲလောက်အချိန်မှာပေါ့ အသက် (၂၁) နှစ်အရွယ် တက်သစ်စ လူငယ်လေးတစ်ယောက် ထိုင်းနိုင်ငံ၊ မယ် ဆိုင်မြို့လေးမှာ ယောင်လည်လည်နဲ့ ဘယ်သွားရမှန်းမသိ၊ ဂျိုင်းထောက်ကိုအားပြုလို့ အမိမြန်မာနိုင်ငံအလံတွေ လွှင့်ထူထားတဲ့ တာချီလိတ်မြို့ကို မြင်လိုက်ရတော့ လှမ်းနေတဲ့ခြေလှမ်းတွေ၊ အမိမြန်မာနိုင်ငံကို အားကိုးကြီးစွာနဲ့ မယ်ဆိုင်-တာချီလိတ် အမှတ် (၁) ချစ်ကြည်ရေးတံတားပေါ်မှာ ယိုင်နဲ့နဲ့ခြေလှမ်းတွေနဲ့ အားအင်တွေထည့်ပြီး လျှောက်ခဲ့တာ ည (၆) နာရီ မှောင်စပျိုး တံတားကြီးပိတ်တော့ တာချီလိတ်မြို့ကို ရောက်ခဲ့ရပြီပေါ့။ တာချီလိတ်မြို့ကို ရောက်ခဲ့ပြန်တော့ အားကိုးစရာ ရှာခဲ့ရပြန်ပါတယ်။ အားတင်းလျှောက်နေရင်း ဗြုန်းဆို မိုးတွေ ရွာချလိုက်ပါရော၊ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလို အသိမရှိ၊ သွားစရာမရှိ၊ စားစရာမရှိ အားငယ်စိတ်တွေနဲ့ ပြန်လာခဲ့ပေမယ့် ဘယ်သွားလို့ ဘယ်လာရမှန်းမသိတော့ ရှေ့မှာမြင်တွေ့ရတဲ့ ရပ်ကွက်ရုံးလေး တစ်ခုကိုဝင်ပြီး နားခိုခွင့်လေးတောင်းလိုက်ပါတယ်။ အော်သာခေါ်နေပေမယ့် ရုံးထဲမှာ

အဖေသို့ သမီးပေးစာ

Image
အဖေသို့ သမီးပေးစာ ၁၆ နှစ်အရွယ် သမီးလေး အခန်းထဲသို့ အဖေ ဖြစ်သူ ဝင်လာပါတယ်။ သမီး မရှိပဲ အခန်းက သပ်ရပ်နေပြီး စာတစ်စောင် စားပွဲပေါ်မှာ တင်ထား တာ တွေ့ လိုက်ပါတယ်။ စာကို ဖတ်ကြည့်တဲ့အခါ ချစ်သော ဖေဖေ ဒီစာကိုရေးရတဲ့အတွက် စိတ်မကောင်းပါဘူး။ ဖေဖေနဲ့ မေမေကို တကယ် ချစ်ပါတယ်။ သို့ပေမယ့် သမီးနဲ့ ချစ်သူနောက်ကို အပြီးလိုက်သွားပါပြီ။ စိတ်မဆိုးပါနဲ့ ဖေဖေ။ သူက သမီးအပေါ် ကောင်းပါတယ်။ အပြင်ပန်းက တက်တူးတွေ၊ ဆေးမင်ကြောင်တွေ ဘယ်လောက်ပဲ များများ သူ သမီးကို တကယ်ချစ်တာ ခံစားမိပါတယ်။ သမီးထက် ၁၄ နှစ်ကြီး ပိုကြီး တယ်လေ။ အိမ်ထောင်ကွဲပေါ့။ သို့ပေမယ့် သူ့ဇာတ်လမ်းတွေ ပျက်သွားပြီိလို့ ကတိပေး ထားတယ်။ သူ ကတိဖျက်တာ ၁၅ ခါ မကပေမယ့် ဒီတစ်ခါတော့ နောက် ဆုံး ဖြစ်မယ်လို့ သမီးယုံကြည်တယ်လေ။ သမီးမှာလည်း ကိုယ်ဝန်ရှိနေပြီလေ။ ငယ်သေးပေမယ့် ဒီအရွယ်မှာ မွေးလို့ ဘာမှ မဖြစ်ပါဘူး။ ကလေးတွေအများကြီးမွေးပြီး ဘဝတည်ဆောက်ဖို့လည်း သမီးဆန္ဒရှိတယ်။ သူလည်း ဒီတိုင်းပဲလေ။ ဒီအတွက် ဖေဖေ စိတ်မပူပါနဲ့။ သူ့မှာ အလုပ်အကိုင်မရှိဘူးဆိုတာ မှန်ပါတယ်။ သို့ပေမယ့် မြို့ မှာ

ကယ်ရာမဲ့ဘဝမှ ကယ်တင်ရှင်ဖြစ်လာသူ

Image
Written by  အယ်ဒီတာတစ်ဦး  “မိသားစုရဲ့ လုံခြုံနွေးထွေးတဲ့ စောင့်ရှောက်မှုကို ခံနေရသူတွေကတော့ အဓမ္မကျင့်တယ်ဆိုတာ ဘယ်နားလည်ပါ့မလဲ။ အဲဒီလိုလူတွေကို ဘဝပြန်လည် ထူထောင်ရေးဆိုတဲ့ စကားကို နားလည်အောင် ဘယ်လိုပြောရမလဲ” ထိုစကားကို ပြောလိုက်သူမှာ အမျိုးသမီးတစ်ယောက် ဖြစ်ပါသည်။ သူမ၏စကားတွေက ဒေါသသံတွေ လွှမ်းနေသဖြင့် ဒေါသသင့်သော စကားများဟု ဆိုနိုင်သည်။ တစ်နည်းဆိုရလျှင် သူမ၏ စကားတွေက တရားမျှတမှုကို တောင်းဆိုနေသည်။ မီဒီယာ၏ လစ်ဟာချက်များကို ထောက်ပြနေသည်။ လူ့ဘောင် အဖွဲ့အစည်း၏ စိတ်ပျက်စရာများကို ဖော်ထုတ်ပြသလို ဖြစ်နေသည်။ ထိုဒေါသ စကားများကို ပြောကြားသည့်သူမှာ ဆူနီသာခရစ်ရှနန် ဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် ခေတ် အစားဆုံး မုဒိမ်းကျင့်မှုကို ကိုယ်တွေ့ခံစားခဲ့ရသူ ဖြစ်သည်။ သူတို့လူ့ဘောင်တွင် မုဒိမ်းအကျင့်ခံရသူ တစ်ယောက်ကို အသိုင်းအဝိုင်းက ဖယ်ကြဉ်ထားလေ့ ရှိသဖြင့် ထိုဒုက္ခကို ခံစားရသော်လည်း ဘဝကို အရှုံးမပေးခဲ့သူ တစ်ယောက် ဖြစ်သည်။ သူမကို ယောက်ျားကြီးရှစ်ဦးက အဓမ္မ ဝိုင်းကျင့်စဉ်က အသက် ၁၅ နှစ်အရွယ်သာ ရှိသေးသည်။ အရွယ်နှင့်မမျှ အဓမ္မဒဏ်ကို ခံလိုက်ရသော်လည်း သူ့လိုဘဝမျိုး ရောက်သူများအတွက် ပြန်လည် ထူထောင်ရန် ခိုက

မန္တလေးတွင် သုံးလောင်းပြိုင် လူသတ်မှုဖြစ်ပွား

Image
  October 3, 2013 လူသတ်မှု ဖြစ်ပွားသည့် Panasonic co.ltd ကုမ္ပဏီ ဂိုဒေါင်ဝင်း  (ဓာတ်ပုံ – မင်းထက်ငြိမ်းချမ်း / ဧရာဝတီ) မန္တလေးချမ်းမြသာစည်မြို့သစ်Panasonicကုမ္ပဏီ၏ဂိုဒေါင်ဝင်းအတွင်းသုံးလောင်းပြိုင်လူသတ်မှုပြီးခဲ့သည့်အင်္ဂါနေ့က ဖြစ်ပွားသည်။လုံခြုံရေးဝန်ထမ်းများအသတ်ခံရခြင်းဖြစ်ပြီး သေဆုံးသူများမှာအမရပူရမြိုနယ်တွင် နေထိုင်သူများဖြစ်သည့်ဦးဟန်သောင်း၊ဦးတင်လှိုင်၊ ဒေါ်ကြည်ကြည်ဟန်(ခ) ဒေါ်ခင်ခင်ဝင်း တို့ ဖြစ်သည်။ ဦးဟန်သောင်း၏ သမီး မသန်းသန်းဟန် က“၂ ရက်နေ့ မနက်ကျမှ ကျမတို့ သိရတယ်၊ အဲဒါလည်း ကုမ္ပဏီကို သွားတဲ့ကလေး တယောက်က ၀င်းထဲမှာ ရဲတွေနဲ့လူတွေ အများကြီး ကျမအဖေကို ပက်လက်ကြီး တွေ့ရတယ်၊ သေပြီလားမသိဘူးဆိုပြီး ဖုန်းလှမ်းဆက်လို့ လိုက်သွားရတာ၊ ပါးစပ်ထဲလည်း