Posts

Showing posts from August 31, 2013

ကာမေသုအကြောင်းသိကောင်းစရာ

Image
မေး : ကာမေသု မိစ္ဆာစာရကံကို အမျိုးသားများသာမက အမျိုသမီးများပါ ထိုက်သည်ဆိုပါ လျှင် မည်သည့်အမှုမျိုးမှာ အမျိုးသမီးများ ကံထိုက်ပါသနည်း။ အိမ်ထောင် မရှိသူများ လွတ်လပ်စွာနေကြလျှင် ကံထိုက်မထိုက်  ဖြေကြားပေးပါဘုရား။ ဖြေ :ကာမေသူတိ မေထုနသမာစာရေသု။ ကာမေသူတိ - ကာမေသု ဟူသည်ကား၊ မေထုနသမာစာရေသု - မေထုန်အကျင့်တို့၌။ မိစ္ဆာစာရောတိ ဧကန္တနိန္ဒိတော လာမကာစာရော။ [ ပဋိသံ၊ ဋ္ဌ၊ ၁၊ ၂၀၄] မိစ္ဆာစာရောတိ - မိစ္ဆာစာရဟူသည်ကား၊ ဧကန္တနိန္ဒိတော - စင်စစ်ကဲ့ရဲ့ထိုက်သော၊ လာမကာစာရော- ယုတ်မာသောအကျင့်တည်း။ အထက်ပါဖွင့်ဆိုချက်အရ ကာမေသု မိစ္ဆာစာရ - ဟူသောပုဒ်တွင် ကာမေသု အရ မေထုန်မှု့၊ မိစ္ဆာစာရ အရ စင်စစ်ဧကန် အမှန်ပင် ကဲ့ရဲ့ထိုင်သော ယုတ်ယုတ်မာမာပြုကျင့်မှု့- ကို ယူရပါမည်။ မှန်ပါသည်။ လောကတွင် ကိုယ့်လင် ကိုယ့်မယား၊ စည်းစိမ်ခံစားဘက် အချင်းချင်း သွားလာ ဆက်ဆံခြင်း ကို

သူ့အိုးနဲ့သူဆန်

Image
(ဘယ်နှစ်ခေါက်ဖတ်ဖတ် ရိုးမသွားတဲ့ ပို့စ်လေးတစ်ခု) Level of Being!!!! ဒီနေ့ပြောချင်တဲ့ အကြောင်းအရာမှာ အဓိကကျတဲ့ စကားတစ်ခွန်း ပါနေတယ်။ အဲဒီစကားလုံးက ဘာလဲဆိုတော့ Level of being ပါ။ level ဆိုတဲ့စကားလုံးကို သိကြမှာပါ။ အဆင့်ဆင့်ရှိတာကို ပြောတာ။ being ဆိုတာက “ဘဝအခြေအနေ” ကိုပြောတာပါ။ စိတ်နေစိတ်ထားအခြေအနေ၊ အသိညဏ်အခြေအနေလို့လည်း အဓိပ္မါယ်ကောက်လို့ရတယ်။ ဒီလောကကြီးမှာ သတ္တဝါတွေ အမျိုးမျိုးရှိတယ်။ တစ်မျိုးနဲ့တစ်မျိုး မတူကြဘူး။ မတူကြတော့ သူတို့ရဲ့ level of being လည်း မတူဘူး။ level of being မတူရင် သူတို့ဘဝအခြေအနေဟာလည်း တူမှာမဟုတ်ဘူး။ Level of being ဆိုတာကို တိရစ္တာန်လောကနဲ့ ဥပမာတစ်ခု ပြောရမယ်ဆိုရင်-- အင်မတန်နိမ့်တဲ့ တိရစ္တာန်တစ်မျိုး တီကောင်ဆိုပါတော့။ တီကောင်ရဲ့လောကမှာ အလင်းအမှောင်ဆိုတာ ရေးတေးတေးပဲ ရှိတယ်။ သူဘာမှ သေသေချာချာ မမြင်ရဘူး။ ပုံသဏ္ဌာန် shape ကို သူပီပီပြင်ပြင် မမြင်နိုင်ဘူး။ အသံကိုလည်း ပီပီပြင်ပြင်
Image
မိတ်ဆွေ အမြင့်တက်လို့ ပြုတ်ကျတိုင်း စိတ်ဓါတ်ကျနေရင် မင်းအမြင့်ကိုဘယ်တော့မှရောက်မှာမဟုတ်ဘူး ၊ လူတစ်ယောက်ရဲ့ လုပ်နိုင်စွမ်းကို ဘယ်တော့မှ လျှော့မတွက်နဲ့ ။ ။ ။

မှတ်သားဖွယ်ကောင်းသည့် ကံစီမံခြင်း မခံရလေအောင်

Image
  ကြားဖူးတာလေး တစ်ခုက... သားသတ်လိုင်စင်ရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ သတ်ဖြတ်နေရင် စီးပွားတွေ တက်နေပြီး မကောင်းမှန်း သိလို့ အခြားသမ္မာအာဇီဝ အလုပ်လုပ်ရင် စီးပွားတွေ ကျပါသတဲ့။ အဲဒါ ဘာကြောင့်ပါလဲ၊ ကံက စီမံနေလို့ပါပဲ..။ ချမ်းသာတာဟာ အတိတ်က ကောင်းမှုကြောင့်ဆိုရင် ပစ္စုပ္ပန်မကောင်းမှုက အတိတ်ကောင်းမှုကို ထောက်ပံ့လို့ ချမ်းသာတာလား။ မ ဟုတ်ပါဘူး။ နှိပ်စက်လို့ ချမ်းသာတာပါ။ ဘယ်လိုနှိပ်စက်လဲဆိုရင် ကောင်းမှုအကျိုးတွေ မြန်မြန်ကုန်သွားအောင် နှိပ်စက်တာပါ။ ဒါမှ မကောင်းမှုအသစ်ရဲ့ အကျိုးတွေ မြန်မြန်ဝင်နိုင်ပါမယ်။ (ပျားရည်သုတ်ထားတဲ့ ဓားသွားကို လျှက်နေသလို ပျားရည်က ပါးပါးလေးရယ်ပါ။ အဲဒါကို အဟုတ်ထင်ပြီး ဆက်လျှက်နေရင် လျှာပြတ်ဖို့ပဲရှိပါတယ်။) (အကျိုးမပေးသေးခင်တော့ မကောင်းမှုကို ပျားသကာလို ထင်ကြတယ်လို့ ဓမ္မပဒထဲမှာ ဥပ္ပလဝဏ္ဏာထေရီကို ဖျက်ဆီးတဲ့ နန္ဒလုလင်နဲ့ ပက်သတ်ပြီး မြတ်စွာဘုရားရှင်က ဟောတော်မူခဲ့ပါတယ်။) ဒါဆို ကောင်းတာလုပ်ပြီး ဆင်းရဲတာကရော။ ပစ္စုပ္ပန်ကောင်းမှုက ချမ်းသာကို နှိပ်စက်လို့ ဆင်းရဲတာလား။ မဟုတ်ပါဘူး။ ထောက်ပံ့တာပါ။ ဆင်းရဲတွေကုန်သွားပြီး

ဘယ်တော့မှ...အညွန့်မညှိုးတော့မယ့် အလံရှင်.....

Image
နေထွက်နေဝင် ရှုရှိုက်နေကြတဲ့ လေတွေတောင် စည်းချက်မမှန် ကတိုက်ကရိုက် ၊ မိုးလင်းမိုးချုပ် စဉ်းစားမိတာတိုင်းက ငါတို့ မြန်ပြည် ... သာယာလှပအေးချမ်းစေဖို့...တဲ ၊့  နယ်ချဲ့ဆို ဘွာမခတ် တတ်သမျှ ရသတွေနဲ့ တွန်းလှန် "ချွန်း"မကျန်တော့တောင်မှ တံတောင်နဲ့ ခရီးဆက်မယ့် သခင်၊ နေဝန်း ဆိုတာ သဘာဝ မို့ ရှိစေတော့ ပုထုဇာဉ် လောကသားမပီသ

အပျို့ ရင်သား၊ အိမ်ထောင်သည် ရင်သားနဲ့ ဘယ်လိုကွာခြားလဲ

Image
အပျို့ ရင်သား၊ အိမ်ထောင်သည် ရင်သားနဲ့ ဘယ်လိုကွာခြားလဲ...? တစ်နေ့တုန်းက ဒေါက်တာ (…) ရဲ့စာအုပ်ကို ဖတ်မိတော့ သူ့ဆောင်းပါး ထဲမှာ အပျိုဆိုတဲ့ ကောင်မလေး တစ်ယောက်က ဆေးခန်းလာပြတာ ကလေး ပျက်ကျမှု ဖြစ်နေတယ်တဲ့။ အဲဒါနဲ့ သူလည်း ရင်သားတွေကို လှန်ကြည့်တော့မှ အပျို မဟုတ်ဘူးဆိုတာ သိသွားတယ်တဲ့။ အပျိုရဲ့ ရင်သား၊ အိမ်ထောင်သည် ရင်သားနဲ့ ကလေးအမေ ရင်သားတွေက ဘယ်လောက်တောင် ကွာခြားမှု ရှိလို့လဲ။ အဲဒါလေး သိချင်ပါတယ် ဆရာ။ ကျွန်တော့်ဆီ ရောက်လာတဲ့ မေး(လ်)လေးတစ်စောင်ပါ။ တော်တော်တော့ ဟုတ်နေပြီဗျ။ ကလေးပျက်ကျမှု ဖြစ်နေတယ်၊ ဒါနဲ့ သူလည်း ရင်သားကို လှန်ကြည့်တယ်ဆိုတော့ တော်တော် လန့်သွားတယ်။ အပျိုလို့ ပြောရင် ရင်သား လှန်ကြည့်ရမှန်း ကျွန်တော်တော့ အခုမှ သိရပါတယ်။ အံ့ဘွယ်သုတပါပဲ။ (ကလေး ပျက်ကျတာ သိနေပြီးမှတော့ ဘာပြုလို့ ရင်သားကို လှန်ကြည့်တာလဲ မသိဘူးနော်။ကလေးပျက်ပါတယ်ဆိုမှ အပျိုမဟုတ်တော့တာ  သေချာနေပြီပဲဟာ…) ထားပါတော့လေ… မေးခွန်းကို ဖြေရရင်တော့ ကလေးပျက်ကျတာလို့ ဆိုထားတဲ့အတွက် ကိုယ်ဝန်ဆောင် မိန်းကလေးဖြစ်ပါလိမ့်မယ်။ ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့

ပျိုမဒီများ အတွက် ကြက်သွန်ဖြူနဲ့ အလှပြင်မယ်

Image
ကြက်သွန်ဖြူဟာ ကြက်သွန်နီထက် ပိုပြီးတော့တောင် အစွမ်းထက် သေးတယ်လို့ အချို့ ဆေးပညာရှင်တွေက ဆိုထားပါတယ်။ မီးဖိုချောင်ရဲ့ ဟင်းအမယ် တစ်ခုဖြစ်တဲ့ ဒီကြက်သွန်ဖြူဟာ ပျိုတို့ရဲ့ အလှအပ ကွက်လပ်မှာ လည်း ထိရောက်စွာ အစွမ်းဖြည့် ပေးပါတယ်။ ဘေးဘယာများ ဝေဖြာစေဖို့အတွက် အခုတလော နေရာတိုင်းမှာ ကြားနေရတဲ့ အသံ တစ်ခုကတော့ ချောင်းဆိုး သံပဲ ဖြစ်ပါတယ်။ ဘတ်(စ်)ကားပေါ်မှာ ဖြစ်ဖြစ်၊ ရုံးတွင်းမှာပဲ ဖြစ်ဖြစ် အဟွတ်၊ အဟွတ် နဲ့ ကြားနေရတဲ့ ချောင်းဆိုးရောဂါ အတွက် ကြက်သွန်ဖြူကို  စားသုံးပေးခြင်းဖြင့် ပျောက်ကင်းနိုင်ပါတယ်။ နာတာရှည် ချောင်းဆိုးရောဂါများ အတွက်တောင် ကြက်သွန်ဖြူကို အရည်လုပ်ပြီး တိုက်ကျွေးပါက ထင်ရှားစွာ သက်သာပျောက်ကင်းမှာ ဖြစ်ပါတယ်။ ကလေးများ ချောင်းဆိုးခြင်းအတွက် ကြက်သွန်ဖြူကို အပ်နှင့်ထိုးပြီး ပြာကျအောင် မီးဖုတ်၊ ပြာကို အမှုန့်ပြုပြီး

အဆင်သင့်ဖြစ်နေကြပြီလား

Image
" အဆင်သင့်ဖြစ်နေကြပြီလား " (အယ်ဒီတာထံပေးစာ) ကလေးရှစ်ယောက်အမေ မုဆိုးမကြီးအား အပျိုနှင့်တူအောင် ပြန်လုပ်နေ ရသည်မှာ မလွယ်ကူပါ။ ထိုနည်းအတိုင်းပင် ရန်ကုန်မြို့တော်ကြီးအား လွန်ခဲ့သည့် ၇ နှစ်ကျော် ၈ နှစ်တာကာလ အတွင်း လျစ်လျူရှုပစ်ထား ခဲ့ကြသည်။ ယခု ၂ နှစ်တာကာလအတွင်းပစ်ထားခဲ့သည့် ရန်ကုန်မြို့တော် အား ပြန်လည်တည်ဆောက်ပြုပြင်နေသည်မှာ ဆင်းရဲချို့တဲ့စွာ ကလေးများနှင့် ရုန်းကန်နေရသော မုဆိုးမကြီးအား အပျို နှင့်တူအောင်ပြန် လုပ်နေရသည်နှင့်တူပေသည်။ ယခု အပျိုနှင့်တူမည်ကြံ ကာရှိရုံရှိ သေး သည်။ ယောက်ျားအတင်းပေး စား နေကြသည်။ အဆင်သင့်မဖြစ်သေးသည့် အချိန်တွင် အစိုးရက ကားကောင်းစီးစေချင်သော၊ သင့်တင့်သောဈေးနှုန်းဖြစ်စေရန် တင်သွင်းခွင့်ပြုခဲ့မှုအပေါ်ပြောင်း လဲလာသော စီးပွားရေးဈေးကွက်အရ ''ငါးပွက်ရာ ငါးစာချ''တင်သွင်းခဲ့ သောကားများကြောင့်ပြဿနာပေါင်းစုံ

လူတစ်ယောက်ကို တကယ်ချစ်တဲ့အခါ ဖြစ်ပေါ်လာတဲ့ ခံစားချက် (၁၃) ချက်

Image
(၁) မနက်မိုးလင်းလို့ မျက်စိနှစ်လုံးဖွင့်လိုက်တာ နဲ့ သူ့မျက်နှာလေးကိုအရင်ဦးဆုံး မြင်ယောင်တတ်တယ် ၊၊ (၂) ဖုန်း ringtone သံကြားတိုင်း၊ မက်ဆေ့ တစ်ခုဝင်တိုင်း သူများလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ဖုန်းကို ကမမ်းကတမ်း ဖွင့်ကြည့်တတ်တယ် ၊၊ (သူမဟုတ်ဘူးဆိုတာ သိလိုက်ရရင် စိတ်ထဲမှာ အလိုလို ၀မ်းနဲသွားတယ် ) (၃) သူနဲ့စိတ်ဆိုးစိတ်ကောက်တဲ့ အချိန်တွေမှာ ထမင်းစားလို့ မျိုချရင်တောင် ရင်ထဲမှာဆို့နေတတ်တယ် ၊၊ (၄) ဘယ်လောက်ပဲ စိတ်ညစ်စရာတွေနဲ့ကြံကြုံ ဘယ်လို အခက်အခဲတွေပဲရှိရှိ သူ့ရဲ့ အားပေးနှစ်သိမ့်တဲ့   စကားကို ကြားလိုက်ရရင် အနည်းနဲ့အများ တော့ စိတ်သက်သာရာ ရသွားတတ်တယ် ၊၊ (၅) တိုက်ဆိုင်မှုတစ်ခုခုရှိတို င်း (သူနဲ့အတူတူသွားခဲ့ဖူးတဲ့နေ ရာရောက်တိုင်း၊ သူကြိုက်တတ်တဲ့ အစားအစာတစ်ခုစားတိုင်း ) သူ့ကို အရင်ကထက်ပိုပြီး သတိရသွားတတ်တယ် ၊၊ (၆) သူ့ဆီက ဖုန်း ၊ မက်ဆေ့ တစ်ခုခု လာမလားဆိုတဲ့  မျှော်လင့်ချက်လေးနဲ့ဖုန်းကို မကြာခဏ ဖွင့်ကြည့်တတ်တယ် ၊၊ (၇) သူ့ကို ဖုန်းဆက်လို့ သူ့ဘက်က ဖုန်းချလိုက်တဲ့ အခါမျိုး၊ မအားသေးတဲ့အခါမျိုး ၊ စက်ပိတ်ထားတဲ့ အခါမျိုးမှာဆိုရင်  ရင်ကို မီးစနဲ့ ထိုးလိုက်သလို ထိုင်မရ ထမရ ဖြစ်နေတတ်တယ် ၊